[Zawgyi]

ေရာ႔ခ်္ေဒးလ္ရဲ႕ ႐ုန္းကန္အားေၾကာင့္ စပါးအသင္းအခက္ေတြ႕ခဲ့

တနဂၤေႏြည အက္ဖ္ေအဖလားပြဲစဥ္မွာ လိဂ္၀မ္းကလပ္ေရာ့ခ်္ေဒးလ္ရဲ႕ မထင္မွတ္တဲ့႐ုန္းကန္အားေၾကာင့္ စပါးအသင္းအခက္ေတြ႕ခဲ့ရၿပီး (၂-၂)ဂိုးစီသေရက်ခဲ့ကာ ျပန္ကန္ပြဲကစားရပါေတာ့မယ္။စပါးအသင္းက အယ္လီ(Alli)၊ ဟာရီကိန္း(Harry Kane)တို႔ကို ပြဲထြက္လူစာရင္းမွာ အသံုးမျပဳခဲ့ေပမယ့္ ဆြန္ေဟာင္မင္(Son Heung Min)၊ မိုရာ(Moura)၊ လာမယ္လာ(Lamela) စတဲ့ကစားသမားေတြကို အသံုးျပဳခဲ့ပါတယ္။ အပိုင္အခြင့္အေရးေတြရခဲ့ေပမယ့္ ေရာ့ခ်္ေဒးလ္ဂိုးသမားလီလစ္ (Lillis)က ဆြန္ေဟာင္မင္ရဲ႕အနီးကပ္ကန္ခ်က္ကိုကာကြယ္ႏုိင္ခဲ့သလုိ ေလာ္ရန္ေတး(Llorente) ကဂိုးကံေခေနလုိ႔ ပထမပိုင္းမွာ ဂိုးမရခဲ့ပါဘူး။ ပထမပိုင္းၿပီးခါနီးမွာ ေရာ႔ခ်္ေဒးလ္အသင္းအဓိကတုိက္စစ္မွဴး ဟန္ဒါဆန္(Henderson)က ဦးေဆာင္ဂိုးသြင္းယူခဲ့ပါတယ္။

ဦးေဆာင္ဂိုးသြင္းယူၿပီးေနာက္ ေရာ႔ခ်္ေဒးလ္အသင္း ေအာင္ပြဲခံေနစဥ္

ဦးေဆာင္ဂိုးသြင္းယူၿပီးေနာက္ ေရာ႔ခ်္ေဒးလ္အသင္း ေအာင္ပြဲခံေနစဥ္

ဒုတိယပုိင္းမွာ စပါးအသင္း ဂိုးရဖို႔ပိုၿပီး႐ုန္းကန္လာခဲ့ပါတယ္။ ဒါေပမဲ့ ေရာ့ခ်္ေဒးလ္ရဲ႕တန္ျပန္တုိက္စစ္ေတြကို ျပန္ၿပီးသတိထားေနရလုိ႔ဂိုးရဖို႔ ထင္သေလာက္မလြယ္ကူခဲ့ပါဘူး။ (၅၉)မိနစ္မွာ ေမာ္ရာ(Moura)က စပါးအတြက္ေခ်ပဂိုး သြင္းယူေပးခဲ့ပါတယ္။ ေနာက္ပိုင္းမွာ စပါးအသင္းက ဟာရီကိန္း၊ အယ္လီကိုထည့္ၿပီး တုိက္စစ္ျမွင့္ခဲ့ပါတယ္။ ပြဲၿပီးခါနီးမွာ ပယ္နယ္တီကေန ဟာရီကိန္း ဦးေဆာင္ဂိုးသြင္းခဲ့ေပမယ့္ ထပ္ေဆာင္းအခ်ိန္ပိုမွာ ေရာ႔ခ်္ေဒးလ္အတြက္ ေခ်ပဂိုးကို ေဒးဗီးစ္ (Davies) က အနီးကပ္ကန္သြင္းယူခဲ့ၿပီး ျပန္ကန္ပြဲကစားခြင့္ရယူေပးခဲ့ပါတယ္။

