[Zawgyi]

ကမၻာ့လွည့္ခရီးသည္ေတြအတြက္ အႏၱရာယ္အမ်ားဆုံး (၅) ႏုိင္ငံ

ႏုိင္ငံတကာကုိ သြားေရာက္လည္ပတ္ေနတဲ့ ခရီးသည္ေတြအေနနဲ႔ ကုိယ္သြားေရာက္မယ့္ ႏုိင္ငံရဲ႕ အေျခအေနေတြကုိ ႀကိဳတင္သိထားမွ ေတာ္ကာက်မွာပါ။ ေသခ်ာမေလ့လာဘဲ သြားေရာက္မိရင္ေတာ့ မ်က္စိသူငယ္ နားသူငယ္နဲ႔ အခက္ေတြ႕မွာျဖစ္ပါတယ္။ ကမၻာ့လွည့္ခရီးသြားေတြအတြက္ အႏၱရာယ္ကင္း၊ မကင္းႏုိင္ငံေတြကုိ တြက္ခ်က္ေပးေနတဲ့ Drum Cussac ကုမၸဏီဟာ ၂ဝ၁၉ခုႏွစ္မွာ ခရီးသြားေတြအတြက္ အႏၱရာယ္ကင္းရွင္းမႈႏုိင္ငံအေျခအေနကုိ စာရင္းထုတ္ျပန္လုိက္ပါတယ္။

Drum Cussac ကုမၸဏီဟာ တစ္ႏုိင္ငံခ်င္းစီရဲ႕  လုံျခံဳေရး (အၾကမ္းဖက္ျဖစ္ပြားမႈ၊ ျပည္တြင္းစစ္၊ ရာဇဝတ္မႈ) ၊ ႏုိင္ငံေရး (အစုိးရတည္ၿငိမ္မႈ၊ အက်င့္ပ်က္ခ်စားမႈ၊ စီးပြားေရးပိတ္ဆုိ႔မႈ) ၊ ေဆးဝါး (ေရာဂါပ်ံ႕ ပြားမႈ၊ ေဆးဝါးရရွိႏုိင္မႈ၊ ေဆးပညာထြန္းကားမႈ) ၊ ပတ္ဝန္းက်င္ (ေရႀကီးမႈ၊ ငလ်င္၊ မုန္တုိင္း) နဲ႔ အေျခခံအေဆာက္အဦး (လမ္းပန္းဆက္သြယ္ေရး၊ လ်ွပ္စစ္မီးရရွိ္မႈနဲ႔ ေလေၾကာင္းသြားလာႏုိင္မႈ) ေတြကုိ တြက္ခ်က္ၿပီး အႏၱရာယ္အမ်ားဆုံးႏုိင္ငံ (၅)ခုကုိ ထုတ္ျပန္ခဲ့ပါတယ္။

(၅) ေတာင္ဆူဒန္ႏုိင္ငံ

အာဖရိကတုိက္မွာရွိတဲ့ ေတာင္ဆူဒန္ႏုိင္ငံဟာ အစတည္းက ႏုိင္ငံေရး၊ စီးပြားေရး မတည္ၿငိမ္ပါဘူး။ ျပည္တြင္းစစ္၊ အၾကမ္းဖက္မႈနဲ႔ ပဋိပကၡအေျခအေနေတြေၾကာင့္ ကမၻာလွည့္ေတြ အလည္မသြားသင့္ပါဘူး။ အႏၱရာယ္ၾကံဳလာရင္လည္း အကူညီမရနုိင္တဲ့ အေျခအေနမ်ိဳးမွာ ရွိပါတယ္။ လမ္းပန္းဆက္သြယ္ေရး မေကာင္းတဲ့အျပင္ ေျမျမွဳပ္မုိင္းပါ ထိႏုိင္တဲ့အတြက္ ေယာင္လုိ႔မွ ေျခမခ်သင့္ပါဘူး။

(၄) လစ္ဗ်ားႏုိင္ငံ

အာဖရိကတုိက္ရဲ႕ ေျမာက္ပုိင္းမွာရွိတဲ့ လစ္ဗ်ားႏုိင္ငံဟာ အၾကမ္းဖက္မႈမ်ားတဲ့ အေျခအေနမွာရွိပါတယ္။ ရာဇဝတ္မႈထူေျပာၿပီး ပတ္ဝန္းက်င္အေျခအေနလည္း မေကာင္းပါဘူး။ ျပန္ေပးဆြဲဖုိ႔ အေျခအေနပုိမ်ားၿပီး ႏုိင္ငံျခားသားေတြအေနနဲ႔ အႏၱရာယ္မ်ားလြန္းပါတယ္။

