[Zawgyi]

အေဟာင္းထဲက အက္ရွင္ဇာတ္ကားေကာင္းတစ္ကားၾကည့္ေတာ့မယ္ဆိုရင္

ဒရာမာဇာတ္ကားေတြ၊ စီးရီးစ္ေတြ၊ ဟာသဇာတ္ကားေတြ ၾကည့္ျပီး ေလးပင္ခံစားတာလည္း ခံစားေပါ့ ။ တစ္ခါတေလက်ရင္ေတာ့လည္း အက္ရွင္ဇာတ္ကား ဒုန္းဒုန္းဒုိင္းဒုိင္းေလးနဲ႔ လုိက္ပါစီးေမ်ာရတာလည္း လူကို လန္းဆန္းေစတာပဲ။

ဒီတစ္ခါေတာ့ အက္ရွင္ဇာတ္ကားကိုမွ အသစ္မဟုတ္ဘဲ ဇာတ္ကားေဟာင္းေလးကို ညႊန္းေပးခ်င္ပါတယ္။ ေဟာင္းတာေတာ့ ၂၀၁၁ ခုႏွစ္တည္းက ထြက္ရွိခဲ့တဲ့ ဇာတ္ကားျဖစ္ျပီး ဇာတ္ကားနာမည္က ‘Colombiana’ လို႔ ေခၚပါတယ္။ အေဟာင္းထဲက အေကာင္းေလးေပါ့။

Colombiana

ဒီဇာတ္ကားကို ဒါရိုက္တာ Olivier Megaton က ရုိက္ကူးတင္ဆက္ထားျပီး ဒီဒါရို္က္တာရဲ့ တျခားနာမည္ၾကီး ဇာတ္ကားေတြကေတာ့ Transporter 3 ၊ Taken 2 နဲ႔ Taken 3 လို ဇာတ္ကားေကာင္းေတြ ျဖစ္ပါတယ္။ ဒီဇာတ္ကားရဲ့ အသက္ျဖစ္တဲ့ မင္းသမီး Cataleya ေနရာမွာ မင္းသမီး Zoe Saldana က သရုပ္ေဆာင္ထားၾကပါတယ္။ Michael Vartan ၊ Cliff Curtis ၊ Lennie James နဲ႔ Callum Blue နဲ႔ Jordi Molla တို႔ကလည္း ပါဝင္သရုပ္ေဆာင္ထားၾကပါတယ္။ Colombiana ဆိုတာ ကိုလံဘီယာႏုိင္ငံက အမ်ိဳးသမီးေလးလို႔ အဓိပၸာယ္ရျပီး သစ္ခြအမ်ိဳးအစားႏြယ္ဝင္နာမည္တစ္ခုလည္း ျဖစ္ပါတယ္။

Zoe Saldana

Zoe Saldana

ဒီထဲမွာ အဓိကဇာတ္ေကာင္ Cataleya ဟာ အသက္ ၉ႏွစ္အရြယ္ရွိတဲ့ ကေလးမတစ္ေယာက္ျဖစ္ျပီး သူ႔မိသားစုဟာ မူးယစ္ေဆးဝါးရာဇာ Don Luis ရဲ႕ သတ္ျဖတ္ျခင္းခံလုိက္ရပါတယ္။ ဒီလို အသတ္မခံရခင္မွာ သူ႔အေဖဟာ သမီးေလး Cataleya အတြက္ အသက္ေဘး လြတ္ေအာင္ ေျပးဖို႔ စီစဥ္ေပးခဲ့ပါတယ္။တကယ္လည္း သူတို႔မိသားစုကို လာလုပ္ၾကံေရာ Cataleya ဟာ လြတ္ေအာင္ ေျပးႏုိင္ခဲ့ပါတယ္။

Cateleya ငယ္စဥ္က အျဖစ္ သရုပ္ေဆာင္တဲ့ Amandla Stenberg

Cateleya ငယ္စဥ္က အျဖစ္ သရုပ္ေဆာင္တဲ့ Amandla Stenberg

ဒီေနရာမွာ ၉ ႏွစ္ကေလးတစ္ေယာက္က လူဆိုးဂိုဏ္းၾကီးလက္ကေန လြတ္ေအာင္ေျပးဖို႔ဆုိတာကို ခက္ခဲတယ္လို႔ ျပျပီး ဒီကေလးေလး ဘယ္လို ေျဖရွင္းတယ္၊ ကေလးမရဲ႕ဥာဏ္သြားပံုကို အသားေပးရိုက္ျပသြားပါတယ္။ အဲဒီအခန္းေတြ ၾကည့္ရတာ ယုတၱိသိပ္မရွိဘူးလို႔ ဆင္ျခင္မိေပမယ့္လည္း အေတာ့္ကို စိတ္လႈပ္ရွားသေဘာက်စရာေကာငး္တာေတာ့ မျငင္းႏုိင္ပါဘူး။

