[Zawgyi]

အခရာက ေရြးခ်ယ္လုိက္တဲ့ App (သုိ႔) City Rewards Application

ေစ်း၀ယ္ထြက္ျခင္းက အခရာ စာဖတ္သူမ်ားနဲ႔ စိမ္းတဲ့အရာတစ္ခုေတာ့ မဟုတ္ေလာက္ဘူးေနာ္။ ေစ်း၀ယ္တဲ့အခါ ကိုယ္လိုခ်င္တဲ့ ကုန္ပစၥည္းအတြက္ ေငြတန္ဖိုးတစ္ခုေပးေခ်ရျပီး ေပးေခ်တဲဲ့တန္ဖိုးနဲ႔ ညီမွ်တဲ့ ကုန္ပစၥည္းကို ရႏိုင္ပါတယ္။ တစ္ခါတစ္ရံ Discount ခ်တာမ်ိဳး ၊ ပရိုမိုးရွင္းရွိတာမ်ိဳးဆိုရင္ေတာ့ အပိုေဆာင္းရတာေပါ့။ ဒီလို Discount/ ပရိုမိုးရွင္းေတြက အျမဲလိုလိုရွိၾကေပမယ့္ ကိုယ္လိုခ်င္/ လိုအပ္ေနတဲ့ ပစၥည္းမဟုတ္၊ ကိုယ္လိုအပ္မယ့္အခ်ိန္မွာ ရတာမဟုတ္ရင္လည္း ကိုယ့္အတြက္ အက်ိဳးမရွိျပန္ဘူး။ ကို္ယ္ေစ်း၀ယ္တိုင္းလည္း Rewards ေတြ အျမဲတမ္း ျပန္ရမယ္၊ ကိုယ့္အၾကိဳက္ ကိုယ့္လိုအပ္ခ်က္ေတြအလိုက္ ပရိုမိုးရွင္းေတြလည္း အျမဲရွိမယ္ဆိုရင္ ဘယ္ေလာက္မိုက္မလဲေနာ္။

ဒီတစ္ပတ္မွာေတာ့ အခရာကေနၿပီး စာဖတ္သူေတြအတြက္ ေစ်း၀ယ္ယူရာမွာ မရွိမျဖစ္ ေဆာင္ထားသင့္တဲ့ Application တစ္ခုကုိ မိတ္ဆက္ေပးခ်င္ပါတယ္။ သူကေတာ့ City Rewards Application ပါ။

City Rewards ကို City Mart Holding Co., Ltd. (CMHL) ကေန ဖန္တီးထားတာျဖစ္ပါတယ္။ CMHL ဆိုတာကေတာ့ အခရာစာဖတ္သူတို႔ အားေပးေနက် City Mart Supermarket ၊ Ocean Supercenter ၊ marketplace by City Mart ၊ Seasons Bakery & Café ၊ Seasons Bistro ၊ City Care ၊ City Baby Club ၊ City Books & Music ၊ Safari Bookstore စတဲ့လက္လီအေရာင္းဆိုင္မ်ားစြာရဲ့ မိခင္ကုမၸဏီၾကီးျဖစ္ပါတယ္။ လက္ရွိမွာ City Rewards ကို CMHL လက္ေအာက္မွာရွိတဲ့ဆိုင္ခြဲေပါင္း (၂၀၀)ေက်ာ္မွာ စတင္အသံုးျပဳႏိုင္ျပီး မၾကာခင္မွာ အျခားဆက္စပ္လုပ္ငန္းေတြ၊ လုပ္ေဆာင္ခ်က္ေတြပါ ပါ၀င္လာမွာပါ။

  • ေစ်း၀ယ္တိုင္း ပြိဳင့္ေတြျပန္ရႏိုင္မယ္။ အဲဒီပိြဳင့္ေလးေတြ စုထားျပီး ေစ်းျပန္၀ယ္လို႔ရမယ္။
  • City Rewards account ထဲ ေငြထည့္ထားျပီး ဆက္စပ္လုပ္ငန္းေတြမွာ ေစ်း၀ယ္ႏိုင္မယ္။

