[Zawgyi]

အိမ္ရွင္အားသာခ်က္ကို အျပည္႔အ၀ယူႏိုင္ခဲ႔တဲ႔ မေလးရွား

AFF Suzuki Cup ျပိဳင္ပြဲ အုပ္စု(က)ရဲ႕ ပြဲစဥ္တစ္ပြဲျဖစ္တဲ႔ မေလးရွားနဲ႔ ျမန္မာပြဲမွာေတာ႔ မေလးရွားအသင္းဟာ အိမ္ကြင္းမွာ ျမန္မာအသင္းကို ( ၃ – ၀ )နဲ႔ အႏိုင္ရရိွခဲ႔ျပီး ဆီမီးဖိုင္နယ္အဆင္႔ကို တက္ေရာက္ႏိုင္ခဲ႔ပါတယ္။

Malaysia-3-0-Myanmar

Malaysia-3-0-Myanmar

မေလးရွား ၃ – ၀ ျမန္မာ

ျမန္မာအသင္းဟာ ဒီပြဲမွာ ျပီးခဲ႔တဲ႔ ဗီယက္နမ္နဲ႔ ပြဲက လူစာရင္းကို အေျပာင္းအလဲ သိပ္မလုပ္ပဲ ပြဲထြက္ခဲ႔ပါတယ္။ မေလးရွားအသင္းကေတာ႔ ပရိသတ္အား ၊ အိမ္ကြင္းအားနဲ႔ Power Play ကိုအဓိကထားကစားခဲ႔ျပီး ျမန္မာအသင္းဘက္ကို ထိုးေဖာက္ကစားခဲ႔သလို ဒီပံုစံဟာလည္း အလုပ္ျဖစ္ခဲ႔ပါတယ္။ မေလးရွားအသင္းဟာ ပြဲခ်ိန္(၂၆)မိနစ္မွာ ဦးေဆာင္ဂိုးရရိွခဲ႔ျပီး ျမန္မာဂိုးေရွ႕မွာ ရႈပ္ယွက္ခတ္ေနတဲ႔ အေနအထားကေန တိုက္စစ္မွဴး Norshahrul Idlan ကသြင္းယူခဲ႔တာပါ။ ျမန္မာအသင္းကေတာ႔ တန္ျပန္တိုက္စစ္ကို အဓိကထားကစားခဲ႔ျပီး အခြင္႔အေရးေတြရရိွခဲ႔ေပမယ္႔ ဂိုးအျဖစ္မေျပာင္းလဲႏိုင္ခဲ႔တာေၾကာင္႔ နစ္နာခဲ႔ရပါတယ္။ ပထမပိုင္းျပီးခါနီး ပြဲခ်ိန္(၄၅ + ၃) မိနစ္မွာ မေလးရွားအသင္း ပယ္နယ္တီကန္ခြင္႔ရရိွခဲ႔ျပီး ဒီပယ္နယ္တီကို Mohd Zaquan Adha က အသင္းအတြက္ ဒုတိယဂိုးအျဖစ္ ေျပာင္းလဲခဲ႔ပါတယ္။

Malaysia

Malaysia

ဒုတိယပိုင္းမွာ ျမန္မာအသင္းဟာ တိုက္စစ္အားျပဳတဲ႔ပံုစံနဲ႔ ကစားခဲ႔ေပမယ္႔ မေလးရွားအသင္းရဲ႕ ထိုးေဖာက္တိုက္စစ္ဆင္မႈေတြကိုေတာ႔ တားဆီးပံုအားနည္းေနတုန္းပါပဲ။ မေလးရွားအသင္းရဲ႕ အပိုင္ကန္ခ်က္ကိုလည္း ဂိုးသမားေက်ာ္ဇင္ထက္ ကာကြယ္ႏိုင္လို႔သာ သက္သာရာရခဲ႔တာပါ။ ပြဲခ်ိန္မိနစ္(၇၀)ေနာက္ပိုင္းမွာေတာ႔ ျမန္မာအသင္းဟာ မေလးရွားဘက္ကို ပိုမိုဖိအားေပးကစားလာႏိုင္ခဲ႔ေပမယ္႔ အဆံုးသတ္ပိုင္းေတာ႔ အားနည္းခဲ႔ပါတယ္ ။ ပြဲခ်ိန္(၈၈)မိနစ္မွာေတာ႔ မေလးရွားအသင္း တတိယဂိုးရရိွခဲ႔ျပီး ျမန္မာအသင္းရဲ႕ ျဖတ္ထုတ္လိုက္တဲ႔ ေဘာလံုးဟာ Mohd Zaquan Adha နဲ႔ထိျပီး ဂိုး၀င္ခဲ႔တာပါ။ မေလးရွားအသင္းဟာ ဆီမီးဖိုင္နယ္အဆင္႔မွာေတာ႔ ထိုင္းအသင္းနဲ႔ ေတြ႕ဖို႔ ရာခိိုင္ႏႈန္းမ်ားေနပါတယ္။