(၃) အာဖဂန္နစၥတန္ႏုိင္ငံ

အာရွတုိက္ေတာင္ပုိင္းမွာရွိတဲ့ အာဖ၈န္နစၥတန္ႏုိင္ငံဟာ တာလီဘန္အၾကမ္းဖက္သမားေတြရဲ႕ ဒဏ္ကုိ အေတာ္ခံရပါတယ္။ တာလီဘန္ေတြဟာ ေအာက္တုိဘာလ (၂ဝ) မွာ က်င္းပမယ့္ ေရြးေကာက္ပြဲကုိ ဆန္႔က်င္ေနၿပီး ႏုိင္ငံအႏွံ႔မွာ ဗုံးခြဲေနၾကပါတယ္။ အမတ္ေလာင္းေတြကုိ ပစ္မွတ္ထားတုိက္ခုိက္ေနၿပီး ခရီးသြားေတြအေနနဲ႔ မသြားေလေကာင္းေလပါ။

(၂) ယီမင္ႏုိင္ငံ

အာရွတုိက္ အေရွ႕ အလယ္ပုိင္းမွာရွိတဲ့ ယီမင္ႏုိင္ငံဟာ အၾကမ္းဖက္မႈေတြ အျပည့္ပါ။ လူသတ္မႈ၊ ျပန္ေပးဆြဲမႈနဲ႔ အၾကမ္းဖက္မႈေတြက ျပည့္ေနႀကီး တရားဥပေဒစုိးမုိးမႈက အားနည္းတယ္။ ေဆးဝါးအေထာက္အပံ့က နည္းလြန္းၿပီး အႏၱရာယ္ၾကံဳလာရင္ မလြယ္ပါဘူး။

(၁) ဆီးရီးယားႏုိင္ငံ

အာရွတုိက္အေရွ႕ အလယ္ပုိင္းမွာရွိတဲ့ ဆီးရီးယားႏုိင္ငံဟာ ကမၻာ့အႏၱရာယ္အရွိဆုံးႏုိင္ငံအျဖစ္ သတ္မွတ္ထားပါတယ္။ အၾကမ္းဖက္မႈ၊ အက်င့္ပ်က္ခ်စားမႈနဲ႔ ျပည္တြင္းစစ္ေတြ ျဖစ္ပြားေနၿပီး အၾကမ္းဖက္မႈလည္း မၾကာခဏျဖစ္ပြားေနပါတယ္။

ဒါ့အျပင္ ကြန္ဂုိ၊ အီရတ္နဲ႔ ဆုိမာလီယာႏုိင္ငံေတြကလည္း အႏၱရာယ္အမ်ာဆုံးႏုိင္ငံေတြအျဖစ္ မွတ္တမ္းတင္ထားပါတယ္။ ျမန္မာႏုိင္ငံကေတာ့ အႏၱရာယ္ရွိႏုိင္ငံစာရင္းထဲမွာ မပါဘဲ ၾကားေနအဆင့္မွာ ထည့္သြင္းထားပါတယ္။

ေက်ာ္စုိးေအာင္ (အခရာ)

www.akhayar.com

[Unicode]

ကမ္ဘာ့လှည့်ခရီးသည်တွေအတွက် အန္တရာယ်အများဆုံး (၅) နိုင်ငံ

နိုင်ငံတကာကို သွားရောက်လည်ပတ်နေတဲ့ ခရီးသည်တွေအနေနဲ့ ကိုယ်သွားရောက်မယ့် နိုင်ငံရဲ့ အခြေအနေတွေကို ကြိုတင်သိထားမှ တော်ကာကျမှာပါ။ သေချာမလေ့လာဘဲ သွားရောက်မိရင်တော့ မျက်စိသူငယ် နားသူငယ်နဲ့ အခက်တွေ့မှာဖြစ်ပါတယ်။ ကမ္ဘာ့လှည့်ခရီးသွားတွေအတွက် အန္တရာယ်ကင်း၊ မကင်းနိုင်ငံတွေကို တွက်ချက်ပေးနေတဲ့ Drum Cussac ကုမ္ပဏီဟာ ၂ဝ၁၉ခုနှစ်မှာ ခရီးသွားတွေအတွက် အန္တရာယ်ကင်းရှင်းမှုနိုင်ငံအခြေအနေကို စာရင်းထုတ်ပြန်လိုက်ပါတယ်။

Drum Cussac ကုမ္ပဏီဟာ တစ်နိုင်ငံချင်းစီရဲ့  လုံခြုံရေး (အကြမ်းဖက်ဖြစ်ပွားမှု၊ ပြည်တွင်းစစ်၊ ရာဇဝတ်မှု) ၊ နိုင်ငံရေး (အစိုးရတည်ငြိမ်မှု၊ အကျင့်ပျက်ချစားမှု၊ စီးပွားရေးပိတ်ဆို့မှု) ၊ ဆေးဝါး (ရောဂါပျံ့ ပွားမှု၊ ဆေးဝါးရရှိနိုင်မှု၊ ဆေးပညာထွန်းကားမှု) ၊ ပတ်ဝန်းကျင် (ရေကြီးမှု၊ ငလျင်၊ မုန်တိုင်း) နဲ့ အခြေခံအဆောက်အဦး (လမ်းပန်းဆက်သွယ်ရေး၊ လျှပ်စစ်မီးရရှိမှုနဲ့ လေကြောင်းသွားလာနိုင်မှု) တွေကို တွက်ချက်ပြီး အန္တရာယ်အများဆုံးနိုင်ငံ (၅)ခုကို ထုတ်ပြန်ခဲ့ပါတယ်။

