[Zawgyi]

ႏိုင္ပြဲေတြနဲ႔ ပံုမွန္ေရွ႕ဆက္ေနတဲ႔ ဂ်ဴဗင္တပ္စ္

လက္ရိွမွာ ပံုစံေကာင္းရေနတဲ႔ ဂ်ဴဗင္တပ္စ္အသင္းဟာ စီးရီးေအပြဲစဥ္(၁၃)မွာလည္း SPAL ကို ( ၂ – ၀ ) နဲ႔အႏိုင္ရရိွခဲ႔ပါတယ္။

Juventus

Juventus

ဂ်ဴဗင္တပ္စ္ ၂ – ၀ SPAL

ဒီပြဲျပီးရင္ ဂ်ဴဗင္တပ္စ္အသင္းဟာ ခ်န္ပီယံလိဂ္ကစားဖို႔ရိွေနတာေၾကာင္႔ အရန္ကစားသမား တခ်ိဳ႕ပြဲထြက္လူစာရင္းမွာပါ၀င္လာခဲ႔ပါတယ္။ အသင္းရဲ႕ တိုက္စစ္ပိုင္းကိုေတာ႔ မန္ဇူကစ္ Mandžukić ၊ စီၤေရာ္နယ္လ္ဒို Cristiano Ronaldo ၊ ေဒါက္ဂလပ္ေကာ္စတာ Douglas Costa ၊ ကြာဒရာဒို Cuadrado တို႔ကဦးေဆာင္ခဲ႔ျပီၤး ပြဲခ်ိန္(၂၈) မွာေတာ႔ ဂ်ဴဗင္တပ္စ္အသင္းက ဦးေဆာင္ဂိုးစရခဲ႔ပါတယ္။ ဒီဂိုးကိုေတာ႔ ယာနစ္ Pjanić ရဲ႕ ျပစ္ဒဏ္ေဘာ ျဖတ္တင္မႈကို စီၤေရာ္နယ္လ္ဒို ကအလိုက္သင္႔ေျပး၀င္ပိတ္သြင္းခဲ႔တာ ျဖစ္ပါတယ္။ ဒုတိယပိုင္းမွာလည္း စီၤေရာ္နယ္လ္ဒို အေနနဲ႔ အပိုင္းပိတ္သြင္းခြင္႔ တစ္ၾကိမ္ရရိွခဲ႔ေပမယ္႔ လြဲေခ်ာ္ခဲ႔တာေၾကာင္႔ သူ႔အတြက္ေရာ အသင္းအတြက္ပါ နစ္နာခဲ႔ရပါတယ္။

Cristiano-Ronaldo-Celebrate

Cristiano-Ronaldo-Celebrate

SPAL အသင္းကေတာ႔ ဂ်ဴဗင္တပ္စ္ဘက္ကို ထိေရာက္တဲ႔ တိုက္စစ္ဆင္မႈေတြ လုပ္ႏိုင္ခဲ႔ျခင္း မရိွခဲ႔ပါဘူး။ ပြဲခ်ိန္ မိနစ္ (၆၀)မွာေတာ႔ ေဒါက္ဂလပ္ေကာ္စတာ အျပင္းကန္လိုက္တဲ႔ ေဘာလံုးကို SPAL ဂိုးသမား Gomis ပုတ္ထုတ္ခဲ႔ရာမွာ မန္ဇူကစ္ ပိတ္သြင္းခြင္႔ရရိွခဲ႔ျပီး ဒီအခြင္႔အေရးကေန အသင္းအတြက္ ဒုတိယဂိုးအျဖစ္ ေျပာင္းလဲေပးခဲ႔ပါတယ္။ ေနာက္ပိုင္း မိနစ္ေတြမွာလည္း ဂ်ဴဗင္တပ္စ္ အေနနဲ႔ ဂိုးသြင္းခြင္႔ေတြရရိွခဲ႔ေပမယ္႔ လြဲေခာ်္ခဲ႔တာေၾကာင္႔ ( ၂ – ၀ ) ဆိုတဲ႔ ရလဒ္နဲ႔သာ ေက်နပ္ခဲ႔ရပါတယ္။