August(Akhayar)

www.akhayar.com

Facebook လူမႈကြန္ရက္ေပၚတြင္တင္ဆက္ေနသည့္ စာမ်က္ႏွာမ်ားတြင္ အခရာမွတင္ဆက္ထားသည့္ ေဆာင္းပါးမ်ား၊ သတင္းမ်ားကို ခြင့္ျပဳခ်က္ တစ္စုံတစ္ရာ ရယူထားျခင္းမရွိဘဲ စီးပြားျဖစ္ ကူးယူသုံးစြဲေနသည္မ်ားကို ေတြ႕ရွိေနရပါသည္။ အခရာစာမ်က္ႏွာအား တစ္ဦးတစ္ေယာက္ခ်င္း ေဝမွ်သည္ကို အသိအမွတ္ျပဳေက်းဇူးတင္ေသာ္လည္း စီပြားျဖစ္တည္ေထာင္ထားသည့္ စာမ်က္ႏွာမ်ား၊ ဝက္ဘ္ဆိုက္မ်ားတြင္ ကူးယူတင္ဆက္ေနသည္မ်ားကိုမူ ျပင္းထန္စြာကန႔္ကြက္ပါသည္။ သို႔ျဖစ္ပါ၍ အခရာမီဒီယာမွတင္ဆက္ေနသည့္ အေၾကာင္းအရာမ်ားထဲမွ စာသားအခ်ိဳ႕ကိုျဖစ္ေစ ၊ အပုဒ္လိုက္ျဖစ္ေစ ၊ တစ္ပိုဒ္ျခင္းျဖစ္ေစ ကူးယူသုံးစြဲျခင္းမျပဳရန္ႏွင့္ ဆက္လက္ျပဳလုပ္ပါက ခိုးယူသုံးစြဲေနသည့္ စာမ်က္ႏွာမ်ားကို အမည္ႏွင့္တကြ အမ်ားသိေစရန္ေၾကညာသြားမည္ျဖစ္ၿပီး ဥပေဒအရ အေရးယူမည္ျဖစ္ေၾကာင္း သတိေပးေၾကညာအပ္ပါသည္။

 

[Unicode]

ရော့ချ်ဒေးလ်ရဲ့ ရုန်းကန်အားကြောင့် စပါးအသင်းအခက်တွေ့ခဲ့

တနင်္ဂနွေည အက်ဖ်အေဖလားပွဲစဉ်မှာ လိဂ်ဝမ်းကလပ်ရော့ချ်ဒေးလ်ရဲ့ မထင်မှတ်တဲ့ရုန်းကန်အားကြောင့် စပါးအသင်းအခက်တွေ့ခဲ့ရပြီး (၂-၂)ဂိုးစီသရေကျခဲ့ကာ ပြန်ကန်ပွဲကစားရပါတော့မယ်။စပါးအသင်းက အယ်လီ(Alli)၊ ဟာရီကိန်း(Harry Kane)တို့ကို ပွဲထွက်လူစာရင်းမှာ အသုံးမပြုခဲ့ပေမယ့် ဆွန်ဟောင်မင်(Son Heung Min)၊ မိုရာ(Moura)၊ လာမယ်လာ(Lamela) စတဲ့ကစားသမားတွေကို အသုံးပြုခဲ့ပါတယ်။ အပိုင်အခွင့်အရေးတွေရခဲ့ပေမယ့် ရော့ချ်ဒေးလ်ဂိုးသမားလီလစ် (Lillis)က ဆွန်ဟောင်မင်ရဲ့အနီးကပ်ကန်ချက်ကိုကာကွယ်နိုင်ခဲ့သလို လော်ရန်တေး(Llorente) ကဂိုးကံခေနေလို့ ပထမပိုင်းမှာ ဂိုးမရခဲ့ပါဘူး။ ပထမပိုင်းပြီးခါနီးမှာ ရော့ချ်ဒေးလ်အသင်းအဓိကတိုက်စစ်မှူး ဟန်ဒါဆန်(Henderson)က ဦးဆောင်ဂိုးသွင်းယူခဲ့ပါတယ်။

