[Zawgyi]

လက္ေဝွ႔လိုင္စင္အတြက္ ျငင္းပယ္ခံခဲ့ရတဲ့ ဖာဒီနန္ Ferdinand

ေဘာလံုးသမားဘဝကေန အနားယူၿပီး လက္ေဝွ႔ေလာကထဲ ဝင္ေရာက္ဖို႔ ႀကိဳးစားေနတဲ့ မန္ယူေနာက္ခံလူေဟာင္း ဖာဒီနန္ Ferdinand ရဲ႕ လက္ေဝွ႔လိုင္စင္ေလွ်ာက္ထားမႈဟာ ျငင္းပယ္ခံခဲ့ရပါတယ္။ ၿပီးခဲ့တဲ့ (၂၀၁၅)ခုႏွစ္မွာ ေဘာလံုးသမားဘဝမွ အနားယူခဲ့ၿပီး လက္ေဝွ႔ေလာကထဲ ဝင္ေရာက္ႏိုင္ဖို႔ ေလ႔က်င့္မႈေတြျပဳလုပ္ေနတဲ့ ဖာဒီနန္ဟာ လာမယ့္ စက္တင္ဘာလမွာ ကစားသမားဘဝအသစ္ စတင္ႏိုင္ဖို႔ ျပင္ဆင္ေနတာျဖစ္ပါတယ္။ ၿဗိတိန္လက္ေဝွ႔သမားမ်ားအတြက္ ဖြဲ႔စည္းထားတဲ့ (BBBofC) က ဖာဒီနန္ရဲ႕ လက္ေဝွ႔လိုင္စင္ ေလွ်ာက္ထားမႈကို မေန႔က ပယ္ခ်ခဲ့တာျဖစ္ပါတယ္။ ဖာဒီနန္ရဲ႕ လက္ေဝွ႔နည္းျပအျဖစ္ ေလ့က်င့္မႈေတြျပဳလုပ္ေပးေနတဲ့ WBC Super-Middleweight ခ်န္ပီယံေဟာင္း ရီခ်ီဝုဒ္ေဟာလ္ Richie Woodhall ကေတာ့ လိုင္စင္ပယ္ခ်ခံရတာဟာ “အံ့ၾသစရာမရွိပါဘူး” လို႔ ေျပာၾကားခဲ့ပါတယ္။

rio-ferdinands-trainer-was-not-surprised-bbbofc-refused-a-licence

rio-ferdinands-trainer-was-not-surprised-bbbofc-refused-a-licence

ဖာဒီနန္ရဲ႕ အသက္အရြယ္နဲ႔ အေတြ႔အႀကံဳပိုင္းက သူ႔ရဲ႕ လက္ေဝွ႔လိုင္စင္ပယ္ခ်ခံရမႈ အဓိကအေၾကာင္းအရင္းျဖစ္တယ္လို႔ သိရပါတယ္။ ေဘာလံုးသမားဘဝမွာ ေနာက္ခံလူတစ္ေယာက္အျဖစ္ ေအာင္ျမင္ေက်ာ္ၾကားခဲ့တဲ့ ဖာဒီနန္ဟာ ဝက္စ္ဟမ္း၊ ဘုန္းေမာက္၊ လိဒ္စ္ယူႏိုက္တက္၊ မန္ယူနဲ႔ က်ဴပီအာအသင္းေတြမွာ ကစားသမားဘဝကို ျဖတ္သန္းခဲ့ပါတယ္။ မန္ယူအသင္းမွာေတာ့ ကစားသမားဘဝ အေကာင္းဆံုးအခ်ိန္ကိုေရာက္ရွိခဲ့ၿပီး အသင္းအတြက္ (၁၂)ၾကာကစားေပးခဲ့တဲ့ ဂႏၳဝင္ကစားသမားတစ္ဦးျဖစ္ပါတယ္။

ဖာဒီနန္ရဲ႕ ေဘာလံုးသမားဘဝ ေအာင္ျမင္မႈမ်ား

West Ham United

  • UEFA Intertoto Cup: 1999

Manchester United

  • Premier League: 2002–03, 2006–07, 2007–08, 2008–09, 2010–11, 2012–13
  • Football League Cup: 2005–06, 2008–09
  • FA Community Shield: 2003, 2007, 2008, 2011
  • UEFA Champions League 2007–08
  • FIFA Club World Cup: 2008

