[Zawgyi]

ဒီဘားလား (Dybala) ျပန္လာၿပီ

ဒီဘားလား (Dybala) ျပန္လာၿပီ။ ဒီသတင္းစကားဟာ ဂ်ဴဗင္တပ္စ္အသင္းအတြက္ ေပ်ာ္ရႊင္ဖြယ္ရာ၊ လက္ရွိရာသီမွာ ဒီဘားလားဟာ ဂ်ဴဗင္တပ္စ္တုိက္စစ္ရဲ႕ ထက္ျမက္ေသာအဆင္တန္ဆာပါပဲ။ ၿပီးခဲ့ေသာ ဇန္န၀ါရီလမွာ တံေကာက္ေၾကာဒဏ္ရာျပႆနာဟာ ဒီဘားလားကို ျမက္ခင္းစိမ္းေတြရဲ႕ ေ၀းရာကို ဆြဲေခၚသြားပါတယ္။ ဒီဘားလားမရွိခ်ိန္ ဂ်ဴဗင္တပ္စ္ ဘာေတြေျပာင္းလဲသြားလဲဆိုရင္ ပ်မ္းမွ်သြင္းဂိုးပမာဏပါပဲ။ ဒီဘားလားမကစားႏုိင္ခဲ့တဲ့ (၅)ပြဲမွာ ဆာဆူအိုလုိကို (၇-၀)ဂိုးနဲ႔ ဂိုးျပတ္အႏုိင္ရခဲ့တာကလြဲလို႔ ဂ်ဴဗင္တပ္စ္တုိက္စစ္ဟာ (၂)ဂိုးထက္ပိုမသြင္းႏုိင္ခဲ့ပါဘူး။ ဒါဟာ ျခားနားျခင္းတစ္ခုဆိုတာ ေသခ်ာေနတာပဲ။

ဒီရာသီမွာ ဒီဘားလားေျခစြမ္းမျပႏုိင္တဲ့ပြဲေတြ မရွိဘူးမဟုတ္ဘူး။ ရွိခဲ့ပါတယ္။ အထူးသျဖင့္ ခ်န္ပီယံလိဂ္မွာေပါ့။ ဂ်ဴဗင္တပ္စ္ရဲ႕ ႏုပ်ဳိေသာတုိက္စစ္လူသားဟာ ခ်န္ပီယံလိဂ္မွာ ဂိုးမိုးေခါင္ခဲ့ပါတယ္။ အုပ္စုပြဲစဥ္ (၆)ပြဲမွာ (၁)ဂိုးမွ  မသြင္းႏုိင္ခဲ့ပါဘူး။ Performance Rating မ်ားဟာလည္း စိတ္ပ်က္စရာေကာင္းခဲ့ပါတယ္။ ဒါေပမဲ့ စီးရီးေအမွာ ဒီဘားလားက သြင္းဂိုးေတြနဲ႔ ခမ္းနားေနပါတယ္။ စီးရီးေအ (၁၉)ပြဲကစားထားရမွာ (၁၄)ဂိုးးသြင္းႏုိင္ခဲ့တယ္။ သြင္းဂိုးေတြသာမကဘဲ တုိက္စစ္အခင္းအက်င္းေတြကို ကူညီေပးတဲ့ မွတ္တမ္းမွတ္ရာေတြကလည္း ေကာင္းမြန္ေနပါတယ္။ ဒီဘားလားရဲ႕ Total Chances Created  အႀကိမ္(၃၀)ရွိခဲ့ၿပီး ေဘာလံုးေပးပို႔မႈတိက်မႈရာခုိင္ႏႈန္းဟာ (၈၆)ရာခိုင္ႏႈန္းရွိခဲ့ပါတယ္။ ဒါဟာ ဒီဘားလားရဲ႕ တုိက္စစ္တန္ဖိုးအညႊန္းကိန္းမ်ားပါပဲ။ ဒါဟာ ဒီဘားလားရဲ႕ တန္ဖိုးမ်ားကို လစ္ဟျပသျခင္းပါပဲ။

