ခေတ်နဲ့အညီ တိုးတက်လာတာနဲ့အမျှ မြန်မာနိုင်ငံမှာ နိုင်ငံရပ်ခြားကအစားအသောက်တွေ၊ နည်းပညာတွေ ထွန်းကားလာခဲ့တော့ ကိုယ့်ဒေသထွက် တိုင်းရင်းသား အစားအစာဆိုတာတွေကို မေ့နေကြတာ ခပ်များများရယ်ပါ။ တစ်နေ့ တစ်နေ့ မာလာရှမ်းကော၊ ပီဇာ စတာတွေပဲ နိစ္စဓူဝထပ်နေတော့ ၂၀၀၀ ခုနှစ်နောက်ပိုင်းလောက်က ကလေးတွေဟာ တိုင်းရင်းသားအစားအစာတွေနဲ့ တစ်စထက် တစ်စ ဝေးကွာလာခဲ့ကြတယ်။ အရင်တုန်းက ဈေးဗန်းခေါင်းရွက်ပြီးရောင်းတဲ့ မြန်မာမုန့်တွေကအစ မမြင်ဖူး၊ မစားဖူး၊ မကြားဖူးတာတွေ ရှိလာကြတယ်။ အဲ့ဒီတော့ ကျွန်တော်နဲ့အတူ စားဖူး သိဖူးသလောက် တိုင်းရင်းသားအစားအစာတွေကို ပြန်ပြီးစဉ်းစားကြည့်ရအောင်။

ကျွန်တော်တို့ မြန်မာနိုင်ငံမှာ ပြည်နယ်နဲ့ တိုင်းက (၁၄) ခုလောက်ရှိသလို တစ်နေရာနဲ့ တစ်နေရာလည်း ဒေသထွက်အစားအစာတွေက ကွဲပြားကြတယ်။

မြန်မာ့ရိုးရာအစားအစာ

ကျွန်တော်မှတ်မိသလောက်ပြောရရင် ကျွန်တော်တို့ ငယ်ဘဝနဲ့ အလှမ်းမဝေးတာက ဈေးထဲတွေ ဈေးဗန်းခေါင်းရွက်သည်တွေဆီမှာ လွယ်လွယ်ကူကူ တွေ့နိုင်တဲ့ မုန့်လေးတွေပါပဲ။ ဆီထမင်းထန်းသီးမုန့်မုန့်ဗိုင်းတောင့်မုန့်ဖက်ထုပ် စတာလေးတွေက ရေနွေးကြမ်းလေးနဲ့သောက်လိုက်ရင် တကယ်ကိုစားလို့ကောင်းတဲ့ အစားအစာလေးတွေပါ။ ပွဲဈေးတွေမှာပဲ တွေ့နိုင်တဲ့ မုန့်လင်မယား ဆိုတာလည်း မြန်မာ့ရိုးရာအစားအစာထဲမှာ မပါမဖြစ်ပါပဲနော်။ အလှူပွဲ၊ မင်္ဂလာပွဲတွေမှာ အတွေ့အများဆုံး မုန့်တွေဟာဆိုရင်တော့ ဆနွင်းမကင်း လေးတွေပါ။ နေ့လည်နေ့ခင်းဆိုရင် မုန့်လက်ကောက်ကြော် လေးကလည်း ရေနွေးကြမ်းလေးနဲ့ အလိုက်ဖက်ဆုံးလို့တောင်ပြောလို့ရတဲ့ အချိုပွဲလေးပါ။

