[Zawgyi]

လိုအပ္ေနတဲ႔ အဖိုးတန္ႏိုင္ပြဲကို ရွာေဖြႏိုင္ခဲ႔တဲ႔ PSG

ဗုဒၶဟူးည ခ်န္ပီယံလိဂ္ပြဲစဥ္ေတြမွာေတာ႔ အသင္းၾကီးအမ်ားစု ရလဒ္ေကာင္းေတြကို ပိုင္ဆိုင္ႏိုင္ခဲ႔ၾကပါတယ္။ ဗုဒၶဟူးည ပြဲစဥ္ေတြအျပီးမွာေတာ႔ ႐ႈံးထြက္(၁၆)သင္းအဆင့္ကုိ Group (A)မွာ အက္သလက္တီကို နဲ႔ ေဒါ႔မြန္ ၊ Group (B)မွာ ဘာစီလိုနာ ၊ Group (D)မွာ ေပၚတို နဲ႔ ေရွာ္လ္ေကးအသင္းတို႔ တက္ေရာက္ႏုိင္ခဲ့ၾကပါတယ္။

PSG ၂ – ၁ လီဗာပူးလ္

Bernat-And-Neymar

Bernat-And-Neymar

ေနာက္တစ္ဆင္႔ တက္ဖို႔အတြက္ အေရးပါတဲ႔ ပြဲစဥ္ျဖစ္တာေၾကာင္႔ ႏွစ္သင္းလံုးဟာ လူစံုတက္စံုနဲ႔ ပြဲထြက္လာခဲ႔ၾကပါတယ္။ အိမ္ရွင္အသင္းျဖစ္တဲ႔ PSG အသင္းဟာ လီဗာပူးလ္ဘက္ကို ပြဲစတာနဲ႔ ဖိအားေပးကစားခဲ႔ျပီး ဒီပံုစံကအလုပ္ျဖစ္ခဲ႔ပါတယ္။ ပြဲခ်ိန္(၁၃)မိနစ္မွာေတာ႔ PSG အသင္းဟာ ဦးေဆာင္ဂိုးစရခဲ႔ျပီး ဖိအားေပးတိုက္စစ္ဆင္ေနတဲ႔ၾကားကေန ရရိွလာတဲ႔ အခြင္႔အေရးကို ဘားနက္ Bernat က အေကာင္းဆံုး အဆံုးသတ္ခဲ႔တာပါ။ ဦးေဆာင္ဂိုးေပးလိုက္ရတာေၾကာင္႔ လီဗာပူးလ္အသင္းဟာ ပြဲကိုျပန္စီးျပီး ကစားႏိုင္ခဲ႔ေပမယ္႔ ထိေရာက္တဲ႔ထိုးေဖာက္မႈေတြကိုေတာ႔ မလုပ္ျပႏိုင္ခဲ႔ပါဘူး။ PSG အသင္းရဲ႕ ေနမာ Neymar ၊ ဘာေပ Mbappé တိုက္စစ္အတြဲဟာလည္း လီဗာပူးလ္အသင္းကို တစ္ခ်ိန္လံုး အလုပ္ရႈပ္ေစခဲ႔ျပီး PSG အသင္းရဲ႕ တိုက္စစ္စတင္မႈေတြမွာ ေနမာ ဟာ အဓိကက်ခဲ႔သလို အသင္းရဲ႕တိုက္စစ္ကိုလည္း အေကာင္းဆံုး ဦးေဆာင္ကစားခဲ႔ပါတယ္။ ပြဲခ်ိန္(၃၇)မိနစ္မွာေတာ႔ ေနမာ ၊ ဘာေပ တို႔ရဲ႕ အတြဲအဖက္ကေန ရရိွလာတဲ႔ အခြင္႔အေရးကို ကာဗာနီ Cavani အပိုင္ပိတ္သြင္းခဲ႔ေပမယ္႔ လြဲေခာ်္မႈရိွခဲ႔တာေၾကာင္႔ ေနာက္ကေန အသင္႔လိုက္ပါလာတဲ႔ ေနမာ က က်ြံထြက္လာတဲ႔ ေဘာလံုးကိုအသင္းအတြက္ ဒုတိယဂိုးအျဖစ္ေျပာင္းလဲေပးခဲ႔ပါတယ္။ ပထမပိုင္းျပီးခါနီးမွေတာ႔ မာေနး Mané ကို ဒီမာရီယာ Di María တားဆီးပံုၾကမ္းတမ္းခဲ႔လို႔ လီဗာပူးလ္အသင္း ပယ္နယ္တီကန္ခြင္႔ရရိွခဲ႔ျပီး ဒီပယ္နယ္တီကိုေတာ႔ မီလ္နာ Milner က ပြဲခ်ိန္(၄၅+၁)မိနစ္မွာ အမွားအယြင္းမရိွ ကန္သြင္းယူခဲ႔ပါတယ္။

