[Zawgyi]

ၾကြယ္ဝခ်မ္းသာသူေတြ ဘယ္ေတာ့မွ မေဖာက္ဖ်က္တဲ႔ စည္းမ်ဥ္းမ်ား

ၾကြယ္ဝခ်မ္းသာတဲ့ သန္းၾကြယ္သူေဌးေတြ ခ်မ္းခ်မ္းသာျဖစ္ေနရတာက ေငြအရွာေကာင္းရုံတင္မကဘဲ သူတို႔လိုက္နာက်င္႔သံုးတဲ႔ ကိုယ္ပိုင္ ေဆာင္ပုဒ္ေတြ၊ စည္းမ်ဥ္းစည္းကမ္းေတြ ရွိပါတယ္။ လက္ကိုင္ထားတဲ႔ ေဆာင္ပုဒ္ေတြ၊ စည္းမ်ဥ္းစည္းကမ္းေတြေပၚမူတည္ၿပီး ကဲြျပားျခားနာတဲ႔ ဘဝေတြကို ပိုင္ဆိုင္သြားၾကတာကို မ်က္ျမင္ေတြ႔ေနရပါတယ္။ ဘယ္လိုေဆာင္ပုဒ္ေတြ၊ စည္းမ်ဥ္းစည္းကမ္းေတြေၾကာင့္ ကဲြျပားတဲ႔ဘဝေတြကို ပိုင္ဆိုင္ၿပီး ေအာင္ျမင္ေနရတာလဲဆိုတာကုိ ေလ့လာစပ္စုၾကည့္္္လိုက္တဲ့အခါ ေအာက္ပါစည္းမ်ဥ္းစည္းကမ္းေတြကို ေတြ႔ရွိရပါတယ္။ ကဲ….ၾကြယ္ဝခ်မ္းသာသူေတြ လက္ကိုင္ထားတဲ႔ အခ်က္ေတြလုိ႔ ေျပာေတာ့ စိတ္ဝင္စားသြားၾကၿပီမွတ္လား။ ဘယ္လိုအခ်က္ေတြလဲဆိုတာ ဖတ္ၾကည္႔လိုိက္ၾကရေအာင္။

(၁) နည္းနည္းေျပာၿပီး မ်ားမ်ားနားေထာင္ပါ

ဒီအခ်က္က အေရးပါတဲ့ စည္းမ်ဥ္းတစ္ခုအေနနဲ႔ ရပ္တည္ေနပါတယ္။ စီးပြားေရးလုပ္ငန္းေတြမွာ ေအာင္ျမင္ခ်င္ရင္ လူေတြေျပာတာကို မ်ားမ်ားနားေထာင္ၿပီး ျပင္သင္႔တာကို အျမန္ဆံုးျပဳျပင္ႏိုင္မွ ေအာင္ျမင္ႏိုင္မွာပါ။ Steve Jobs တစ္ခါတုန္းက ေျပာဖူးတာကေတာ့ စမတ္က်တဲ႔ ဝန္ထမ္းကိုဌားၿပီး သူတို႔ကိုဘာလုပ္ရမလဲ ေျပာျပေနရတာက အဆင္မေျပပါဘူး စမတ္က်တဲ႔ ဝန္ထမ္းဆိုတာ ကိုယ့္ကုိ ဘာလုပ္ရမလဲဆိုတာ ျပန္အၾကံျပဳေပးႏိုင္တာမ်ဳိးပဲ ျဖစ္ေနရမွာပါလို႔ ဆိုပါတယ္။ ဒါကိုၾကည္႔ျခင္းအားျဖင္႔ Steve Jobs က ကၽြမ္းက်င္ပညာရွင္ေတြရဲ႕အၾကံဥာဏ္ကို နားေထာင္ခ်င္တာ အတိုင္းသားေပၚလြင္ေနပါတယ္။ ေပါင္းသင္းဆက္ဆံေရးရဲ႕ ေအာင္ျမင္ဖို႔အတြက္ ေသာ့ခ်က္တစ္ခုအေနနဲ႔ နားေထာင္တတ္ျခင္းကလည္း တစ္စိတ္တစ္ပိုင္းအေနနဲ႔ ပါဝင္ေနပါတယ္။ ဒါေၾကာင့္မို႔ ေအာင္ျမင္တဲ့ သူေဌးျဖစ္လာဖို႔အတြက္ နားေထာင္တတ္ဖို႔ ႀကိဳးစားၾကည့္ပါ။

