[Zawgyi]

Elon Musk ရဲ႕ Chairman ရာထူးကုိ ဆက္ခံမယ့္ Robyn Denholm

လ်ွပ္စစ္ကားကုမၸဏီ Telsa Inc ဟာ Robyn Denholm က ၄င္းတုိ႔ရဲ႕ Chairman ရာထူးကုိ ထမ္းေဆာင္မွာျဖစ္ေၾကာင္း ေၾကညာခဲ့ပါတယ္။ သူမဟာ Tesla Inc ကုမၸဏီမွာ ၂ဝ၁၄ခုႏွစ္တည္းက ဘုတ္အဖြဲ႕ ဝင္ျဖစ္ပါတယ္။ CEO နဲ႔ Chairman ရာထူးကုိ ထမ္းေဆာင္ေနတဲ့ Elon Musk ဟာ Tesla Inc ကုမၸဏီကုိ ပုဂၢလိကပုိင္လုပ္ဖုိ႔ Twitter ေပၚတင္လုိက္တဲ့အတြက္ SEC (Securities and Exchange Commission) က တရားစြဲဆုိခဲ့တာပါ။

SEC (Securities and Exchange Commission) ဟာ Elon Musk ကုိ ေဒၚလာ (၂ဝ) သန္း ဒဏ္ရုိက္ခဲ့တဲ့အျပင္ Tesla Inc ကုမၸဏီကုိလည္း ေဒၚလာ (၂ဝ) သန္း ဒဏ္တပ္ခဲ့ပါတယ္။ ၿပီးေတာ့ Elon Musk ကုိလည္း ကုမၸဏီရဲ႕ Chairman ရာထူးက (၄၅) ရက္အတြင္း ဆင္းေပးဖုိ႔ ျပစ္ဒဏ္ခ်လုိက္တာပါ။ ဒါ့ေၾကာင့္ Tesla Inc အေနနဲ႔ Chairman အသစ္ကုိ အခ်ိန္မီခန္႔အပ္လုိက္ရတာျဖစ္ပါတယ္။ ၾသစေတးလ်ႏုိင္ငံရဲ႕အႀကီးမားဆုံး ဆက္သြယ္ေရးကုမၸဏီ Telstra မွာ CFO နဲ႔ Head of Strategy ရာထူးကုိ ထမ္းေဆာင္တဲ့ Robyn Denholm ကုိ ခန္႔လုိက္တာျဖစ္ပါတယ္။ Tesla Inc ကုမၸဏီမွာ အခ်ိန္ျပည့္ထမ္းေဆာင္ဖုိ႔ သူမဟာ Telstra ကုမၸဏီမွာ ႏႈတ္ထြက္စာ တင္ရမွာပါ။

 

Tesla Inc ကုမၸဏီဟာ တတိယသုံးလပတ္ (ဇူလုိင္ + ၾသဂုတ္ + စက္တင္ဘာ) အတြင္းမွာ ဝင္ေငြ ေဒၚလာ ၆.၈ ဘီလီယံ (၆,၈ဝဝ သန္း) အထိရွိခဲ့ၿပီး အျမတ္ေငြ ၃၁၂ သန္းရွိခဲ့ပါတယ္။ တတိယသုံးလပတ္မွာပဲ ကား (၈၃,၅ဝဝ) စီး ထုတ္လုပ္ႏုိင္ခဲ့ၿပီး ေအာင္ျမင္မႈေတြ ရရွိခဲ့ပါတယ္။ Robyn Denholm အေနနဲ႔ Tesla Inc ကုမၸဏီမွာ ေအာင္ျမင္မႈေတြ ဆက္လက္ပုိင္ဆုိင္ႏုိင္ပါေစလုိ႔ ဆုေတာင္းေပးလုိက္ရပါတယ္။

ေက်ာ္စုိးေအာင္ (အခရာ)

www.akhayar.com 

[Unicode]

Elon Musk ရဲ့ Chairman ရာထူးကို ဆက်ခံမယ့် Robyn Denholm

လျှပ်စစ်ကားကုမ္ပဏီ Telsa Inc ဟာ Robyn Denholm က ၎င်းတို့ရဲ့ Chairman ရာထူးကို ထမ်းဆောင်မှာဖြစ်ကြောင်း ကြေညာခဲ့ပါတယ်။ သူမဟာ Tesla Inc ကုမ္ပဏီမှာ ၂ဝ၁၄ခုနှစ်တည်းက ဘုတ်အဖွဲ့ ဝင်ဖြစ်ပါတယ်။ CEO နဲ့ Chairman ရာထူးကို ထမ်းဆောင်နေတဲ့ Elon Musk ဟာ Tesla Inc ကုမ္ပဏီကို ပုဂ္ဂလိကပိုင်လုပ်ဖို့ Twitter ပေါ်တင်လိုက်တဲ့အတွက် SEC (Securities and Exchange Commission) က တရားစွဲဆိုခဲ့တာပါ။

SEC (Securities and Exchange Commission) ဟာ Elon Musk ကို ဒေါ်လာ (၂ဝ) သန်း ဒဏ်ရိုက်ခဲ့တဲ့အပြင် Tesla Inc ကုမ္ပဏီကိုလည်း ဒေါ်လာ (၂ဝ) သန်း ဒဏ်တပ်ခဲ့ပါတယ်။ ပြီးတော့ Elon Musk ကိုလည်း ကုမ္ပဏီရဲ့ Chairman ရာထူးက (၄၅) ရက်အတွင်း ဆင်းပေးဖို့ ပြစ်ဒဏ်ချလိုက်တာပါ။ ဒါ့ကြောင့် Tesla Inc အနေနဲ့ Chairman အသစ်ကို အချိန်မီခန့်အပ်လိုက်ရတာဖြစ်ပါတယ်။ သြစတေးလျနိုင်ငံရဲ့အကြီးမားဆုံး ဆက်သွယ်ရေးကုမ္ပဏီ Telstra မှာ CFO နဲ့ Head of Strategy ရာထူးကို ထမ်းဆောင်တဲ့ Robyn Denholm ကို ခန့်လိုက်တာဖြစ်ပါတယ်။ Tesla Inc ကုမ္ပဏီမှာ အချိန်ပြည့်ထမ်းဆောင်ဖို့ သူမဟာ Telstra ကုမ္ပဏီမှာ နှုတ်ထွက်စာ တင်ရမှာပါ။

 

Tesla Inc ကုမ္ပဏီဟာ တတိယသုံးလပတ် (ဇူလိုင် + သြဂုတ် + စက်တင်ဘာ) အတွင်းမှာ ဝင်ငွေ ဒေါ်လာ ၆.၈ ဘီလီယံ (၆,၈ဝဝ သန်း) အထိရှိခဲ့ပြီး အမြတ်ငွေ ၃၁၂ သန်းရှိခဲ့ပါတယ်။ တတိယသုံးလပတ်မှာပဲ ကား (၈၃,၅ဝဝ) စီး ထုတ်လုပ်နိုင်ခဲ့ပြီး အောင်မြင်မှုတွေ ရရှိခဲ့ပါတယ်။ Robyn Denholm အနေနဲ့ Tesla Inc ကုမ္ပဏီမှာ အောင်မြင်မှုတွေ ဆက်လက်ပိုင်ဆိုင်နိုင်ပါစေလို့ ဆုတောင်းပေးလိုက်ရပါတယ်။

ကျော်စိုးအောင် (အခရာ)

www.akhayar.com