Bernat-Celebrate

Bernat-Celebrate

ဒုတိယပိုင္းမွာေတာ႔ PSG အသင္းရဲ႕ ကစားပံုဟာ အနည္းငယ္က်ဆင္းလာခဲ႔တာေၾကာင္႔ လီဗာပူးလ္အသင္းက ပထမပိုင္းထက္ပို ဖိအားေပးကစားလာႏိုင္ခဲ႔ပါတယ္။ ပြဲခ်ိန္(၆၉)မိနစ္မွာေတာ႔ ေနမာ ေထာင္႔ကန္ေဘာကေန တင္ေပးလိုက္တဲ႔ ေဘာလံုးကို မာကြင္ဟို႔စ္ Marquinhos အပိုင္ေခါင္းတိုက္ခဲ႔ေပမယ္႔ ဂိုးသမား အယ္လစ္ဆန္ Alisson ကာကြယ္ႏိုင္ခဲ႔လို႔သာ လီဗာပူးလ္အသင္း သက္သာခဲ႔တာပါ။ ေနာက္ပိုင္းမိနစ္ေတြမွာေတာ႔ PSG အသင္းဟာ အႏိုင္ရလဒ္ကို ထိန္းဖို႔ပဲၾကိဳးစားလာခဲ႔ျပီး တန္ျပန္တိုက္စစ္နဲ႔ ကစားလာခဲ႔သလို ဒီပံုစံဟာလည္း ေအာင္ျမင္ခဲ႔ပါတယ္။ လီဗာပူးလ္အသင္းမွာ အဓိကလိုအပ္ေနတာကေတာ႔ ကမၻာ႔အဆင္႔ရိွ ကြင္းလယ္တိုက္စစ္ကစားသမားျဖစ္ျပီး ဒီပြဲမွာ ကြင္းလယ္ပိုင္းရဲ႕ ဖန္တီးမႈ အရည္အေသြးဟာ နိမ္႔က်ခဲ႔သလို တိုက္စစ္ကစားသမားေတြနဲ႔လည္း ခ်ိတ္ဆက္ကစားႏိုင္စြမ္းမရိွခဲ႔တာေၾကာင္႔ ႐ံႈးပြဲနဲ႔ၾကံဳေတြ႕ခဲ႔ရတာျဖစ္ပါတယ္။ ဒီပြဲအႏိုင္ရလဒ္ေၾကာင္႔ PSG အသင္းဟာ ေနာက္တစ္ဆင္႔တက္ဖို႔ အေျခအေနေကာင္းတစ္ခုကို ပိုင္ဆိုင္ခဲ႔ပါတယ္။

Neymar

Neymar

ဗုဒၶဟူးည ခ်န္ပီယံလိဂ္ပြဲစဥ္ရလဒ္မ်ား

Atlético Madrid 2 – 0 Monaco
Lokomotiv Moskva 2 – 0 Galatasaray
Borussia Dortmund 0 – 0 Club Brugge
PSV 1 – 2 Barcelona
Tottenham Hotspur 1 – 0 Internazionale
PSG 2 – 1 Liverpool
Napoli 3 – 1 Crvena Zvezda
Porto 3 – 1 Schalke 04

