[Zawgyi]

၁၉ ရာစု၊ ကပ္ေရာဂါဆုိက္လန္ဒန္ၿမိဳ႕မွာ ေသြးစုပ္ဖုတ္ေကာင္အျဖစ္ေဆာ့ကစားရမယ့္ Vampyr

ေသြးစုပ္ဖုတ္ေကာင္ေတြရဲ႕ေလာကမွာရွင္သန္ၿပီး သူတုိ႔ရဲ႕ဘဝကုိေလ့လာခ်င္တယ္ဆုိရင္ေတာ့ Vampire:The Masquerade ဟာ PC ရဲ႕ အေကာင္းဆုံးဒရယ္ဂူလာဂိမ္းတစ္ခုပါ။ ဒါေပမယ့္အခ်ိန္ေတြၾကာသြားတာနဲ႔အမွ် ဖုတ္ေကာင္ေလာကနဲ႔ပတ္သတ္တဲ့ အေတြ႕အႀကံဳသစ္ေတြ၊ ဂိမ္းသစ္ေတြကုိ Gamer ေတြေတာင့္တလာၾကမွာပါ။ အဲဒီလုိေသြးစုပ္ဖုတ္ေကာင္ေတြနဲ႔ ျပည့္ႏွက္ေနတဲ့ေခတ္ကာလကုိ တစ္ေခါက္ျပန္သြားလုိသူမ်ားအတြက္ဆုိရင္ေတာ့ ၁၉ ရာစု၊ လန္ဒန္ၿမိဳ႕မွာဇာတ္အိမ္တည္ထားတဲ့ Vampyr ဂိမ္းဟာ အသင့္ေတာ္ဆုံးေရြးခ်ယ္မႈျဖစ္မွာပါ။

Life Is Strange ဂိမ္းစီးရီးကုိဖန္တီးခဲ့တဲ့ ျပင္သစ္ႏုိင္ငံအေျခစုိက္ Dontnod ဂိမ္းစတူဒီယုိဟာ Vampyr ဂိမ္းရဲ႕ဖန္တီးသူအဖြဲ႕ျဖစ္ၿပီး Vampyr ဂိမ္းမွာ ေသြးဆာေလာင္ေနတဲ့ေသြးစုပ္ဖုတ္ေကာင္တစ္ေယာက္ရဲ႕ဘဝကုိ ကုိယ္က်ကိုယ္က်ဝင္ေရာက္ခံစားႏုိင္မွာျဖစ္သလုိ ကုိယ့္ပတ္ဝန္းက်င္ကအျပစ္မဲ့တဲ့လူသားေတြရဲ႕ ကံၾကမၼာနဲ႔ လန္ဒန္ၿမိဳ႕ႀကီးရဲ႕ရလဒ္ဟာ ကုိယ့္ရဲ႕ဆုံးျဖတ္ခ်က္အေပၚမွာမူတည္ေနပါတယ္။ E3 2016 ပြဲမွာတုန္းက ဂိမ္းျဖန္႔ခ်ိသူအဖြဲ႕ျဖစ္တဲ့ Focus Home Entertainment ကေနၿပီး Vampyr ဂိမ္းရဲ႕ေထြလာကုိ ပရိသတ္ေတြဆီထုတ္ေဖာ္ျပသခဲ့ပါတယ္။ အေမွာင္လႊမး္ေနတဲ့ ၁၉ ရာစုလန္ဒန္ၿမိဳ႕ ဆုိးသြမ္းလွတဲ့ ေရာဂါကပ္ေဘးႀကီးနဲ႔ ေသြးစုပ္ဖုတ္ေကာင္ေတြရဲ႕ဇာတ္လမ္း၊ အနာဂတ္မွာက်ေရာက္လာမယ့္အႏၲရာယ္ကုိ မီးေမာင္းထုိးထားတဲ့ ဇာတ္ျဖစ္တာေၾကာင့္ ေတြ႕ျမင္ၾကည့္႐ႈခဲ့ၾကတဲ့ ပရိသတ္မာ်းအားလုံး ဘဝင္ခုိက္ အႀကိဳက္ေတြ႔သြားခဲ့ပါတယ္။ ဂိမ္းသစ္ဆယ္မ်ိဳးထြက္ရင္မွ ရွားရွားပါးပါး တစ္ေခြေလာက္ထြက္လာတတ္တဲ့ ဒရယ္ဂူလာေနာက္ခံဇာတ္ေၾကာင္းနဲ႔ ၂၀၁၈ ခုႏွစ္၊ ဇြန္လ၊ ၅ ရက္ေန႔မွာထြက္ထားတဲ့ Vampyr ဂိမ္းနဲ႔ ပတ္သက္သမွ်ေတြကုိ ဒီကတဆင့္ဂိမ္မာမ်ားသိရွိေစဖုိ႔အတြက္ ေဖာ္ျပေပးလုိက္ပါတယ္။