Cataleya ေလးဟာ လူဆိုးေတြ လက္ကေန လြတ္ရုံတင္မဟုတ္ဘဲ အေမရိကန္ႏုိင္ငံကိုေရာက္၊ သူ႔ဦးေလးနဲ႔ Emilio နဲ႔လည္း ေတြ႔ဆံုခဲ့ၾကတဲ့အခါ ဘာေတြ ဆက္ျဖစ္ၾကမလဲ၊ သူ႔ကို ေက်ာင္းလိုက္အပ္ေပးတဲ့ ဦးေလးကို “သူေက်ာင္းမတက္ခ်င္ဘူး၊ မိသားစုကို သတ္သြားတဲ့သူေတြကိုပဲ ျပန္လက္စားေခ်ခ်င္တာ” လို႔ ေျပာတဲ့အခါ သူ႔ဦးေလး သူ႔ကို ဆံုးမလိုက္တဲ့ ဇာတ္ကြက္ေလးလည္း သေဘာက်စရာပါ။

ဒီလိုနဲ႔ ၁၅ ႏွစ္ေလာက္ၾကာျပီးတဲ့အခါ၊ အသက္ ၂၄ ႏွစ္ရွိျပီျဖစ္တဲ့ Cataleya ေလးဟာ အေတာင္အလက္စံုတဲ့ သိမ္းငွက္မေလးလို အစြမ္းရွိတဲ့ လူသတ္သမားတစ္ေယာက္ျဖစ္လို႔ေနပါျပီ။  သူ႔ရဲ႕ ရန္သူေတာ္ၾကီး Don Luis ကေတာ့ အေမရိကန္အစိုးရရဲ႕ Witness Protection Program ရဲ့ အေစာင့္အေရွာက္ေအာက္ေရာက္ရွိေနပါတယ္။ ဒါေပမယ့္ ေသြးေၾကြးရွိတဲ့ Cataleya အတြက္ ဒီလို အခက္အခဲၾကားမွာ ဘယ္လိုမ်ိဳး Don Luis ကို ေဖြရွာ အဆံုးသတ္မလဲ၊ ေအာင္ျမင္သြားမလား၊ က်ရႈံးသြားမလားဆိုတာကို ဇာတ္လမ္းဖြဲ႔ရိုက္ကူးထားပါတယ္။Don Luis ကုိ မသတ္ခင္ သူ႔တပည့္တပန္းေတြကို လုိက္ရွာအစေဖ်ာက္တာ၊ ရဲေတြကို ကြက္ေက်ာ္ရိုက္တာေတြက ဒီဇာတ္လမး္ရဲ႕ စိတ္ဝင္စားစရာေတြပါ။

Cataleya အျဖစ္သရုပ္ေဆာင္တဲ့ Zoe Saldana

Cataleya အျဖစ္သရုပ္ေဆာင္တဲ့ Zoe Saldana

ဒီဇာတ္ကားကို ဘတ္ဂ်တ္ေဒၚလာ သန္း ၄၀ အကုန္အက်ခံရိုက္ကူးျပီး ေဒၚလာ ၆၁ သန္းဝင္ေငြရွိတဲ့အတြက္ ျမတ္တယ္လို႔ ဆုိရမွာပါ။ ရုပ္ရွင္ဟာ ေဝဖန္မႈေတြေရာ၊ ခ်ီးက်ဴးမႈေတြရရွိထားျပီး Cataleya အျဖစ္သရုပ္ေဆာင္တဲ့ Zoe Saldana ရဲ့ အက္ရွင္ပိုင္းသရုပ္ေဆာင္မႈေတြကို ခ်ီးက်ဴးမႈရရွိထားပါတယ္။ IMDB Rating 6.4/10 ရရွိထားတဲ့အတြက္ ၾကည့္လို႔ မဆုိးတဲ့ ဇာတ္ကားမ်ိဳးျဖစ္ပါတယ္။ အက္ရွင္ကားၾကည့္ျပီး စိတ္လက္အပန္းေျပခ်င္တယ္ဆုိရင္ေတာ့ Colombiana ဟာ ခင္ဗ်ားနဲ႔ အတူရွိေနမွာပါ။