မန္တလေးဒေသထွက် အစားအစာများ

လက်ဖက်ဆို မန္တလေးကိုသတိရလို့ ပြောရလောက်အောင်ကို အမျိုးအစား၊ အရသာ၊ မျိုးစုံနဲ့လက်ဖက်တွေ မန္တလေးမှာ ထုတ်လုပ်ရောင်းချနေကြတာပါ။ အခုနောက်ပိုင်း ခေတ်စားနေတဲ့ ဆတ်မွလက်ဖက်ထောင်း ဟာဆိုရင်တော့ဖြင် ကျွန်တော့်အကြိုက်ဆုံးပါပဲနော်။ မန္တလေးမှာ နောက်ထပ်နာမည်ကြီးတာကတော့ ကျွန်တော်တို့ရဲ့ ထိုးမုန့် တွေပါပဲ။ မြင့်မြင့်ခင်ထိုးမုန့် ကတော့ လက်ရှိ လူကြိုက်အများဆုံးလို့တောင် ပြောလို့ရပါတယ်။

 

ပြင်ဦးလွင်ဒေသထွက်အစားအစာများ

မန္တလေးမှာမှတ်မိသလောက်ပြောပြီးပြီဆိုတော့ သူနဲ့အနီးစပ်ဆုံးဟာ ပြင်ဦးလွင်ပါ။ ပြင်ဦးလွင်ရောက်တိုင်း သစ်သီးယိုစုံ တွေရဲ့ဆိုင်တွေက ကြိတ်ကြိတ်တိုးဝယ်နေကြတာ။ မက်မန်းယိုကတွတ်ယိုနာနတ်ယို စုံနေတာပဲ။ ငယ်ငယ်တုန်းက ဝယ်စားခဲ့ကြတဲ့ ဇီးတော်ဖီ လေးတွေတောင် ပြင်ဦးလွင်မှာရနိုင်ပါတယ်နော်။ ပြင်ဦးလွင်မလိုင်ဆိုတာလည်း နာမည်ကြီးပဲ။ သာမန်မလိုင်တွေနဲ့ လုံးဝမတူလို့ကို နာမည်ကြီးပြီး လူကြိုက်များနေတာ။

ရှမ်းပြည်နယ်ဒေသထွက်အစားအစာများ

ရှမ်းပြည်နယ်တောင်ပိုင်း ဒေသထွက်အစားအစာတွေဆိုရင် ခေါပုတ်က နာမည်ကြီး။ ရန်ကုန်မှာ ရှမ်းရိုးရာခေါပုတ်စစ်စစ်အရသာရဖို့ ဆိုတာမျိုးက ရှားသွားပြီ။ ငါးထမင်းနယ်တို့ ရှမ်းတို့ဖူးသုပ်စတာတွေကလည်း ရှမ်းပြည်ရဲ့အကောင်းဆုံးအစားအစာ စာရင်းဝင်တွေပါပဲ။ ပဲပုတ်ကြော်ဂျူးမြစ်ကြော် စတဲ့ အကြော်အလှော် အခြောက်အခြမ်းတွေဟာလည်း ရှမ်းပြည်ရဲ့ ဓလေ့အစားအစားတွေပါ။

ကချင်ပြည်နယ်ဒေသထွက် အစားအစာများ

ကချင်အစားအစာဆိုတာနဲ့ ကျွန်တော့်ရဲ့ငယ်ဘဝကို လွှမ်းမိုးထားတာ ဆားမုန့် တွေပါပဲ။ ငယ်ငယ်လေးတည်းက ကြိုက်လွန်းလို့ ပါးစပ်ဆာရင်ဆာသလို စားခဲ့တဲ့ ဆားမုန့်ကို အောက်မေ့သတိရ လွမ်းဆွတ်မိပါရဲ့။

ကယားဒေသထွက် အစားအစာများ

ကယားဒေသထွက်ဆိုရင်တော့ နာမည်ကြီး ကယားဝက်အူချောင်းဟာ မပါမဖြစ်ပါပဲ။ ရန်ကုန်မှာပဲ ကယားဝက်အူချောင်းဆို ကိုယ်တွေ ဂျင်းမိပေါင်းများပါပြီ။ တကယ်စစ်စစ်စားချင်တယ်ဆိုရင်တော့ ကယားပြည်ထိသွားပြီး စားရမယ့်ပုံပေါက်နေရတာ။ အသားကနူးနူးအိအိနဲ့ အရသာလည်းကောင်းဆိုတော့ လူကြိုက်များတာမဆန်းပါဘူး။