(၂)ရုံးခန္းအျပင္ထြက္ၿပီးေလ့လာၾကည္႔ပါ

Customer ေတြနဲ႔ ေတြ႔ဆံုတာ၊ Client ေတြနဲ႔ Meeting လုပ္တာကုိ ရုံးထဲမွာခ်ည္း မလုပ္ဘဲ အေျပာင္းအလဲအေနနဲ႔ အျပင္ဘက္ေနရာမွာ ေျပာင္းေရြ႕ၿပီး ျပဳလုပ္ၾကည့္သင္႔ပါတယ္။ ရုံးခင္ျပင္ပဘက္မွာ ေျပာင္းေရြ႕ၿပီး ျပဳလုပ္ျခင္းအားျဖင္႔ အျမင္ေတြေျပာင္းလဲသြားႏိုင္သလို ဗဟုသုတေတြလည္း တိုးပြားလာကာ အလုပ္နဲ႔ပတ္သက္တဲ႔ ကြန္ရက္ေတြလည္း ခ်ိတ္ဆက္မိလာႏိုင္ပါတယ္။ အလုပ္စားပဲြမွာထိုင္ေနျခင္းက အကုန္ေလ့လာသင္ယူႏိုင္တာမ်ဳိး မဟုတ္ပါဘူး အျပင္ကိုထြက္မွ မ်က္စိပြင္႔၊နားပြင္႔ၿပီး အိုင္ဒီယာအသစ္အဆန္းေတြ ရရွိလာႏိုင္မွာပါ။

(၃) အေပါင္းအသင္းေရြးခ်ယ္ေပါင္းသင္ျခင္း

ဒီအခ်က္ကေတာ့ နည္းနည္းေတာ့ခက္ခဲပါတယ္။ ေအာင္ျမင္ခ်င္တယ္ဆိုရင္ေတာ့ ကိုယ္ရဲ႕ ေပါင္းသင္ဆက္ဆံေရးကို ျပန္လည္သံုးသပ္ဖို႔ေတာ့ လိုအပ္ပါတယ္။ တံငါးနားနီးတံငါး မုဆိုးနားနီးမုဆိုး ဆိုတဲ႔ ဆိုရုိးစကားလိုမ်ဳိး ကိုယ္နဲ႔ အနီးစပ္ဆံုးမွာရွိတဲ႔ လူေတြဆီက အမူအက်င့္ေတြက ကိုယ္ဆီကို ကူးစက္တတ္ပါတယ္။ ေကာင္းတဲ့လူေတြအနီးအနားမွာေနရင္ ေကာင္းတာေတြသင္ယူႏုိင္္ၿပီး ကိုယ္ကိုယ္ကို ေအာင္ျမင္လာႏိုင္ေအာင္ ျပဳလုပ္ႏိုင္မွာပါ။ ဒါေၾကာင့္မို႔ ကိုယ္ရဲ႕ပန္းတိုင္က ခ်မ္းသာခ်င္တယ္ဆိုရင္ ကိုယ့္ကုိ အကူအညီေပးႏိုင္မယ္႔ လူမ်ဳိးကို ေရြးခ်ယ္ေပါင္းသင္ သင့္ပါတယ္။ ဒါေပမယ့္ ကိုယ္က သူဆီကေနခ်ည္းပဲ အကူအညီယူေနတာမ်ဳိးေတာ့ မျဖစ္သင္႔ပါဘူး ျပန္ၿပီးေတာ့ အကူအညီေပးတာမ်ဳိးလည္း ျပဳလုပ္သင္႔ပါတယ္။