အေသြးအသားထဲကဖုတ္ေကာင္ဗီဇနဲ႔ ဆရာဝန္ Doctor Jonathan Reid

ဂိမ္းရဲ႕အဓိကဇာတ္ေကာင္ျဖစ္သူ Doctor Jonathan Reid ဟာ တည္ၿငိမ္ေအးေဆးတဲ့ ဆရာဝန္တစ္ေယာက္ပါ။ Jonathan ဟာ ေျဖာင့္မတ္တဲ့ လူေတာ္တစ္ေယာက္ျဖစ္ၿပီး ေဆးပညာကုိျပန္လည္သင္ၾကားပုိ႔ခ်တဲ့ ေဆးဆရာတစ္ေယာက္ျဖစ္သလုိ ေသြးစုပ္ဖုတ္ေကာင္ဗီဇေရာယွက္ေနတဲ့ ဇာတ္ေကာင္တစ္ေယာက္ျဖစ္ပါတယ္။ Jonathan ဟာ သူ႔အေသြးအသားထဲမွာျဖစ္တည္ေနတဲ့ ေသြးစုပ္ဖုတ္ေကာင္ဗီဇေတြေၾကာင့္ သူ႔လူနာေတြနဲ႔ လူ႔ပတ္ဝန္းက်င္ ဘယ္ေတာ့မွမထိခုိက္ေစရဘူးလုိ႔ သႏၷိ႒ာန္ခ်ထားသူတစ္ေယာက္လည္း ျဖစ္ပါတယ္။ ဒါေပမယ့္ ဂိမ္းတစ္ေလွ်ာက္လုံးမွာ သူ႔ရဲ႕လူသားစိတ္နဲ႔ ဖုတ္ေကာင္ဗီဇလြန္ဆြဲမႈေတြက ဇာတ္လမ္းရဲ႕အခ်က္အျခာက်တဲ့ အခန္းက႑ျဖစ္လာမွာပါ။

Vampyr

Vampyr

သမုိင္းေၾကာင္းထဲကစပိန္ကပ္ေရာဂါကပ္ေဘးနဲ႔ ၁၉၁၈ ခုႏွစ္ လန္ဒန္ၿမိဳ႕

Vampyr ဂိမ္းကုိ ၁၉၁၈ ခုႏွစ္၊ လန္ဒန္ၿမိဳ႕မွာ အဓိကေက်ာ႐ုိးဇာတ္အိမ္တည္ထားပါတယ္။ အျပစ္မဲ့တဲ့အသက္ဝိညာဥ္ေပါင္းေျမာက္မ်ားစြာကို ႏႈတ္ယူခဲ့တဲ့ တုပ္ေကြးကပ္ေရာဂါေဘးႀကီးဟာ လန္ဒန္ၿမိဳ႕မွာရဲ႕ေနရာတုိင္းမွာ ကိန္းေအာင္းတည္ရွိေနပါတယ္။ အဲဒီလုိအခ်ိန္မ်ိဳးမွာ ေရာဂါခံစားေနရတဲ့လူသားေတြရဲ႕အသက္ကုိ ရသေလာက္ကယ္တင္ေပးဖုိ႔တာဝန္ဟာ ဆရာဝန္တစ္ေယာက္ျဖစ္တဲ့ Reid ရဲ႕ပုခုံးေပၚမွာ အလုိလုိက်ေရာက္လာပါတယ္။ အဲဒီေတာ့ ကုိယ္က လူေတြကုိပဲလုိက္ကယ္တင္မွာလား၊ ဒါမွမဟုတ္ရင္ အျခား Side Quest ေတြကုိပဲ လုိက္လုပ္မွာလားဆုိတာ Gamer ေတြကုိယ္တုိင္ပဲ ဆုံးျဖတ္ရမွာပါ။ ကုိယ္အေျခခ်ၿပီး လုပ္ငန္းေတြေဆာင္ရြက္ရမယ့္ေနရာက ေဆး႐ုံျဖစ္ၿပီး ေဆး႐ုံတစ္ဝုိက္ပတ္ဝန္းက်င္ဟာ ေသြးစုပ္ဖုတ္ေကာင္ႏွိမ္နင္းသူေတြ၊ ဒရယ္ဂူလာမုဆုိးေတြ ဝင္ေရာက္အၾကမ္းဖက္လုိ႔မရတဲ့ ၾကားေနရာတစ္ခုျဖစ္ပါတယ္။

