[Zawgyi]

ဇာတ္ညႊန္းဖတ္ကတည္းက အရမ္းကိုေၾကာက္ခဲ့ရတယ္ဆိုတဲ့ အိႏၵိယမင္းသမီးရီယာေရး

7 Sense Film Production က အႏုပညာတင္ဆက္မႈတစ္ခုျဖစ္တဲ့ “မဟူရာရုပ္ရွင္ရံု” ရုပ္ရွင္ဇာတ္ကားႀကီးရိုက္ကူးဖို႔အတြက္ ဇာတ္ညႊန္းကိုစဖတ္ကတည္းက အရမ္းကိုေၾကာက္ခဲ့ရတယ္လို႔ အိႏၵိယမင္းသမီး ရီယာေရးကေျပာပါတယ္။

ဇာတ္ကားထဲမွာပါဝင္သရုပ္ေဆာင္ရမယ့္ ရီယာေရးက “ ဒီကအဖြဲ႔ေတြနဲ႔ ရုပ္ရွင္ဇာတ္ကားအတြက္ ေဆြးေႏြးၾကတယ္။ ဒီမွာရွိတဲ့တစ္ဖြဲ႔လံုးက အလုပ္နဲ႔ပတ္သက္ၿပီးေတာ့ တကယ္ကိုပေရာ္ဖက္ရွင္နယ္ဆန္ၾကတယ္။ အလုပ္တြဲလုပ္လို႔ေကာင္းမယ္လို႔ ယံုၾကည္တယ္။ ဒီမွာအလုပ္လုပ္ခြင့္ရတဲ့အတြက္ အရမ္းကိုဝမ္းသာပါတယ္။ ကိုျပည့္က ဇာတ္ညႊန္းစၿပီးေပးတုန္းက တစ္ေယာက္တည္းေအးေဆးဖတ္လို႔ရတယ္။ အရမ္းႀကီး ေၾကာက္စရာမေကာင္းဘူးလို႔  ေျပာပါတယ္။ တကယ္ေတာ့ တစ္ေယာက္တည္းဖတ္တဲ့ အခ်ိန္မွာ အရမ္းကိုေၾကာက္ဖို႔ေကာင္းတယ္။ ဒီထဲကဇာတ္ေကာင္ေတြကုိေတာင္ ကၽြန္မျမင္ေယာင္မိတယ္။ ကၽြန္မက သရဲကားေတြကို တစ္ေယာက္တည္းၾကည့္ရမွာေၾကာက္တဲ့သူျဖစ္ပါတယ္။ ဒီဇာတ္လမ္းက ပရိသတ္ေတြအတြက္ ထူးထူးျခားျခားနဲ႔ ေကာင္းတဲ့ရုပ္ရွင္ဇာတ္ကားတစ္ကားျဖစ္ေစမွာပါ” လို႔ ရုပ္ရွင္ဇာတ္ကားနဲ႔ပတ္သက္ၿပီးေတာ့ ေျပာျပပါတယ္။

ဒီရုပ္ရွင္ဇာတ္ကားဟာဆိုရင္ ထိတ္လန္႔စရာေကာင္းတဲ့ သရဲကားျဖစ္ၿပီး ျမန္မာသရုပ္ေဆာင္မ်ားျဖစ္ၾကတဲ့ အကယ္ဒမီေနတိုး၊ ေက်ာ္ေက်ာ္ဗို၊ မင္းေသြး၊ နန္းဆုဦးတို႔နဲ႔အတူ ေဖေဖာ္ဝါရီလ ၅ ရက္ေန႔ညက စတင္ရိုက္ကူးသြားတာျဖစ္တယ္လို႔လည္း ဆိုပါတယ္။ သူမအေနနဲ႔ ျမန္မာႏိုင္ငံမွာေရာက္ေနတုန္း ျမန္မာႏိုင္ငံရဲ႕ဘယ္လိုေနရာမ်ိဳးေတြကို သြားေရာက္လည္ပတ္ခ်င္လဲလို႔ ထပ္မံေမးၾကည့္ရာ “ အခုေလာေလာဆယ္ေတာ့ ရုပ္ရွင္ရိုက္ကူးဖို႔ပဲ အာရံုစိုက္ထားပါတယ္။ တျခားဘယ္မွသြားဖို႔ေတာ့ စိတ္ထဲမရွိေသးပါဘူး။ ရႈတင္သြားမယ္။ ျပန္မယ္ ဒါပဲစိတ္ထဲရွိပါေသးတယ္။ သြားျဖစ္ရင္ေတာ့ ေတာင္တန္းေဒသေတြကို သြားခ်င္တယ္။ သူတို႔ရဲ႕ေနထိုင္ပံုေတြကိုု သိခ်င္တယ္။ ဒီတစ္ေခါက္မသြားျဖစ္ရင္၊ ေနာက္တစ္ခါျပန္လာၿပီးသြားမွာပါ” လို႔ ရီယာေရးကဆိုပါတယ္။