ဒါေတြကေတာ့ ေစ်း၀ယ္သူအေတာ္မ်ားမ်ားလည္း သိထားျပီး ျဖစ္မယ္ထင္တယ္။ ဒီေတာ့ အခရာက လူသိပ္မသိၾကေသးတဲ့ အခ်က္ေလးေတြကိုလည္း ေျပာျပေပးခ်င္ပါတယ္။

City Rewards ကို iOS ေရာ Android ေရာမွာ အသံုးျပဳလို႔ရပါတယ္။ အသံုးျပဳတဲ့အခါ ဘာသာစကားကို English ၊  Zawgyi ၊ Unicode သံုးမ်ိဳးနဲ႔ အဆင္ေျပရာ အသံုးျပဳႏိုင္ပါတယ္။ Register လုပ္ရာမွာ ဖုန္းထဲက App ကို ၀င္ဖို႔ Password ရယ္ ၊ ျပီးေတာ့ City Rewards နဲ႔ ေစ်း၀ယ္တဲ့အခါ ေငြရွင္းေကာင္တာမွာ ရိုက္ထည့္ရမယ့္ PIN နံပါတ္ရယ္ သတ္မွတ္ရပါတယ္။ ဒီလို Password ခံထားတဲ့အတြက္ ကိုယ့္ဖုန္း ေပ်ာက္သြားရင္ေတာင္ App ထဲ မ၀င္ႏိုင္ေတာ့ ကိုယ့္ရဲ့ ပိြဳင့္ေတြ City Cash ေတြကို ကာကြယ္ျပီးသား ျဖစ္မွာပါ။ PIN ကို မသိရင္လည္း City Cash ေတြ ပြိဳင့္ေတြနဲ႔ ဆိုင္မွာေငြရွင္းလို႔ မရႏိုင္ပါဘူး။ ဒီလို Security အဆင့္ဆင့္ ခံထားတာျဖစ္လို႔ ထည့္ထားတဲ့ Cash ေတြ စုထားတဲ့ပြိဳင့္ေတြအတြက္ ပူစရာမလိုဘူးေပါ့။

Account ဖြင့္ျပီးျပီဆိုရင္ေတာ့ App ကို ဖြင့္လိုက္တာနဲ႔ ကတ္ဒ္ပံုစံေလးရဲ့ေအာက္မွာ ကိုယ့္ရဲ့ လက္က်န္ေငြသား၊ စုထားတဲ့ ပြိဳင့္ေတြကို တန္းေတြ႕ေနရမွာပါ။ ေစ်း၀ယ္လို႔ ပြိဳင့္ရတာနဲ႔ ခ်က္ခ်င္းျပန္စစ္လို႔ ရတာေပါ့။ Rewards ပြိဳင့္ယူတာ၊ ပြိဳင့္နဲ႔ရွင္းတာ၊ City Cash နဲ႔ ရွင္းတာ၊ ေငြသားထည့္တာ စတဲ့လုပ္ေဆာင္ခ်က္ အားလံုးအတြက္ Pay or Top Up ဆိုတာေလး တစ္ခုကိုပဲ ႏွိပ္ရမွာျဖစ္လို႔ သံုးရတာ အရမ္းရိုးရွင္းလြယ္ကူပါတယ္။ ျပီးရင္ ကိုယ့္ေစ်း၀ယ္မွတ္တမ္း ေတြကိုလည္း ဘယ္ဆိုင္မွာ ဘယ္ေလာက္သံုးျပီး ပြိဳင့္ဘယ္္ေလာက္ရခဲ့လဲ ျပန္ၾကည့္ႏိုင္သလို လအလိုက္လည္း စုစည္း ေဖာ္ျပေပးထားတဲ့အတြက္ တစ္လခ်င္းအသံုးစရိတ္ကို ျပန္ၾကည့္ျပီး စီမံခန္႔ခြဲဖို႔ အသံုးတည့္ႏိုင္ပါတယ္။