(၄) ဘယ္အခ်ိန္ရပ္ရမလဲဆိုတာသိပါေစ

အလုပ္လုပ္တယ္ဆိုတာ ေကာင္းပါတယ္။ ဒါေပမယ့္ အလြန္အက်ဳးမလုပ္မိဖို႔ေတာ့ လုိအပ္ပါတယ္။ အလုပ္ကို ညဘက္ေနာက္က်တဲ့အထိလုပ္ၿပီး အိမ္ကိုပါယူသြားတာမ်ဳိးကို ခ်မ္းသာတဲ႔သူေတြ ဘယ္ေတာ့မွ မလုပ္ပါဘူး။ ကိုယ္ပိုင္ဘဝနဲ႔ အလုပ္ကို ခဲြျခားထားႏိုင္ဖို႔က အလြန္အေရးႀကီးပါတယ္။ ေနာက္ဆံုးမွာ ေျခကုန္လက္ပန္းမက်ခ်င္ဘူးဆိုရင္ ဘယ္အခ်ိန္ရပ္ရမလဲဆုိတာ ေသခ်ာသိၿပီး အနားယူခ်ိန္ ေသခ်ာအနားယူၿပီး ေအာင္ျမင္ေအာင္ ႀကိဳးစားသင္႔ပါတယ္။

(၅) ေလ့လာတာဘယ္ေတာ့မွမရပ္ပါနဲ႔

ကၽြႏူ္ပ္တို႔ေနထုိင္ေနတဲ့ ကမာၻႀကီးက အျမဲေျပာင္းလဲေနပါတယ္။ ပစၥည္းအသစ္ေတြ၊တီထြင္မႈအသစ္ေတြနဲ႔ နည္းပညာအသစ္ေတြက ေန႔တိုင္းထြက္ေပၚလို႔ေနပါတယ္။ အျမဲထိပ္ဆံုးမွာေနၿပီး ေအာင္ျမင္ခ်င္တယ္ဆိုရင္ေတာ့ အရာရာတိုင္းကို အဆက္မျပတ္ ေလ့လာေနဖို႔ေတာ့ လိုပါတယ္။ အဲဒီလို အဆက္မျပတ္ ေလ့လာေနဖို႔အတြက္ဆို စာအုပ္ေတြ၊ ေဟာေျပာပို႔ခ်ခ်က္ေတြနဲ႔ အြန္းလိုင္းေတြက အကူအညီျဖစ္ေစမွာပါ။

(၆) ေန႔တုိင္းစာအုပ္ဖတ္ပါ

ခ်မ္းသာတဲ့လူ ၈၈ ရာခိုင္ႏႈန္းဟာ ဘယ္ေလာက္အလုပ္မ်ားပါေစ တစ္ေန႔ကို မိနစ္သံုးဆယ္ေလာက္အခ်ိန္ေပးၿပီး စာဖတ္ၾကပါတယ္။ စာဖတ္ျခင္းက ဗဟုသုတေတြ တုိးလာေစသလို အျမင္ေတြလည္းက်ယ္လာေစၿပီး အလုပ္အတြက္လည္း အကူအညီေတြလည္း ရရွိေစပါတယ္။

(၇) ႀကိဳတင္အစီအစဥ္ဆဲြတဲ႔အက်င္႔ကုိျပဳလုပ္ပါ

တုိးတက္ေနတဲ႔ေခတ္ႀကီးထဲမွာ ႀကိဳတင္အစီအစဥ္ဆဲြဖို႔အတြက္ မွတ္စုစာအုပ္ေတြ ရွိေနဖို႔မလုိေတာ့့ပါဘူး။ မွတ္စုစာအုပ္ထဲမွာ ႀကိဳတင္အစီအစဥ္ ဆဲြထားလို႔ရသလို ဖုန္းထဲမွာလည္း App ေလးေတြထည္႔ၿပီး အစီအစဥ္ဆဲြလို႔လည္း ရပါတယ္။ To-Do List ေတြ ခ်ေရးထားတာမ်ဳိး၊ ေရရွည္ ေရတို ရည္မွန္းခ်က္ေလးေတြနဲ႔ အိပ္မက္ေတြကို ခ်ေရးထားတာမ်ဳိး ျပဳလုပ္သင္႔ပါတယ္။ ေန႔စဥ္အေတြးအေခၚေတြနဲ႔ ေန႔စဥ္အျဖစ္အပ်က္ေတြကို မွတ္တမ္းေရးသလို ေရးထားတာမ်ဳိးကလည္း တုိးတက္ေျပာင္းလဲၿပီး ခ်မ္းသာေအာင္ ျပဳလုပ္တဲ႔ေနရာမွာ အသံုးဝင္တဲ႔ အခ်က္တစ္ခ်က္လည္း ျဖစ္ပါတယ္။ ဒီလုိခ်ေရးလုိက္တဲ႔အခါ ဦးေႏွာက္ထဲမွာ အခန္းလြတ္ေတြရွိသြားတဲ့အတြက္ အေတြးအေခၚသစ္ေတြကို ထပ္မံေတြးေခၚႏိုင္လာမွာပါ။

