[Zawgyi]

Avengers : Infinity War အတြက္ စင္ကာပူကို လာမယ့္ နာမည္ေက်ာ္မင္းသားမ်ား

Avengers : Infinity War မွာ Iron Man အျဖစ္သရုပ္ေဆာင္ထားတဲ့ Robert Downey Jr နဲ႔ Stephen Strange အျဖစ္ သရုပ္ေဆာင္ထားတဲ့ Benedict Cumberbatch တို႔ဟာ Avengers : Infinity War အတြက္ စင္ကာပူက ပရိသတ္နဲ႔ ေတြ႔ဆံုမွာ ျဖစ္ပါတယ္။

စင္ကာပူက Marvel ရဲ့ အမာခံပရိသတ္ေတြကေတာ့ ဒီမင္းသားၾကီး ႏွစ္ေယာက္ကို Marina Bay Sands မွာ ဧျပီလ ၁၆ ရက္ေန႔မွာ ေတြ႔ဆံုႏုိင္မွာပါ။

Avengers : Infinity War ဇာတ္ကားဟာ စင္ကာပူမွာ ဧျပီလ ၂၅ ရက္ေန႔ စတင္ျပသမွာ ျဖစ္တဲ့အတြက္ Marina Bay Sands မွာ ျပဳလုပ္မယ့္ Red Carpet ပြဲအတြက္ ေရာက္ရွိေနတာလည္း ျဖစ္ပါတယ္။

ၾကားရတဲ့ သတင္းေတြအရေတာ့ Nebula ေနရာက သရုပ္ေဆာင္ထားတဲ့ Karen Gillan အျပင္ Infinity War ရဲ့ တြဲဖက္ဒါရိုက္တာ ျဖစ္တဲ့ Joe Russo လည္း ဒီပြဲကို တက္ေရာက္မယ္လို႔ ဆိုပါတယ္။

တျခားစင္ကာပူမွာ လုပ္တဲ့ Red Carpet ပြဲေတြလိုပဲ စင္ကာပူက ပရိသတ္ေတြဟာ ဒီေငြၾကယ္ပြင့္ေတြနဲ႔အတူ Selfie ရုိက္တာတို႔ ၊ အမွတ္တရ လက္မွတ္ရယူတာတို႔စတဲ့ အခြင့္အေရးေတြလည္း ရႏုိင္ပါတယ္။ ဒီပြဲဟာ အမ်ားျပည္သူေတြ တက္ေရာက္ႏုိ္င္တဲ့ ပြဲ ျဖစ္ျပီး အခေၾကးေငြေကာက္ခံမွာလည္း မဟုတ္တဲ့အတြက္ တကယ့္ကို ရင္ခုန္စရာပါပဲ။

Marvel Cinematic Universe ဇာတ္ကားေတြ ၾကိဳက္ႏွစ္သက္သူေတြအတြက္ကေတာ့ မၾကာခင္ ျပသေတာ့မယ့္ Avengers : infinity War ဟာ ရင္ခုန္စိတ္လႈပ္ရွားစရာ အျပည့္ျဖစ္ေနတာေတာ့ အေသအခ်ာပါပဲ။

www.akhayar.com

Ref : Channel News Asia
[Unicode]

Avengers : Infinity War အတွက် စင်ကာပူကို လာမယ့် နာမည်ကျော်မင်းသားများ

Avengers : Infinity War မှာ Iron Man အဖြစ်သရုပ်ဆောင်ထားတဲ့ Robert Downey Jr နဲ့ Stephen Strange အဖြစ် သရုပ်ဆောင်ထားတဲ့ Benedict Cumberbatch တို့ဟာ Avengers : Infinity War အတွက် စင်ကာပူက ပရိသတ်နဲ့ တွေ့ဆုံမှာ ဖြစ်ပါတယ်။

စင်ကာပူက Marvel ရဲ့ အမာခံပရိသတ်တွေကတော့ ဒီမင်းသားကြီး နှစ်ယောက်ကို Marina Bay Sands မှာ ဧပြီလ ၁၆ ရက်နေ့မှာ တွေ့ဆုံနိုင်မှာပါ။

Avengers : Infinity War ဇာတ်ကားဟာ စင်ကာပူမှာ ဧပြီလ ၂၅ ရက်နေ့ စတင်ပြသမှာ ဖြစ်တဲ့အတွက် Marina Bay Sands မှာ ပြုလုပ်မယ့် Red Carpet ပွဲအတွက် ရောက်ရှိနေတာလည်း ဖြစ်ပါတယ်။

ကြားရတဲ့ သတင်းတွေအရတော့ Nebula နေရာက သရုပ်ဆောင်ထားတဲ့ Karen Gillan အပြင် Infinity War ရဲ့ တွဲဖက်ဒါရိုက်တာ ဖြစ်တဲ့ Joe Russo လည်း ဒီပွဲကို တက်ရောက်မယ်လို့ ဆိုပါတယ်။

တခြားစင်ကာပူမှာ လုပ်တဲ့ Red Carpet ပွဲတွေလိုပဲ စင်ကာပူက ပရိသတ်တွေဟာ ဒီငွေကြယ်ပွင့်တွေနဲ့အတူ Selfie ရိုက်တာတို့ ၊ အမှတ်တရ လက်မှတ်ရယူတာတို့စတဲ့ အခွင့်အရေးတွေလည်း ရနိုင်ပါတယ်။ ဒီပွဲဟာ အများပြည်သူတွေ တက်ရောက်နိုင်တဲ့ ပွဲ ဖြစ်ပြီး အခကြေးငွေကောက်ခံမှာလည်း မဟုတ်တဲ့အတွက် တကယ့်ကို ရင်ခုန်စရာပါပဲ။

Marvel Cinematic Universe ဇာတ်ကားတွေ ကြိုက်နှစ်သက်သူတွေအတွက်ကတော့ မကြာခင် ပြသတော့မယ့် Avengers : infinity War ဟာ ရင်ခုန်စိတ်လှုပ်ရှားစရာ အပြည့်ဖြစ်နေတာတော့ အသေအချာပါပဲ။

www.akhayar.com