[Zawgyi]

VAR စနစ္ အသံုးျပဳသြားမယ့္ စပိန္စူပါဖလားပြဲစဥ္

ဘာစီလိုနာအသင္းနဲ႔ ဆီဗီလာအသင္းတို႔ ယွဥ္ၿပိဳင္ကစားၾကမယ့္ စပိန္စူပါဖလားပြဲစဥ္မွာ ရုပ္သံအကူဒိုင္စနစ္ (VAR)ကို အသံုးျပဳသြားမွာျဖစ္ပါတယ္။ အခုတစ္ပတ္ တနဂၤေႏြေန႔မွာ ကစားမယ့္ စူပါဖလားပြဲစဥ္မွာ VAR စနစ္ကို အသံုးျပဳသြားမယ္လို႔ စပိန္ေဘာလံုးအဖြဲ႔ခ်ဳပ္ (RFEF)က တရားဝင္ေၾကညာခဲ့ပါတယ္။ VAR စနစ္ အသံုးျပဳမယ့္သတင္းကို RFEF က အတည္ျပဳေပးခဲ့ၿပီး ဘာစီလိုနာအသင္းနဲ႔ ဆီဗီလာအသင္းတို႔ကလည္း ၂၀၁၈ စပိန္စူပါဖလားပြဲစဥ္မွာ အသံုးျပဳဖို႔ ဆႏၵရွိခဲ့တယ္လို႔ ေျပာၾကားခဲ့ပါတယ္။ စပိန္စူပါဖလားပြဲစဥ္ ကစားမယ့္ Stade Ibn Battouta ကြင္းအတြင္း VAR စနစ္ စမ္းသပ္မႈေတြကို မနက္ျဖန္ (စေနေန႔)ညမွာ  ျပဳလုပ္သြားမယ္လို႔ RFEF က ေျပာၾကားခဲ့ပါတယ္။

Sevilla-will-face-Barcelona-in-Supercopa-de-Espana

Sevilla-will-face-Barcelona-in-Supercopa-de-Espana

စပိန္ေဘာလံုးအဖြဲ႔ခ်ဳပ္က “စူပါဖလားပြဲစဥ္မွာ VAR အသံုးျပဳမယ့္ ဆံုးျဖတ္ခ်က္ကို ႏိုင္ငံတကာေဘာလံုးဘုတ္အဖြဲ႔ခ်ဳပ္ (IFAB)ကလည္း သေဘာတူ လက္ခံခဲ့ၿပီး ေမာ္ရိုကိုႏိုင္ငံမွာရွိတဲ့ ေဘာလံုးကြင္းႀကီးထဲမွာ နည္းပညာပိုင္းဆိုင္ရာ ဆန္းစစ္မႈေတြကို ျပဳလုပ္သြားေတာ့မွာပါ”လို႔ ေျပာၾကားခဲ့ပါတယ္။ ႏွစ္ေက်ာ႔စနစ္ကို ဖ်က္သိမ္းၿပီး တစ္ေက်ာ႔တည္းကစားသြားမယ့္ ၂၀၁၈ စပိန္စူပါဖလားၿပိဳင္ပြဲကို ပထမဆံုးအႀကိမ္အျဖစ္ စပိန္ႏိုင္ငံျပင္ပ ကစားသြားမွာျဖစ္ပါတယ္။ ႏွစ္စဥ္ စပိန္ျပည္တြင္းဖလားေတြျဖစ္တဲ့ လာလီဂါနဲ႔ ဘုရင့္ဖလားၿပိဳင္ပြဲတို႔မွာ ဗိုလ္စြဲခဲ့တဲ့ အသင္းေတြ ရာသီအဖြင့္ပြဲစဥ္အျဖစ္ စူပါဖလားလုပြဲကို ယွဥ္ၿပိဳင္ကစားၾကတာပါ။ ၿပီးခဲ့တဲ့ ေဘာလံုးရာသီက ဘာစီလိုနာအသင္းက ျပည္တြင္းဖလား (၂)လံုးစလံုးကို သိမ္းပိုက္ႏိုင္ခဲ့တာေၾကာင့္ ဘုရင့္ဖလားၿပိဳင္ပြဲမွာ ဒုတိယဆုရရွိခဲ့တဲ့ ဆီဗီလာအသင္းနဲ႔ ယွဥ္ၿပိဳင္ကစားသြားၾကမွာျဖစ္ပါတယ္။