Payment ပိုင္းမွာလည္း Convenient ျဖစ္ခ်က္က ေငြသားရယ္ ၊ City Cash ရယ္ ၊ ပြိဳင့္ရယ္ ေရာသမေမႊျပီး အဆင္ေျပသလို ေငြေပးေခ်လို႔လည္း ရတယ္ေလ။ ကိုယ့္မွာ ေစ်း၀ယ္ရင္း ေငြသားကနည္းနည္း ပြိဳင့္ကနည္းနည္း City Cash က နည္းနည္းနဲ႔ ဟိုမေလာက္ ဒီမေလာက္ျဖစ္ေနခဲ့ရင္ ၾကိဳက္ရာ ၂မ်ိဳး၊ ၃မ်ိဳး ကိုအဆင္ေျပသလို တြဲစပ္ရွင္းလို႔ရတယ္။ ဒါမ်ိဳးကေတာ့ ျမန္မာျပည္မွာ တကယ့္ကို ဦးဦးဖ်ားဖ်ားလို႔ ေျပာရမယ့္ ေငြေပးေခ်မႈ ပံုစံမ်ိဳးပဲဗ်။ ေငြတစ္ေထာင္ကေန ၁၀ သိန္းအထိထည့္ထားျပီး သံုးလို႔ရတယ္ဆိုေတာ့ ပိုက္ဆံအိတ္ ခဏခဏေပ်ာက္တတ္ ေမ့က်န္တတ္သူေတြ၊ ပိုက္ဆံအိတ္ေတြ အမ်ားၾကီးသယ္ျပီး ေလွ်ာက္မသြားခ်င္တဲ့ သူေတြအတြက္ကေတာ့ အေတာ္ပဲေပါ့။ ေငြထည့္သြင္းဖို႔ကိုေတာ့ City Mart ၊ marketplace ၊ Ocean ဆိုင္ေတြမွာရွိတဲ့ Customer Service Counter မွာ ထည့္သြင္းႏိုင္ပါတယ္။ အိမ္အတြက္လိုတာေလးေတြ ၀ယ္မလား၊ ေကာ္ဖီဆိုင္ထိုင္မလား၊ စာအုပ္ေတြ သီခ်င္းေခြေတြ၀ယ္မလား Application ေလးတစ္ခုနဲ႔တင္ အဆင္ေျပျပီးသားပဲ။