ဦးဆောင်ဂိုးသွင်းယူပြီးနောက် ရော့ချ်ဒေးလ်အသင်း အောင်ပွဲခံနေစဉ်

ဦးဆောင်ဂိုးသွင်းယူပြီးနောက် ရော့ချ်ဒေးလ်အသင်း အောင်ပွဲခံနေစဉ်

ဒုတိယပိုင်းမှာ စပါးအသင်း ဂိုးရဖို့ပိုပြီးရုန်းကန်လာခဲ့ပါတယ်။ ဒါပေမဲ့ ရော့ချ်ဒေးလ်ရဲ့တန်ပြန်တိုက်စစ်တွေကို ပြန်ပြီးသတိထားနေရလို့ဂိုးရဖို့ ထင်သလောက်မလွယ်ကူခဲ့ပါဘူး။ (၅၉)မိနစ်မှာ မော်ရာ(Moura)က စပါးအတွက်ချေပဂိုး သွင်းယူပေးခဲ့ပါတယ်။ နောက်ပိုင်းမှာ စပါးအသင်းက ဟာရီကိန်း၊ အယ်လီကိုထည့်ပြီး တိုက်စစ်မြှင့်ခဲ့ပါတယ်။ ပွဲပြီးခါနီးမှာ ပယ်နယ်တီကနေ ဟာရီကိန်း ဦးဆောင်ဂိုးသွင်းခဲ့ပေမယ့် ထပ်ဆောင်းအချိန်ပိုမှာ ရော့ချ်ဒေးလ်အတွက် ချေပဂိုးကို ဒေးဗီးစ် (Davies) က အနီးကပ်ကန်သွင်းယူခဲ့ပြီး ပြန်ကန်ပွဲကစားခွင့်ရယူပေးခဲ့ပါတယ်။

August(Akhayar)

www.akhayar.com

Facebook လူမှုကွန်ရက်ပေါ်တွင်တင်ဆက်နေသည့် စာမျက်နှာများတွင် အခရာမှတင်ဆက်ထားသည့် ဆောင်းပါးများ၊ သတင်းများကို ခွင့်ပြုချက် တစ်စုံတစ်ရာ ရယူထားခြင်းမရှိဘဲ စီးပွားဖြစ် ကူးယူသုံးစွဲနေသည်များကို တွေ့ရှိနေရပါသည်။ အခရာစာမျက်နှာအား တစ်ဦးတစ်ယောက်ချင်း ဝေမျှသည်ကို အသိအမှတ်ပြုကျေးဇူးတင်သော်လည်း စီပွားဖြစ်တည်ထောင်ထားသည့် စာမျက်နှာများ၊ ဝက်ဘ်ဆိုက်များတွင် ကူးယူတင်ဆက်နေသည်များကိုမူ ပြင်းထန်စွာကန့်ကွက်ပါသည်။ သို့ဖြစ်ပါ၍ အခရာမီဒီယာမှတင်ဆက်နေသည့် အကြောင်းအရာများထဲမှ စာသားအချို့ကိုဖြစ်စေ ၊ အပုဒ်လိုက်ဖြစ်စေ ၊ တစ်ပိုဒ်ခြင်းဖြစ်စေ ကူးယူသုံးစွဲခြင်းမပြုရန်နှင့် ဆက်လက်ပြုလုပ်ပါက ခိုးယူသုံးစွဲနေသည့် စာမျက်နှာများကို အမည်နှင့်တကွ အများသိစေရန်ကြေညာသွားမည်ဖြစ်ပြီး ဥပဒေအရ အရေးယူမည်ဖြစ်ကြောင်း သတိပေးကြေညာအပ်ပါသည်။