H.H(Akhayar)

www.akhayar.com

[Unicode]

ကြွယ်ဝချမ်းသာသူတွေ ဘယ်တော့မှ မဖောက်ဖျက်တဲ့ စည်းမျဉ်းများ

ကြွယ်ဝချမ်းသာတဲ့ သန်းကြွယ်သူဌေးတွေ ချမ်းချမ်းသာဖြစ်နေရတာက ငွေအရှာကောင်းရုံတင်မကဘဲ သူတို့လိုက်နာကျင့်သုံးတဲ့ ကိုယ်ပိုင် ဆောင်ပုဒ်တွေ၊ စည်းမျဉ်းစည်းကမ်းတွေ ရှိပါတယ်။ လက်ကိုင်ထားတဲ့ ဆောင်ပုဒ်တွေ၊ စည်းမျဉ်းစည်းကမ်းတွေပေါ်မူတည်ပြီး ကွဲပြားခြားနာတဲ့ ဘဝတွေကို ပိုင်ဆိုင်သွားကြတာကို မျက်မြင်တွေ့နေရပါတယ်။ ဘယ်လိုဆောင်ပုဒ်တွေ၊ စည်းမျဉ်းစည်းကမ်းတွေကြောင့် ကွဲပြားတဲ့ဘဝတွေကို ပိုင်ဆိုင်ပြီး အောင်မြင်နေရတာလဲဆိုတာကို လေ့လာစပ်စုကြည့်လိုက်တဲ့အခါ အောက်ပါစည်းမျဉ်းစည်းကမ်းတွေကို တွေ့ရှိရပါတယ်။ ကဲ….ကြွယ်ဝချမ်းသာသူတွေ လက်ကိုင်ထားတဲ့ အချက်တွေလို့ ပြောတော့ စိတ်ဝင်စားသွားကြပြီမှတ်လား။ ဘယ်လိုအချက်တွေလဲဆိုတာ ဖတ်ကြည့်လိုက်ကြရအောင်။

(၁) နည်းနည်းပြောပြီး များများနားထောင်ပါ

ဒီအချက်က အရေးပါတဲ့ စည်းမျဉ်းတစ်ခုအနေနဲ့ ရပ်တည်နေပါတယ်။ စီးပွားရေးလုပ်ငန်းတွေမှာ အောင်မြင်ချင်ရင် လူတွေပြောတာကို များများနားထောင်ပြီး ပြင်သင့်တာကို အမြန်ဆုံးပြုပြင်နိုင်မှ အောင်မြင်နိုင်မှာပါ။ Steve Jobs တစ်ခါတုန်းက ပြောဖူးတာကတော့ စမတ်ကျတဲ့ ဝန်ထမ်းကိုဌားပြီး သူတို့ကိုဘာလုပ်ရမလဲ ပြောပြနေရတာက အဆင်မပြေပါဘူး စမတ်ကျတဲ့ ဝန်ထမ်းဆိုတာ ကိုယ့်ကို ဘာလုပ်ရမလဲဆိုတာ ပြန်အကြံပြုပေးနိုင်တာမျိုးပဲ ဖြစ်နေရမှာပါလို့ ဆိုပါတယ်။ ဒါကိုကြည့်ခြင်းအားဖြင့် Steve Jobs က ကျွမ်းကျင်ပညာရှင်တွေရဲ့အကြံဉာဏ်ကို နားထောင်ချင်တာ အတိုင်းသားပေါ်လွင်နေပါတယ်။ ပေါင်းသင်းဆက်ဆံရေးရဲ့ အောင်မြင်ဖို့အတွက် သော့ချက်တစ်ခုအနေနဲ့ နားထောင်တတ်ခြင်းကလည်း တစ်စိတ်တစ်ပိုင်းအနေနဲ့ ပါဝင်နေပါတယ်။ ဒါကြောင့်မို့ အောင်မြင်တဲ့ သူဌေးဖြစ်လာဖို့အတွက် နားထောင်တတ်ဖို့ ကြိုးစားကြည့်ပါ။