Mandžukić-Celebrate

Mandžukić-Celebrate

စီးရီးေအပြဲစဥ္(၁၃) ရလဒ္မ်ား

Udinese 1 – 0 Roma
Juventus 2 – 0 SPAL
Internazionale 3 – 0 Frosinone

Photo: Juventus Twitter , Marca
Ko Kyue(Akhayar)
www.akhayar.com

[Unicode]

နိုင်ပွဲတွေနဲ့ ပုံမှန်ရှေ့ဆက်နေတဲ့ ဂျူဗင်တပ်စ်

လက်ရှိမှာ ပုံစံကောင်းရနေတဲ့ ဂျူဗင်တပ်စ်အသင်းဟာ စီးရီးအေပွဲစဉ်(၁၃)မှာလည်း SPAL ကို ( ၂ – ၀ ) နဲ့အနိုင်ရရှိခဲ့ပါတယ်။

Juventus

Juventus

ဂျူဗင်တပ်စ် ၂ – ၀ SPAL

ဒီပွဲပြီးရင် ဂျူဗင်တပ်စ်အသင်းဟာ ချန်ပီယံလိဂ်ကစားဖို့ရှိနေတာကြောင့် အရန်ကစားသမား တချို့ပွဲထွက်လူစာရင်းမှာပါဝင်လာခဲ့ပါတယ်။ အသင်းရဲ့ တိုက်စစ်ပိုင်းကိုတော့ မန်ဇူကစ် Mandžukić ၊ စီၤရော်နယ်လ်ဒို Cristiano Ronaldo ၊ ဒေါက်ဂလပ်ကော်စတာ Douglas Costa ၊ ကွာဒရာဒို Cuadrado တို့ကဦးဆောင်ခဲ့ပြီၤး ပွဲချိန်(၂၈) မှာတော့ ဂျူဗင်တပ်စ်အသင်းက ဦးဆောင်ဂိုးစရခဲ့ပါတယ်။ ဒီဂိုးကိုတော့ ယာနစ် Pjanić ရဲ့ ပြစ်ဒဏ်ဘော ဖြတ်တင်မှုကို စီၤရော်နယ်လ်ဒို ကအလိုက်သင့်ပြေးဝင်ပိတ်သွင်းခဲ့တာ ဖြစ်ပါတယ်။ ဒုတိယပိုင်းမှာလည်း စီၤရော်နယ်လ်ဒို အနေနဲ့ အပိုင်းပိတ်သွင်းခွင့် တစ်ကြိမ်ရရှိခဲ့ပေမယ့် လွဲချော်ခဲ့တာကြောင့် သူ့အတွက်ရော အသင်းအတွက်ပါ နစ်နာခဲ့ရပါတယ်။

Cristiano-Ronaldo-Celebrate

Cristiano-Ronaldo-Celebrate

SPAL အသင်းကတော့ ဂျူဗင်တပ်စ်ဘက်ကို ထိရောက်တဲ့ တိုက်စစ်ဆင်မှုတွေ လုပ်နိုင်ခဲ့ခြင်း မရှိခဲ့ပါဘူး။ ပွဲချိန် မိနစ် (၆၀)မှာတော့ ဒေါက်ဂလပ်ကော်စတာ အပြင်းကန်လိုက်တဲ့ ဘောလုံးကို SPAL ဂိုးသမား Gomis ပုတ်ထုတ်ခဲ့ရာမှာ မန်ဇူကစ် ပိတ်သွင်းခွင့်ရရှိခဲ့ပြီး ဒီအခွင့်အရေးကနေ အသင်းအတွက် ဒုတိယဂိုးအဖြစ် ပြောင်းလဲပေးခဲ့ပါတယ်။ နောက်ပိုင်း မိနစ်တွေမှာလည်း ဂျူဗင်တပ်စ် အနေနဲ့ ဂိုးသွင်းခွင့်တွေရရှိခဲ့ပေမယ့် လွဲခောျ်ခဲ့တာကြောင့် ( ၂ – ၀ ) ဆိုတဲ့ ရလဒ်နဲ့သာ ကျေနပ်ခဲ့ရပါတယ်။

Mandžukić-Celebrate

Mandžukić-Celebrate

စီးရီးအေပွဲစဉ်(၁၃) ရလဒ်များ

Udinese 1 – 0 Roma
Juventus 2 – 0 SPAL
Internazionale 3 – 0 Frosinone

Photo: Juventus Twitter , Marca
Ko Kyue(Akhayar)
www.akhayar.com