ရန္ကုန္ကေန သူငယ္ခ်င္းေတြနဲ႔ ၂နာရီေလာက္ပဲ ကားေမာင္းၿပီး  Road Trip ထြက္ခ်င္တယ္၊ မိသားစုနဲ႔ ေန႔ခ်င္းျပန္သြားခ်င္တယ္ဆုိရင္ေတာ့ “ဝဂၤေဘာဆင္စခန္း” ကုိ သြားဖုိ႔ အၾကံေပးခ်င္ပါတယ္။

ဝဂၤေဘာ ဆင္စခန္းဟာ အရင္က သစ္ထုတ္လုပ္ေရး စခန္းေဟာင္းတစ္ခုပါ။ ယခုအစုိးရလက္ထက္မွာ သစ္ထုတ္လုပ္မႈ ဆယ္ႏွစ္ရပ္ဆုိင္းထားလုိ႔ အပန္းေျဖစခန္းအေနနဲ႔ ေျပာင္းလဲဖြင့္လွစ္ထားတာ ျဖစ္ပါတယ္။ ဝဂၤေဘာမွာရွိတဲ့ဆင္နဲ႔ ဆင္ထိန္းေတြဟာ အရင္က ပဲခူးရိုးမမွာရွိတဲ့ ထားဝယ္ဆင္စခန္းကေနေျပာင္းလာတာပါ။ ဝဂၤေဘာဆင္စခန္းကုိ ၂၀၁၆ ႏုိဝင္ဘာပထမပတ္မွာ စတင္ဖြင့္လွစ္ခဲ့ပါတယ္။

ဘယ္လိုသြားရမလဲ

ရန္ကုန္-မႏၲေလးအျမန္လမ္းမကေန မုိင္တုိင္ ၃၉ ဘုရားႀကီးလမ္းခြဲမွထြက္ၿပီး လမ္းခြဲအတုိင္း ၅မိနစ္ေလာက္ေမာင္းရံုနဲ႔ လမ္းရဲ႕ ဘယ္ဘက္အျခမ္းမွာ “ဝဂၤေဘာ ဆင္စခန္း” လုိ႔ ေရးထားပါတယ္။ အကယ္၍ ပဲခူးဘက္က လာမယ္ဆိုရင္ ဘုရားႀကီးလမ္းဆံုမွာ ဘုရားႀကီးဘက္ကိုခ်ိဳးေကြ႕ရမွာျဖစ္ၿပီး အျမန္လမ္းဘက္ကို ေမာင္းလာရမွာပါ။

ဘာေတြလုပ္လို႔ရလဲ

ဒီဆင္စခန္းကုိ က်ဳိက္ထီးရုိးဘုရား ေန႔ခ်င္းျပန္သြားဖူးရင္းနဲ႔ ေတြ႕ခဲ့တာပါ။ ကြၽန္ေတာ္သြားတဲ့ အခ်ိန္တုန္းက ညေနပိုင္းျဖစ္လို႔ ဆင္ေတြ ညေနေရဆင္းခ်ိန္ျဖစ္ပါတယ္။ ေခ်ာင္းထဲေရာက္ဖုိ႔ ကားပါကင္ကေန ၁၅မိနစ္ေလာက္ လမ္းေလွ်ာက္ရပါတယ္။ ဆင္ထိန္းေတြနဲ႔အတူ ဆင္ေတြကုိ ေခ်ာင္းထဲမွာ ေရခ်ဳိးေပးလုိ႔ရပါတယ္။ သြားတုန္းက တစ္လသားဆင္ေပါက္ေလးတစ္ေကာင္ရွိၿပီး လူေတြနဲ႔ ေတာ္ေတာ္ယဥ္ပါးပါတယ္။