စိတ္ဝင္စားဖုိ႔ေကာင္းတဲ့ Leveling ဂိမ္းတြင္းလုပ္ေဆာင္ခ်က္

Vampyr ဂိမ္းလုိ႔အမည္ေပးထားတဲ့အတုိင္း ဂိမ္းပတ္ဝန္းက်င္၊ ဇာတ္လမ္းအသြားအလာနဲ႔ ကစားဟန္ဟာ ဂိမ္းကုိျပန္လည္ထင္ဟပ္ေစပါတယ္။ ကုိယ္ဟာဘယ္ေလာက္ပဲစိတ္ထားျဖဴစင္တဲ့ ဆရာဝန္ျဖစ္ေနပါေစ ေသြးစုပ္ဖုတ္ေကာင္တစ္ျဖစ္လဲျဖစ္ေနတဲ့အတြက္ ကုိယ့္ရဲ႕အစြမ္းေတြကုိျမႇင့္တင္ဖုိ႔ဆုိရင္ေတာ့ လူေတြရဲ႕အေသြးအသားကုိ ဝါးၿမိဳစားသုံးရမွာပါပဲ။ ဒီေနရာမွာတစ္ခုရွိတာက ကိုယ္စားသုံးလုိက္တဲ့လူအေပၚမွာမူတည္ၿပီး ကုိယ့္ရဲ႕စြမ္းအင္တုိးျမင့္လာမႈ ကြာျခားသြားမယ္ဆုိတဲ့ အခ်က္ပါပဲ။ လမ္းျပင္ထြက္ၿပီးေတြ႕သမွ်လူေတြကုိ လုိက္လံတုိက္ခုိက္ေန႐ုံနဲ႔ အဆင့္မျမင့္သြားပါဘူး၊ ဂိမ္းကခ်မွတ္ထားတဲ့စနစ္အတုိင္း လူတစ္ေယာက္ရဲ႕အေသြးအသားကုိ စားသုံးလုိက္မွသာ Leveling အထေျမာက္မွာျဖစ္ၿပီး ကုိယ့္စြမ္းအားျပည့္ဝမႈပမာဏဟာ ကုိယ္စားသုံးလုိက္တဲ့လူရဲ႕ေကာင္းမြန္သန္႔စင္ျခင္းအေပၚမွာ မူတည္ေနတာျဖစ္ပါတယ္။ အဲဒါတင္မကေသးပါဘူး၊ လူတစ္ေယာက္ကုိစားသုံးလုိက္ၿပီဆုိရင္ အဲဒီလူရဲ႕ဘဝနဲ႔ မွတ္ဉာဏ္အခ်က္အလက္ေတြကုိပါ ကုိယ္ကသိရွိသြားၿပီး သူနဲ႔ပတ္သက္တဲ့ကြင္းဆက္ေတြကုိ ခ်ိတ္ဆက္မိသြားတဲ့အျပင္ ျဖစ္လာမယ့္ ေနာက္ဆက္တြဲရလဒ္ေတြကုိပါ ႀကိဳခန္႔မွန္းလုိ႔ရပါတယ္။

Vampyar

Vampyar

ေသြးစုတ္ဖုပ္ေကာင္မိတ္ေဆြနဲ႔ ရန္သူ

ကုိယ္ဟာေသြးစုတ္ဖုပ္ေကာင္တစ္ေယာက္ျဖစ္ေနတဲ့အေလ်ာက္ ကိုယ္နဲ႔အမ်ိဳးတူသူေတြဟာလည္း ကိုယ့္ပတ္ဝန္းက်င္မွာရွိေနမယ္ဆုိတာကုိေတာ့ ျငင္းပယ္လုိ႔မရတဲ့ အခ်က္တစ္ခ်က္ျဖစ္သလုိ အဲဒီအခ်က္ေၾကာင့္ပဲ Vampyr ဟာ ပုိၿပီးစိတ္ဝင္စားဖုိ႔ေကာင္းသြားခဲ့တာပါ။ အမ်ိဳးတူေသြးစုပ္ဖုတ္ေကာင္ေတြနဲ႔ မုခ်ေတြ႕မယ္ဆုိတာကုိ ေခါင္းေဆာင္ဒီဇုိင္နာျဖစ္သူ Florent Guillaume က E3 2016 ပြဲမွာတုန္းက အရိပ္အႁမြက္ေျပာျပထားပါတယ္၊ ဒါေပမယ့္ တခ်ိဳ႕ေသြးစုပ္ဖုတ္ေကာင္ေတြဟာ ကိုယ္ရဲ႕မိတ္ေဆြေတြျဖစ္ၿပီး ကုိယ္လုပ္ေဆာင္တဲ့ကိစၥေတြမွာေတာင္ ဝင္ေရာက္ကူညီမယ့္သူေတြရွိသလုိ တခ်ိဳ႕ေသြးစုပ္ဖုတ္ေကာင္ေတြဟာ အျပစ္မဲ့လူသားေတြရဲ႕အသက္ကုိ လုိက္လံအႏၲရာယ္ျပဳေနတဲ့ ဆုိးသြမ္းတဲ့ ေသြးစုပ္ဖုတ္ေကာင္ေတြပါ။ ဒါတင္မကေသးဘဲ လန္ဒန္ၿမိဳ႕ရဲ႕အေမွာင္အမိႈက္ေတြကုိ အျမစ္ျပတ္ရွင္းလင္းေနတဲ့ ေသြးစုပ္ဖုတ္ေကာင္မုဆုိးလူသားေတြကိုလည္း ရင္ဆုိင္ရမွာပါ။

