Apple ကနေ Steve Jobs ထွက်သွားပြီးတဲ့ နောက် ပြန်ရောက်လာတဲ့အခါမှာ ကုမ္ပဏီကို ကမ္ဘာ့နံပါတ် ၁ ဖြစ်အောင်နဲ့ တန်ဖိုး အရှိဆုံး ဖြစ်အောင် စွမ်းဆောင်ပေးခဲ့တာကို သိကြမှာပါ။ အောင်မြင်ကျော်ကြားတဲ့ Apple ရဲ့ စတင်ခဲ့တဲ့ သမိုင်းဝင်ဓာတ်ပုံ တွေကို အခရာ ပရိတ်သတ်တွေ လေ့လာနိုင်ဖို့ Akhayar.com မှ ဖော်ပြပေးလိုက်ပါတယ်။

 

၁။ Apple ကို ၁၉၇၆ ဧပရယ် ၁ ရက်နေ့ ကယ်လီဖိုးနီးယားပြည်နယ် Los Altos မှာ Steve Jobs နဲ့ Steve Wozniak တို့က ပူးတွဲ တည်ထောင် ခဲ့ပါတယ်။

၂။ Apple မှာ လူသိနည်းတဲ့ တတိယမြောက်ပူးတွဲ တည်ထောင်သူ တစ်ယောက်ရှိပါသေးတယ်။ သူကတော့ Ronald Wayneပါ။ Steve Jobs ဟာ Wanye ကို စီးပွားရေးပိုင်းဆိုင်ရာမှာ သူနဲ့ Wozniak တို့ကို လမ်းညွှန်နိုင်ဖို့ခေါ်ဆောင်ခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့် Wayne ဟာ ကုမ္ပဏီမှာ သူ့နာမည်ကို တရားဝင် မထည့်သွင်းရသေးခင်မှာပဲ သှုပိုင်ဆိုင်တဲ့ ရှယ်ယာတန်ဖိုး ဒေါ်လာ၈၀၀ချက်လက်မှတ်ကို ယူပြီး ကုမ္ပဏီမှ ထွက်ခွာသွားခဲ့ပါတယ်။

၃။ Wayne ဟာ Apple ရဲ့ ပထမဆုံး Logo ကို လက်နဲ့ Sketched ဆွဲခဲ့ပါတယ်။

 

၎။ Apple ရဲ့ ပထမဆုံး ရုံးခန်းဟာ Steve Jobs ရဲ့ မိဘတွေပိုင်ဆိုင်တဲ့ မော်တော်ကားထားတဲ့ ရုံမှာဖြစ်ပါတယ်။

၅။ ကုမ္ပဏီရဲ့ ပထမဆုံး ထုတ်ကုန်ဖြစ်တဲ့ Apple 1 မှာ Motherboard ၊ Processor နဲ့ Memory အချို့သာပါဝင်ပြီး ၀ါသနာရှင်တွေ အတွက် ရည်ရွယ်ကာ ထုတ်လုပ်ခဲ့တာ ဖြစ်ပါတယ်။ ၀ယ်ယူသူတွေ အနေနဲ့ ကိုယ်တိုင် Casing ကို တည်ဆောက်ရမှာဖြစ်ပြီး ကိုယ်ပိုင် Keyobard နဲ့ monitor ကို ပုံမှာပြထားတဲ့ အတိုင်းထည့်သွင်းအသုံးပြုရမှာဖြစ်ပါတယ်။ Apple ရဲ့ ပထမဆုံး ထုတ်ကုန်ကို ဒေါ်လာ ၆၆၆.၆၆ နဲ့ အံ့အားသင့်ဖွယ် ရောင်းထွက်ခဲ့တာကို တွေ့ရပါတယ်။

၆။ Apple 1 ကို တီထွင်ခဲ့တာကတော့ Steve Wozniak ဖြစ်ပြီး စက်ကိရိယာတွေကို ကိုယ်တိုင် ဆင်ခဲ့သူလည်းဖြစ်ပါတယ်။ သူ့ရဲ့ လက်နဲ့ ဆွဲထားတဲ့ Apple I ရဲ့ Diagram Design ကို ပုံမှာ မြင်တွေ့နိုင်ပါတယ်။