Supercopa-de-Espana-to-be-played-in-Stade-Ibn-Battouta-Stadium-Tangier

Supercopa-de-Espana-to-be-played-in-Stade-Ibn-Battouta-Stadium-Tangier

ၾသဂုတ္လ (၁၂)ရက္ေန႔မွာ ကစားမယ့္ စပိန္စူပါဖလားၿပိဳင္ပြဲကို ေမာ္ရိုကိုႏိုင္ငံ၊ တန္ဂီယာၿမိဳ႕ရွိ Stade Ibn Battouta ကြင္းမွာ က်င္းပသြားမွာပါ။ တန္ဂီယာၿမိဳ႕မွာရွိတဲ့ Stade Ibn Battouta ကြင္းဟာ ပရိသတ္ (၄၅,၀၀၀)ဝင္ဆံ့ၿပီး ေမာ္ရိုကိုႏိုင္ငံအေနနဲ႔ ႀကီးက်ယ္ခမ္းနားၿပိဳင္ပြဲတစ္ပြဲကို ပထမဆံုး လက္ခံက်င္းပသြားရမွာျဖစ္ပါတယ္။ စူပါဖလားပြဲစဥ္ကို စပိန္ဒိုင္လူႀကီး Carlos del Cerro Grande က ကြင္းလယ္ဒိုင္အျဖစ္ တာဝန္ယူကိုင္တြယ္သြားမွာျဖစ္ၿပီး ရုပ္သံအကူဒိုင္အျဖစ္ Jesus Gil Manzano လက္ေထာက္အျဖစ္ Angel Nevado Gonzalez က တာဝန္ယူသြားမွာျဖစ္ေၾကာင္း RFEF က သတင္းထုတ္ျပန္ခဲ့ပါတယ္။

REF:Marca
Photo:SkyscraperCity, ytimg.com, Marca
Aung Kyaw Wai (Akhayar)
www.akhayar.com

[Unicode]

VAR စနစ် အသုံးပြုသွားမယ့် စပိန်စူပါဖလားပွဲစဉ်

ဘာစီလိုနာအသင်းနဲ့ ဆီဗီလာအသင်းတို့ ယှဉ်ပြိုင်ကစားကြမယ့် စပိန်စူပါဖလားပွဲစဉ်မှာ ရုပ်သံအကူဒိုင်စနစ် (VAR)ကို အသုံးပြုသွားမှာဖြစ်ပါတယ်။ အခုတစ်ပတ် တနင်္ဂနွေနေ့မှာ ကစားမယ့် စူပါဖလားပွဲစဉ်မှာ VAR စနစ်ကို အသုံးပြုသွားမယ်လို့ စပိန်ဘောလုံးအဖွဲ့ချုပ် (RFEF)က တရားဝင်ကြေညာခဲ့ပါတယ်။ VAR စနစ် အသုံးပြုမယ့်သတင်းကို RFEF က အတည်ပြုပေးခဲ့ပြီး ဘာစီလိုနာအသင်းနဲ့ ဆီဗီလာအသင်းတို့ကလည်း ၂၀၁၈ စပိန်စူပါဖလားပွဲစဉ်မှာ အသုံးပြုဖို့ ဆန္ဒရှိခဲ့တယ်လို့ ပြောကြားခဲ့ပါတယ်။ စပိန်စူပါဖလားပွဲစဉ် ကစားမယ့် Stade Ibn Battouta ကွင်းအတွင်း VAR စနစ် စမ်းသပ်မှုတွေကို မနက်ဖြန် (စနေနေ့)ညမှာ ပြုလုပ်သွားမယ်လို့ RFEF က ပြောကြားခဲ့ပါတယ်။