www.akhayarmedia.com

Facebook လူမႈကြန္ရက္ေပၚတြင္တင္ဆက္ေနသည့္ စာမ်က္ႏွာမ်ားတြင္ အခရာမွတင္ဆက္ထားသည့္ ေဆာင္းပါးမ်ား၊ သတင္းမ်ားကို ခြင့္ျပဳခ်က္ တစ္စုံတစ္ရာ ရယူထားျခင္းမရွိဘဲ စီးပြားျဖစ္ ကူးယူသုံးစြဲေနသည္မ်ားကို ေတြ႕ရွိေနရပါသည္။ အခရာစာမ်က္ႏွာအား တစ္ဦးတစ္ေယာက္ခ်င္း ေဝမွ်သည္ကို အသိအမွတ္ျပဳေက်းဇူးတင္ေသာ္လည္း စီပြားျဖစ္တည္ေထာင္ထားသည့္ စာမ်က္ႏွာမ်ား၊ ဝက္ဘ္ဆိုက္မ်ားတြင္ ကူးယူတင္ဆက္ေနသည္မ်ားကိုမူ ျပင္းထန္စြာကန႔္ကြက္ပါသည္။ သို႔ျဖစ္ပါ၍ အခရာမီဒီယာမွတင္ဆက္ေနသည့္ အေၾကာင္းအရာမ်ားထဲမွ စာသားအခ်ိဳ႕ကိုျဖစ္ေစ ၊ အပုဒ္လိုက္ျဖစ္ေစ ၊ တစ္ပိုဒ္ျခင္းျဖစ္ေစ ကူးယူသုံးစြဲျခင္းမျပဳရန္ႏွင့္ ဆက္လက္ျပဳလုပ္ပါက ခိုးယူသုံးစြဲေနသည့္ စာမ်က္ႏွာမ်ားကို အမည္ႏွင့္တကြ အမ်ားသိေစရန္ေၾကညာသြားမည္ျဖစ္ၿပီး ဥပေဒအရ အေရးယူမည္ျဖစ္ေၾကာင္း သတိေပးေၾကညာအပ္ပါသည္။

[Unicode]

ဇာတ်ညွှန်းဖတ်ကတည်းက အရမ်းကိုကြောက်ခဲ့ရတယ်ဆိုတဲ့ အိန္ဒိယမင်းသမီးရီယာရေး

7 Sense Film Production က အနုပညာတင်ဆက်မှုတစ်ခုဖြစ်တဲ့ “မဟူရာရုပ်ရှင်ရုံ” ရုပ်ရှင်ဇာတ်ကားကြီးရိုက်ကူးဖို့အတွက် ဇာတ်ညွှန်းကိုစဖတ်ကတည်းက အရမ်းကိုကြောက်ခဲ့ရတယ်လို့ အိန္ဒိယမင်းသမီး ရီယာရေးကပြောပါတယ်။

ဇာတ်ကားထဲမှာပါဝင်သရုပ်ဆောင်ရမယ့် ရီယာရေးက “ ဒီကအဖွဲ့တွေနဲ့ ရုပ်ရှင်ဇာတ်ကားအတွက် ဆွေးနွေးကြတယ်။ ဒီမှာရှိတဲ့တစ်ဖွဲ့လုံးက အလုပ်နဲ့ပတ်သက်ပြီးတော့ တကယ်ကိုပရော်ဖက်ရှင်နယ်ဆန်ကြတယ်။ အလုပ်တွဲလုပ်လို့ကောင်းမယ်လို့ ယုံကြည်တယ်။ ဒီမှာအလုပ်လုပ်ခွင့်ရတဲ့အတွက် အရမ်းကိုဝမ်းသာပါတယ်။ ကိုပြည့်က ဇာတ်ညွှန်းစပြီးပေးတုန်းက တစ်ယောက်တည်းအေးဆေးဖတ်လို့ရတယ်။ အရမ်းကြီး ကြောက်စရာမကောင်းဘူးလို့  ပြောပါတယ်။ တကယ်တော့ တစ်ယောက်တည်းဖတ်တဲ့ အချိန်မှာ အရမ်းကိုကြောက်ဖို့ကောင်းတယ်။ ဒီထဲကဇာတ်ကောင်တွေကိုတောင် ကျွန်မမြင်ယောင်မိတယ်။ ကျွန်မက သရဲကားတွေကို တစ်ယောက်တည်းကြည့်ရမှာကြောက်တဲ့သူဖြစ်ပါတယ်။ ဒီဇာတ်လမ်းက ပရိသတ်တွေအတွက် ထူးထူးခြားခြားနဲ့ ကောင်းတဲ့ရုပ်ရှင်ဇာတ်ကားတစ်ကားဖြစ်စေမှာပါ” လို့ ရုပ်ရှင်ဇာတ်ကားနဲ့ပတ်သက်ပြီးတော့ ပြောပြပါတယ်။