(၅) တောင်ဆူဒန်နိုင်ငံ

အာဖရိကတိုက်မှာရှိတဲ့ တောင်ဆူဒန်နိုင်ငံဟာ အစတည်းက နိုင်ငံရေး၊ စီးပွားရေး မတည်ငြိမ်ပါဘူး။ ပြည်တွင်းစစ်၊ အကြမ်းဖက်မှုနဲ့ ပဋိပက္ခအခြေအနေတွေကြောင့် ကမ္ဘာလှည့်တွေ အလည်မသွားသင့်ပါဘူး။ အန္တရာယ်ကြုံလာရင်လည်း အကူညီမရနိုင်တဲ့ အခြေအနေမျိုးမှာ ရှိပါတယ်။ လမ်းပန်းဆက်သွယ်ရေး မကောင်းတဲ့အပြင် မြေမြှုပ်မိုင်းပါ ထိနိုင်တဲ့အတွက် ယောင်လို့မှ ခြေမချသင့်ပါဘူး။

(၄) လစ်ဗျားနိုင်ငံ

အာဖရိကတိုက်ရဲ့ မြောက်ပိုင်းမှာရှိတဲ့ လစ်ဗျားနိုင်ငံဟာ အကြမ်းဖက်မှုများတဲ့ အခြေအနေမှာရှိပါတယ်။ ရာဇဝတ်မှုထူပြောပြီး ပတ်ဝန်းကျင်အခြေအနေလည်း မကောင်းပါဘူး။ ပြန်ပေးဆွဲဖို့ အခြေအနေပိုများပြီး နိုင်ငံခြားသားတွေအနေနဲ့ အန္တရာယ်များလွန်းပါတယ်။

(၃) အာဖဂန်နစ္စတန်နိုင်ငံ

အာရှတိုက်တောင်ပိုင်းမှာရှိတဲ့ အာဖ၈န်နစ္စတန်နိုင်ငံဟာ တာလီဘန်အကြမ်းဖက်သမားတွေရဲ့ ဒဏ်ကို အတော်ခံရပါတယ်။ တာလီဘန်တွေဟာ အောက်တိုဘာလ (၂ဝ) မှာ ကျင်းပမယ့် ရွေးကောက်ပွဲကို ဆန့်ကျင်နေပြီး နိုင်ငံအနှံ့မှာ ဗုံးခွဲနေကြပါတယ်။ အမတ်လောင်းတွေကို ပစ်မှတ်ထားတိုက်ခိုက်နေပြီး ခရီးသွားတွေအနေနဲ့ မသွားလေကောင်းလေပါ။

(၂) ယီမင်နိုင်ငံ

အာရှတိုက် အရှေ့ အလယ်ပိုင်းမှာရှိတဲ့ ယီမင်နိုင်ငံဟာ အကြမ်းဖက်မှုတွေ အပြည့်ပါ။ လူသတ်မှု၊ ပြန်ပေးဆွဲမှုနဲ့ အကြမ်းဖက်မှုတွေက ပြည့်နေကြီး တရားဥပဒေစိုးမိုးမှုက အားနည်းတယ်။ ဆေးဝါးအထောက်အပံ့က နည်းလွန်းပြီး အန္တရာယ်ကြုံလာရင် မလွယ်ပါဘူး။

(၁) ဆီးရီးယားနိုင်ငံ

အာရှတိုက်အရှေ့ အလယ်ပိုင်းမှာရှိတဲ့ ဆီးရီးယားနိုင်ငံဟာ ကမ္ဘာ့အန္တရာယ်အရှိဆုံးနိုင်ငံအဖြစ် သတ်မှတ်ထားပါတယ်။ အကြမ်းဖက်မှု၊ အကျင့်ပျက်ချစားမှုနဲ့ ပြည်တွင်းစစ်တွေ ဖြစ်ပွားနေပြီး အကြမ်းဖက်မှုလည်း မကြာခဏဖြစ်ပွားနေပါတယ်။

ဒါ့အပြင် ကွန်ဂို၊ အီရတ်နဲ့ ဆိုမာလီယာနိုင်ငံတွေကလည်း အန္တရာယ်အမျာဆုံးနိုင်ငံတွေအဖြစ် မှတ်တမ်းတင်ထားပါတယ်။ မြန်မာနိုင်ငံကတော့ အန္တရာယ်ရှိနိုင်ငံစာရင်းထဲမှာ မပါဘဲ ကြားနေအဆင့်မှာ ထည့်သွင်းထားပါတယ်။

ကျော်စိုးအောင် (အခရာ)

www.akhayar.com