ဒီေတာ့ Mobile ဖုန္းထဲမွာ Application ေလးတစ္ခုရွိရံုနဲ႔ ေငြသားေတြ ကိုင္စရာမလိုဘဲ စမတ္က်က် သာသာယာယာ ေစ်း၀ယ္ထြက္လို႔ မုန္႔စားလို႔ ရျပီေပါ့။ တကယ္လို႔မ်ား ဖုန္း Application အေနနဲ႔ အသံုးျပဳရတာ အဆင္မေျပတဲ့သူေတြက Card နဲ႔လည္း သံုးလို႔ ရေသးတယ္။ အထူးသျဖင့္ လူၾကီးပိုင္းေတြေပါ့၊  Card သံုးမယ္ ဆိုရင္ေတာ့ ၃၀၀၀ က်ပ္ေပးရမွာ ျဖစ္ျပီး Application ကေတာ့ လံုး၀ အခမဲ့ ပါ။ App မွာ ရႏိုင္တဲ့ လုပ္ေဆာင္ခ်က္ေတြ အားလံုးေတာ့ Card မွာ ရႏိုင္မွာ မဟုတ္ပါဘူး။ ပြိဳင့္စုတာ၊ ပြိဳင့္နဲ႔ေပးေခ်တာ၊ City Cash ထည့္ထားျပီး City Rewards အသံုးျပဳလို႔ရတဲ့ ေနရာေတြမွာ ေငြေပးေခ်တာေတြေလာက္ပဲ သံုးႏိုင္မွာပါ။ App ကလည္း သံုးရတာ လြယ္လြယ္ေလးဆိုေတာ့ အခရာကေတာ့ App ကိုပဲ သံုးၾကည့္ဖို႔ အၾကံေပးခ်င္ပါတယ္။ ေနာက္ပိုင္းမွာလည္း နည္းပညာျမင့္ ေစ်း၀ယ္သူအေျချပဳ သီးသန္႔၀န္ေဆာင္မႈေတြကို ေစ်း၀ယ္သူ တစ္ဦးခ်င္းစီအလိုက္ ဖန္တီးေပးလာႏိုင္မယ္လို႔ ဆိုထားတဲ့အတြက္ ဒီထက္ပိုမိုေကာင္းမြန္တဲ့ ၀န္ေဆာင္မႈေတြ လုပ္ေဆာင္ခ်က္ေတြနဲ႔ ဘယ္လိုမ်ား ဆက္ျပီး အဆင့္ျမွင့္သြားမလဲ စိတ္၀င္စားစရာပါ။ အခရာ စာဖတ္သူေတြအတြက္ ေန႔စဥ္ဘ၀မွာ အက်ိဳးရွိႏိုင္မယ့္ Application ေလးျဖစ္လို႔ မိတ္ဆက္ေပးလိုက္ရျခင္းပါ။

City Rewards ကို စမတ္ဖုန္းေတြမွာ အလြယ္တကူ Download လုပ္ႏုိင္ပါတယ္။ (Android အတြက္ ဒီမွာ iOS အတြက္ ဒီမွာ Download လုပ္ပါ)။ City Rewards သံုးရတာ ျဖစ္ျဖစ္ Registration လုပ္ရတာျဖစ္ျဖစ္ အခက္အခဲေတြရွိခဲ့ရင္ေတာ့ CMHL လက္ေအာက္က ဆိုင္ခြဲေတြမွာေသာ္လည္းေကာင္း City Rewards Customer Care Hotline – ၀၉၉၇၂၉၉၇၂၇၂ သို႔လည္းေကာင္း ဆက္သြယ္ေမးျမန္းႏိုင္ပါတယ္။ အေသးစိတ္အခ်က္အလက္ေတြကို www.cityrewards.com.mm မွာလည္း ၀င္ေရာက္ၾကည့္ရႈလို႔ရပါတယ္။

အခရာ (www.akhayar.com)

[Unicode]

အခရာက ရွေးချယ်လိုက်တဲ့ App (သို့) City Rewards Application

ဈေးဝယ်ထွက်ခြင်းက အခရာ စာဖတ်သူများနဲ့ စိမ်းတဲ့အရာတစ်ခုတော့ မဟုတ်လောက်ဘူးနော်။ ဈေးဝယ်တဲ့အခါ ကိုယ်လိုချင်တဲ့ ကုန်ပစ္စည်းအတွက် ငွေတန်ဖိုးတစ်ခုပေးချေရပြီး ပေးချေတဲ့တန်ဖိုးနဲ့ ညီမျှတဲ့ ကုန်ပစ္စည်းကို ရနိုင်ပါတယ်။ တစ်ခါတစ်ရံ Discount ချတာမျိုး ၊ ပရိုမိုးရှင်းရှိတာမျိုးဆိုရင်တော့ အပိုဆောင်းရတာပေါ့။ ဒီလို Discount/ ပရိုမိုးရှင်းတွေက အမြဲလိုလိုရှိကြပေမယ့် ကိုယ်လိုချင်/ လိုအပ်နေတဲ့ ပစ္စည်းမဟုတ်၊ ကိုယ်လိုအပ်မယ့်အချိန်မှာ ရတာမဟုတ်ရင်လည်း ကိုယ့်အတွက် အကျိုးမရှိပြန်ဘူး။ ကိုယ်ဈေးဝယ်တိုင်းလည်း Rewards တွေ အမြဲတမ်း ပြန်ရမယ်၊ ကိုယ့်အကြိုက် ကိုယ့်လိုအပ်ချက်တွေအလိုက် ပရိုမိုးရှင်းတွေလည်း အမြဲရှိမယ်ဆိုရင် ဘယ်လောက်မိုက်မလဲနော်။