Akhayar Review : 6.5/10

Yoe Lu (Akhayar)

www.akhayar.com
[Unicode]

အဟောင်းထဲက အက်ရှင်ဇာတ်ကားကောင်းတစ်ကားကြည့်တော့မယ်ဆိုရင်

ဒရာမာဇာတ်ကားတွေ၊ စီးရီးစ်တွေ၊ ဟာသဇာတ်ကားတွေ ကြည့်ပြီး လေးပင်ခံစားတာလည်း ခံစားပေါ့ ။ တစ်ခါတလေကျရင်တော့လည်း အက်ရှင်ဇာတ်ကား ဒုန်းဒုန်းဒိုင်းဒိုင်းလေးနဲ့ လိုက်ပါစီးမျောရတာလည်း လူကို လန်းဆန်းစေတာပဲ။

ဒီတစ်ခါတော့ အက်ရှင်ဇာတ်ကားကိုမှ အသစ်မဟုတ်ဘဲ ဇာတ်ကားဟောင်းလေးကို ညွှန်းပေးချင်ပါတယ်။ ဟောင်းတာတော့ ၂၀၁၁ ခုနှစ်တည်းက ထွက်ရှိခဲ့တဲ့ ဇာတ်ကားဖြစ်ပြီး ဇာတ်ကားနာမည်က ‘Colombiana’ လို့ ခေါ်ပါတယ်။ အဟောင်းထဲက အကောင်းလေးပေါ့။

Colombiana

ဒီဇာတ်ကားကို ဒါရိုက်တာ Olivier Megaton က ရိုက်ကူးတင်ဆက်ထားပြီး ဒီဒါရိုက်တာရဲ့ တခြားနာမည်ကြီး ဇာတ်ကားတွေကတော့ Transporter 3 ၊ Taken 2 နဲ့ Taken 3 လို ဇာတ်ကားကောင်းတွေ ဖြစ်ပါတယ်။ ဒီဇာတ်ကားရဲ့ အသက်ဖြစ်တဲ့ မင်းသမီး Cataleya နေရာမှာ မင်းသမီး Zoe Saldana က သရုပ်ဆောင်ထားကြပါတယ်။ Michael Vartan ၊ Cliff Curtis ၊ Lennie James နဲ့ Callum Blue နဲ့ Jordi Molla တို့ကလည်း ပါဝင်သရုပ်ဆောင်ထားကြပါတယ်။ Colombiana ဆိုတာ ကိုလံဘီယာနိုင်ငံက အမျိုးသမီးလေးလို့ အဓိပ္ပာယ်ရပြီး သစ်ခွအမျိုးအစားနွယ်ဝင်နာမည်တစ်ခုလည်း ဖြစ်ပါတယ်။

Zoe Saldana

Zoe Saldana

ဒီထဲမှာ အဓိကဇာတ်ကောင် Cataleya ဟာ အသက် ၉နှစ်အရွယ်ရှိတဲ့ ကလေးမတစ်ယောက်ဖြစ်ပြီး သူ့မိသားစုဟာ မူးယစ်ဆေးဝါးရာဇာ Don Luis ရဲ့ သတ်ဖြတ်ခြင်းခံလိုက်ရပါတယ်။ ဒီလို အသတ်မခံရခင်မှာ သူ့အဖေဟာ သမီးလေး Cataleya အတွက် အသက်ဘေး လွတ်အောင် ပြေးဖို့ စီစဉ်ပေးခဲ့ပါတယ်။တကယ်လည်း သူတို့မိသားစုကို လာလုပ်ကြံရော Cataleya ဟာ လွတ်အောင် ပြေးနိုင်ခဲ့ပါတယ်။

Cateleya ငယ်စဉ်က အဖြစ် သရုပ်ဆောင်တဲ့ Amandla Stenberg

Cateleya ငယ်စဉ်က အဖြစ် သရုပ်ဆောင်တဲ့ Amandla Stenberg

ဒီနေရာမှာ ၉ နှစ်ကလေးတစ်ယောက်က လူဆိုးဂိုဏ်းကြီးလက်ကနေ လွတ်အောင်ပြေးဖို့ဆိုတာကို ခက်ခဲတယ်လို့ ပြပြီး ဒီကလေးလေး ဘယ်လို ဖြေရှင်းတယ်၊ ကလေးမရဲ့ဉာဏ်သွားပုံကို အသားပေးရိုက်ပြသွားပါတယ်။ အဲဒီအခန်းတွေ ကြည့်ရတာ ယုတ္တိသိပ်မရှိဘူးလို့ ဆင်ခြင်မိပေမယ့်လည်း အတော့်ကို စိတ်လှုပ်ရှားသဘောကျစရာကောင်းတာတော့ မငြင်းနိုင်ပါဘူး။