 

မြိတ်ဒေသထွက်အစားအစာများ

ငပိထောင်းကအစ ငှက်သိုက်အဆုံး တကယ်ကိုအရသာရှိတဲ့ အစားအစာတွေပဲ ရနိုင်တဲ့ဒေသ တစ်ခုပါ။ ပွဲဈေးတွေမှာမှ တွေ့ရပြီး ရောင်းမလောက်တဲ့ အာပုံတို့ ငှက်ပျောပေါင်းတို့ဆိုတာ မြိတ်ရဲ့ Signature လို့တောင် ပြောလို့ရနေပါပြီ။

မြစ်ဝကျွန်းပေါ်ဒေသထွက် အစားအစာများ

မြစ်ဝကျွန်းပေါ်ဒေသထွက် အစားအစာတွေဆိုရင်တော့ ပုသိမ်ဟာလဝါဆိုတာ လူတိုင်းသိပြီးကြမယ်ထင်ပါတယ်။ အစို အခြောက် ကြိုက်ရာရွေး စားလို့ကောင်းတဲ့ ဟာလဝါတွေကို ရနိုင်တာတော့ ကျွန်တော်တို့ရဲ့ မြစ်ဝကျွန်းပေါ် ဒေသပဲဖြစ်ပါတယ်။ နောက်တစ်ခုက ရန်ကုန်မြို့ရဲ့နေရာတော်တော်များများမှာ ရနိုင်တဲ့ မြောင်းမြမုန့်ဟင်းခါးပါ။ မနက်စာအနေနဲ့ စားကြတာများပြီးတော့ အိုးဘဲဥလေးနဲ့ ပဲကြော်လေးနဲ့ဆို အရမ်းလိုက်ဖက်တဲ့ အစားအစာလေးပါပဲ။

အညာဒေသထွက် အစားအစာများ

အညာမုန့်လေးတွေဆို မုန့်ကြိုးလိမ်တွေ၊ ပဲချောင်း တွေက မပါမဖြစ် ပါရမှာပေါ့။ ထန်ုးလျက်တွေ၊ ကြံသကာတွေဟာ အညာဒေသရဲ့ မရိုးနိုင်တဲ့ ဓလေ့အစားအစာတွေပါ။

ကဲ အခုတော့ ကိုယ်မှတ်မိသလောက်လေးတွေ ပြောပြပေးပြီးပြီဆိုတော့ ဒါတွေ ငါတို့ကဘယ်မှာစားရမှာလဲလို့ မေးတော့မယ် ဆိုတာ ကြိုသိနေတယ်လေ။ ဒါကြောင့် အခုလက်တလော Ocean Shopping Center တွေမှာ ဒေသထွက် တိုင်းရင်းသား အစားအစာလေးတွေအစုံကို တစ်နေရာထဲမှာ တစ်ပြိုင်တည်းရောင်းပေးနေတဲ့ ပွဲလေးလုပ်နေတယ်လို့ ကြားတယ်။ တိုင်းရင်းသား ဒေသထွက်အစားအစာတွေကို အမျိုးပေါင်း ၁၀၀ ကျော်လောက်ကို ခင်းကျင်းရောင်းချ ပေးနေတာတဲ့။ ဇူလိုင် ၁၂ ရက်နေ့က နေ ၁၆ ရက်နေ့ထိပဲမို့ မစားဖူးသေးတာတွေရှိရင် သွားရောက် မြည်းစမ်းကြည့်လို့ ရတယ်နော်။ ဒါလေးတွေကတော့ ကိုယ်မှတ်မိသလောက်ပဲ တခြားဒေသထွက် အစားအစာတွေလည်း ရှိပါသေးတယ်။ ဒီထဲကမဟုတ်ပဲ တခြားတိုင်းရင်းသားအစားအစာလေးတွေများရှိရင် လာပြောပြဦးနော်။

ချစ်တဲ့ Lwin Moe Htyke ( Akhayar )