ဒီဘားလားျပန္ကစားႏုိင္ပါေတာ့မယ္

ဒီဘားလားျပန္ကစားႏုိင္ပါေတာ့မယ္

အခုဒီဘားလား ျပန္လာေတာ့မယ္။ သူျပန္လာခ်ိန္ဟာ ဂ်ဴဗင္တပ္စ္ရဲ႕ အေရးႀကီးကာလျဖစ္ေနတယ္။ ဒီညကစားမယ့္ တုိရီႏိုနဲ႔ တူရင္ဒါဘီမွာသူျပန္လာတာဟာ စပါးကို ခ်န္ပီယံလိဂ္အိမ္ကြင္းပြဲမွာ သေရသာကစားႏုိင္ၿပီး စိတ္ပုိင္းဆုိင္ရာထိခိုက္မႈအနည္းငယ္ရွိေနေပမယ့္ ဂ်ဴဗင္တပ္စ္အတြက္ စိတ္ဓာတ္ဆာပါပဲ။  ဒီဘားလားျပန္လာမယ္ဆုိတဲ့သတင္းကို ၾကားၾကားခ်င္းပဲ အသင္းေဖာ္ေနာက္ခံလူ ဆန္ဒ႐ို (Sandro) က “ သူျပန္ကစားႏုိင္တာဟာ သိပ္အေရးပါတာေပါ့၊ ကၽြန္ေတာ္တို႔အသင္းရဲ႕ အရည္အေသြးကို ျမင့္တက္ေစပါလိမ့္မယ္။ တိုရီႏိုက (၅)ပြဲဆက္ ႏုိင္ထားၿပီး ဦးေမာ့ေနပါတယ္။ ကၽြန္ေတာ္တို႔ကို ႐ုပ္ပိုင္းဆုိင္ရာသန္မာမႈနဲ႔ ဖိအားေပးႏုိင္တဲ့အသင္းမ်ဳိး၊ တစ္ဦးခ်င္းစြမ္းရည္ေကာင္းမြန္သူေတြလည္း ရွိေနတယ္” လို႔ ေျပာခဲ့ပါတယ္။

စီးရီးေအကို တစ္ေက်ာ့ျပန္ေရာက္လာၿပီး မ်က္ႏွာပန္းလွေနသူ တိုရီႏုိအသင္းနည္းျပ မက္ဇာရီ (Mazzarri) က တူရင္ဒါဘီရဲ႕ ခက္ခဲမႈအႏွစ္သာရကို အေကာင္းဆံုးတု႔ံျပန္ၿပီး သူတို႔ရဲ႕ တည္ၿငိမ္မႈကို ဆက္လက္ထိန္းသိမ္းရမယ္လို႔ ႏႈိးေဆာ္ထားပါတယ္။ တူရင္ဒါဘီဟာ သမုိင္းအစဥ္အလာအရ ခက္ခဲျပင္းထန္တတ္ပါတယ္။ ဂ်ဴဗင္တပ္စ္ဟာ ေနာက္ပိုင္းႏွစ္ေတြမွာ တုိရီႏိုကို စိုးမိုးႏုိင္ခဲ့တယ္။ တုိရီႏုိနဲ႔ အဆင့္အတန္းခ်င္းကြာျခားေနတယ္ဆိုေပမယ့္ ဒါဘီၿပိဳင္ပြဲေတြရဲ႕ ထံုးစံအတုိင္း ေပါ့ဆခြင့္အမ်ားႀကီးမရွိပါဘူး။ ဒီဘားလားဟာ တူရင္ဒါဘီအမီျပန္လာခဲ့ၿပီ။ သူ႕တန္ဖိုးေတြ ခင္းက်င္းႏုိင္ဦးမလား၊ ဒဏ္ရာလူသားကေန သူရဲေကာင္းဘ၀ကို အလ်င္အျမန္ျပန္ေရာက္လာမလား။

August(Akhayar)

www.akhayar.com

Facebook လူမႈကြန္ရက္ေပၚတြင္တင္ဆက္ေနသည့္ စာမ်က္ႏွာမ်ားတြင္ အခရာမွတင္ဆက္ထားသည့္ ေဆာင္းပါးမ်ား၊ သတင္းမ်ားကို ခြင့္ျပဳခ်က္ တစ္စုံတစ္ရာ ရယူထားျခင္းမရွိဘဲ စီးပြားျဖစ္ ကူးယူသုံးစြဲေနသည္မ်ားကို ေတြ႕ရွိေနရပါသည္။ အခရာစာမ်က္ႏွာအား တစ္ဦးတစ္ေယာက္ခ်င္း ေဝမွ်သည္ကို အသိအမွတ္ျပဳေက်းဇူးတင္ေသာ္လည္း စီပြားျဖစ္တည္ေထာင္ထားသည့္ စာမ်က္ႏွာမ်ား၊ ဝက္ဘ္ဆိုက္မ်ားတြင္ ကူးယူတင္ဆက္ေနသည္မ်ားကိုမူ ျပင္းထန္စြာကန႔္ကြက္ပါသည္။ သို႔ျဖစ္ပါ၍ အခရာမီဒီယာမွတင္ဆက္ေနသည့္ အေၾကာင္းအရာမ်ားထဲမွ စာသားအခ်ိဳ႕ကိုျဖစ္ေစ ၊ အပုဒ္လိုက္ျဖစ္ေစ ၊ တစ္ပိုဒ္ျခင္းျဖစ္ေစ ကူးယူသုံးစြဲျခင္းမျပဳရန္ႏွင့္ ဆက္လက္ျပဳလုပ္ပါက ခိုးယူသုံးစြဲေနသည့္ စာမ်က္ႏွာမ်ားကို အမည္ႏွင့္တကြ အမ်ားသိေစရန္ေၾကညာသြားမည္ျဖစ္ၿပီး ဥပေဒအရ အေရးယူမည္ျဖစ္ေၾကာင္း သတိေပးေၾကညာအပ္ပါသည္။