Cataleya လေးဟာ လူဆိုးတွေ လက်ကနေ လွတ်ရုံတင်မဟုတ်ဘဲ အမေရိကန်နိုင်ငံကိုရောက်၊ သူ့ဦးလေးနဲ့ Emilio နဲ့လည်း တွေ့ဆုံခဲ့ကြတဲ့အခါ ဘာတွေ ဆက်ဖြစ်ကြမလဲ၊ သူ့ကို ကျောင်းလိုက်အပ်ပေးတဲ့ ဦးလေးကို “သူကျောင်းမတက်ချင်ဘူး၊ မိသားစုကို သတ်သွားတဲ့သူတွေကိုပဲ ပြန်လက်စားချေချင်တာ” လို့ ပြောတဲ့အခါ သူ့ဦးလေး သူ့ကို ဆုံးမလိုက်တဲ့ ဇာတ်ကွက်လေးလည်း သဘောကျစရာပါ။

ဒီလိုနဲ့ ၁၅ နှစ်လောက်ကြာပြီးတဲ့အခါ၊ အသက် ၂၄ နှစ်ရှိပြီဖြစ်တဲ့ Cataleya လေးဟာ အတောင်အလက်စုံတဲ့ သိမ်းငှက်မလေးလို အစွမ်းရှိတဲ့ လူသတ်သမားတစ်ယောက်ဖြစ်လို့နေပါပြီ။  သူ့ရဲ့ ရန်သူတော်ကြီး Don Luis ကတော့ အမေရိကန်အစိုးရရဲ့ Witness Protection Program ရဲ့ အစောင့်အရှောက်အောက်ရောက်ရှိနေပါတယ်။ ဒါပေမယ့် သွေးကြွေးရှိတဲ့ Cataleya အတွက် ဒီလို အခက်အခဲကြားမှာ ဘယ်လိုမျိုး Don Luis ကို ဖွေရှာ အဆုံးသတ်မလဲ၊ အောင်မြင်သွားမလား၊ ကျရှုံးသွားမလားဆိုတာကို ဇာတ်လမ်းဖွဲ့ရိုက်ကူးထားပါတယ်။Don Luis ကို မသတ်ခင် သူ့တပည့်တပန်းတွေကို လိုက်ရှာအစဖျောက်တာ၊ ရဲတွေကို ကွက်ကျော်ရိုက်တာတွေက ဒီဇာတ်လမ်းရဲ့ စိတ်ဝင်စားစရာတွေပါ။

Cataleya အဖြစ်သရုပ်ဆောင်တဲ့ Zoe Saldana

Cataleya အဖြစ်သရုပ်ဆောင်တဲ့ Zoe Saldana

ဒီဇာတ်ကားကို ဘတ်ဂျတ်ဒေါ်လာ သန်း ၄၀ အကုန်အကျခံရိုက်ကူးပြီး ဒေါ်လာ ၆၁ သန်းဝင်ငွေရှိတဲ့အတွက် မြတ်တယ်လို့ ဆိုရမှာပါ။ ရုပ်ရှင်ဟာ ဝေဖန်မှုတွေရော၊ ချီးကျူးမှုတွေရရှိထားပြီး Cataleya အဖြစ်သရုပ်ဆောင်တဲ့ Zoe Saldana ရဲ့ အက်ရှင်ပိုင်းသရုပ်ဆောင်မှုတွေကို ချီးကျူးမှုရရှိထားပါတယ်။ IMDB Rating 6.4/10 ရရှိထားတဲ့အတွက် ကြည့်လို့ မဆိုးတဲ့ ဇာတ်ကားမျိုးဖြစ်ပါတယ်။ အက်ရှင်ကားကြည့်ပြီး စိတ်လက်အပန်းပြေချင်တယ်ဆိုရင်တော့ Colombiana ဟာ ခင်ဗျားနဲ့ အတူရှိနေမှာပါ။

Akhayar Review : 6.5/10

Yoe Lu (Akhayar)

www.akhayar.com