ဒီတစ်ပတ်မှာတော့ အခရာကနေပြီး စာဖတ်သူတွေအတွက် ဈေးဝယ်ယူရာမှာ မရှိမဖြစ် ဆောင်ထားသင့်တဲ့ Application တစ်ခုကို မိတ်ဆက်ပေးချင်ပါတယ်။ သူကတော့ City Rewards Application ပါ။

City Rewards ကို City Mart Holding Co., Ltd. (CMHL) ကနေ ဖန်တီးထားတာဖြစ်ပါတယ်။ CMHL ဆိုတာကတော့ အခရာစာဖတ်သူတို့ အားပေးနေကျ City Mart Supermarket ၊ Ocean Supercenter ၊ marketplace by City Mart ၊ Seasons Bakery & Café ၊ Seasons Bistro ၊ City Care ၊ City Baby Club ၊ City Books & Music ၊ Safari Bookstore စတဲ့လက်လီအရောင်းဆိုင်များစွာရဲ့ မိခင်ကုမ္ပဏီကြီးဖြစ်ပါတယ်။ လက်ရှိမှာ City Rewards ကို CMHL လက်အောက်မှာရှိတဲ့ဆိုင်ခွဲပေါင်း (၂၀၀)ကျော်မှာ စတင်အသုံးပြုနိုင်ပြီး မကြာခင်မှာ အခြားဆက်စပ်လုပ်ငန်းတွေ၊ လုပ်ဆောင်ချက်တွေပါ ပါဝင်လာမှာပါ။

  • ဈေးဝယ်တိုင်း ပွိုင့်တွေပြန်ရနိုင်မယ်။ အဲဒီပွိုင့်လေးတွေ စုထားပြီး ဈေးပြန်ဝယ်လို့ရမယ်။
  • City Rewards account ထဲ ငွေထည့်ထားပြီး ဆက်စပ်လုပ်ငန်းတွေမှာ ဈေးဝယ်နိုင်မယ်။

ဒါတွေကတော့ ဈေးဝယ်သူအတော်များများလည်း သိထားပြီး ဖြစ်မယ်ထင်တယ်။ ဒီတော့ အခရာက လူသိပ်မသိကြသေးတဲ့ အချက်လေးတွေကိုလည်း ပြောပြပေးချင်ပါတယ်။

City Rewards ကို iOS ရော Android ရောမှာ အသုံးပြုလို့ရပါတယ်။ အသုံးပြုတဲ့အခါ ဘာသာစကားကို English ၊  Zawgyi ၊ Unicode သုံးမျိုးနဲ့ အဆင်ပြေရာ အသုံးပြုနိုင်ပါတယ်။ Register လုပ်ရာမှာ ဖုန်းထဲက App ကို ဝင်ဖို့ Password ရယ် ၊ ပြီးတော့ City Rewards နဲ့ ဈေးဝယ်တဲ့အခါ ငွေရှင်းကောင်တာမှာ ရိုက်ထည့်ရမယ့် PIN နံပါတ်ရယ် သတ်မှတ်ရပါတယ်။ ဒီလို Password ခံထားတဲ့အတွက် ကိုယ့်ဖုန်း ပျောက်သွားရင်တောင် App ထဲ မဝင်နိုင်တော့ ကိုယ့်ရဲ့ ပွိုင့်တွေ City Cash တွေကို ကာကွယ်ပြီးသား ဖြစ်မှာပါ။ PIN ကို မသိရင်လည်း City Cash တွေ ပွိုင့်တွေနဲ့ ဆိုင်မှာငွေရှင်းလို့ မရနိုင်ပါဘူး။ ဒီလို Security အဆင့်ဆင့် ခံထားတာဖြစ်လို့ ထည့်ထားတဲ့ Cash တွေ စုထားတဲ့ပွိုင့်တွေအတွက် ပူစရာမလိုဘူးပေါ့။

