ဒီတစ်ပတ်လာလီဂါပွဲစဉ်(၂၉)မှာတော့ ရီးယဲလ်အသင်းဟာ အိမ်ကွင်းမှာ ဟူဆကာအသင်းကို ( ၃ – ၂ )နဲ့ အနိုင်ရရှိခဲ့ပါတယ်။

ရီးယဲလ်မက်ဒရစ် ၃ – ၂ ဟူဆကာ

ဟူဆကာအသင်းကတော့ ဒီပွဲမှာ ရီးယဲလ်အသင်းကို အကောင်းဆုံး ရင်ဆိုင်အံတုနိုင်ခဲ့ပါတယ်။ ပွဲချိန်(၃)မိနစ်မှာပဲ ဟူဆကာအသင်း ဦးဆောင်ဂိုးစရခဲ့တာဖြစ်ပြီး တိုက်စစ်မှူး ဟာနန်ဒက်ဇ် Hernandez က ရရှိလာတဲ့ အခွင့်အရေးကို အကောင်းဆုံး အဆုံးသတ်ခဲ့တာပါ။ မထင်မှတ်ပဲ ဂိုးစပေးလိုက်ရတာကြောင့် ရီးယဲလ်အသင်း ချေပဂိုးရရှိဖို့ ကြိုးစားလာခဲ့ပြီး ပွဲချိန်(၂၅)မိနစ်မှာ အစ္စကို Isco က ဟူဆကာဂိုးရှေ့မှာ ရှုပ်ယှက်ခတ်နေတဲ့ အနေအထားကနေ ရီးယဲလ်အသင်းအတွက် ချေပဂိုးပြန်သွင်းယူပေးခဲ့ပါတယ်။

ဟူဆကာအသင်းကလည်း ရီးယဲလ်ဘက်ကို ဂိုးပေါက်ခြိမ်းခြောက်မှုပြုလုပ်နိုင်ခဲ့သလို ရီးယဲလ်အသင်းကလည်း နောက်ထပ်ဂိုးတွေရရှိဖို့ တိုက်စစ်ကို တင်ကစားလာခဲ့တာကြောင့် ပွဲချိန်(၆၂)မိနစ်မှာတော့ ရီးယဲလ်အသင်း ဒုတိယဂိုးရရှိခဲ့ပြီး စီဘယ်ယို့စ် Ceballos က သွင်းယူခဲ့တာဖြစ်ပါတယ်။ ပွဲချိန်(၇၄)မိနစ်မှာတော့ Etxeita က ဟူဆကာအသင်းအတွက် ချေပဂိုးပြန်သွင်းယူခဲ့တာကြောင့် ပွဲက စိတ်ဝင်စားစရာနဲ့ ရင်ခုန်စရာဖြစ်လာခဲ့ပါတယ်။ အပြန်အလှန်သွင်းဂိုးတွေနဲ့ အကြိတ်အနယ်ရှိခဲ့တဲ့ ဒီပွဲရဲ့ သူရဲကောင်းဖြစ်ခဲ့တာကတော့ တိုက်စစ်မှူး ဘန်ဇီမာ Benzema ဖြစ်ပြီး ပွဲချိန်(၈၉)မိနစ်မှာ အသင်းအတွက် အနိုင်ဂိုးကို ပညာသားပါပါနဲ့ လှလှပပကန်သွင်းယူခဲ့တာဖြစ်ပါတယ်။

Photo: Real Madrid Twitter
Ko Kyue(Akhayar)
www.akhayar.com