မန်ယူအသင်းရဲ့ ကစားသမားဟောင်း ဖာဒီနန် Ferdinand ဟာ ချန်ပီယံလိဂ် ဆီမီးဖိုင်နယ်ကို မန်ယူအသင်း တက်ရောက်နိုင်မယ်လို့ ပြောကြားခဲ့ပါတယ်။ လက်ရှိမှာတော့ ချန်ပီယံလိဂ်ကွာတားဖိုင်နယ် ပထမအကျော့ပွဲစဉ်တွေဟာ ပြီးဆုံးခဲ့ပြီဖြစ်သလို ဖာဒီနန်က ဆီမီးဖိုင်နယ်တက်ရောက်နိုင်မယ့် အသင်းတွေကို ခန့်မှန်းခဲ့တာဖြစ်ပါတယ်။ ဖာဒီနန် ဟာ စပါး ၊ လီဗာပူးလ် ၊ မန်ယူ နဲ့ ဂျူဗင်တပ်စ်အသင်းတွေ ဆီမီးဖိုင်နယ်အဆင့်ကို တက်ရောက်နိုင်မယ်လို့ ခန့်မှန်းခဲ့တာပါ။ ဖာဒီနန်ရဲ့ အသင်းဟောင်း မန်ယူအသင်းကတော့ ချန်ပီယံလိဂ်ကွာတားဖိုင်နယ် ပထမအကျော့ အိမ်ကွင်းပွဲစဉ်မှာ ဘာစီလိုနာအသင်းကို ( ၀ – ၁ )နဲ့ ရှုံးနိမ့်ခဲ့ပြီး လာမယ့်တစ်ပတ်မှာတော့ ဘာစီလိုနာအသင်းရဲ့ အိမ်ကွင်း နူးကမ့်မှာ ဒုတိယအကျော့ အဝေးကွင်းပွဲစဉ်အဖြစ် သွားရောက်ယှဉ်ပြိုင်ကစားရမှာပဲဖြစ်ပါတယ်။

ဖာဒီနန် က သူ့ရဲ့ခန့်မှန်းချက်ကို BT Sport မှာပြောကြားခဲ့တာပါ။ ဖာဒီနန်က ” လီဗာပူးလ် နောက်တစ်ဆင့်တက်ပါမယ်။ မနေ့ညက ပွဲအပြီးမှာတော့ စပါးလည်း နောက်တစ်ဆင့်တက်ပါလိမ့်မယ်။ ဂျူဗင်တပ်စ်လည်း နောက်တစ်ဆင့်တက်ပါမယ်။ ပြီးတော့ ကျွန်တော့် နှလုံးသားကလည်း မန်ယူအသင်းနောက်တစ်ဆင့်တက်မယ်လို့ ပြောပါတယ်။ ကျွန်တော့် ခေါင်းထဲမှာကတော့ မက်ဆီ ရဲ့ခြေစွမ်းပေါ်မှာ မူတည်နေပါတယ် ” လို့ ပြောကြားခဲ့ပါတယ်။ ဖာဒီနန်ဟာ ၂၀၀၇ – ၂၀၀၈ ဘောလုံးရာသီက မန်ယူအသင်းနဲ့အတူ ချန်ပီယံလိဂ်ဆုဖလားကို ရရှိခဲ့တဲ့ ကစားသမားတစ်ဦးလည်း ဖြစ်ပါတယ်။

Ref: Futaa , Daily Post
Photo: Daily Post , The  Times
Ko Kyue(Akhayar)
www.akhayar.com