ဝဂၤေဘာကုိ နံနက္ေစာေစာသြားမယ္ဆုိရင္ ဆင္ေတြ ေရခ်တာနဲ႔ ဆင္ျပပြဲေတြပါ ၾကည့္လုိ႔ရပါတယ္။ ဆင္ျပပြဲအၿပီး ဆင္စီးႏုိင္သလုိ အစာလဲေကြၽးလုိ႔ရပါတယ္။ အသစ္ေရာက္ေနတဲ့ လသားအရြယ္ ဆင္သားေပါက္ေလးကို ေကၽြးဖို႔ အလွဴေငြမ်ား လိုအပ္တဲ့အတြက္ ကိုယ္တတ္ႏိုင္သေလာက္ လွဴဒါန္းခဲ့ဖို႔လည္း တိုက္တြန္းလိုပါတယ္။ ေန႔လည္ပုိင္းေတြမွာေတာ့ ဆင္ေတြကုိ စားက်က္ထဲမွာ လႊတ္ထားပါတယ္။ စိတ္ဝင္စားတဲ့သူေတြအတြက္ အဖုိးအခအပုိေပးစရာမလုိပဲ စခန္းမႈးေတြက လုိက္ျပေပးပါတယ္။

အစားအေသာက္

ဆင္စခန္းကုိ မိသားစုလုိက္ နံနက္ထဲကသြားရင္ ၅ေယာက္နဲ႔အထက္ဆုိ ေန႔လည္စာခ်က္ေပးပါတယ္။ ၾကက္ကာလသား၊ အရြက္ေၾကာ္၊ ငပိရည္တို႔စရာ အစံုပါဝင္ပါတယ္။ တစ္ေယာက္ကုိ ၄၅၀၀ ေပးရၿပီး ဆင္ဦးစီးေတြပဲ ခ်က္ေပးတာပါ။ ႀကိဳဖုန္းဆက္ဖို႔ေတာ့လိုပါတယ္။

ညအိပ္ညေန

အေဆာင္ေတြရွိတယ္ဆိုေပမဲ့ ညအိပ္သြားတဲ့ ခရီးသြားေတာ့နည္းပါတယ္။ ပဲခူးနဲ႔လည္းနီးေတာ့ ပဲခူးမွာ ျပန္အိပ္ရင္ေတာ့ပို အဆင္ေျပပါတယ္။ ပဲခူးက ဟိုတယ္ေတြ Booking တင္ခ်င္ရင္ေတာ့ lodggy.com (09 4444 38366) ကိုဆက္သြယ္ၿပီး စီစဥ္ႏိုင္ပါတယ္။

အျခားဘယ္ကိုဆက္သြားမလဲ

ဆင္စခန္းအျပန္မွာ ပဲခူးဝင္ၿပီး ေရႊေမာ္ေဓါ၊ ကမာၻဇသာတီ နန္းေတာ္စတာေတြ ဝင္လည္ႏိုင္သလို က်ိဳက္ထိုဘက္ဆက္သြားၿပီး စိမ္းလဲ့တင္ အပန္းေျဖစခန္းမွာ အျမင့္ေပ ၇၀ ေလာက္ကေန Quick Jump အလြတ္အျမန္ခုန္ရတာ၊ Skate Parkမွာ စကိတ္စီးတာ၊ Zip-Line ေကာင္းကင္ႀကဳိးစီးတာ၊ Rope Course ႀကဳိးတန္းလမ္းေလွ်ာက္တာနဲ႔ Rock Climbing ေက်ာက္ေတာင္အျမင့္ကို တြယ္တက္ရတာ စတဲ့ စြန္႔စားရတဲ့ အေပ်ာ္တမ္း ကစားနည္းေတြ ကစားႏိုင္မွာျဖစ္ပါတယ္။

ဝင္ခြင့္ :