(၂)ရုံးခန်းအပြင်ထွက်ပြီးလေ့လာကြည့်ပါ

Customer တွေနဲ့ တွေ့ဆုံတာ၊ Client တွေနဲ့ Meeting လုပ်တာကို ရုံးထဲမှာချည်း မလုပ်ဘဲ အပြောင်းအလဲအနေနဲ့ အပြင်ဘက်နေရာမှာ ပြောင်းရွေ့ပြီး ပြုလုပ်ကြည့်သင့်ပါတယ်။ ရုံးခင်ပြင်ပဘက်မှာ ပြောင်းရွေ့ပြီး ပြုလုပ်ခြင်းအားဖြင့် အမြင်တွေပြောင်းလဲသွားနိုင်သလို ဗဟုသုတတွေလည်း တိုးပွားလာကာ အလုပ်နဲ့ပတ်သက်တဲ့ ကွန်ရက်တွေလည်း ချိတ်ဆက်မိလာနိုင်ပါတယ်။ အလုပ်စားပွဲမှာထိုင်နေခြင်းက အကုန်လေ့လာသင်ယူနိုင်တာမျိုး မဟုတ်ပါဘူး အပြင်ကိုထွက်မှ မျက်စိပွင့်၊နားပွင့်ပြီး အိုင်ဒီယာအသစ်အဆန်းတွေ ရရှိလာနိုင်မှာပါ။

(၃) အပေါင်းအသင်းရွေးချယ်ပေါင်းသင်ခြင်း

ဒီအချက်ကတော့ နည်းနည်းတော့ခက်ခဲပါတယ်။ အောင်မြင်ချင်တယ်ဆိုရင်တော့ ကိုယ်ရဲ့ ပေါင်းသင်ဆက်ဆံရေးကို ပြန်လည်သုံးသပ်ဖို့တော့ လိုအပ်ပါတယ်။ တံငါးနားနီးတံငါး မုဆိုးနားနီးမုဆိုး ဆိုတဲ့ ဆိုရိုးစကားလိုမျိုး ကိုယ်နဲ့ အနီးစပ်ဆုံးမှာရှိတဲ့ လူတွေဆီက အမူအကျင့်တွေက ကိုယ်ဆီကို ကူးစက်တတ်ပါတယ်။ ကောင်းတဲ့လူတွေအနီးအနားမှာနေရင် ကောင်းတာတွေသင်ယူနိုင်ပြီး ကိုယ်ကိုယ်ကို အောင်မြင်လာနိုင်အောင် ပြုလုပ်နိုင်မှာပါ။ ဒါကြောင့်မို့ ကိုယ်ရဲ့ပန်းတိုင်က ချမ်းသာချင်တယ်ဆိုရင် ကိုယ့်ကို အကူအညီပေးနိုင်မယ့် လူမျိုးကို ရွေးချယ်ပေါင်းသင် သင့်ပါတယ်။ ဒါပေမယ့် ကိုယ်က သူဆီကနေချည်းပဲ အကူအညီယူနေတာမျိုးတော့ မဖြစ်သင့်ပါဘူး ပြန်ပြီးတော့ အကူအညီပေးတာမျိုးလည်း ပြုလုပ်သင့်ပါတယ်။