 

၇။ Jobs ဟာ စီးပွားရေးကို သူကိုယ်တိုင်ကိုင်တွယ်ပြီး Personal Computer ဟာ ဈေးကွက်မှာ အကောင်းဆုံး ဖြစ်စေနိုင်တယ်ဆိုတဲ့ အချက်တွေနဲ့ ရင်းနှီးမြုပ်နှံသူတွေကို သိမ်းသွင်းစည်းရုံးဖို့ ကြိုးစားလာပါတယ်။ Jobs ဟာ ဒေါ်လာ ၂၅၀၀၀၀ ရင်းနှီးမြုပ်နှံထားတဲ့ Mike Markkula ကို Apple ရဲ့ ၀န်ထမ်းအနေနဲ့လုပ်ဆောင်ဖို့ ရှယ်ယာ ၃ပုံ ၁ပုံပေးပြီးခေါ်ခဲ့ပါတယ်။

၈။ Apple ဟာ ၁၉၇၇ မှာ တရားဝင်တည်ထောင်ခဲ့ပါတယ်။ ဒီလို တည်ထောင်နိုင်ဖို့ လမ်းညွှန်မှုပေးခဲ့တာကတော့ Markkula ဖြစ်ပြီး Apple ရဲ့ ပထမဆုံး CEOဖြစ်တဲ့  Michael Scott ကို ခေါ်ဆောင်ခဲ့သူ ဖြစ်ပါတယ်။ Steve Jobs ဟာ CEO ဖြစ်ဖို့ အရမ်းငယ်လွန်းပြီး တာဝန်တွေကို ထမ်းဆောင်ဖို့အတွက် စည်းကမ်းအရ လိုအပ်ချက်တွေ ရှိသေးတာကြောင့် ဒီရာထူးကို မခန့်အပ်ခဲ့တာဖြစ်တယ်လို့သိရပါတယ်။

၉။ ၁၉၉၇ မှာ Apple II ကို စတင်မိတ်ဆက်ခဲ့ပါတယ်။ ကမ္ဘာကို လှုပ်ခတ်သွားစေမယ့် Personal Computerရဲ့ ဒီဇိုင်းကိုတော့ Wozniak က ဆွဲခဲ့တာဖြစ်ပါတယ်။

၁၀။ Apple II မှာ ပါဝင်တဲ့ VisiCalc ဟာ စာရင်းဇယား ကိန်းဂဏန်းတွေကိုတွက်ချက်နိုင်တဲ့ အခြေခံ Software ဖြစ်ပါတယ်။ Apple ဟာ VisiCalc ပါတဲ့ Apple II ကို စီးပွားရေးဆိုင်ရာဖောက်သည်တွေကို ရောင်းချခဲ့ပါတယ်။

၁၁။ ၁၉၇၈ မှာတော့ Apple ဟာ ရုံးခန်းအသစ်ကို ရရှိခဲ့ပါတယ်။ ဒီရုံးခန်းအသစ်မှာ ၀န်ထမ်းတွေ နဲ့ Apple II ထုတ်လုပ်ရေး ၀န်ထမ်းသစ်တွေ ပါပြောင်းရွေ့ခဲ့ပါတယ်။ Steve Jobs ရဲ့ အလုပ်မှာစိတ်အားထက်သန်မှုတွေ ကြောင့် Apple ရဲ့ အစောပိုင်း ၀န်ထမ်းတွေဟာ အလုပ်မှာ ပင်ပန်းမှု အနည်းငယ်နဲ့ ကြုံတွေ့ခဲ့ရပါတယ်။

၁၂။ Xerox PARC Lab ဟာ Laser Printer ၊ Mouse ၊ Ethernet နဲ့ Networking တို့လုပ်ကိုင်တဲ့ ကုမ္ပဏီ ဖြစ်ပြီး  သူတို့ရဲ့ နည်းပညာပိုင်းဆိုင်ရာကျွမ်းကျင်မှု ကြောင့် ကမ္ဘာ့ အကျော်ကြားဆုံး ကုမ္ပဏီထဲ မှာပါဝင်ပါတယ်။ ၁၉၇၉ မှာ Apple ရဲ့ အင်ဂျင်နီယာတွေဟာ PARC Campus ကို ၃ရက် လေ့လာဖို့ ခွင့်ပြုချက်ရခဲ့ပြီး အလဲအလှယ်အနေနဲ့ Apple ရဲ ရှယ်ယာ ၁သိန်းမှာ အစု တစ်စုဆီကို ဒေါ်လာ ၁၀ နဲ့ ၀ယ်ယူခွင့်ရခဲ့တယ် လို့သိရပါတယ်။

