[Zawgyi]

၂ဝ၁၇ခုႏွစ္အတြင္းမွာ ပုိက္ဆံအမ်ားဆုံးရွာႏုိင္ခဲ့တဲ့ ပုဂၢိဳလ္က ဘယ္သူလဲ

၂ဝ၁၇ခုႏွစ္ကုန္ဆုံးသြားတာနဲ႔ ကမၻာႀကီးဟာ အမ်ိဳးမ်ိဳးေျပာင္းလဲသြားတယ္။ ဆင္းရဲတဲ့သူေတြလည္း ခ်မ္းသာသြားခဲ့သလုိ ခ်မ္းသာတဲ့သူေတြလည္း ဆင္းရဲသြားတဲ့ျဖစ္ရပ္ေတြ ရွိခဲ့ဖူးတဲ့အတြက္ ဆန္းၾကယ္လြန္းတယ္လုိ႔ ဆုိႏုိင္ပါတယ္။ ဒါေပမယ့္ ၂ဝ၁၇ခုႏွစ္အတြင္းမွာေတာ့ ဘီလ်ံနာသူေဌးေတြ ပုိခ်မ္းသာတဲ့ႏွစ္လုိ႔ အလြယ္တကူဆုိႏုိင္ပါတယ္။ ကမၻာ့အခ်မ္းသာဆုံးပုဂၢိဳလ္ (၅ဝဝ) ကုိ စာရင္းခ်ၾကည့္တဲ့အခါ (၇) ေယာက္မွာ (၆) ေယာက္က ပုိခ်မ္းသာခဲ့တယ္လုိ႔ သတ္မွတ္ႏုိင္ၿပီး ပ်မ္းမ်ွအားျဖင့္ေတာ့ ၁.၅ ဘီလီယံအထိ ျမင့္တက္ခဲ့တယ္လုိ႔ ဆုိႏုိင္ပါတယ္။

၂ဝ၁၇ခုႏွစ္အတြင္းမွာ ဆုံးရႈံးမႈအမ်ားဆုံးလုပ္ငန္းရွင္ကေတာ့ ရင္းႏွီးျမွဳပ္ႏွံသူ George Soros ပါ။ သူဟာ ၂ဝ၁၇ခုႏွစ္အတြင္းမွာ ၁၈ ဘီလီယံအထိ ရႈံးသြားတာပါ။ ေဆာ္ဒီသူေဌး Bin Talal က ၂.၁၄ ဘီလီယံနဲ႔ အေမရိကန္သူေဌး Carl Icahn က ၁.၇၅ ဘီလီယံ ဆုံးရႈံးခဲ့ပါတယ္။

၂ဝ၁၇ခုႏွစ္အတြင္းမွာ ပုိက္ဆံအမ်ားဆုံးရွာႏုိင္ခဲ့တဲ့ ပုဂၢိဳလ္ (၁၅) ဦးလည္း ထြက္ေပၚခဲ့ပါၿပီ။ သူတုိ႔ေတြဟာ တစ္ႏွစ္အတြင္းမွာ အနည္းဆုံး ၁၂ ဘီလီယံအထိ တုိးတက္ခဲ့တာပါ။ အဲဒီစာရင္းထဲမွာ Jeff Bezos ၊ Hui Ka Yan ၊ Bernard Arnault ၊ Mark Zuckerberg ၊ Warren Buffett ၊ Sergey Brin နဲ႔ Calos Slim တုိ႔လုိ ပုဂၢိဳလ္ႀကီးေတြ ပါဝင္ခဲ့ပါတယ္။

ပုိက္ဆံအမ်ားဆုံးရွာႏုိင္ခဲ့တဲ့ ပုဂၢိဳလ္ ထိပ္ဆုံး (၁၅) ဦးစာရင္းမွာေတာ့ Bill Gates ၊ Amancio Ortega ၊ Larry Ellison နဲ႔ Michael Bloomberg တုိ႔လုိ သူေဌးႀကီးေတြ မပါခဲ့ပါဘူး။ Bill Gates ဟာ ၂ဝ၁၇ခုႏွစ္အစပုိင္းမွာ ကမၻာ့အခ်မ္းသာဆုံးသူေဌးႀကီးျဖစ္ေပမယ့္ ေအာက္တုိဘာလ ၂၇ရက္ေန႔ (ေသာၾကာေန႔) မနက္ပုိင္းမွာ Amazon ရဲ႕ရွယ္ယာေတြ ေစ်းတက္သြားၿပီး Jeff Bezos ဟာ ကမၻာ့အခ်မ္းသာဆုံးဘြဲ႕ထူးကုိ ရယူခဲ့ပါတယ္။ ၂ဝ၁၇ခုႏွစ္အတြင္းမွာ ပုိက္ဆံအရွာႏုိင္ဆုံးသူေဌးႀကီးက Jeff Bezos ပါ။ သူဟာ ၂ဝ၁၇ခုႏွစ္စတုန္းက ေဒၚလာ ၆၄.၉ ဘီလီယံသာ ၾကြယ္ဝခဲ့ေပမယ့္ ႏွစ္ကုန္ပုိင္းမွာ ေဒၚလာ ၁ဝဝ ဘီလီယံအထိ ျမင့္တက္ခဲ့တဲ့အတြက္ တစ္ႏွစ္အတြင္းမွာ ၃၅.၁ ဘီလီယံအထိ ရွာႏုိင္တယ္လုိ႔ ဆုိႏုိင္ပါတယ္။