Account ဖွင့်ပြီးပြီဆိုရင်တော့ App ကို ဖွင့်လိုက်တာနဲ့ ကတ်ဒ်ပုံစံလေးရဲ့အောက်မှာ ကိုယ့်ရဲ့ လက်ကျန်ငွေသား၊ စုထားတဲ့ ပွိုင့်တွေကို တန်းတွေ့နေရမှာပါ။ ဈေးဝယ်လို့ ပွိုင့်ရတာနဲ့ ချက်ချင်းပြန်စစ်လို့ ရတာပေါ့။ Rewards ပွိုင့်ယူတာ၊ ပွိုင့်နဲ့ရှင်းတာ၊ City Cash နဲ့ ရှင်းတာ၊ ငွေသားထည့်တာ စတဲ့လုပ်ဆောင်ချက် အားလုံးအတွက် Pay or Top Up ဆိုတာလေး တစ်ခုကိုပဲ နှိပ်ရမှာဖြစ်လို့ သုံးရတာ အရမ်းရိုးရှင်းလွယ်ကူပါတယ်။ ပြီးရင် ကိုယ့်ဈေးဝယ်မှတ်တမ်း တွေကိုလည်း ဘယ်ဆိုင်မှာ ဘယ်လောက်သုံးပြီး ပွိုင့်ဘယ်လောက်ရခဲ့လဲ ပြန်ကြည့်နိုင်သလို လအလိုက်လည်း စုစည်း ဖော်ပြပေးထားတဲ့အတွက် တစ်လချင်းအသုံးစရိတ်ကို ပြန်ကြည့်ပြီး စီမံခန့်ခွဲဖို့ အသုံးတည့်နိုင်ပါတယ်။

Payment ပိုင်းမှာလည်း Convenient ဖြစ်ချက်က ငွေသားရယ် ၊ City Cash ရယ် ၊ ပွိုင့်ရယ် ရောသမမွှေပြီး အဆင်ပြေသလို ငွေပေးချေလို့လည်း ရတယ်လေ။ ကိုယ့်မှာ ဈေးဝယ်ရင်း ငွေသားကနည်းနည်း ပွိုင့်ကနည်းနည်း City Cash က နည်းနည်းနဲ့ ဟိုမလောက် ဒီမလောက်ဖြစ်နေခဲ့ရင် ကြိုက်ရာ ၂မျိုး၊ ၃မျိုး ကိုအဆင်ပြေသလို တွဲစပ်ရှင်းလို့ရတယ်။ ဒါမျိုးကတော့ မြန်မာပြည်မှာ တကယ့်ကို ဦးဦးဖျားဖျားလို့ ပြောရမယ့် ငွေပေးချေမှု ပုံစံမျိုးပဲဗျ။ ငွေတစ်ထောင်ကနေ ၁၀ သိန်းအထိထည့်ထားပြီး သုံးလို့ရတယ်ဆိုတော့ ပိုက်ဆံအိတ် ခဏခဏပျောက်တတ် မေ့ကျန်တတ်သူတွေ၊ ပိုက်ဆံအိတ်တွေ အများကြီးသယ်ပြီး လျှောက်မသွားချင်တဲ့ သူတွေအတွက်ကတော့ အတော်ပဲပေါ့။ ငွေထည့်သွင်းဖို့ကိုတော့ City Mart ၊ marketplace ၊ Ocean ဆိုင်တွေမှာရှိတဲ့ Customer Service Counter မှာ ထည့်သွင်းနိုင်ပါတယ်။ အိမ်အတွက်လိုတာလေးတွေ ဝယ်မလား၊ ကော်ဖီဆိုင်ထိုင်မလား၊ စာအုပ်တွေ သီချင်းခွေတွေဝယ်မလား Application လေးတစ်ခုနဲ့တင် အဆင်ပြေပြီးသားပဲ။