၁၃။ ၁၉၈၀ မှာ Apple III ကို ထုတ်လုပ်ခဲ့ပါတယ်။ Apple III ကို စီးပွားရေးသမားတွေ အတွက်ရည်ရွယ်တာတဲ့အပြင် IBM နဲ့ Micorsoft တို့နဲ့ အပြိုင် ထုတ်လုပ်ခဲ့တာလည်းဖြစ်ပါတယ်။ Apple III ဟာ အရင်ပုံစံ နဲ့ ကွာဟမှု သိပ်မရှိ ခဲ့ပါဘူး။ Xerox PARC ဟာ Steve Jobs ရဲ့ ဆန်းသစ်တဲ့ အတွေးအခေါ်နဲ့ မတူညီတဲ့ လုပ်နိုင်စွမ်းတွေကို လေ့လာခဲ့တယ်လို့သိရပါတယ်။

၁၄။ Xeoa PARC ဟာ Steve Jobs ကို အနာဂတ်မှာ Computer ရဲ့ Graphical Use Interface ( GUI ) ၊ ကျွန်တော်တို့ ယနေ့ခတ် မှာသုံးနေတဲ့ ပုံစံလိုမျိုး လုပ်ဆောင်နိုင်မယ်လို့ ယုံကြည်ခဲ့ပါတယ်။ Steve Jobs ဟာ Apple ရဲ့ မျိုးဆက်အသစ် GUI စနစ် ပါဝင်တဲ့ Lisa ကွန်ပျူတာကို ထုတ်လုပ်ဖို့အားစိုက်ခဲ့ပါတယ်။ Lisa ကို ၁၉၈၃ ခုနှစ်မှာ အခမ်းအနားနဲ့အတူထုတ်လုပ်ခဲ့ပါတယ်။ ဒါပေမယ့်ဒီကွန်ပျူတာဟာ ဈေးကြီးလွန်းပြီး Software ပိုင်းဆိုင်ရာထောက်ပံ့မှု အားနည်းခဲ့တယ်လို့သိရပါတယ်။

၁၅။ Jobs ဟာ သူဦးဆောင်တဲ့ ဒုတိယ Project ဖြစ်တဲ့ Apple Machintoshကိုရပ်တန့်ခဲ့ပါတယ်။ ဒီကွန်ပျူတာဟာ ပရောဖက်ရှင်နယ် Graphic ဒီဇိုင်နာတွေ ကြားမှာ ပေါ်ပြူလာဖြစ်ခဲ့ပြီး  အဖြူ ၊ အမည်းသာ သုံးလို့ရတယ်လို့သိရပါတယ်။ သိရတာကတော့ ဒီကွန်ပျူတာဟာ ဈေးအလွန်ကြီးတဲ့ အထဲပါပါတယ်။

၁၆။ ပထမဆုံး Macintosh ကို ၁၉၈၃ မှာ Launch လုပ်ခဲ့တာ ဖြစ်ပါတယ်။ အဲဒီနှစ်မှာပဲ Apple ဟာ CEO အသစ်John Sculley ကို ခေါ်ယူခဲ့ပါတယ်။ Pepsi’s ရဲ့ အသက် အငယ်ဆုံး CEO ဖြစ်တဲ့ Sculley ကို Apple ကို ခေါ်ယူတဲ့အခါမှာ Steve Jobs ပြောခဲ့တဲ့စကားကတော့ “ ဘ၀ သက်တမ်းတစ်လျှောက်လုံးမှာ အချိုရည်ပဲ ရောင်းသွားချင်တာလား ဒါမှမဟုတ် ငါနဲ့ အတူတူ ကမ္ဘာကိုပြောင်းလဲချင်လား” ဆိုတာပဲ ဖြစ်ပါတယ်။

