[Zawgyi]











www.akhayar.com


[Unicode]

သားအဖသုံးယောက်ပေါင်းပြီး သုံးကိုယ်တော်လုပ်ချင်တယ်ဆိုတဲ့ ရင်ဂို

ဂီတလမ်းကြောင်းမှာ ဆယ်စုနှစ်ကြာအောင်မြင်နေသူဖြစ်သလို သားသမီးနှစ်ယောက်လုံးကိုပါ အောင်မြင်မှုလမ်းကြောင်းပေါ်ရောက်အောင် လုပ်ပေးနိုင်သူကတော့ အဆိုတော်ရင်ဂိုပဲဖြစ်ပါတယ်။ အဆိုတော်ရင်ဂိုနဲ့တွေ့ဆုံတုန်း သိလိုသမျှမေးဖြစ်ခဲ့တာတွေကို ပရိသတ်ကြီးကို ဖော်ပြပေးလိုက်ပါတယ်နော်။

မိသားစုတွေ ဆုံတဲ့အခါ ဘယ်လိုအကြောင်းတွေ ပြောဖြစ်ကြလဲ..

မိသားစုက ဝါသနာတူတာလည်း သီချင်းဂီတလိုင်းဘက်ပဲဆိုတော့ တစ်ခြားအလုပ်ကိစ္စတွေဆိုတာ ထက် ဂီတအကြောင်းပဲ ပြောဖြစ်ကြတာများတယ်။ မိသားစုလေးယောက်တွေ့ရင် သီချင်းအကြောင်းပဲဆိုတော့ ဒီဂီတအလုပ်နဲ့ပဲ ဘဝကိုနှစ်ရှည်ရှည် ရပ်တည်ဖြတ်သန်းလာခဲ့တာလေ။

သီချင်းကောင်းတွေအများကြီးရှိခဲ့တော့ ပရိသတ်တွေအတွက် တစ်ကိုယ်တော် Live Show လုပ်သွားဖို့ရှိလားဆိုတော့

Showလုပ်ဖို့စဉ်းစားနေသေးတယ်။ တစ်ကိုယ်တော်မလုပ်ချင်ဘူး။ သားအဖသုံးယောက်ပေါင်းပြီး သုံးကိုယ်တော်ပဲလုပ်ချင်တယ်။ သုံးယောက်ပဲဆိုချင်တယ်။ ရှေ့ဆက်ပြီးတော့လည်း သီချင်းတွေနဲ့ပဲ ရှေ့ဆက်သွားချင်ပါတယ်။

နောက်ထပ် တစ်ကိုယ်တော်အခွေနဲ့ပတ်သက်ပြီး ပရိသတ်ရှေ့ကို ချပြသွားဖို့ရှိလားဆိုတော့

အခုလက်ထဲမှာ ကိုနောင်နောင်တစ်ပုဒ်ရေးပေးထားတာရှိတယ်။ ကျားပေါက်သုံးပုဒ်ရေးပေးထားတာရှိတယ်။ အောင်လကတစ်ပုဒ်၊ ဦးရေးထားတာ ဆယ်ပုဒ်လောက်ရှိတယ်။ အဲဒီထဲကရွေးပြီးတော့ Emperor အားမယ့်ရက်နဲ့ ညှိပြီးတော့ အခွေလုပ်ဖြစ်မှာပါ။ နောက်ပြီး ကိုညီထွဋ်က ဦးဆိုခဲ့တဲ့သီချင်းတွေကို ပြန်ပြီး New Version လုပ်စေချင်နေတယ်။ ကိုညီထွဋ်လုပ်ပေးမယ်လို့ ပြောတယ်။ ဒီနှစ်ထဲမှာပဲ နှစ်ခွေထွက်နိုင်အောင် ကြိုးစားလုပ်သွားမှာပါ။ လောလောဆယ် ဘယ်အချိန်ပြီးမယ်ဆိုတာကို ပြောလို့မရသေးဘူး။

ဂီတလမ်းကြောင်းပေါ်မှာ သားသမီးနှစ်ယောက်လုံးအောင်မြင်နေတော့ သူတို့လေးတွေနဲ့ပတ်သက်ပြီး ခံစားချက်ဘယ်လိုဆိုတာကိုတော့

ဂီတလမ်းကြောင်းပေါ်မှာ တစ်ယောက်တည်းလျှောက်နေရတာထက်စာရာ သုံးယောက်လျှောက်နေရတော့ အားရှိတာပေါ့လို့ဆိုပါတယ်။

www.akhayar.com

Facebook လူမှုကွန်ရက်ပေါ်တွင်တင်ဆက်နေသည့် စာမျက်နှာများတွင် အခရာမှတင်ဆက်ထားသည့် ဆောင်းပါးများ၊ သတင်းများကို ခွင့်ပြုချက် တစ်စုံတစ်ရာ ရယူထားခြင်းမရှိဘဲ စီးပွားဖြစ် ကူးယူသုံးစွဲနေသည်များကို တွေ့ရှိနေရပါသည်။ အခရာစာမျက်နှာအား တစ်ဦးတစ်ယောက်ချင်း ဝေမျှသည်ကို အသိအမှတ်ပြုကျေးဇူးတင်သော်လည်း စီပွားဖြစ်တည်ထောင်ထားသည့် စာမျက်နှာများ၊ ဝက်ဘ်ဆိုက်များတွင် ကူးယူတင်ဆက်နေသည်များကိုမူ ပြင်းထန်စွာကန့်ကွက်ပါသည်။ သို့ဖြစ်ပါ၍ အခရာမီဒီယာမှတင်ဆက်နေသည့် အကြောင်းအရာများထဲမှ စာသားအချို့ကိုဖြစ်စေ ၊ အပုဒ်လိုက်ဖြစ်စေ ၊ တစ်ပိုဒ်ခြင်းဖြစ်စေ ကူးယူသုံးစွဲခြင်းမပြုရန်နှင့် ဆက်လက်ပြုလုပ်ပါက ခိုးယူသုံးစွဲနေသည့် စာမျက်နှာများကို အမည်နှင့်တကွ အများသိစေရန်ကြေညာသွားမည်ဖြစ်ပြီး ဥပဒေအရ အရေးယူမည်ဖြစ်ကြောင်း သတိပေးကြေညာအပ်ပါသည်။