[Zawgyi]

လူမႈကြန္ရက္ေတြေပၚမွာ လတ္တေလာ Popular ျဖစ္ေနတဲ့ ေဖမီႏုိ Firmino နဲ႔ မာေနး Mane

အဂၤါေန႔က ကစားခဲ့တဲ့ ခ်န္ပီယံလိဂ္အုပ္စုပဲြစဥ္ေတြ အၿပီးမွာေတာ့ လီဗာပူးလ္ တိုက္စစ္ကစားသမားေတြ ျဖစ္တဲ့ ေဖမီႏုိ Firmino နဲ႔ မာေနး Mane တို႔အေၾကာင္းက လူမႈကြန္ရက္စာမ်က္ႏွာေတြေပၚမွာ လတ္တေလာ Popular ျဖစ္ေနတယ္။ ေဖမီႏုိဟာ PSG နဲ႔ပဲြမွာ လီဗာပူးလ္အသင္းအတြက္ အႏုိင္ဂုိးကုိ ပဲြၿပီးခါနီးမွ သြင္းယူခဲ့တာျဖစ္ၿပီး ဂုိးသြင္းအၿပီး သူ႔ရဲ႕ေအာင္ပဲြခံပုံကုိ ပရိသတ္ေတြ အႀကိဳက္ေတြ႕ေနတာျဖစ္ပါတယ္။ ၿပီးခဲ့တဲ့တစ္ပတ္က စပါးအသင္းေနာက္ခံလူ ဗာတြန္ဂန္ Vertonghen ရဲ႕ လက္ညိဳးအစြမ္းေၾကာင့္ ဘယ္ဘက္မ်က္လုံး ဒဏ္ရာရခဲ့တဲ့ ေဖမီႏုိဟာ ဂုိးသြင္းၿပီးခ်ိန္မွာ မ်က္ႏွာဘယ္ဘက္အျခမ္းကုိ လက္၀ါးနဲ႔အုပ္ၿပီး ေအာင္ပဲြခံခဲ့တာျဖစ္ပါတယ္။

Roberto-Firmino-poked-fun-at-his-eye-injury-in-his-celebration-after-netting-the-winning-goal

Roberto-Firmino-poked-fun-at-his-eye-injury-in-his-celebration-after-netting-the-winning-goal

အဲဒီပုံစံကုိ မာေနး Mane ၊ ယာဂန္ကေလာ့ပ္ Jurgen Klopp တို႔က ပုံတူလုိက္လုပ္ခဲ့ၿပီး လီဗာပူးလ္ပရိသတ္ေတြၾကားမွာလည္း ေဖမီႏုိရဲ႕ ေအာင္ပဲြခံပုံကုိ ရယ္စရာသေဘာမ်ိဳး စေနာက္ေရးသားေနၾကတယ္။

One-user-mocked-up-Roberto-Firmino-as-Captain-Jack-Sparrow-from-Pirates-of-the-Caribbean

One-user-mocked-up-Roberto-Firmino-as-Captain-Jack-Sparrow-from-Pirates-of-the-Caribbean

ပရိသတ္တစ္ဦးဆုိရင္ Pirates of the Caribbean ဇာတ္ကားထဲက Captain Jack Sparrow ပုံကုိ ျဖတ္ညႇပ္ကပ္ၿပီး ေဖမီႏုိပုံနဲ႔ စေနာက္ခဲ့ပါေသးတယ္။

Sadio-Mane-showed-no-fear-as-he-took-on-the-worlds-most-expensive-player-Neymar

Sadio-Mane-showed-no-fear-as-he-took-on-the-worlds-most-expensive-player-Neymar

ေဖမီႏုိအၿပီး ေနာက္ထပ္ Popular ျဖစ္ခဲ့တာက မာေနးပါပဲ။ မာေနးဟာ ၿပိဳင္ဘက္အသင္းရဲ႕ နာမည္ႀကီး ကစားသမား ေနမာ Neymar ကုိ Body Faint နဲ႔ အ႐ူးလုပ္ေက်ာ္ျဖတ္ခဲ့တာျဖစ္ၿပီး အဲဒီ႐ုပ္သံဖုိင္ကုိ ၾကည့္႐ႈတဲ့သူက သန္းနဲ႔ခ်ီရွိေနပါၿပီ။ ေနာက္ၿပီး အဲဒါနဲ႔ပတ္သက္လုိ႔ Twitter ေပၚမွာ ေနမာကုိ ပရိသတ္ေတြက Troll ထားတဲ့ Post ေတြလည္း အမ်ားႀကီး ရွိေနပါတယ္။