ကုိယ့္ရဲ႕လုပ္ရပ္ေတြရဲ႕ရလဒ္အေပၚမူတည္ေနတဲ့ လန္ဒန္ၿမိဳ႔ရဲ႕ကံၾကမၼာ

သမား႐ုိးက် Role Playing ဂိမ္းေတြလုိမ်ိဳး Vampyr မွာ အဓိက Quest, Side quest နဲ႔က်ယ္ျပန္႔စြာသြားလာႏုိင္မယ့္ ဂိမ္းေလာကပါဝင္ပါတယ္။ Vampyr ဂိမ္းမွာ စိတ္ဝင္စားဖုိ႔ေကာင္းတဲ့အခ်က္က မတူကြဲျပားတဲ့အရည္အခ်င္းေတြ၊ စြမ္းရည္ေတြကုိျမႇင့္တင္ၿပီး ဇာတ္ေကာင္ Reid ကုိ ပုိမုိအစြမ္းထက္ေအာင္လုပ္တဲ့ေနရာမွာ ကုိယ့္ရဲ႕လုပ္ရပ္က ကပ္ေရာဂါက်ေရာက္ေနတဲ့ လန္ဒန္ၿမိဳ႕ႀကီးကုိပါ အက်ိဳးသက္ေရာက္ေစတယ္ဆုိတာပါပဲ။ အျပစ္ကင္းစင္တဲ့လူသားေတြကုိ ေရြးခ်ယ္ၿပီး ဝါးၿမိဳရင္း စြမ္းအားပမာဏပုိတုိးတယ္ဆုိေပမယ့္ အျပစ္မဲ့တဲ့လူသားတစ္ေယာက္ ဒီေလာကႀကီးမွာဆုံး႐ႈံးသြားတဲ့ရလဒ္က ကုိယ္က်င္လည္ရာလန္ဒန္ၿမိဳ႕ႀကီးကုိ အက်ိဳးသက္ေရာက္ပါတယ္။ ဒီေတာ့အေမွာင္ေတြထပ္မလႊမ္းေစခ်င္ရင္ လူေတြကုိမစား႐ုံဘဲရွိသလုိ လူေတြကုိမစားရင္လည္း စြမ္းအားေတြကတုိးလာမွာမဟုတ္တဲ့အတြက္ Gamer မ်ားက လိမၼာပါးနပ္စြာ ဆုံးျဖတ္ခ်က္ခ်ဖုိ႔လုိပါတယ္။

Vampyr

Vampyr

အထက္မွာေျပာျပခဲ့သေလာက္ဆုိရင္ေတာ့ ေတာ္ေတာ္ကုိစိတ္ဝင္စားဖုိ႔ေကာင္းတဲ့ ဂိမ္းတစ္ခုျဖစ္ေနပါၿပီ။ အခုလုိအခ်ိန္မ်ိဳး နည္းပညာဘက္ကုိ အေလးေပးထားတဲ့ ဂိမ္းေတြခ်ည္း ေတာက္ေလွ်ာက္ထြက္ေနတဲ့ကာလအတြင္းမွာ ေသြးစုပ္ဖုတ္ေကာင္ဇာတ္ေၾကာင္းနဲ႔ လန္ဒန္ၿမိဳ႕ေနာက္ခံဂိမ္းဆုိေတာ့ ဂိမ္မာမ်ားအတြက္ေတာ့ လုံးဝကြက္တိပါပဲ။ Vampyr ဂိမ္းကုိ ၂၀၁၇၊ ႏုိဝင္ဘာလမွာထြက္ရွိမယ္လုိ႔ လ်ာထားၿပီး ၂၀၁၈ ခုႏွစ္၊ ဇြန္လမွာမွ တကယ္တမ္းထြက္ရွိလာခဲ့ပါတယ္။ မထြက္ရွိလာခင္တုန္းက PS4 ပလက္ေဖာင္းေပၚမွာသာ သီးသန္႔ေဆာ့ကစားႏုိင္မယ္လုိ႔ သိရေပမယ့္ ထြက္ရွိလာခ်ိန္မွာေတာ့ PC နဲ႔ Xbox ပလက္ေဖာင္းမွာပါ ေဆာ့ကစားႏုိင္ပါတယ္။ ပလက္ေဖာင္းမေရြးတဲ့ ဂိမ္မာမ်ားအတြက္ေရာ၊ ေသြးစုတ္ဖုတ္ေကာင္ အေတြ႕အႀကံဳအသစ္ကုိ ခံစားခ်င္သူ Gamer မ်ားအတြက္ပါ ေဆာ့ကစားသင့္တဲ့ဂိမ္းျဖစ္ပါတယ္လုိ႔ ဒီကေန ညႊန္းရင္းနဲ႔ ေနာက္ထပ္ဂိမ္းစာေစာင္ေတြမွာ ျပန္လည္ဆုံေတြ႕ၾကပါမယ္။