[Unicode]

ဒီဘားလား (Dybala) ပြန်လာပြီ

ဒီဘားလား (Dybala) ပြန်လာပြီ။ ဒီသတင်းစကားဟာ ဂျူဗင်တပ်စ်အသင်းအတွက် ပျော်ရွှင်ဖွယ်ရာ၊ လက်ရှိရာသီမှာ ဒီဘားလားဟာ ဂျူဗင်တပ်စ်တိုက်စစ်ရဲ့ ထက်မြက်သောအဆင်တန်ဆာပါပဲ။ ပြီးခဲ့သော ဇန်နဝါရီလမှာ တံကောက်ကြောဒဏ်ရာပြဿနာဟာ ဒီဘားလားကို မြက်ခင်းစိမ်းတွေရဲ့ ဝေးရာကို ဆွဲခေါ်သွားပါတယ်။ ဒီဘားလားမရှိချိန် ဂျူဗင်တပ်စ် ဘာတွေပြောင်းလဲသွားလဲဆိုရင် ပျမ်းမျှသွင်းဂိုးပမာဏပါပဲ။ ဒီဘားလားမကစားနိုင်ခဲ့တဲ့ (၅)ပွဲမှာ ဆာဆူအိုလိုကို (၇-ဝ)ဂိုးနဲ့ ဂိုးပြတ်အနိုင်ရခဲ့တာကလွဲလို့ ဂျူဗင်တပ်စ်တိုက်စစ်ဟာ (၂)ဂိုးထက်ပိုမသွင်းနိုင်ခဲ့ပါဘူး။ ဒါဟာ ခြားနားခြင်းတစ်ခုဆိုတာ သေချာနေတာပဲ။

ဒီရာသီမှာ ဒီဘားလားခြေစွမ်းမပြနိုင်တဲ့ပွဲတွေ မရှိဘူးမဟုတ်ဘူး။ ရှိခဲ့ပါတယ်။ အထူးသဖြင့် ချန်ပီယံလိဂ်မှာပေါ့။ ဂျူဗင်တပ်စ်ရဲ့ နုပျိုသောတိုက်စစ်လူသားဟာ ချန်ပီယံလိဂ်မှာ ဂိုးမိုးခေါင်ခဲ့ပါတယ်။ အုပ်စုပွဲစဉ် (၆)ပွဲမှာ (၁)ဂိုးမှ  မသွင်းနိုင်ခဲ့ပါဘူး။ Performance Rating များဟာလည်း စိတ်ပျက်စရာကောင်းခဲ့ပါတယ်။ ဒါပေမဲ့ စီးရီးအေမှာ ဒီဘားလားက သွင်းဂိုးတွေနဲ့ ခမ်းနားနေပါတယ်။ စီးရီးအေ (၁၉)ပွဲကစားထားရမှာ (၁၄)ဂိုးးသွင်းနိုင်ခဲ့တယ်။ သွင်းဂိုးတွေသာမကဘဲ တိုက်စစ်အခင်းအကျင်းတွေကို ကူညီပေးတဲ့ မှတ်တမ်းမှတ်ရာတွေကလည်း ကောင်းမွန်နေပါတယ်။ ဒီဘားလားရဲ့ Total Chances Created  အကြိမ်(၃၀)ရှိခဲ့ပြီး ဘောလုံးပေးပို့မှုတိကျမှုရာခိုင်နှုန်းဟာ (၈၆)ရာခိုင်နှုန်းရှိခဲ့ပါတယ်။ ဒါဟာ ဒီဘားလားရဲ့ တိုက်စစ်တန်ဖိုးအညွှန်းကိန်းများပါပဲ။ ဒါဟာ ဒီဘားလားရဲ့ တန်ဖိုးများကို လစ်ဟပြသခြင်းပါပဲ။