Sevilla-will-face-Barcelona-in-Supercopa-de-Espana

Sevilla-will-face-Barcelona-in-Supercopa-de-Espana

စပိန်ဘောလုံးအဖွဲ့ချုပ်က “စူပါဖလားပွဲစဉ်မှာ VAR အသုံးပြုမယ့် ဆုံးဖြတ်ချက်ကို နိုင်ငံတကာဘောလုံးဘုတ်အဖွဲ့ချုပ် (IFAB)ကလည်း သဘောတူ လက်ခံခဲ့ပြီး မော်ရိုကိုနိုင်ငံမှာရှိတဲ့ ဘောလုံးကွင်းကြီးထဲမှာ နည်းပညာပိုင်းဆိုင်ရာ ဆန်းစစ်မှုတွေကို ပြုလုပ်သွားတော့မှာပါ”လို့ ပြောကြားခဲ့ပါတယ်။ နှစ်ကျော့စနစ်ကို ဖျက်သိမ်းပြီး တစ်ကျော့တည်းကစားသွားမယ့် ၂၀၁၈ စပိန်စူပါဖလားပြိုင်ပွဲကို ပထမဆုံးအကြိမ်အဖြစ် စပိန်နိုင်ငံပြင်ပ ကစားသွားမှာဖြစ်ပါတယ်။ နှစ်စဉ် စပိန်ပြည်တွင်းဖလားတွေဖြစ်တဲ့ လာလီဂါနဲ့ ဘုရင့်ဖလားပြိုင်ပွဲတို့မှာ ဗိုလ်စွဲခဲ့တဲ့ အသင်းတွေ ရာသီအဖွင့်ပွဲစဉ်အဖြစ် စူပါဖလားလုပွဲကို ယှဉ်ပြိုင်ကစားကြတာပါ။ ပြီးခဲ့တဲ့ ဘောလုံးရာသီက ဘာစီလိုနာအသင်းက ပြည်တွင်းဖလား (၂)လုံးစလုံးကို သိမ်းပိုက်နိုင်ခဲ့တာကြောင့် ဘုရင့်ဖလားပြိုင်ပွဲမှာ ဒုတိယဆုရရှိခဲ့တဲ့ ဆီဗီလာအသင်းနဲ့ ယှဉ်ပြိုင်ကစားသွားကြမှာဖြစ်ပါတယ်။

Supercopa-de-Espana-to-be-played-in-Stade-Ibn-Battouta-Stadium-Tangier

Supercopa-de-Espana-to-be-played-in-Stade-Ibn-Battouta-Stadium-Tangier

သြဂုတ်လ (၁၂)ရက်နေ့မှာ ကစားမယ့် စပိန်စူပါဖလားပြိုင်ပွဲကို မော်ရိုကိုနိုင်ငံ၊ တန်ဂီယာမြို့ရှိ Stade Ibn Battouta ကွင်းမှာ ကျင်းပသွားမှာပါ။ တန်ဂီယာမြို့မှာရှိတဲ့ Stade Ibn Battouta ကွင်းဟာ ပရိသတ် (၄၅,၀၀၀)ဝင်ဆံ့ပြီး မော်ရိုကိုနိုင်ငံအနေနဲ့ ကြီးကျယ်ခမ်းနားပြိုင်ပွဲတစ်ပွဲကို ပထမဆုံး လက်ခံကျင်းပသွားရမှာဖြစ်ပါတယ်။ စူပါဖလားပွဲစဉ်ကို စပိန်ဒိုင်လူကြီး Carlos del Cerro Grande က ကွင်းလယ်ဒိုင်အဖြစ် တာဝန်ယူကိုင်တွယ်သွားမှာဖြစ်ပြီး ရုပ်သံအကူဒိုင်အဖြစ် Jesus Gil Manzano လက်ထောက်အဖြစ် Angel Nevado Gonzalez က တာဝန်ယူသွားမှာဖြစ်ကြောင်း RFEF က သတင်းထုတ်ပြန်ခဲ့ပါတယ်။

REF:Marca
Photo:SkyscraperCity, ytimg.com, Marca
Aung Kyaw Wai (Akhayar)
www.akhayar.com