Yan
Ref: gamereactor, polygon, wiki

www.akhayar.com

[Unicode]

၁၉ ရာစု၊ ကပ်ရောဂါဆိုက်လန်ဒန်မြို့မှာ သွေးစုပ်ဖုတ်ကောင်အဖြစ်ဆော့ကစားရမယ့် Vampyr

သွေးစုပ်ဖုတ်ကောင်တွေရဲ့လောကမှာရှင်သန်ပြီး သူတို့ရဲ့ဘဝကိုလေ့လာချင်တယ်ဆိုရင်တော့ Vampire:The Masquerade ဟာ PC ရဲ့ အကောင်းဆုံးဒရယ်ဂူလာဂိမ်းတစ်ခုပါ။ ဒါပေမယ့်အချိန်တွေကြာသွားတာနဲ့အမျှ ဖုတ်ကောင်လောကနဲ့ပတ်သတ်တဲ့ အတွေ့အကြုံသစ်တွေ၊ ဂိမ်းသစ်တွေကို Gamer တွေတောင့်တလာကြမှာပါ။ အဲဒီလိုသွေးစုပ်ဖုတ်ကောင်တွေနဲ့ ပြည့်နှက်နေတဲ့ခေတ်ကာလကို တစ်ခေါက်ပြန်သွားလိုသူများအတွက်ဆိုရင်တော့ ၁၉ ရာစု၊ လန်ဒန်မြို့မှာဇာတ်အိမ်တည်ထားတဲ့ Vampyr ဂိမ်းဟာ အသင့်တော်ဆုံးရွေးချယ်မှုဖြစ်မှာပါ။

Life Is Strange ဂိမ်းစီးရီးကိုဖန်တီးခဲ့တဲ့ ပြင်သစ်နိုင်ငံအခြေစိုက် Dontnod ဂိမ်းစတူဒီယိုဟာ Vampyr ဂိမ်းရဲ့ဖန်တီးသူအဖွဲ့ဖြစ်ပြီး Vampyr ဂိမ်းမှာ သွေးဆာလောင်နေတဲ့သွေးစုပ်ဖုတ်ကောင်တစ်ယောက်ရဲ့ဘဝကို ကိုယ်ကျကိုယ်ကျဝင်ရောက်ခံစားနိုင်မှာဖြစ်သလို ကိုယ့်ပတ်ဝန်းကျင်ကအပြစ်မဲ့တဲ့လူသားတွေရဲ့ ကံကြမ္မာနဲ့ လန်ဒန်မြို့ကြီးရဲ့ရလဒ်ဟာ ကိုယ့်ရဲ့ဆုံးဖြတ်ချက်အပေါ်မှာမူတည်နေပါတယ်။ E3 2016 ပွဲမှာတုန်းက ဂိမ်းဖြန့်ချိသူအဖွဲ့ဖြစ်တဲ့ Focus Home Entertainment ကနေပြီး Vampyr ဂိမ်းရဲ့ထွေလာကို ပရိသတ်တွေဆီထုတ်ဖော်ပြသခဲ့ပါတယ်။ အမှောင်လွှမ်းနေတဲ့ ၁၉ ရာစုလန်ဒန်မြို့ ဆိုးသွမ်းလှတဲ့ ရောဂါကပ်ဘေးကြီးနဲ့ သွေးစုပ်ဖုတ်ကောင်တွေရဲ့ဇာတ်လမ်း၊ အနာဂတ်မှာကျရောက်လာမယ့်အန္တရာယ်ကို မီးမောင်းထိုးထားတဲ့ ဇာတ်ဖြစ်တာကြောင့် တွေ့မြင်ကြည့်ရှုခဲ့ကြတဲ့ ပရိသတ်မာျးအားလုံး ဘဝင်ခိုက် အကြိုက်တွေ့သွားခဲ့ပါတယ်။ ဂိမ်းသစ်ဆယ်မျိုးထွက်ရင်မှ ရှားရှားပါးပါး တစ်ခွေလောက်ထွက်လာတတ်တဲ့ ဒရယ်ဂူလာနောက်ခံဇာတ်ကြောင်းနဲ့ ၂၀၁၈ ခုနှစ်၊ ဇွန်လ၊ ၅ ရက်နေ့မှာထွက်ထားတဲ့ Vampyr ဂိမ်းနဲ့ ပတ်သက်သမျှတွေကို ဒီကတဆင့်ဂိမ်မာများသိရှိစေဖို့အတွက် ဖော်ပြပေးလိုက်ပါတယ်။

