Robert Downey Jr.
YouTube Red
Robert Downey Jr.
Ref : Forbes
Zawyè (Akhayar) 
www.akhayar.com
Facebook လူမှုကွန်ရက်ပေါ်တွင်တင်ဆက်နေသည့် စာမျက်နှာများတွင် အခရာမှတင်ဆက်ထားသည့် ဆောင်းပါးများ၊ သတင်းများကို ခွင့်ပြုချက် တစ်စုံတစ်ရာ ရယူထားခြင်းမရှိဘဲ စီးပွားဖြစ် ကူးယူသုံးစွဲနေသည်များကို တွေ့ရှိနေရပါသည်။ အခရာစာမျက်နှာအား တစ်ဦးတစ်ယောက်ချင်း ဝေမျှသည်ကို အသိအမှတ်ပြုကျေးဇူးတင်သော်လည်း စီပွားဖြစ်တည်ထောင်ထားသည့် စာမျက်နှာများ၊ ဝက်ဘ်ဆိုက်များတွင် ကူးယူတင်ဆက်နေသည်များကိုမူ ပြင်းထန်စွာကန့်ကွက်ပါသည်။ သို့ဖြစ်ပါ၍ အခရာမီဒီယာမှတင်ဆက်နေသည့် အကြောင်းအရာများထဲမှ စာသားအချို့ကိုဖြစ်စေ ၊ အပုဒ်လိုက်ဖြစ်စေ ၊ တစ်ပိုဒ်ခြင်းဖြစ်စေ ကူးယူသုံးစွဲခြင်းမပြုရန်နှင့် ဆက်လက်ပြုလုပ်ပါက ခိုးယူသုံးစွဲနေသည့် စာမျက်နှာများကို အမည်နှင့်တကွ အများသိစေရန်ကြေညာသွားမည်ဖြစ်ပြီး ဥပဒေအရ အရေးယူမည်ဖြစ်ကြောင်း သတိပေးကြေညာအပ်ပါသည်။
[UNICODE]
Marvel Superhero ရုပ်ရှင်ကားတွေမှာ Iron Man အနေနဲ့ သရုပ်ဆောင်တဲ့ Robert Downey Jr. (RDJ) ကို လူတိုင်းသိကြမှာပါ။ Iron Man ရဲ့ Jarvis AI က Iron Man ရုပ်ရှင်တွေ စထွက်ထဲက ဉာဏ်ရည်တု Artificial Intelligence အကြောင်းကို စတင်ပြီးတော့ လူတွေကို မိတ်ဆက်ပေးခဲ့တာဖြစ်ပါတယ်။
Robert Downey Jr.
Iron Man နဲ့ Marvel Superhero မှာတင်မဟုတ်ပဲ Robert Downey Jr. က အခုအချိန်မှာ AI အကြောင်းနဲ့ ပတ်သတ်ပြီး ဇတ်လမ်းတွဲတစ်ခုရိုက်ကူးသွားတော့မယ်လို့ ကြေညာလိုက်ပါတယ်။ အခု ဇာတ်လမ်းတွဲကို RDJ ရဲ့ ဇနီးဖြစ်သူ Suan Downey Jr. ကနေ Producer အဖြစ်တာဝန်ယူသွားမှာဖြစ်ပြီးတော့ Documentary ပုံစံမျိုး ဖြစ်လာမယ်လို့သိရပါတယ်။ ထူးခြားချက်တစ်ခုကတော့ YouTube Red ကနေ ပြသသွားမှာပဲဖြစ်ပါတယ်။
YouTube Red
YouTube Red ဆိုတာကတော့ လက်ရှိ YouTube ရဲ့ Premium Subscription Service တစ်ခုဖြစ်ပြီးတော့ Netflix နဲ့ အဓိကယှဉ်ပြိုင်နေရတဲ့ Streaming Service တစ်ခုဖြစ်ပါတယ်။ RDJ အနေနဲ့ ဘာဖြစ်လို့ လူကြည့်ပိုများတဲ့ Netflix အစား YouTube Red ကို ရွေးချယ်သလဲဆိုတာကတော့ အတိအကျမပြောသွားပေမယ့် ဘာပဲဖြစ်ဖြစ် ဒီအတိုင်းဆိုရင် Netflix နဲ့ YouTube Red တို့က ယှဉ်ပြိုင်မှုပိုပြင်းလာမယ့်သဘောမှာ ရှိပါတယ်။
အခု RDJ ကရိုက်ကူးသွားမယ့် AI Series ဟာ ကြာမြင့်ချိန် ၁ နာရီခန့်ရှိတဲ့ အပိုင်း ၈ ပိုင်းပါဝင်မှာဖြစ်ပြီးတော့ လာမယ့် ၂၀၁၉ ခုနှစ်မှာ ပြသသွားမယ်လို့ သိရပါတယ်။ AI ဟာ လက်ရှိအချိန်မှာ နည်းပညာနယ်ပယ်မှာ လူပြောအများဆုံးစကားလုံးတစ်ခုဖြစ်နေပြီးတော့ Susan Downey Jr. ကတော့ အခုလိုမျိုး ရူပ်ထွေးပြီး နက်နဲလှတဲ့ AI အကြောင်းအရာတွေကို ဖျော်ဖြေရေးပုံစံနဲ့ အကောင်းဆုံးတင်ဆက်သွားမယ်လို့ ကတိပေးသွားပါတယ်။
Robert Downey Jr.
ဘာပဲဖြစ်ဖြစ် Avengers : Infinity War အပြီးမှာ RDJ ကို နောက်နှစ်မှာ AI Series တစ်ခုမှာ တွေ့မြင်ရတော့မှာပါ။
Ref : Forbes
Zawyè (Akhayar) 
www.akhayar.com