၁၇။ ၁၉၈၄မှာ Apple ဟာ TV Commercial ကို သူတို့ရဲ့ ပထမဆုံး Machintosh ကွန်ပျူတာ နာမည်နဲ့ ထုတ်လွှတ်ခဲ့ပါတယ်။ ဒီကြော်ငြာကို Ridley Scott က ရိုက်ကူးခဲ့ပြီး ဒေါ်လာ ၁.၅မီလီယံ ကျတယ်လို့ သိရပါတယ်။

၁၈။ Steve Jobs နဲ့ Bill Gaites တို့ကြားမှာ တင်းမာမှုတွေ ဖြစ်တာစေတာကတော့ မူလက Microsoft ဟာ Macintosh အတွက် Software ကို ကြိုးစာလုပ်ဆောင်နေခဲ့ပါတယ်။ Microsoft ဟာ Windows မှာ Graphical User Interface ပိုင်းနဲ့ပတ်သတ်ပြီး ဆောင်ရွက်လျက် ရှိတာကို Steve Jobs သိတဲ့အခါ Machintosh အတွက် ၁၉၈၃ ခုနှစ်မှာ လျာထားတဲ့ အစီအစဉ်ဟာ ပျက်ပြယ်ခဲ့ပါတယ်။

၁၉။ Macintosh ကွန်ပျူတာရဲ့ ရောင်းအားဟာ ကောင်းမွန်ခဲ့ပေမယ့် IBM ရဲ့ သြဇာကို တော့ မကျော်လွှားနိုင်ခဲ့ပါဘူး။ Macintosh ကိုဦးဆောင်ထုတ်လုပ်နေတဲ့ Steve Jobs နဲ့ Sculley ရဲ့ ကြားမှာ အနည်းငယ် အငြင်းပွာဖွယ်ဖြစ်ခဲ့ပါတယ်။ Sculley ဟာ အနာဂတ်ထုတ်ကုန်တွေနဲ့ ပတ်သတ်လို့ စည်းကမ်းကြီးတဲ့သူတစ်ဦးဖြစ်ပေမယ့် Macintosh နဲ့ Lisa ကွန်ပျူတာအပေါ်ကိုတော့ စိတ်ပျက်သူတစ်ဦးဖြစ်တယ်လို့သိရပါတယ်။ ဒီအချက်တွေကြောင့်ပဲ Apple ဘုတ်အဖွဲဟာ Jobs ကို နည်းစနစ်မှန်ကန်စွာ လမ်းပြနိုင်ဖို့အတွက် Sculley ကို တာဝန်ပေးခဲ့တယ်လို့သိရပါတယ်။

၂၀။ ၁၉၈၅ ခုနှစ်မှာတော့ Steve Jobs ဟာ Sculley ကို Apple က ထွက်ခွာအောင် ကြံစည်ခဲ့ပါတယ်။ ဒါပေမယ့် Apple ဘုတ်အဖွဲ့ ဒါရိုက်တာတွေဟာ Sculley’s ဘက်က ရပ်တည်ခဲ့ပြီး Steve Jobs ကိုသူ့ရဲ့ စီမံခန့်ခွဲမှု တာဝန်ကနေ ဖယ်ရှားခဲ့ပါတယ်။ စိတ်အားထက်သန် တဲ့ Steve Jobs ဟာ သူကိုယ်တိုင် အကုန်လုံးကို စီမံခန့်ခွဲနိုင်မယ့် နောက်ထပ် ကွန်ပျူတာပြုလုပ်တဲ့လုပ်ငန်းအသစ်ကို ရှာဖွေခဲ့ပါတယ်။  အဲဒီ ကုမ္ပဏီကတော့ NeXT Computer Inc. ပဲဖြစ်ပါတယ်။

ဒီပုံကတော့  ၁၉၉၁ ဧပရယ် ၄ရက်နေ့မှာ Steve Jobs ဟာ သူ့ရဲ့ NeXT Station Colour Computerနဲ့အတူ Redwood City မှာ မြင်ရတဲပုံဖြစ်ပါတယ်