အသွေးအသားထဲကဖုတ်ကောင်ဗီဇနဲ့ ဆရာဝန် Doctor Jonathan Reid

ဂိမ်းရဲ့အဓိကဇာတ်ကောင်ဖြစ်သူ Doctor Jonathan Reid ဟာ တည်ငြိမ်အေးဆေးတဲ့ ဆရာဝန်တစ်ယောက်ပါ။ Jonathan ဟာ ဖြောင့်မတ်တဲ့ လူတော်တစ်ယောက်ဖြစ်ပြီး ဆေးပညာကိုပြန်လည်သင်ကြားပို့ချတဲ့ ဆေးဆရာတစ်ယောက်ဖြစ်သလို သွေးစုပ်ဖုတ်ကောင်ဗီဇရောယှက်နေတဲ့ ဇာတ်ကောင်တစ်ယောက်ဖြစ်ပါတယ်။ Jonathan ဟာ သူ့အသွေးအသားထဲမှာဖြစ်တည်နေတဲ့ သွေးစုပ်ဖုတ်ကောင်ဗီဇတွေကြောင့် သူ့လူနာတွေနဲ့ လူ့ပတ်ဝန်းကျင် ဘယ်တော့မှမထိခိုက်စေရဘူးလို့ သန္နိဋ္ဌာန်ချထားသူတစ်ယောက်လည်း ဖြစ်ပါတယ်။ ဒါပေမယ့် ဂိမ်းတစ်လျှောက်လုံးမှာ သူ့ရဲ့လူသားစိတ်နဲ့ ဖုတ်ကောင်ဗီဇလွန်ဆွဲမှုတွေက ဇာတ်လမ်းရဲ့အချက်အခြာကျတဲ့ အခန်းကဏ္ဍဖြစ်လာမှာပါ။

Vampyr

Vampyr

သမိုင်းကြောင်းထဲကစပိန်ကပ်ရောဂါကပ်ဘေးနဲ့ ၁၉၁၈ ခုနှစ် လန်ဒန်မြို့

Vampyr ဂိမ်းကို ၁၉၁၈ ခုနှစ်၊ လန်ဒန်မြို့မှာ အဓိကကျောရိုးဇာတ်အိမ်တည်ထားပါတယ်။ အပြစ်မဲ့တဲ့အသက်ဝိညာဉ်ပေါင်းမြောက်များစွာကို နှုတ်ယူခဲ့တဲ့ တုပ်ကွေးကပ်ရောဂါဘေးကြီးဟာ လန်ဒန်မြို့မှာရဲ့နေရာတိုင်းမှာ ကိန်းအောင်းတည်ရှိနေပါတယ်။ အဲဒီလိုအချိန်မျိုးမှာ ရောဂါခံစားနေရတဲ့လူသားတွေရဲ့အသက်ကို ရသလောက်ကယ်တင်ပေးဖို့တာဝန်ဟာ ဆရာဝန်တစ်ယောက်ဖြစ်တဲ့ Reid ရဲ့ပုခုံးပေါ်မှာ အလိုလိုကျရောက်လာပါတယ်။ အဲဒီတော့ ကိုယ်က လူတွေကိုပဲလိုက်ကယ်တင်မှာလား၊ ဒါမှမဟုတ်ရင် အခြား Side Quest တွေကိုပဲ လိုက်လုပ်မှာလားဆိုတာ Gamer တွေကိုယ်တိုင်ပဲ ဆုံးဖြတ်ရမှာပါ။ ကိုယ်အခြေချပြီး လုပ်ငန်းတွေဆောင်ရွက်ရမယ့်နေရာက ဆေးရုံဖြစ်ပြီး ဆေးရုံတစ်ဝိုက်ပတ်ဝန်းကျင်ဟာ သွေးစုပ်ဖုတ်ကောင်နှိမ်နင်းသူတွေ၊ ဒရယ်ဂူလာမုဆိုးတွေ ဝင်ရောက်အကြမ်းဖက်လို့မရတဲ့ ကြားနေရာတစ်ခုဖြစ်ပါတယ်။