ဒီတော့ Mobile ဖုန်းထဲမှာ Application လေးတစ်ခုရှိရုံနဲ့ ငွေသားတွေ ကိုင်စရာမလိုဘဲ စမတ်ကျကျ သာသာယာယာ ဈေးဝယ်ထွက်လို့ မုန့်စားလို့ ရပြီပေါ့။ တကယ်လို့များ ဖုန်း Application အနေနဲ့ အသုံးပြုရတာ အဆင်မပြေတဲ့သူတွေက Card နဲ့လည်း သုံးလို့ ရသေးတယ်။ အထူးသဖြင့် လူကြီးပိုင်းတွေပေါ့၊  Card သုံးမယ် ဆိုရင်တော့ ၃၀၀၀ ကျပ်ပေးရမှာ ဖြစ်ပြီး Application ကတော့ လုံး၀ အခမဲ့ ပါ။ App မှာ ရနိုင်တဲ့ လုပ်ဆောင်ချက်တွေ အားလုံးတော့ Card မှာ ရနိုင်မှာ မဟုတ်ပါဘူး။ ပွိုင့်စုတာ၊ ပွိုင့်နဲ့ပေးချေတာ၊ City Cash ထည့်ထားပြီး City Rewards အသုံးပြုလို့ရတဲ့ နေရာတွေမှာ ငွေပေးချေတာတွေလောက်ပဲ သုံးနိုင်မှာပါ။ App ကလည်း သုံးရတာ လွယ်လွယ်လေးဆိုတော့ အခရာကတော့ App ကိုပဲ သုံးကြည့်ဖို့ အကြံပေးချင်ပါတယ်။ နောက်ပိုင်းမှာလည်း နည်းပညာမြင့် ဈေးဝယ်သူအခြေပြု သီးသန့်ဝန်ဆောင်မှုတွေကို ဈေးဝယ်သူ တစ်ဦးချင်းစီအလိုက် ဖန်တီးပေးလာနိုင်မယ်လို့ ဆိုထားတဲ့အတွက် ဒီထက်ပိုမိုကောင်းမွန်တဲ့ ဝန်ဆောင်မှုတွေ လုပ်ဆောင်ချက်တွေနဲ့ ဘယ်လိုများ ဆက်ပြီး အဆင့်မြှင့်သွားမလဲ စိတ်ဝင်စားစရာပါ။ အခရာ စာဖတ်သူတွေအတွက် နေ့စဉ်ဘဝမှာ အကျိုးရှိနိုင်မယ့် Application လေးဖြစ်လို့ မိတ်ဆက်ပေးလိုက်ရခြင်းပါ။

City Rewards ကို စမတ်ဖုန်းတွေမှာ အလွယ်တကူ Download လုပ်နိုင်ပါတယ်။ (Android အတွက် ဒီမှာ iOS အတွက် ဒီမှာ Download လုပ်ပါ)။ City Rewards သုံးရတာ ဖြစ်ဖြစ် Registration လုပ်ရတာဖြစ်ဖြစ် အခက်အခဲတွေရှိခဲ့ရင်တော့ CMHL လက်အောက်က ဆိုင်ခွဲတွေမှာသော်လည်းကောင်း City Rewards Customer Care Hotline – ၀၉၉၇၂၉၉၇၂၇၂ သို့လည်းကောင်း ဆက်သွယ်မေးမြန်းနိုင်ပါတယ်။ အသေးစိတ်အချက်အလက်တွေကို www.cityrewards.com.mm မှာလည်း ဝင်ရောက်ကြည့်ရှုလို့ရပါတယ်။

အခရာ (www.akhayar.com)