[Zawgyi]

မင္းသားႀကီး Robert De Niro နဲ႔ Grace Hightower တုိ႔ လမ္းခြဲသြားၿပီ

မင္းသားႀကီး Robert De Niro နဲ႔ Grace Hightower တုိ႔ လမ္းခြဲသြားၿပီလုိ႔ People မဂၢဇင္းရဲ႕အဆုိအရ သိရပါတယ္။ ၁၉၉၇ခုႏွစ္မွာ လက္ထပ္ခဲ့တဲ့ ဇနီးေမာင္ႏွံဟာ ဆယ္စုႏွစ္ (၂) ခုအၾကာမွာ လမ္းခြဲခဲ့တယ္လုိ႔ ဆုိရမွာပါ။ သူတုိ႔ႏွစ္ေယာက္မွာ အသက္ (၂ဝ) ရွိတဲ့ သား Elliot နဲ႔ (၆) ႏွစ္အရြယ္သမီး Helen Grace တုိ႔ ထြန္းကားခဲ့ပါတယ္။ သားသမီးႏွစ္ဦးကုိေတာ့ ဘယ္သူက ေစာင့္ေရွာက္မယ္ဆုိတာ တရားဝင္မေျပာေသးပါဘူး။

မင္းသားႀကီး Robert De Niro ဟာ ဇနီးသည္နဲ႔ ကြာရွင္းခဲ့တာ ပထမဆုံးအႀကိမ္ေတာ့ မဟုတ္ပါဘူး။ ပထမဇနီးသည္ Diahnne Abbott နဲ႔ ၁၉၇၆ခုႏွစ္မွာ လက္ထပ္ခဲ့ၿပီး ၁၉၈၈ခုႏွစ္မွာ ကြာရွင္းခဲ့ပါတယ္။ လမ္းခြဲသြားတဲ့ Grace Hightower ကေတာ့ ဒုတိယဇနီးသည္လုိ႔ ဆုိရမွာပါ။ Robert De Niro ဟာ အႏုပညာေလာကကုိ ၁၉၆၃ခုႏွစ္မွာ ဝင္ေရာက္ခဲ့ၿပီး The Godfather Part II (1974) နဲ႔ Raging Bull (1980) ဇာတ္ကားေတြမွာ အကယ္ဒမီဆုေတြ ရရွိခဲ့တဲ့ ဂႏၳဝင္မင္းသားႀကီးျဖစ္ပါတယ္။

ေက်ာ္စုိးေအာင္ (အခရာ)

www.akhayar.com 

[Unicode]

မင်းသားကြီး Robert De Niro နဲ့ Grace Hightower တို့ လမ်းခွဲသွားပြီ

မင်းသားကြီး Robert De Niro နဲ့ Grace Hightower တို့ လမ်းခွဲသွားပြီလို့ People မဂ္ဂဇင်းရဲ့အဆိုအရ သိရပါတယ်။ ၁၉၉၇ခုနှစ်မှာ လက်ထပ်ခဲ့တဲ့ ဇနီးမောင်နှံဟာ ဆယ်စုနှစ် (၂) ခုအကြာမှာ လမ်းခွဲခဲ့တယ်လို့ ဆိုရမှာပါ။ သူတို့နှစ်ယောက်မှာ အသက် (၂ဝ) ရှိတဲ့ သား Elliot နဲ့ (၆) နှစ်အရွယ်သမီး Helen Grace တို့ ထွန်းကားခဲ့ပါတယ်။ သားသမီးနှစ်ဦးကိုတော့ ဘယ်သူက စောင့်ရှောက်မယ်ဆိုတာ တရားဝင်မပြောသေးပါဘူး။

မင်းသားကြီး Robert De Niro ဟာ ဇနီးသည်နဲ့ ကွာရှင်းခဲ့တာ ပထမဆုံးအကြိမ်တော့ မဟုတ်ပါဘူး။ ပထမဇနီးသည် Diahnne Abbott နဲ့ ၁၉၇၆ခုနှစ်မှာ လက်ထပ်ခဲ့ပြီး ၁၉၈၈ခုနှစ်မှာ ကွာရှင်းခဲ့ပါတယ်။ လမ်းခွဲသွားတဲ့ Grace Hightower ကတော့ ဒုတိယဇနီးသည်လို့ ဆိုရမှာပါ။ Robert De Niro ဟာ အနုပညာလောကကို ၁၉၆၃ခုနှစ်မှာ ဝင်ရောက်ခဲ့ပြီး The Godfather Part II (1974) နဲ့ Raging Bull (1980) ဇာတ်ကားတွေမှာ အကယ်ဒမီဆုတွေ ရရှိခဲ့တဲ့ ဂန္ထဝင်မင်းသားကြီးဖြစ်ပါတယ်။

ကျော်စိုးအောင် (အခရာ)

www.akhayar.com