REF:BBC, Wikipedia
Photo:Telegraph
Aung Kyaw Wai(Akhayar)
www.akhayar.com

[Unicode]

လက်ဝှေ့လိုင်စင်အတွက် ငြင်းပယ်ခံခဲ့ရတဲ့ ဖာဒီနန် Ferdinand

ဘောလုံးသမားဘဝကနေ အနားယူပြီး လက်ဝှေ့လောကထဲ ဝင်ရောက်ဖို့ ကြိုးစားနေတဲ့ မန်ယူနောက်ခံလူဟောင်း ဖာဒီနန် Ferdinand ရဲ့ လက်ဝှေ့လိုင်စင်လျှောက်ထားမှုဟာ ငြင်းပယ်ခံခဲ့ရပါတယ်။ ပြီးခဲ့တဲ့ (၂၀၁၅)ခုနှစ်မှာ ဘောလုံးသမားဘဝမှ အနားယူခဲ့ပြီး လက်ဝှေ့လောကထဲ ဝင်ရောက်နိုင်ဖို့ လေ့ကျင့်မှုတွေပြုလုပ်နေတဲ့ ဖာဒီနန်ဟာ လာမယ့် စက်တင်ဘာလမှာ ကစားသမားဘဝအသစ် စတင်နိုင်ဖို့ ပြင်ဆင်နေတာဖြစ်ပါတယ်။ ဗြိတိန်လက်ဝှေ့သမားများအတွက် ဖွဲ့စည်းထားတဲ့ (BBBofC) က ဖာဒီနန်ရဲ့ လက်ဝှေ့လိုင်စင် လျှောက်ထားမှုကို မနေ့က ပယ်ချခဲ့တာဖြစ်ပါတယ်။ ဖာဒီနန်ရဲ့ လက်ဝှေ့နည်းပြအဖြစ် လေ့ကျင့်မှုတွေပြုလုပ်ပေးနေတဲ့ WBC Super-Middleweight ချန်ပီယံဟောင်း ရီချီဝုဒ်ဟောလ် Richie Woodhall ကတော့ လိုင်စင်ပယ်ချခံရတာဟာ “အံ့သြစရာမရှိပါဘူး” လို့ ပြောကြားခဲ့ပါတယ်။

rio-ferdinands-trainer-was-not-surprised-bbbofc-refused-a-licence

rio-ferdinands-trainer-was-not-surprised-bbbofc-refused-a-licence

ဖာဒီနန်ရဲ့ အသက်အရွယ်နဲ့ အတွေ့အကြုံပိုင်းက သူ့ရဲ့ လက်ဝှေ့လိုင်စင်ပယ်ချခံရမှု အဓိကအကြောင်းအရင်းဖြစ်တယ်လို့ သိရပါတယ်။ ဘောလုံးသမားဘဝမှာ နောက်ခံလူတစ်ယောက်အဖြစ် အောင်မြင်ကျော်ကြားခဲ့တဲ့ ဖာဒီနန်ဟာ ဝက်စ်ဟမ်း၊ ဘုန်းမောက်၊ လိဒ်စ်ယူနိုက်တက်၊ မန်ယူနဲ့ ကျူပီအာအသင်းတွေမှာ ကစားသမားဘဝကို ဖြတ်သန်းခဲ့ပါတယ်။ မန်ယူအသင်းမှာတော့ ကစားသမားဘဝ အကောင်းဆုံးအချိန်ကိုရောက်ရှိခဲ့ပြီး အသင်းအတွက် (၁၂)ကြာကစားပေးခဲ့တဲ့ ဂန္ထဝင်ကစားသမားတစ်ဦးဖြစ်ပါတယ်။

ဖာဒီနန်ရဲ့ ဘောလုံးသမားဘဝ အောင်မြင်မှုများ

West Ham United

  • UEFA Intertoto Cup: 1999

Manchester United

  • Premier League: 2002–03, 2006–07, 2007–08, 2008–09, 2010–11, 2012–13
  • Football League Cup: 2005–06, 2008–09
  • FA Community Shield: 2003, 2007, 2008, 2011
  • UEFA Champions League 2007–08
  • FIFA Club World Cup: 2008

REF:BBC, Wikipedia
Photo:Telegraph
Aung Kyaw Wai(Akhayar)
www.akhayar.com