Photo: Champion League Twitter
Ko Kyue(Akhayar)
www.akhayar.com

[Unicode]

လိုအပ်နေတဲ့ အဖိုးတန်နိုင်ပွဲကို ရှာဖွေနိုင်ခဲ့တဲ့ PSG

ဗုဒ္ဓဟူးည ချန်ပီယံလိဂ်ပွဲစဉ်တွေမှာတော့ အသင်းကြီးအများစု ရလဒ်ကောင်းတွေကို ပိုင်ဆိုင်နိုင်ခဲ့ကြပါတယ်။ ဗုဒ္ဓဟူးည ပွဲစဉ်တွေအပြီးမှာတော့ ရှုံးထွက်(၁၆)သင်းအဆင့်ကို Group (A)မှာ အက်သလက်တီကို နဲ့ ဒေါ့မွန် ၊ Group (B)မှာ ဘာစီလိုနာ ၊ Group (D)မှာ ပေါ်တို နဲ့ ရှော်လ်ကေးအသင်းတို့ တက်ရောက်နိုင်ခဲ့ကြပါတယ်။

PSG ၂ – ၁ လီဗာပူးလ်

Bernat-And-Neymar

Bernat-And-Neymar

နောက်တစ်ဆင့် တက်ဖို့အတွက် အရေးပါတဲ့ ပွဲစဉ်ဖြစ်တာကြောင့် နှစ်သင်းလုံးဟာ လူစုံတက်စုံနဲ့ ပွဲထွက်လာခဲ့ကြပါတယ်။ အိမ်ရှင်အသင်းဖြစ်တဲ့ PSG အသင်းဟာ လီဗာပူးလ်ဘက်ကို ပွဲစတာနဲ့ ဖိအားပေးကစားခဲ့ပြီး ဒီပုံစံကအလုပ်ဖြစ်ခဲ့ပါတယ်။ ပွဲချိန်(၁၃)မိနစ်မှာတော့ PSG အသင်းဟာ ဦးဆောင်ဂိုးစရခဲ့ပြီး ဖိအားပေးတိုက်စစ်ဆင်နေတဲ့ကြားကနေ ရရှိလာတဲ့ အခွင့်အရေးကို ဘားနက် Bernat က အကောင်းဆုံး အဆုံးသတ်ခဲ့တာပါ။ ဦးဆောင်ဂိုးပေးလိုက်ရတာကြောင့် လီဗာပူးလ်အသင်းဟာ ပွဲကိုပြန်စီးပြီး ကစားနိုင်ခဲ့ပေမယ့် ထိရောက်တဲ့ထိုးဖောက်မှုတွေကိုတော့ မလုပ်ပြနိုင်ခဲ့ပါဘူး။ PSG အသင်းရဲ့ နေမာ Neymar ၊ ဘာပေ Mbappé တိုက်စစ်အတွဲဟာလည်း လီဗာပူးလ်အသင်းကို တစ်ချိန်လုံး အလုပ်ရှုပ်စေခဲ့ပြီး PSG အသင်းရဲ့ တိုက်စစ်စတင်မှုတွေမှာ နေမာ ဟာ အဓိကကျခဲ့သလို အသင်းရဲ့တိုက်စစ်ကိုလည်း အကောင်းဆုံး ဦးဆောင်ကစားခဲ့ပါတယ်။ ပွဲချိန်(၃၇)မိနစ်မှာတော့ နေမာ ၊ ဘာပေ တို့ရဲ့ အတွဲအဖက်ကနေ ရရှိလာတဲ့ အခွင့်အရေးကို ကာဗာနီ Cavani အပိုင်ပိတ်သွင်းခဲ့ပေမယ့် လွဲခောျ်မှုရှိခဲ့တာကြောင့် နောက်ကနေ အသင့်လိုက်ပါလာတဲ့ နေမာ က ကျွံထွက်လာတဲ့ ဘောလုံးကိုအသင်းအတွက် ဒုတိယဂိုးအဖြစ်ပြောင်းလဲပေးခဲ့ပါတယ်။ ပထမပိုင်းပြီးခါနီးမှတော့ မာနေး Mané ကို ဒီမာရီယာ Di María တားဆီးပုံကြမ်းတမ်းခဲ့လို့ လီဗာပူးလ်အသင်း ပယ်နယ်တီကန်ခွင့်ရရှိခဲ့ပြီး ဒီပယ်နယ်တီကိုတော့ မီလ်နာ Milner က ပွဲချိန်(၄၅+၁)မိနစ်မှာ အမှားအယွင်းမရှိ ကန်သွင်းယူခဲ့ပါတယ်။