ဒီရုပ်ရှင်ဇာတ်ကားဟာဆိုရင် ထိတ်လန့်စရာကောင်းတဲ့ သရဲကားဖြစ်ပြီး မြန်မာသရုပ်ဆောင်များဖြစ်ကြတဲ့ အကယ်ဒမီနေတိုး၊ ကျော်ကျော်ဗို၊ မင်းသွေး၊ နန်းဆုဦးတို့နဲ့အတူ ဖေဖော်ဝါရီလ ၅ ရက်နေ့ညက စတင်ရိုက်ကူးသွားတာဖြစ်တယ်လို့လည်း ဆိုပါတယ်။ သူမအနေနဲ့ မြန်မာနိုင်ငံမှာရောက်နေတုန်း မြန်မာနိုင်ငံရဲ့ဘယ်လိုနေရာမျိုးတွေကို သွားရောက်လည်ပတ်ချင်လဲလို့ ထပ်မံမေးကြည့်ရာ “ အခုလောလောဆယ်တော့ ရုပ်ရှင်ရိုက်ကူးဖို့ပဲ အာရုံစိုက်ထားပါတယ်။ တခြားဘယ်မှသွားဖို့တော့ စိတ်ထဲမရှိသေးပါဘူး။ ရှုတင်သွားမယ်။ ပြန်မယ် ဒါပဲစိတ်ထဲရှိပါသေးတယ်။ သွားဖြစ်ရင်တော့ တောင်တန်းဒေသတွေကို သွားချင်တယ်။ သူတို့ရဲ့နေထိုင်ပုံတွေကိုု သိချင်တယ်။ ဒီတစ်ခေါက်မသွားဖြစ်ရင်၊ နောက်တစ်ခါပြန်လာပြီးသွားမှာပါ” လို့ ရီယာရေးကဆိုပါတယ်။

www.akhayarmedia.com

Facebook လူမှုကွန်ရက်ပေါ်တွင်တင်ဆက်နေသည့် စာမျက်နှာများတွင် အခရာမှတင်ဆက်ထားသည့် ဆောင်းပါးများ၊ သတင်းများကို ခွင့်ပြုချက် တစ်စုံတစ်ရာ ရယူထားခြင်းမရှိဘဲ စီးပွားဖြစ် ကူးယူသုံးစွဲနေသည်များကို တွေ့ရှိနေရပါသည်။ အခရာစာမျက်နှာအား တစ်ဦးတစ်ယောက်ချင်း ဝေမျှသည်ကို အသိအမှတ်ပြုကျေးဇူးတင်သော်လည်း စီပွားဖြစ်တည်ထောင်ထားသည့် စာမျက်နှာများ၊ ဝက်ဘ်ဆိုက်များတွင် ကူးယူတင်ဆက်နေသည်များကိုမူ ပြင်းထန်စွာကန့်ကွက်ပါသည်။ သို့ဖြစ်ပါ၍ အခရာမီဒီယာမှတင်ဆက်နေသည့် အကြောင်းအရာများထဲမှ စာသားအချို့ကိုဖြစ်စေ ၊ အပုဒ်လိုက်ဖြစ်စေ ၊ တစ်ပိုဒ်ခြင်းဖြစ်စေ ကူးယူသုံးစွဲခြင်းမပြုရန်နှင့် ဆက်လက်ပြုလုပ်ပါက ခိုးယူသုံးစွဲနေသည့် စာမျက်နှာများကို အမည်နှင့်တကွ အများသိစေရန်ကြေညာသွားမည်ဖြစ်ပြီး ဥပဒေအရ အရေးယူမည်ဖြစ်ကြောင်း သတိပေးကြေညာအပ်ပါသည်။