စိတ်ဝင်စားဖို့ကောင်းတဲ့ Leveling ဂိမ်းတွင်းလုပ်ဆောင်ချက်

Vampyr ဂိမ်းလို့အမည်ပေးထားတဲ့အတိုင်း ဂိမ်းပတ်ဝန်းကျင်၊ ဇာတ်လမ်းအသွားအလာနဲ့ ကစားဟန်ဟာ ဂိမ်းကိုပြန်လည်ထင်ဟပ်စေပါတယ်။ ကိုယ်ဟာဘယ်လောက်ပဲစိတ်ထားဖြူစင်တဲ့ ဆရာဝန်ဖြစ်နေပါစေ သွေးစုပ်ဖုတ်ကောင်တစ်ဖြစ်လဲဖြစ်နေတဲ့အတွက် ကိုယ့်ရဲ့အစွမ်းတွေကိုမြှင့်တင်ဖို့ဆိုရင်တော့ လူတွေရဲ့အသွေးအသားကို ဝါးမြိုစားသုံးရမှာပါပဲ။ ဒီနေရာမှာတစ်ခုရှိတာက ကိုယ်စားသုံးလိုက်တဲ့လူအပေါ်မှာမူတည်ပြီး ကိုယ့်ရဲ့စွမ်းအင်တိုးမြင့်လာမှု ကွာခြားသွားမယ်ဆိုတဲ့ အချက်ပါပဲ။ လမ်းပြင်ထွက်ပြီးတွေ့သမျှလူတွေကို လိုက်လံတိုက်ခိုက်နေရုံနဲ့ အဆင့်မမြင့်သွားပါဘူး၊ ဂိမ်းကချမှတ်ထားတဲ့စနစ်အတိုင်း လူတစ်ယောက်ရဲ့အသွေးအသားကို စားသုံးလိုက်မှသာ Leveling အထမြောက်မှာဖြစ်ပြီး ကိုယ့်စွမ်းအားပြည့်ဝမှုပမာဏဟာ ကိုယ်စားသုံးလိုက်တဲ့လူရဲ့ကောင်းမွန်သန့်စင်ခြင်းအပေါ်မှာ မူတည်နေတာဖြစ်ပါတယ်။ အဲဒါတင်မကသေးပါဘူး၊ လူတစ်ယောက်ကိုစားသုံးလိုက်ပြီဆိုရင် အဲဒီလူရဲ့ဘဝနဲ့ မှတ်ဉာဏ်အချက်အလက်တွေကိုပါ ကိုယ်ကသိရှိသွားပြီး သူနဲ့ပတ်သက်တဲ့ကွင်းဆက်တွေကို ချိတ်ဆက်မိသွားတဲ့အပြင် ဖြစ်လာမယ့် နောက်ဆက်တွဲရလဒ်တွေကိုပါ ကြိုခန့်မှန်းလို့ရပါတယ်။

Vampyar

Vampyar

သွေးစုတ်ဖုပ်ကောင်မိတ်ဆွေနဲ့ ရန်သူ

ကိုယ်ဟာသွေးစုတ်ဖုပ်ကောင်တစ်ယောက်ဖြစ်နေတဲ့အလျောက် ကိုယ်နဲ့အမျိုးတူသူတွေဟာလည်း ကိုယ့်ပတ်ဝန်းကျင်မှာရှိနေမယ်ဆိုတာကိုတော့ ငြင်းပယ်လို့မရတဲ့ အချက်တစ်ချက်ဖြစ်သလို အဲဒီအချက်ကြောင့်ပဲ Vampyr ဟာ ပိုပြီးစိတ်ဝင်စားဖို့ကောင်းသွားခဲ့တာပါ။ အမျိုးတူသွေးစုပ်ဖုတ်ကောင်တွေနဲ့ မုချတွေ့မယ်ဆိုတာကို ခေါင်းဆောင်ဒီဇိုင်နာဖြစ်သူ Florent Guillaume က E3 2016 ပွဲမှာတုန်းက အရိပ်အမြွက်ပြောပြထားပါတယ်၊ ဒါပေမယ့် တချို့သွေးစုပ်ဖုတ်ကောင်တွေဟာ ကိုယ်ရဲ့မိတ်ဆွေတွေဖြစ်ပြီး ကိုယ်လုပ်ဆောင်တဲ့ကိစ္စတွေမှာတောင် ဝင်ရောက်ကူညီမယ့်သူတွေရှိသလို တချို့သွေးစုပ်ဖုတ်ကောင်တွေဟာ အပြစ်မဲ့လူသားတွေရဲ့အသက်ကို လိုက်လံအန္တရာယ်ပြုနေတဲ့ ဆိုးသွမ်းတဲ့ သွေးစုပ်ဖုတ်ကောင်တွေပါ။ ဒါတင်မကသေးဘဲ လန်ဒန်မြို့ရဲ့အမှောင်အမှိုက်တွေကို အမြစ်ပြတ်ရှင်းလင်းနေတဲ့ သွေးစုပ်ဖုတ်ကောင်မုဆိုးလူသားတွေကိုလည်း ရင်ဆိုင်ရမှာပါ။