တစ္ေယာက္               – ၁၀၀၀ က်ပ္

ဆင္စီးခ တစ္ေယာက္ – ၅၀၀၀က်ပ္

Lodggy.com ဟာ Hotel Booking Website တစ္ခုျဖစ္ၿပီး ျမန္မာျပည္အႏွံ႔ ၿမိဳ႕မ်ားမွာ တည္းခိုရန္အတြက္ Booking တင္ႏိုင္ပါတယ္။ Booking တင္ဖို႔ 09 4444 38366 ကိုဆက္သြယ္ႏိုင္ပါၿပီ။

(Unicode)

ရန်ကုန်ကနေ သူငယ်ချင်းတွေနဲ့ ၂နာရီလောက်ပဲ ကားမောင်းပြီး Road Trip ထွက်ချင်တယ်၊ မိသားစုနဲ့ နေ့ချင်းပြန်သွားချင်တယ်ဆိုရင်တော့ “ဝင်္ဂဘောဆင်စခန်း” ကို သွားဖို့ အကြံပေးချင်ပါတယ်။

ဝင်္ဂဘော ဆင်စခန်းဟာ အရင်က သစ်ထုတ်လုပ်ရေး စခန်းဟောင်းတစ်ခုပါ။ ယခုအစိုးရလက်ထက်မှာ သစ်ထုတ်လုပ်မှု ဆယ်နှစ်ရပ်ဆိုင်းထားလို့ အပန်းဖြေစခန်းအနေနဲ့ ပြောင်းလဲဖွင့်လှစ်ထားတာ ဖြစ်ပါတယ်။ ဝင်္ဂဘောမှာရှိတဲ့ဆင်နဲ့ ဆင်ထိန်းတွေဟာ အရင်က ပဲခူးရိုးမမှာရှိတဲ့ ထားဝယ်ဆင်စခန်းကနေပြောင်းလာတာပါ။ ဝင်္ဂဘောဆင်စခန်းကို ၂၀၁၆ နိုဝင်ဘာပထမပတ်မှာ စတင်ဖွင့်လှစ်ခဲ့ပါတယ်။

ဘယ်လိုသွားရမလဲ

ရန်ကုန်-မန္တလေးအမြန်လမ်းမကနေ မိုင်တိုင် ၃၉ ဘုရားကြီးလမ်းခွဲမှထွက်ပြီး လမ်းခွဲအတိုင်း ၅မိနစ်လောက်မောင်းရုံနဲ့ လမ်းရဲ့ ဘယ်ဘက်အခြမ်းမှာ “ဝင်္ဂဘော ဆင်စခန်း” လို့ ရေးထားပါတယ်။ အကယ်၍ ပဲခူးဘက်က လာမယ်ဆိုရင် ဘုရားကြီးလမ်းဆုံမှာ ဘုရားကြီးဘက်ကိုချိုးကွေ့ရမှာဖြစ်ပြီး အမြန်လမ်းဘက်ကို မောင်းလာရမှာပါ။

ဘာတွေလုပ်လို့ရလဲ

ဒီဆင်စခန်းကို ကျိုက်ထီးရိုးဘုရား နေ့ချင်းပြန်သွားဖူးရင်းနဲ့ တွေ့ခဲ့တာပါ။ ကျွန်တော်သွားတဲ့ အချိန်တုန်းက ညနေပိုင်းဖြစ်လို့ ဆင်တွေ ညနေရေဆင်းချိန်ဖြစ်ပါတယ်။ ချောင်းထဲရောက်ဖို့ ကားပါကင်ကနေ ၁၅မိနစ်လောက် လမ်းလျှောက်ရပါတယ်။ ဆင်ထိန်းတွေနဲ့အတူ ဆင်တွေကို ချောင်းထဲမှာ ရေချိုးပေးလို့ရပါတယ်။ သွားတုန်းက တစ်လသားဆင်ပေါက်လေးတစ်ကောင်ရှိပြီး လူတွေနဲ့ တော်တော်ယဉ်ပါးပါတယ်။