ေနမာကုိ အ႐ူးလုပ္ခဲ့တဲ့ မာေနးရဲ႕ လွည့္စားမႈ

REF:Daily Mail
Photo:Daily Mail,Twitter,CBS Sports
Naing Linn(Akhayar)
www.akhayar.com

[Unicode]

လူမှုကွန်ရက်တွေပေါ်မှာ လတ်တလော Popular ဖြစ်နေတဲ့ ဖေမီနို Firmino နဲ့ မာနေး Mane

အင်္ဂါနေ့က ကစားခဲ့တဲ့ ချန်ပီယံလိဂ်အုပ်စုပွဲစဉ်တွေ အပြီးမှာတော့ လီဗာပူးလ် တိုက်စစ်ကစားသမားတွေ ဖြစ်တဲ့ ဖေမီနို Firmino နဲ့ မာနေး Mane တို့အကြောင်းက လူမှုကွန်ရက်စာမျက်နှာတွေပေါ်မှာ လတ်တလော Popular ဖြစ်နေတယ်။ ဖေမီနိုဟာ PSG နဲ့ပွဲမှာ လီဗာပူးလ်အသင်းအတွက် အနိုင်ဂိုးကို ပွဲပြီးခါနီးမှ သွင်းယူခဲ့တာဖြစ်ပြီး ဂိုးသွင်းအပြီး သူ့ရဲ့အောင်ပွဲခံပုံကို ပရိသတ်တွေ အကြိုက်တွေ့နေတာဖြစ်ပါတယ်။ ပြီးခဲ့တဲ့တစ်ပတ်က စပါးအသင်းနောက်ခံလူ ဗာတွန်ဂန် Vertonghen ရဲ့ လက်ညိုးအစွမ်းကြောင့် ဘယ်ဘက်မျက်လုံး ဒဏ်ရာရခဲ့တဲ့ ဖေမီနိုဟာ ဂိုးသွင်းပြီးချိန်မှာ မျက်နှာဘယ်ဘက်အခြမ်းကို လက်ဝါးနဲ့အုပ်ပြီး အောင်ပွဲခံခဲ့တာဖြစ်ပါတယ်။

Roberto-Firmino-poked-fun-at-his-eye-injury-in-his-celebration-after-netting-the-winning-goal

Roberto-Firmino-poked-fun-at-his-eye-injury-in-his-celebration-after-netting-the-winning-goal

အဲဒီပုံစံကို မာနေး Mane ၊ ယာဂန်ကလော့ပ် Jurgen Klopp တို့က ပုံတူလိုက်လုပ်ခဲ့ပြီး လီဗာပူးလ်ပရိသတ်တွေကြားမှာလည်း ဖေမီနိုရဲ့ အောင်ပွဲခံပုံကို ရယ်စရာသဘောမျိုး စနောက်ရေးသားနေကြတယ်။

One-user-mocked-up-Roberto-Firmino-as-Captain-Jack-Sparrow-from-Pirates-of-the-Caribbean

One-user-mocked-up-Roberto-Firmino-as-Captain-Jack-Sparrow-from-Pirates-of-the-Caribbean

ပရိသတ်တစ်ဦးဆိုရင် Pirates of the Caribbean ဇာတ်ကားထဲက Captain Jack Sparrow ပုံကို ဖြတ်ညှပ်ကပ်ပြီး ဖေမီနိုပုံနဲ့ စနောက်ခဲ့ပါသေးတယ်။

Sadio-Mane-showed-no-fear-as-he-took-on-the-worlds-most-expensive-player-Neymar

Sadio-Mane-showed-no-fear-as-he-took-on-the-worlds-most-expensive-player-Neymar

ဖေမီနိုအပြီး နောက်ထပ် Popular ဖြစ်ခဲ့တာက မာနေးပါပဲ။ မာနေးဟာ ပြိုင်ဘက်အသင်းရဲ့ နာမည်ကြီး ကစားသမား နေမာ Neymar ကို Body Faint နဲ့ အရူးလုပ်ကျော်ဖြတ်ခဲ့တာဖြစ်ပြီး အဲဒီရုပ်သံဖိုင်ကို ကြည့်ရှုတဲ့သူက သန်းနဲ့ချီရှိနေပါပြီ။ နောက်ပြီး အဲဒါနဲ့ပတ်သက်လို့ Twitter ပေါ်မှာ နေမာကို ပရိသတ်တွေက Troll ထားတဲ့ Post တွေလည်း အများကြီး ရှိနေပါတယ်။

နေမာကို အရူးလုပ်ခဲ့တဲ့ မာနေးရဲ့ လှည့်စားမှု

REF:Daily Mail
Photo:Daily Mail,Twitter,CBS Sports
Naing Linn(Akhayar)
www.akhayar.com