ကိုယ့်ရဲ့လုပ်ရပ်တွေရဲ့ရလဒ်အပေါ်မူတည်နေတဲ့ လန်ဒန်မြို့ရဲ့ကံကြမ္မာ

သမားရိုးကျ Role Playing ဂိမ်းတွေလိုမျိုး Vampyr မှာ အဓိက Quest, Side quest နဲ့ကျယ်ပြန့်စွာသွားလာနိုင်မယ့် ဂိမ်းလောကပါဝင်ပါတယ်။ Vampyr ဂိမ်းမှာ စိတ်ဝင်စားဖို့ကောင်းတဲ့အချက်က မတူကွဲပြားတဲ့အရည်အချင်းတွေ၊ စွမ်းရည်တွေကိုမြှင့်တင်ပြီး ဇာတ်ကောင် Reid ကို ပိုမိုအစွမ်းထက်အောင်လုပ်တဲ့နေရာမှာ ကိုယ့်ရဲ့လုပ်ရပ်က ကပ်ရောဂါကျရောက်နေတဲ့ လန်ဒန်မြို့ကြီးကိုပါ အကျိုးသက်ရောက်စေတယ်ဆိုတာပါပဲ။ အပြစ်ကင်းစင်တဲ့လူသားတွေကို ရွေးချယ်ပြီး ဝါးမြိုရင်း စွမ်းအားပမာဏပိုတိုးတယ်ဆိုပေမယ့် အပြစ်မဲ့တဲ့လူသားတစ်ယောက် ဒီလောကကြီးမှာဆုံးရှုံးသွားတဲ့ရလဒ်က ကိုယ်ကျင်လည်ရာလန်ဒန်မြို့ကြီးကို အကျိုးသက်ရောက်ပါတယ်။ ဒီတော့အမှောင်တွေထပ်မလွှမ်းစေချင်ရင် လူတွေကိုမစားရုံဘဲရှိသလို လူတွေကိုမစားရင်လည်း စွမ်းအားတွေကတိုးလာမှာမဟုတ်တဲ့အတွက် Gamer များက လိမ္မာပါးနပ်စွာ ဆုံးဖြတ်ချက်ချဖို့လိုပါတယ်။

Vampyr

Vampyr

အထက်မှာပြောပြခဲ့သလောက်ဆိုရင်တော့ တော်တော်ကိုစိတ်ဝင်စားဖို့ကောင်းတဲ့ ဂိမ်းတစ်ခုဖြစ်နေပါပြီ။ အခုလိုအချိန်မျိုး နည်းပညာဘက်ကို အလေးပေးထားတဲ့ ဂိမ်းတွေချည်း တောက်လျှောက်ထွက်နေတဲ့ကာလအတွင်းမှာ သွေးစုပ်ဖုတ်ကောင်ဇာတ်ကြောင်းနဲ့ လန်ဒန်မြို့နောက်ခံဂိမ်းဆိုတော့ ဂိမ်မာများအတွက်တော့ လုံးဝကွက်တိပါပဲ။ Vampyr ဂိမ်းကို ၂၀၁၇၊ နိုဝင်ဘာလမှာထွက်ရှိမယ်လို့ လျာထားပြီး ၂၀၁၈ ခုနှစ်၊ ဇွန်လမှာမှ တကယ်တမ်းထွက်ရှိလာခဲ့ပါတယ်။ မထွက်ရှိလာခင်တုန်းက PS4 ပလက်ဖောင်းပေါ်မှာသာ သီးသန့်ဆော့ကစားနိုင်မယ်လို့ သိရပေမယ့် ထွက်ရှိလာချိန်မှာတော့ PC နဲ့ Xbox ပလက်ဖောင်းမှာပါ ဆော့ကစားနိုင်ပါတယ်။ ပလက်ဖောင်းမရွေးတဲ့ ဂိမ်မာများအတွက်ရော၊ သွေးစုတ်ဖုတ်ကောင် အတွေ့အကြုံအသစ်ကို ခံစားချင်သူ Gamer များအတွက်ပါ ဆော့ကစားသင့်တဲ့ဂိမ်းဖြစ်ပါတယ်လို့ ဒီကနေ ညွှန်းရင်းနဲ့ နောက်ထပ်ဂိမ်းစာစောင်တွေမှာ ပြန်လည်ဆုံတွေ့ကြပါမယ်။

Yan
Ref: gamereactor, polygon, wiki

www.akhayar.com