Bernat-Celebrate

Bernat-Celebrate

ဒုတိယပိုင်းမှာတော့ PSG အသင်းရဲ့ ကစားပုံဟာ အနည်းငယ်ကျဆင်းလာခဲ့တာကြောင့် လီဗာပူးလ်အသင်းက ပထမပိုင်းထက်ပို ဖိအားပေးကစားလာနိုင်ခဲ့ပါတယ်။ ပွဲချိန်(၆၉)မိနစ်မှာတော့ နေမာ ထောင့်ကန်ဘောကနေ တင်ပေးလိုက်တဲ့ ဘောလုံးကို မာကွင်ဟို့စ် Marquinhos အပိုင်ခေါင်းတိုက်ခဲ့ပေမယ့် ဂိုးသမား အယ်လစ်ဆန် Alisson ကာကွယ်နိုင်ခဲ့လို့သာ လီဗာပူးလ်အသင်း သက်သာခဲ့တာပါ။ နောက်ပိုင်းမိနစ်တွေမှာတော့ PSG အသင်းဟာ အနိုင်ရလဒ်ကို ထိန်းဖို့ပဲကြိုးစားလာခဲ့ပြီး တန်ပြန်တိုက်စစ်နဲ့ ကစားလာခဲ့သလို ဒီပုံစံဟာလည်း အောင်မြင်ခဲ့ပါတယ်။ လီဗာပူးလ်အသင်းမှာ အဓိကလိုအပ်နေတာကတော့ ကမ္ဘာ့အဆင့်ရှိ ကွင်းလယ်တိုက်စစ်ကစားသမားဖြစ်ပြီး ဒီပွဲမှာ ကွင်းလယ်ပိုင်းရဲ့ ဖန်တီးမှု အရည်အသွေးဟာ နိမ့်ကျခဲ့သလို တိုက်စစ်ကစားသမားတွေနဲ့လည်း ချိတ်ဆက်ကစားနိုင်စွမ်းမရှိခဲ့တာကြောင့် ရှုံးပွဲနဲ့ကြုံတွေ့ခဲ့ရတာဖြစ်ပါတယ်။ ဒီပွဲအနိုင်ရလဒ်ကြောင့် PSG အသင်းဟာ နောက်တစ်ဆင့်တက်ဖို့ အခြေအနေကောင်းတစ်ခုကို ပိုင်ဆိုင်ခဲ့ပါတယ်။

Neymar

Neymar

ဗုဒ္ဓဟူးည ချန်ပီယံလိဂ်ပွဲစဉ်ရလဒ်များ

Atlético Madrid 2 – 0 Monaco
Lokomotiv Moskva 2 – 0 Galatasaray
Borussia Dortmund 0 – 0 Club Brugge
PSV 1 – 2 Barcelona
Tottenham Hotspur 1 – 0 Internazionale
PSG 2 – 1 Liverpool
Napoli 3 – 1 Crvena Zvezda
Porto 3 – 1 Schalke 04

Photo: Champion League Twitter
Ko Kyue(Akhayar)
www.akhayar.com