“တစ်ရွာမပြောင်း သူကောင်းမဖြစ်” ဆိုသလို သူများနိုင်ငံသွားတော့မယ်ဆိုရင်တော့ “ရောမရောက် ရောမလိုကျင့်” ရမှာနော်။ “တစ်ကျောင်းတစ်ဂါထာ တစ်ရွာတစ်ပုဒ်ဆန်း” လိုပဲ တချို့စည်းကမ်းလေးတွေက တစ်နိုင်ငံနဲ့တစ်နိုင်ငံ မတူကြဘူးဗျ။ ဥပမာ – တူရကီ၊အစ္စရေးတိုလို အရှေ့အလယ်ပိုင်းဒေသတွေက လိင်တူကိစ္စခွင့်မပြုဘူးလေ။ အဲဒီတော့ ကိုယ့်အနေနဲ့ သူများနိုင်ငံမှာ စည်းကမ်းမချိုးဖောက်မိစေဖို့ နိုင်ငံအလိုက်ထူးခြားတဲ့ စည်းကမ်းတွေကို လက်တို့ပြီးတော့ ပြောပြလိုက်မယ်နော်။

၁။ စင်္ကာပူ

စင်္ကာပူနိုင်ငံရဲ့ လူစည်ကားတဲ့နေရာတွေမှာ ညစ်တီးညစ်ပတ်ပြောတာတွေ၊ သီချင်းအော်ဆိုတာတွေ လုပ်မိရင်တော့ ထောင်သုံးလကျမှာ။ မူးယစ်ဆေးဝါးဆိုရင် သေဒဏ်ပါ။ စင်္ကာပူမှာ လိင်တူဆက်ဆံမယ်ဆိုရင်တော့ ထောင်၂နှစ်ကျမှာနော်။

၂။ မလေးရှား

မလေးရှားနိုင်ငံက ဘာသာရေးကိစ္စဆိုရင် တင်းကြပ်လွန်းတဲ့ အစ္စလာန်နိုင်ငံလေ။ အစ္စလာန်မဟုတ်တဲ့ ဘာသာခြားတွေက ဘာသာရေးကိစ္စနဲ့ ဆွဲဆောင်သိမ်းသွင်းမယ်ဆိုရင်တော့ အဖမ်းခံရမယ်မှတ်။ မူးယစ်ဆေးဝါးသုံးပြီး ယာဉ်မောင်းမယ်ဆိုလည်း ချက်ချင်းထောင်ကျမှာနော်။ ဒေသထွက် Flora အပင်တွေကို မလေးရှားအစိုးရ ခွင့်မပြုဘဲနဲ့ သယ်မိရင်တော့ ထောင်ဒဏ်နှစ်ကြီးကျမှာနော်။ တို့များနဲ့ ကွာပ။

၃။ ယူအေအီး

ကင်မရာသမားတွေအနေနဲ့ တားမြစ်နေရာတွေကို ဓာတ်ဖမ်းမယ်ဆိုရင်တော့ ထောင်ဒဏ် ၃လအထိ ချလို့ရသလို ဒေါ်လာ ၁၂ဝဝအထိ ဒဏ်ရိုက်လို့ရပါတယ်။ လိင်တူကိစ္စကိုတော့ သေဒဏ်အထိချလို့ရသလို Cross Dressing (ယောက်ျားက မိန်းမလို့ ဝတ်ဆင်တာ၊ မိန်းမက ယောက်ျားလိုဝတ်ဆင်တာ) တွေကလည်း ဖမ်းဆီးအရေးယူပါတယ်။

၎။ ထိုင်း

တော်ဝင်မိသားစုကိုတော့ ဘုရားလို ကိုးကွယ်ကြတာ၊ ထိုင်းဘုရင်ကို မကောင်းပြောမိရင်တော့ ထောင်ဒဏ် ၁၅နှစ်အထိ ချမှာ။ ပြီးတော့ အထွတ်အမြတ်ထားတဲ့ ထိုင်းဘတ်ကို မလျော်မကန်လုပ်မိရင်တော့ ထောင်နန်းစံပြီ။ ကိုယ်လုံးတီးကားမောင်းမိရင်တော့ အဖမ်းခံထိမယ်မှတ်။ ရှေးဟောင်းပစ္စည်းတွေ၊ ဘုရားဆင်းတုတော်တွေကို ရောင်းဝယ်ဖောက်ကားတာတွေကို တင်းတင်းကြပ်ကြပ်တားမြစ်ထားတာနော်။

၅။ ဆော်ဒီအာရေဗျ

ခရစ္စမတ်ပွဲကျင်းပချင်ရင်ပဲဖြစ်ဖြစ်၊ အားလပ်ရက်ကျင်းပတာပဲဖြစ်ဖြစ် ပြင်ဆင်မိရင်တော့ ထောင်ဒဏ်၊ ငွေဒဏ်ထိလိမ့်မယ်ဗျ။ ကင်မရာသမားတွေအနေနဲ့ အစိုးရပိုင်အဆောက်အဦးတွေ၊ စစ်ဌာနတွေကို ဓာတ်ဖမ်းခွင့်မရှိဘူး။ နောက်ပြီးတော့ ခွင့်ပြုချက်မယူဘဲနဲ့ မိန်းကလေးကို ဓာတ်ဖမ်းခွင့်မရှိလို့ မိန်းကလေးတွေများတဲ့ ဆေးလိပ်ခုံလိုနေရာမျိုးမှာတော့ ယောင်လို့မှ မလှမ်းမိစေနဲ့။

၆။ ယူဂန်ဒါနိုင်ငံ

စစ်ယူနီဖောင်းပုံစံဝတ်တာတို့၊ ဗရုတ်သုတ်ခဒီဇိုင်းတွေ ဝတ်ရင်တော့ ထောင်ချမှာနော်။ ဖက်ရှင်ကျချင်လို့  စကတ်တိုတိုလေးတွေ ဝတ်လို့မရဘူးနော်။ ပန်းခြံထဲမှာ မလျှောက်ကန်တဲ့ အနေအထိုင် (ဥပမာ – Kissing ဆွဲတာမျိုး) တွေ လုပ်နေရင်တော့ ချက်ချင်းထောင်ချပစ်မှာ။

၇။ အယ်ဂျီရီးယား

သွားလေရာမှာ မှန်ပြောင်းပါနေရင်တော့ မသင်္ကာမှုနဲ့ အဖမ်းခံထိမယ်။ မူးယစ်သောက်စားပြီးတော့ ကားမောင်းရင်တော့ ထောင်ထဲကို သွားပေတော့။ လိင်တူဆက်ဆံမယ်ဆိုရင်လည်း အလုပ်ကြမ်းနဲ့ထောင်ကျမယ်မှတ်။

၈။ ဂျာမဏီ

အမြန်လမ်းမပေါ် အရေးကြီးကိစ္စမရှိဘဲနဲ့ ကားရပ်မိရင် အဖမ်းခံထိတယ်မှတ်။ နောက်ပြီးတော့ ခေါင်းအုံးကိုလည်း ကြည်ကာလို ကာကွယ်ရေးလက်နက်အဖြစ် ဂျာမန်ဥပဒေကို သတ်မှတ်ထားတဲ့အတွက် စချင်နောက်ချင်စိတ်နဲ့ ခေါင်းအုံးနဲ့ သွားရိုက်လိုက်ရင် ကိုယ်ထိလက်ရောက်စော်ကားမှုနဲ့ တရားစွဲခံရမယ်မှတ်။

ကျော်စိုးအောင် (အခရာ)

www.akhayar.com