ဝင်္ဂဘောကို နံနက်စောစောသွားမယ်ဆိုရင် ဆင်တွေ ရေချတာနဲ့ ဆင်ပြပွဲတွေပါ ကြည့်လို့ရပါတယ်။ ဆင်ပြပွဲအပြီး ဆင်စီးနိုင်သလို အစာလဲကျွေးလို့ရပါတယ်။ အသစ်ရောက်နေတဲ့ လသားအရွယ် ဆင်သားပေါက်လေးကို ကျွေးဖို့ အလှူငွေများ လိုအပ်တဲ့အတွက် ကိုယ်တတ်နိုင်သလောက် လှူဒါန်းခဲ့ဖို့လည်း တိုက်တွန်းလိုပါတယ်။ နေ့လည်ပိုင်းတွေမှာတော့ ဆင်တွေကို စားကျက်ထဲမှာ လွှတ်ထားပါတယ်။ စိတ်ဝင်စားတဲ့သူတွေအတွက် အဖိုးအခအပိုပေးစရာမလိုပဲ စခန်းမှုးတွေက လိုက်ပြပေးပါတယ်။

အစားအသောက်

ဆင်စခန်းကို မိသားစုလိုက် နံနက်ထဲကသွားရင် ၅ယောက်နဲ့အထက်ဆို နေ့လည်စာချက်ပေးပါတယ်။ ကြက်ကာလသား၊ အရွက်ကြော်၊ ငပိရည်တို့စရာ အစုံပါဝင်ပါတယ်။ တစ်ယောက်ကို ၄၅၀၀ ပေးရပြီး ဆင်ဦးစီးတွေပဲ ချက်ပေးတာပါ။ ကြိုဖုန်းဆက်ဖို့တော့လိုပါတယ်။

ညအိပ်ညနေ

အဆောင်တွေရှိတယ်ဆိုပေမဲ့ ညအိပ်သွားတဲ့ ခရီးသွားတော့နည်းပါတယ်။ ပဲခူးနဲ့လည်းနီးတော့ ပဲခူးမှာ ပြန်အိပ်ရင်တော့ပို အဆင်ပြေပါတယ်။ ပဲခူးက ဟိုတယ်တွေ Booking တင်ချင်ရင်တော့ lodggy.com (09 4444 38366) ကိုဆက်သွယ်ပြီး စီစဉ်နိုင်ပါတယ်။

အခြားဘယ်ကိုဆက်သွားမလဲ

ဆင်စခန်းအပြန်မှာ ပဲခူးဝင်ပြီး ရွှေမော်ဓေါ၊ ကမ္ဘာဇသာတီ နန်းတော်စတာတွေ ဝင်လည်နိုင်သလို ကျိုက်ထိုဘက်ဆက်သွားပြီး စိမ်းလဲ့တင် အပန်းဖြေစခန်းမှာ အမြင့်ပေ ၇၀ လောက်ကနေ Quick Jump အလွတ်အမြန်ခုန်ရတာ၊ Skate Parkမှာ စကိတ်စီးတာ၊ Zip-Line ကောင်းကင်ကြိုးစီးတာ၊ Rope Course ကြိုးတန်းလမ်းလျှောက်တာနဲ့ Rock Climbing ကျောက်တောင်အမြင့်ကို တွယ်တက်ရတာ စတဲ့ စွန့်စားရတဲ့ အပျော်တမ်း ကစားနည်းတွေ ကစားနိုင်မှာဖြစ်ပါတယ်။

ဝင်ခွင့် :

တစ်ယောက် – ၁၀၀၀ ကျပ်

ဆင်စီးခ တစ်ယောက် – ၅၀၀၀ကျပ်

Lodggy.com ဟာ Hotel Booking Website တစ်ခုဖြစ်ပြီး မြန်မာပြည်အနှံ့ မြို့များမှာ တည်းခိုရန်အတွက် Booking တင်နိုင်ပါတယ်။ Booking တင်ဖို့ 09 4444 38366 ကိုဆက်သွယ်နိုင်ပါပြီ။

အခရာ

(www.akhayar.com)