ဒီဘားလားပြန်ကစားနိုင်ပါတော့မယ်

ဒီဘားလားပြန်ကစားနိုင်ပါတော့မယ်

အခုဒီဘားလား ပြန်လာတော့မယ်။ သူပြန်လာချိန်ဟာ ဂျူဗင်တပ်စ်ရဲ့ အရေးကြီးကာလဖြစ်နေတယ်။ ဒီညကစားမယ့် တိုရီနိုနဲ့ တူရင်ဒါဘီမှာသူပြန်လာတာဟာ စပါးကို ချန်ပီယံလိဂ်အိမ်ကွင်းပွဲမှာ သရေသာကစားနိုင်ပြီး စိတ်ပိုင်းဆိုင်ရာထိခိုက်မှုအနည်းငယ်ရှိနေပေမယ့် ဂျူဗင်တပ်စ်အတွက် စိတ်ဓာတ်ဆာပါပဲ။  ဒီဘားလားပြန်လာမယ်ဆိုတဲ့သတင်းကို ကြားကြားချင်းပဲ အသင်းဖော်နောက်ခံလူ ဆန်ဒရို (Sandro) က “ သူပြန်ကစားနိုင်တာဟာ သိပ်အရေးပါတာပေါ့၊ ကျွန်တော်တို့အသင်းရဲ့ အရည်အသွေးကို မြင့်တက်စေပါလိမ့်မယ်။ တိုရီနိုက (၅)ပွဲဆက် နိုင်ထားပြီး ဦးမော့နေပါတယ်။ ကျွန်တော်တို့ကို ရုပ်ပိုင်းဆိုင်ရာသန်မာမှုနဲ့ ဖိအားပေးနိုင်တဲ့အသင်းမျိုး၊ တစ်ဦးချင်းစွမ်းရည်ကောင်းမွန်သူတွေလည်း ရှိနေတယ်” လို့ ပြောခဲ့ပါတယ်။

စီးရီးအေကို တစ်ကျော့ပြန်ရောက်လာပြီး မျက်နှာပန်းလှနေသူ တိုရီနိုအသင်းနည်းပြ မက်ဇာရီ (Mazzarri) က တူရင်ဒါဘီရဲ့ ခက်ခဲမှုအနှစ်သာရကို အကောင်းဆုံးတုံ့ပြန်ပြီး သူတို့ရဲ့ တည်ငြိမ်မှုကို ဆက်လက်ထိန်းသိမ်းရမယ်လို့ နှိုးဆော်ထားပါတယ်။ တူရင်ဒါဘီဟာ သမိုင်းအစဉ်အလာအရ ခက်ခဲပြင်းထန်တတ်ပါတယ်။ ဂျူဗင်တပ်စ်ဟာ နောက်ပိုင်းနှစ်တွေမှာ တိုရီနိုကို စိုးမိုးနိုင်ခဲ့တယ်။ တိုရီနိုနဲ့ အဆင့်အတန်းချင်းကွာခြားနေတယ်ဆိုပေမယ့် ဒါဘီပြိုင်ပွဲတွေရဲ့ ထုံးစံအတိုင်း ပေါ့ဆခွင့်အများကြီးမရှိပါဘူး။ ဒီဘားလားဟာ တူရင်ဒါဘီအမီပြန်လာခဲ့ပြီ။ သူ့တန်ဖိုးတွေ ခင်းကျင်းနိုင်ဦးမလား၊ ဒဏ်ရာလူသားကနေ သူရဲကောင်းဘဝကို အလျင်အမြန်ပြန်ရောက်လာမလား။

August(Akhayar)

www.akhayar.com

Facebook လူမှုကွန်ရက်ပေါ်တွင်တင်ဆက်နေသည့် စာမျက်နှာများတွင် အခရာမှတင်ဆက်ထားသည့် ဆောင်းပါးများ၊ သတင်းများကို ခွင့်ပြုချက် တစ်စုံတစ်ရာ ရယူထားခြင်းမရှိဘဲ စီးပွားဖြစ် ကူးယူသုံးစွဲနေသည်များကို တွေ့ရှိနေရပါသည်။ အခရာစာမျက်နှာအား တစ်ဦးတစ်ယောက်ချင်း ဝေမျှသည်ကို အသိအမှတ်ပြုကျေးဇူးတင်သော်လည်း စီပွားဖြစ်တည်ထောင်ထားသည့် စာမျက်နှာများ၊ ဝက်ဘ်ဆိုက်များတွင် ကူးယူတင်ဆက်နေသည်များကိုမူ ပြင်းထန်စွာကန့်ကွက်ပါသည်။ သို့ဖြစ်ပါ၍ အခရာမီဒီယာမှတင်ဆက်နေသည့် အကြောင်းအရာများထဲမှ စာသားအချို့ကိုဖြစ်စေ ၊ အပုဒ်လိုက်ဖြစ်စေ ၊ တစ်ပိုဒ်ခြင်းဖြစ်စေ ကူးယူသုံးစွဲခြင်းမပြုရန်နှင့် ဆက်လက်ပြုလုပ်ပါက ခိုးယူသုံးစွဲနေသည့် စာမျက်နှာများကို အမည်နှင့်တကွ အများသိစေရန်ကြေညာသွားမည်ဖြစ်ပြီး ဥပဒေအရ အရေးယူမည်ဖြစ်ကြောင်း သတိပေးကြေညာအပ်ပါသည်။