[Zawgyi]

Elon Musk ကုိ လူမႈကြန္ရက္မွာ အခ်ိန္မကုန္ဖုိ႔ အၾကံေပးလုိက္တဲ့ Richard Branson

ကုမၸဏီ (၄ဝဝ) ေက်ာ္ကုိ ပုိင္ဆုိင္ထားတဲ့ Virgin Group ရဲ႕ တည္ေထာင္သူႀကီး Richard Branson ဟာ Elon Musk ရင္ဆုိင္ေနရတဲ့ ျပႆနာေတြနဲ႔ ပတ္သက္ၿပီး အၾကံဥာဏ္ေတြ ေပးလုိက္ပါတယ္။ အခုလို အၾကံဥာဏ္ေပးလုိက္တာက ဘီလ်ံနာအခ်င္းခ်င္း ခင္မင္ရင္းႏွီးမႈကုိ ထုတ္ေဖာ္ျပလုိက္တဲ့သေဘာပါပဲ။ Elon Musk ဟာ ၿပီးခဲ့တဲ့ ၾသဂုတ္လ (၇) ရက္ေန႔တုန္းက Tesla ကုိ ပုဂၢလိကပုိင္ကုမၸဏီလုပ္ဖုိ႔ Twitter ေပၚတင္လုိက္တဲ့အတြက္ SEC (Securities and Exchange Commission) က တရားစြဲဆုိခဲ့တာပါ။

SEC (Securities and Exchange Commission) ဟာ Elon Musk ကုိ ေဒၚလာ (၂ဝ) သန္း ဒဏ္ရုိက္ခဲ့တဲ့အျပင္ Tesla လ်ွပ္စစ္ကားကုမၸဏီကုိလည္း ေဒၚလာ (၂ဝ) သန္း ဒဏ္တပ္ခဲ့ပါတယ္။ ၿပီးေတာ့ Elon Musk ကုိလည္း ကုမၸဏီရဲ႕ Chairman ရာထူးက (၄၅) ရက္အတြင္း ဆင္းေပးဖုိ႔ ျပစ္ဒဏ္ခ်လုိက္တာပါ။ လူမႈကြန္ရက္ေပၚမွာ တင္ခဲ့တဲ့ စာတစ္ေၾကာင္းက Elon Musk အတြက္ အေတာ္ထိခုိက္တယ္လုိ႔ ဆုိႏုိင္ပါတယ္။ ဒါ့ေၾကာင့္ အဂၤလိပ္စီးပြားေရးဂုရုႀကီး Richard Branson က အၾကံဥာဏ္ေပးခဲ့ပုံေပၚပါတယ္။

“ရတဲ့အခ်ိန္ေလးကုိ မိသားစုနဲ႔ က်န္းမာေရးကုိပဲ ဂရုစိုက္ပါ။ လူမႈကြန္ရက္ေပၚမွာ အခ်ိန္မျဖဳန္းေစခ်င္ဘူး။ သူဟာ တီထြင္ဖန္တီးဥာဏ္နဲ႔ ပတ္သက္ရင္ ေတာ္တဲ့သူပါ။ လုပ္ငန္းေတြကုိ တျခားေတာ္တဲ့ ဝန္ထမ္းေတြကုိ ခဲြေဝေပးလုိက္ပါ။ အိပ္ေရးဝဝနဲ႔ အနားယူပါ” လုိ႔ Richard Branson က ဆုိခဲ့ပါတယ္။ Tesla ရဲ႕ Chairman ေနရာအတြက္ 21st Century Fox ရဲ႕ CEO ျဖစ္တဲ့ James Murdoch နဲ႔ အစားထုိးဖြယ္ရွိတယ္လုိ႔ သိရပါတယ္။

ေက်ာ္စုိးေအာင္ (အခရာ)

www.akhayar.com 

[Unicode]

Elon Musk ကို လူမှုကွန်ရက်မှာ အချိန်မကုန်ဖို့ အကြံပေးလိုက်တဲ့ Richard Branson

ကုမ္ပဏီ (၄ဝဝ) ကျော်ကို ပိုင်ဆိုင်ထားတဲ့ Virgin Group ရဲ့ တည်ထောင်သူကြီး Richard Branson ဟာ Elon Musk ရင်ဆိုင်နေရတဲ့ ပြဿနာတွေနဲ့ ပတ်သက်ပြီး အကြံဉာဏ်တွေ ပေးလိုက်ပါတယ်။ အခုလို အကြံဉာဏ်ပေးလိုက်တာက ဘီလျံနာအချင်းချင်း ခင်မင်ရင်းနှီးမှုကို ထုတ်ဖော်ပြလိုက်တဲ့သဘောပါပဲ။ Elon Musk ဟာ ပြီးခဲ့တဲ့ သြဂုတ်လ (၇) ရက်နေ့တုန်းက Tesla ကို ပုဂ္ဂလိကပိုင်ကုမ္ပဏီလုပ်ဖို့ Twitter ပေါ်တင်လိုက်တဲ့အတွက် SEC (Securities and Exchange Commission) က တရားစွဲဆိုခဲ့တာပါ။

SEC (Securities and Exchange Commission) ဟာ Elon Musk ကို ဒေါ်လာ (၂ဝ) သန်း ဒဏ်ရိုက်ခဲ့တဲ့အပြင် Tesla လျှပ်စစ်ကားကုမ္ပဏီကိုလည်း ဒေါ်လာ (၂ဝ) သန်း ဒဏ်တပ်ခဲ့ပါတယ်။ ပြီးတော့ Elon Musk ကိုလည်း ကုမ္ပဏီရဲ့ Chairman ရာထူးက (၄၅) ရက်အတွင်း ဆင်းပေးဖို့ ပြစ်ဒဏ်ချလိုက်တာပါ။ လူမှုကွန်ရက်ပေါ်မှာ တင်ခဲ့တဲ့ စာတစ်ကြောင်းက Elon Musk အတွက် အတော်ထိခိုက်တယ်လို့ ဆိုနိုင်ပါတယ်။ ဒါ့ကြောင့် အင်္ဂလိပ်စီးပွားရေးဂုရုကြီး Richard Branson က အကြံဉာဏ်ပေးခဲ့ပုံပေါ်ပါတယ်။

“ရတဲ့အချိန်လေးကို မိသားစုနဲ့ ကျန်းမာရေးကိုပဲ ဂရုစိုက်ပါ။ လူမှုကွန်ရက်ပေါ်မှာ အချိန်မဖြုန်းစေချင်ဘူး။ သူဟာ တီထွင်ဖန်တီးဉာဏ်နဲ့ ပတ်သက်ရင် တော်တဲ့သူပါ။ လုပ်ငန်းတွေကို တခြားတော်တဲ့ ဝန်ထမ်းတွေကို ခွဲဝေပေးလိုက်ပါ။ အိပ်ရေးဝဝနဲ့ အနားယူပါ” လို့ Richard Branson က ဆိုခဲ့ပါတယ်။ Tesla ရဲ့ Chairman နေရာအတွက် 21st Century Fox ရဲ့ CEO ဖြစ်တဲ့ James Murdoch နဲ့ အစားထိုးဖွယ်ရှိတယ်လို့ သိရပါတယ်။

ကျော်စိုးအောင် (အခရာ)

www.akhayar.com