Security Researcher တွေဟာ Public Storage Server တစ်ခုမှာအမှတ်မထင် leak ဖြစ်နေတဲ့ Facebook User Record သန်းရာချီကျော်ကိုတွေ့ရှိခဲ့ပါတယ်။

ဒီData တွေကို ပြင်ပ Company နှစ်ခုကနေ Leak ဖြစ်နေတာတွေ့ရတယ် လို့ UpGuard Security အဖွဲ့ရဲ့ Researcher တွေကဆိုပါတယ်။
Mexico အခြေစိုက် Digital Media Company Cultura Colectiva ဆီမှာ Comment ၊ Like ၊ Reaction ၊ Name နဲ့ ID စတဲ့ Record သန်း 540 ကျော်ကို Password မရှိဘဲ Amazon S3 Storage Server မှာပေါ်မှာတွေ့ရှိခဲ့ရပါတယ်။

Photo Credit The Verge

At The Pool အမည်ရ California အခြေစိုက် App တစ်ခုရဲ့ Storage Server က Backup File တစ်ခုမှာလည်း အရေးကြီးတဲ့ Facebook Passwords ၊ Email Addresses ၊ Friend Lists ၊ Group Memberships နဲ့ Check-ins အချက်အလက်ပေါင်း 22000 ကျော် Leak ဖြစ်နေတာကိုတွေ့ရှိခဲ့တယ်လို့ဆိုပါတယ်။ Upguard ရဲ့ပြောကြားချက်အရ Company နှစ်ခုလုံးဟာ ဒီ Data တွေကိုဖယ်ရှားပေးဖို့တောင်းဆိုချက် ကို အကြောင်းပြန်ခြင်းမရှိခဲ့ဘူးလို့လည်းသိရပါတယ်။ Facebook ကတော့ Amazon ကို Data သိမ်းဆည်းထားတဲ့ Server တွေပိတ်ချပေးဖို့ဆက်သွယ်ခဲ့တယ်လို့ဆိုပါတယ်။
Facebook ဟာင ၄င်းတို့ရဲ့ Policy အရ User Data တွေကို Public Database တွေမှာ သိမ်းဆည်းခွင့်မပြုပါဘူးလို့ ပြောရေးဆိုခွင့်ရှိသူက TechCrunch ကို ပြောဆိုခဲ့ပါတယ်။ ဒီData တွေကိုအလွဲသုံးစားပြုလုပ်ထား မထား ဆိုတာကိုတော့ Facebook ကသက်သေရှာဖွေနေပါတယ်။ ဒီလိုအဖြစ်အပျက်မျိုး 2018 တုန်းကတစ်ခါဖြစ်ခဲ့ပြီး User Records 87 သန်းကျော် leak ဖြစ်ခဲ့ပါတယ်။

ဒီလိုတွေ့ရှိမှုတွေဟာ Mass Data Collection အပေါ်မှာမှီခိုရတဲ့ Company တွေကို ဒုက္ခပေးနေတဲ့ ပြဿနာတွေကို မီးမောင်းထိုးပြနေပါတယ်။ ကိုယ်ရေးကိုယ်တာအချက်အလက်တွေကို သိမ်းဆည်းပေးရတာဟာ အလွန်တာဝန်ကြီးပါတယ်။ သိမ်းဆည်းရမယ့်အချက်အလက်များလေ၊ တာဝန်ပိုကြီးလေပဲလို့ Upguard ရဲ့ Cyber Risk Research အဖွဲ့ Director
Chris Vickery ကပြောခဲ့ပါတယ်။ ဘာပဲဖြစ်ဖြစ် Facebook အနေနဲ့ User Data နဲ့ Privacy ကိုပိုပြီးအလေးထားဆောင်ရွက်ဖို့လိုနေပြီဆိုတာ သေချာပါတယ်။

Ref; TechCrunch