ေက်ာ္စုိးေအာင္ (အခရာ)

www.akhayar.com

[Unicode]

၂ဝ၁၇ခုနှစ်အတွင်းမှာ ပိုက်ဆံအများဆုံးရှာနိုင်ခဲ့တဲ့ ပုဂ္ဂိုလ်က ဘယ်သူလဲ

၂ဝ၁၇ခုနှစ်ကုန်ဆုံးသွားတာနဲ့ ကမ္ဘာကြီးဟာ အမျိုးမျိုးပြောင်းလဲသွားတယ်။ ဆင်းရဲတဲ့သူတွေလည်း ချမ်းသာသွားခဲ့သလို ချမ်းသာတဲ့သူတွေလည်း ဆင်းရဲသွားတဲ့ဖြစ်ရပ်တွေ ရှိခဲ့ဖူးတဲ့အတွက် ဆန်းကြယ်လွန်းတယ်လို့ ဆိုနိုင်ပါတယ်။ ဒါပေမယ့် ၂ဝ၁၇ခုနှစ်အတွင်းမှာတော့ ဘီလျံနာသူဌေးတွေ ပိုချမ်းသာတဲ့နှစ်လို့ အလွယ်တကူဆိုနိုင်ပါတယ်။ ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ် (၅ဝဝ) ကို စာရင်းချကြည့်တဲ့အခါ (၇) ယောက်မှာ (၆) ယောက်က ပိုချမ်းသာခဲ့တယ်လို့ သတ်မှတ်နိုင်ပြီး ပျမ်းမျှအားဖြင့်တော့ ၁.၅ ဘီလီယံအထိ မြင့်တက်ခဲ့တယ်လို့ ဆိုနိုင်ပါတယ်။

၂ဝ၁၇ခုနှစ်အတွင်းမှာ ဆုံးရှုံးမှုအများဆုံးလုပ်ငန်းရှင်ကတော့ ရင်းနှီးမြှုပ်နှံသူ George Soros ပါ။ သူဟာ ၂ဝ၁၇ခုနှစ်အတွင်းမှာ ၁၈ ဘီလီယံအထိ ရှုံးသွားတာပါ။ ဆော်ဒီသူဌေး Bin Talal က ၂.၁၄ ဘီလီယံနဲ့ အမေရိကန်သူဌေး Carl Icahn က ၁.၇၅ ဘီလီယံ ဆုံးရှုံးခဲ့ပါတယ်။

၂ဝ၁၇ခုနှစ်အတွင်းမှာ ပိုက်ဆံအများဆုံးရှာနိုင်ခဲ့တဲ့ ပုဂ္ဂိုလ် (၁၅) ဦးလည်း ထွက်ပေါ်ခဲ့ပါပြီ။ သူတို့တွေဟာ တစ်နှစ်အတွင်းမှာ အနည်းဆုံး ၁၂ ဘီလီယံအထိ တိုးတက်ခဲ့တာပါ။ အဲဒီစာရင်းထဲမှာ Jeff Bezos ၊ Hui Ka Yan ၊ Bernard Arnault ၊ Mark Zuckerberg ၊ Warren Buffett ၊ Sergey Brin နဲ့ Calos Slim တို့လို ပုဂ္ဂိုလ်ကြီးတွေ ပါဝင်ခဲ့ပါတယ်။

ပိုက်ဆံအများဆုံးရှာနိုင်ခဲ့တဲ့ ပုဂ္ဂိုလ် ထိပ်ဆုံး (၁၅) ဦးစာရင်းမှာတော့ Bill Gates ၊ Amancio Ortega ၊ Larry Ellison နဲ့ Michael Bloomberg တို့လို သူဌေးကြီးတွေ မပါခဲ့ပါဘူး။ Bill Gates ဟာ ၂ဝ၁၇ခုနှစ်အစပိုင်းမှာ ကမ္ဘာ့အချမ်းသာဆုံးသူဌေးကြီးဖြစ်ပေမယ့် အောက်တိုဘာလ ၂၇ရက်နေ့ (သောကြာနေ့) မနက်ပိုင်းမှာ Amazon ရဲ့ရှယ်ယာတွေ ဈေးတက်သွားပြီး Jeff Bezos ဟာ ကမ္ဘာ့အချမ်းသာဆုံးဘွဲ့ထူးကို ရယူခဲ့ပါတယ်။ ၂ဝ၁၇ခုနှစ်အတွင်းမှာ ပိုက်ဆံအရှာနိုင်ဆုံးသူဌေးကြီးက Jeff Bezos ပါ။ သူဟာ ၂ဝ၁၇ခုနှစ်စတုန်းက ဒေါ်လာ ၆၄.၉ ဘီလီယံသာ ကြွယ်ဝခဲ့ပေမယ့် နှစ်ကုန်ပိုင်းမှာ ဒေါ်လာ ၁ဝဝ ဘီလီယံအထိ မြင့်တက်ခဲ့တဲ့အတွက် တစ်နှစ်အတွင်းမှာ ၃၅.၁ ဘီလီယံအထိ ရှာနိုင်တယ်လို့ ဆိုနိုင်ပါတယ်။

ကျော်စိုးအောင် (အခရာ)

www.akhayar.com