(၄) ဘယ်အချိန်ရပ်ရမလဲဆိုတာသိပါစေ

အလုပ်လုပ်တယ်ဆိုတာ ကောင်းပါတယ်။ ဒါပေမယ့် အလွန်အကျုးမလုပ်မိဖို့တော့ လိုအပ်ပါတယ်။ အလုပ်ကို ညဘက်နောက်ကျတဲ့အထိလုပ်ပြီး အိမ်ကိုပါယူသွားတာမျိုးကို ချမ်းသာတဲ့သူတွေ ဘယ်တော့မှ မလုပ်ပါဘူး။ ကိုယ်ပိုင်ဘဝနဲ့ အလုပ်ကို ခွဲခြားထားနိုင်ဖို့က အလွန်အရေးကြီးပါတယ်။ နောက်ဆုံးမှာ ခြေကုန်လက်ပန်းမကျချင်ဘူးဆိုရင် ဘယ်အချိန်ရပ်ရမလဲဆိုတာ သေချာသိပြီး အနားယူချိန် သေချာအနားယူပြီး အောင်မြင်အောင် ကြိုးစားသင့်ပါတယ်။

(၅) လေ့လာတာဘယ်တော့မှမရပ်ပါနဲ့

ကျွနူ်ပ်တို့နေထိုင်နေတဲ့ ကမ္ဘာကြီးက အမြဲပြောင်းလဲနေပါတယ်။ ပစ္စည်းအသစ်တွေ၊တီထွင်မှုအသစ်တွေနဲ့ နည်းပညာအသစ်တွေက နေ့တိုင်းထွက်ပေါ်လို့နေပါတယ်။ အမြဲထိပ်ဆုံးမှာနေပြီး အောင်မြင်ချင်တယ်ဆိုရင်တော့ အရာရာတိုင်းကို အဆက်မပြတ် လေ့လာနေဖို့တော့ လိုပါတယ်။ အဲဒီလို အဆက်မပြတ် လေ့လာနေဖို့အတွက်ဆို စာအုပ်တွေ၊ ဟောပြောပို့ချချက်တွေနဲ့ အွန်းလိုင်းတွေက အကူအညီဖြစ်စေမှာပါ။

(၆) နေ့တိုင်းစာအုပ်ဖတ်ပါ

ချမ်းသာတဲ့လူ ၈၈ ရာခိုင်နှုန်းဟာ ဘယ်လောက်အလုပ်များပါစေ တစ်နေ့ကို မိနစ်သုံးဆယ်လောက်အချိန်ပေးပြီး စာဖတ်ကြပါတယ်။ စာဖတ်ခြင်းက ဗဟုသုတတွေ တိုးလာစေသလို အမြင်တွေလည်းကျယ်လာစေပြီး အလုပ်အတွက်လည်း အကူအညီတွေလည်း ရရှိစေပါတယ်။

(၇) ကြိုတင်အစီအစဉ်ဆွဲတဲ့အကျင့်ကိုပြုလုပ်ပါ

တိုးတက်နေတဲ့ခေတ်ကြီးထဲမှာ ကြိုတင်အစီအစဉ်ဆွဲဖို့အတွက် မှတ်စုစာအုပ်တွေ ရှိနေဖို့မလိုတော့ပါဘူး။ မှတ်စုစာအုပ်ထဲမှာ ကြိုတင်အစီအစဉ် ဆွဲထားလို့ရသလို ဖုန်းထဲမှာလည်း App လေးတွေထည့်ပြီး အစီအစဉ်ဆွဲလို့လည်း ရပါတယ်။ To-Do List တွေ ချရေးထားတာမျိုး၊ ရေရှည် ရေတို ရည်မှန်းချက်လေးတွေနဲ့ အိပ်မက်တွေကို ချရေးထားတာမျိုး ပြုလုပ်သင့်ပါတယ်။ နေ့စဉ်အတွေးအခေါ်တွေနဲ့ နေ့စဉ်အဖြစ်အပျက်တွေကို မှတ်တမ်းရေးသလို ရေးထားတာမျိုးကလည်း တိုးတက်ပြောင်းလဲပြီး ချမ်းသာအောင် ပြုလုပ်တဲ့နေရာမှာ အသုံးဝင်တဲ့ အချက်တစ်ချက်လည်း ဖြစ်ပါတယ်။ ဒီလိုချရေးလိုက်တဲ့အခါ ဦးနှောက်ထဲမှာ အခန်းလွတ်တွေရှိသွားတဲ့အတွက် အတွေးအခေါ်သစ်တွေကို ထပ်မံတွေးခေါ်နိုင်လာမှာပါ။

H.H(Akhayar)

www.akhayar.com