Photo: AFF Suzuki Cup Twitter
Ko Kyue(Akhayar)
www.akhayar.com

[Unicode]

အိမ်ရှင်အားသာချက်ကို အပြည့်အဝယူနိုင်ခဲ့တဲ့ မလေးရှား

AFF Suzuki Cup ပြိုင်ပွဲ အုပ်စု(က)ရဲ့ ပွဲစဉ်တစ်ပွဲဖြစ်တဲ့ မလေးရှားနဲ့ မြန်မာပွဲမှာတော့ မလေးရှားအသင်းဟာ အိမ်ကွင်းမှာ မြန်မာအသင်းကို ( ၃ – ၀ )နဲ့ အနိုင်ရရှိခဲ့ပြီး ဆီမီးဖိုင်နယ်အဆင့်ကို တက်ရောက်နိုင်ခဲ့ပါတယ်။

Malaysia-3-0-Myanmar

Malaysia-3-0-Myanmar

မလေးရှား ၃ – ၀ မြန်မာ

မြန်မာအသင်းဟာ ဒီပွဲမှာ ပြီးခဲ့တဲ့ ဗီယက်နမ်နဲ့ ပွဲက လူစာရင်းကို အပြောင်းအလဲ သိပ်မလုပ်ပဲ ပွဲထွက်ခဲ့ပါတယ်။ မလေးရှားအသင်းကတော့ ပရိသတ်အား ၊ အိမ်ကွင်းအားနဲ့ Power Play ကိုအဓိကထားကစားခဲ့ပြီး မြန်မာအသင်းဘက်ကို ထိုးဖောက်ကစားခဲ့သလို ဒီပုံစံဟာလည်း အလုပ်ဖြစ်ခဲ့ပါတယ်။ မလေးရှားအသင်းဟာ ပွဲချိန်(၂၆)မိနစ်မှာ ဦးဆောင်ဂိုးရရှိခဲ့ပြီး မြန်မာဂိုးရှေ့မှာ ရှုပ်ယှက်ခတ်နေတဲ့ အနေအထားကနေ တိုက်စစ်မှူး Norshahrul Idlan ကသွင်းယူခဲ့တာပါ။ မြန်မာအသင်းကတော့ တန်ပြန်တိုက်စစ်ကို အဓိကထားကစားခဲ့ပြီး အခွင့်အရေးတွေရရှိခဲ့ပေမယ့် ဂိုးအဖြစ်မပြောင်းလဲနိုင်ခဲ့တာကြောင့် နစ်နာခဲ့ရပါတယ်။ ပထမပိုင်းပြီးခါနီး ပွဲချိန်(၄၅ + ၃) မိနစ်မှာ မလေးရှားအသင်း ပယ်နယ်တီကန်ခွင့်ရရှိခဲ့ပြီး ဒီပယ်နယ်တီကို Mohd Zaquan Adha က အသင်းအတွက် ဒုတိယဂိုးအဖြစ် ပြောင်းလဲခဲ့ပါတယ်။

Malaysia

Malaysia

ဒုတိယပိုင်းမှာ မြန်မာအသင်းဟာ တိုက်စစ်အားပြုတဲ့ပုံစံနဲ့ ကစားခဲ့ပေမယ့် မလေးရှားအသင်းရဲ့ ထိုးဖောက်တိုက်စစ်ဆင်မှုတွေကိုတော့ တားဆီးပုံအားနည်းနေတုန်းပါပဲ။ မလေးရှားအသင်းရဲ့ အပိုင်ကန်ချက်ကိုလည်း ဂိုးသမားကျော်ဇင်ထက် ကာကွယ်နိုင်လို့သာ သက်သာရာရခဲ့တာပါ။ ပွဲချိန်မိနစ်(၇၀)နောက်ပိုင်းမှာတော့ မြန်မာအသင်းဟာ မလေးရှားဘက်ကို ပိုမိုဖိအားပေးကစားလာနိုင်ခဲ့ပေမယ့် အဆုံးသတ်ပိုင်းတော့ အားနည်းခဲ့ပါတယ် ။ ပွဲချိန်(၈၈)မိနစ်မှာတော့ မလေးရှားအသင်း တတိယဂိုးရရှိခဲ့ပြီး မြန်မာအသင်းရဲ့ ဖြတ်ထုတ်လိုက်တဲ့ ဘောလုံးဟာ Mohd Zaquan Adha နဲ့ထိပြီး ဂိုးဝင်ခဲ့တာပါ။  မလေးရှားအသင်းဟာ ဆီမီးဖိုင်နယ်အဆင့်မှာတော့ ထိုင်းအသင်းနဲ့ တွေ့ဖို့ ရာခိုင်နှုန်းများနေပါတယ်။

Photo: AFF Suzuki Cup Twitter
Ko Kyue(Akhayar)
www.akhayar.com