၂၁။ Wozniak ဟာ ၁၉၈၅ ခုနှစ်မှာ Apple ကို စွန့်ခွာခဲ့ပြီး ကုမ္ပဏီရဲ့ ဦးတည်ချက်ဟာမှားယွင်းနေပြီဖြစ်တယ်လို့ပြောကြားခဲ့ပါတယ်။ သူ့ရဲ့ ရှယ်ယာ အများအပြားကိုလည်း ထုတ်ရောင်းခဲ့တယ်လို့သိရပါတယ်။

၂၂။ Apple ဟာ ၁၉၉၁ မှာ PowerBook Laptop နဲ့ System 7 Operating System ကို ၁၉၉၁ မှာမိတ်ဆက်ခဲ့ပါတယ်။ OS X ကိုတော့ 2001 ခုနှစ်မှာ ထုတ်လုပ်ခဲ့ပါတယ်။

၂၃။ 1990 မှာ Apple ဟာဈေးကွက်ထဲကို အနည်းငယ်ထိုးဖောက်နိုင်ခဲ့ပါတယ်။ အဲဒီခေတ်မှာ Apple ရဲ့ အကျော်ကြားဆုံးပစ္စည်းကတော့ Sculley ကိုယ်တိုင် တီထွင်ထားတဲ့ ‘93s’ Newton MessagePad ပဲဖြစ်ပါတယ်။ ဒီ ထုတ်ကုန်ဟာ ဒေါ်လာ၇၀၀တန်ပါတယ်။ Notes နဲ့ Contacts တွေကိုလည်းမှတ်နိုင်ပါတယ်။

၂၄။ Sculley ရဲ့ အမှားတစ်ခုကတော့ အချိန် အကုန်ခံပြီး Dominant Intel Processor Agriculture ရဲ့ IBm/Motorola PowerPC Microprocessor တံဆိပ် အသစ်ကို System 7 မှာ သုံးနိုင်အောင် Apple ရဲ့ ပိုက်ဆံအများအပြားကို အသုံးပြုခဲ့ခြင်းဖြစ်ပါတယ်။

၂၅။ Macs ကွန်ပျူတာရဲ့ အမှာစာတွေတက်လာတဲ့ တစ်ချိန်တည်းမှာပဲ ကွန်ပျူတာလောကမှာ Microsoft ရဲ့ လွှမ်းမိုးမှုကမြင့်လာပါတယ်။ ဒါပေမယ့် Macs ဟာ ဈေးနှုန်းမြင့်ပြီး Software တွေကို ကန့်သတ်ထားပါတယ်။ Microsoft ဟာ Window 3.0 ကို ဈေးနှုန်းချိုသာတဲ့ Dell နဲ့ HP တို့ကိုရောင်းချခဲ့ပါတယ်။

၂၆။ ၁၉၉၄ ခုနှစ်မှာ Apple ရဲ့ ပထမသုံးလပတ် ၀င်ငွေဟာလျော့နည်းခဲ့ပါတယ်။ ဒီအချက်နဲ့ပဲ Sculley ဟာ ဖယ်ရှားခံခဲ့ရပါတယ်။ ၁၉၉၄မှာ  Micahel Spindler ကို CEO အဖြစ်ခန့်အပ်ခဲ့ပါတယ်။

၂၇။ ၁၉၉၄ မှာ PowerPC Run ထားတဲ့ Macintosh ကို ထုတ်လုပ်ခဲ့ပေမယ့် Apple ကတော့ Window ကို မကျော်နိုင်သေးပါဘူး။ IBM ၊ Sun Micro Systems ၊ Philips တို့နဲ့ အလုပ်ရုံဆွေးနွေးပွဲ အပြီးမှာတော့ Apple ဘုတ်အဖွဲ့ဟာ၁၉၉၆မှာ  Sculley ရဲ့နေရာကို Gil Amelio နဲ့ အစားထိုးခဲ့ပါတယ်

၂၈။ Amelio ရဲ့ အုပ်ချုပ်မှုလက်ထက်မှာ မှာ “ Twentieth Anniversary Mac “ လို့ခေါ်တဲ့ All-In-One PC Mac ကို ဒေါ်လာ ၇၅၀၀ နဲ့ရောင်းချခဲ့ပါတယ်။

၂၉။ ၁၉၉၇ မှာ Amelioဟာ Steve Jobs ကို ပြန်ခေါ်ဖို့ဆုံးဖြတ်ခဲ့ပါတယ်။ ဘာလို့လည်းဆိုတော့ Amelio ရဲ့ Apple ကို အုပ်ချုပ်တဲ့ သက်တမ်းမှာ Apple ရဲ့ Stock ရှယ်ယာတွေဟာ အနိမ့်ဆုံးကိုရောက်ရှိသွားတာကြောင့်ပါပဲ။  Jobs’ ရဲ့ NeXT Computer ကို ဒေါ်လာ ၄၂၉မီလီယံ နဲ့ ၀ယ်ယူပြီး ဖေဖော်ဝါရီလမှာ Steve Jobs ကို ပြန်ခေါ်ခဲ့ပါတယ်။

၃၀။ ၁၉၉၇ ဂျူလိုင်၎ မှာ  Steve Jobs ဟာ သူ့ကိုယ် အစမ်းခန့် CEO အဖြစ်ထားရှိဖို့ ဘုတ်အဖွဲ့ ၀င်တွေကို စည်းရုံးခဲ့ပါတယ်။ ရက်သတ္တပတ် အနည်းငယ် ကြာပြီးတဲ့နောက်မှာတော့ Amelio ဟာ နှုတ်ထွက်သွားခဲ့ပါတယ်။

၃၁။ ၁၉၉၇ မှာ ကျော်ကြားခဲ့တဲ့ Apple ရဲ့ “ Think Different” Ad Campaign မိတ်ဆက်ပွဲမှာ  ကျော်ကြားတဲ့ အနုပညာရှင် ၊ သိပ္ပံပညာရှင်တွေ နဲ့ အဆိုတော်တွေ ကို တွေ့မြင်ရမှာဖြစ်ပါတယ်။

၃၂။ ၁၉၉၇ ခုနှစ်မှာApple Circa ကို  Microsoft မှ ဒေါ်လာ ၁၅၀မီလီယံ ရင်းနှီးမြုပ်နှံခဲ့ပါတယ်။ ဒီရင်းနှီးမှုနဲ့အတူ ကုမ္ပဏီကလည်းပိုမို တိုးတက်လာတယ်။ ရင်းနှီးမြုပ်နှံမှုကို ကြေငြာတဲ့အချိန်မှာ Steve Jobs ဟာ CEO အဖြစ်ပထမဆုံး စကားပြောကြားခဲ့ပါတယ်။

၃၃။ iMac ရဲ့ ဒီဇိုင်းကို ဆွဲပေးခဲ့တာကတော့ Jony Ive ဖြစ်ပြီး All-In-One ကွန်ပျုတာကို ၁၉၉၈မှာ ထုတ်လုပ်ခဲ့ပါတယ်။ ၂၀၀၁ မှာ NeXT ကွန်ပျူတာရဲ့ Operating System ကို အခြေခံထားတဲ့  Mac OS X ကို မိတ်ဆက်ခဲ့ပြီး System 7 ရဲ့နေရာကို အစားထိုးခဲ့ပါတယ်။ ၂၀၀၆ ခုနှစ်မှာ တော့ Apple ဟာ Intel စနစ်အခြေခံထားတဲ့ စနစ်ကို ပြောင်းပြီး လုပ်ဆောင်ခဲ့ပါတယ်။

နည်းစနစ်ပိုင်းဆိုင်ရာအားလုံးအခြေကျသွားတဲ့ အချိန်မှာ Steve Jobs ဟာ iPhone ကို ၂၀၀၇ မှာစတင်မိတ်ဆက်ခဲ့ပါတယ်။ ဆယ်စုနှစ်အနည်းငယ်အကြာ ကုမ္ပဏီ အတွင်းပိုင်းအပြောင်းအလဲတွေ နဲ့ လှုပ်ခတ်စေပြီးနောက်မှာတော့ ကမ္ဘာ့တန်ဖိုးအမြင့်ဆုံး ကုမ္ပဏီ အနေနဲ့ ရပ်တည်နိုင်ခဲ့ပါတယ်။

Jan ( Akayar )

Ref : Business Insider