[Zawgyi]

အေမကုိ ထမင္းတစ္နပ္ေကြ်းရုံနဲ႔ ႏုိင္ငံေက်ာ္သြားတဲ့ လူငယ္တစ္ေယာက္

ကုိလုိနီေခတ္တုန္းက ဧရာဝတီတုိင္းေဒသႀကီး က်ိဳက္လတ္ၿမိဳ႕မွာ သိန္းေမာင္ဆုိတဲ့ စာေပဝါသနာရွင္လူငယ္တစ္ေယာက္ ရွိခဲ့ဖူးပါတယ္။ သိန္းေမာင္မွာ အေမတစ္ခု သားတစ္ခုျဖစ္လုိ႔ အုိမင္းမစြမ္းျဖစ္ေနတဲ့ မိခင္အုိႀကီးကုိ လုပ္ေကြ်းျပဳစုေနခဲ့ရတယ္။ နယ္ၿမိဳ႕မွာေနတဲ့ လူတစ္ေယာက္ျဖစ္ေပမယ့္လည္း တစ္ေန႔မွာ ေအာင္ျမင္တဲ့ စာေရးဆရာျဖစ္ရမယ္လုိ႔ ရည္မွန္းခ်က္ႀကီးႀကီးမားမား ရွိခဲ့တယ္။ ရည္မွန္းခ်က္ကုိ မစြန္႔လႊတ္ႏုိင္တဲ့အဆုံး သိန္းေမာင္ဟာ ရန္ကုန္ကုိ သြားခ်င္တဲ့အေၾကာင္း မိခင္ဆီကုိ အသိေပးလာတယ္။

“အေမ သားတုိ႔လုိ အႏုပညာဝါသနာပါသူေတြအတြက္ ရန္ကုန္ၿမိဳ႕ဟာ ေအာင္ေျမျဖစ္လုိ႔ ရန္ကုန္ကုိ သြားခ်င္တယ္”

“ဘယ္လုိေျပာလုိက္တာလဲ ငါ့သားရယ္ ၾကံၾကံဖန္ဖန္ကြယ္  တုိင္းျပည္ႀကီးကမွ ေခတ္အခါ မေကာင္းေသးတာ၊ အေမကလည္း ရွစ္ဆယ္နားကပ္ေနၿပီ အေမက သားကုိ အားကုိးေနတာ၊ ငါ့သားေလး ရန္ကုန္ကုိသြားရင္ ဘယ္သူ႕ကုိ အားကုိးရမလဲ”

“ဟာ . . . နားမလည္ဘူး အေမရယ္၊ သားကေတာ့ ရန္ကုန္ကုိ သြားျဖစ္ေအာင္ သြားမွာပဲ။ ရည္မွန္းခ်က္ေတာ့ အပ်က္မခံႏုိင္ဘူး သြားၿပီ အေမေရ . . သြားၿပီ၊ ေအာင္ျမင္ေက်ာ္ၾကားတဲ့ စာေရးဆရာတစ္ေယာက္ မျဖစ္မခ်င္း သား က်ိဳက္လတ္ကုိ ျပန္မလာေတာ့ဘူး”

အေမ့ဆီကုိ အားရပါးရ ေၾကြးေၾကာ္ၿပီးေတာ့ သိန္းေမာင္ ရန္ကုန္ကုိ ထြက္လာခဲ့တယ္။ ရန္ကုန္မွာ သုံးႏွစ္သုံးမုိးၾကာခဲ့ေပမယ့္ သိန္းေမာင္ခမ်ာ ေအာင္ျမင္ေက်ာ္ၾကားတဲ့ စာေရးဆရာျဖစ္ဖုိ႔ေနေနသာသာ စားဖုိ႔ေသာက္ဖုိ႔ေတာင္ အႏုိင္ႏုိင္။ ေဆာင္းပါးေတြ၊ ဝတၳဳတုိေတြ၊ ကဗ်ာေတြ ေရးၿပီး မဂၢဇင္းေတြမွာ ပုိ႔ခဲ့ေပမယ့္ အေရြးမခံရ။ သူငယ္ခ်င္းအိမ္ ကပ္ေန၊ ဘုန္းႀကီးေက်ာင္းကပ္ေန ကပ္စားခဲ့ရတယ္။ ေရႊတိဂုံဘုရားအေရွ႕ဘက္မုဒ္မွာရွိတဲ့ ဆုိင္တစ္ဆုိင္မွာ ထမင္းစားေနတုန္း သီခ်င္းတစ္ပုဒ္ကုိ သိန္းေမာင္ ၾကားခဲ့လုိက္တယ္။

“ေအး . . ေအး . . . အုိ  ေတးဆိုေပးကာ အိပ္ပါလူေလး မယ့္ရင္ေသြး စိတ္ေအးခ်မ္းသာ အိပ္ပါေတာ့လား . . . သိပ္ပါေသာ္မွ အိပ္ခါေပ်ာ္သပါ့ သားလွေလးရဲ့ မ်က္နာ မိခင္မာတာ တစိမ့္စိမ့္ၾကည့္ရင္းသာ ႏွလံုးအိမ္တြင္းခ်စ္ျခင္းေမတၱာ တဖ်ပ္ဖ်ပ္ ရိုက္ခတ္ေပၚလာျပန္တာ သီတာေရစင္ပမာ တသြင္သြင္ စီးက်ေလတာ”

ေကာင္းလုိက္တဲ့ သီခ်င္းေနာ္။ ဘယ္သူေရးလုိ႔ ဘယ္သူဆုိတာပါလိမ့္။ “သီတာေရစင္” သီခ်င္းအေၾကာင္းကုိ ေတြးေနရင္း သိန္းေမာင္ရဲ႕မ်က္ဝန္းမွာ မ်က္ရည္ေတြ စီးက်လာတယ္။ ေၾသာ္ . . အေမ့အသက္အရြယ္ ခုႏွစ္ဆယ္ေက်ာ္လုိ႔ ရွစ္ဆယ္နားကပ္၊ မ်က္စိကလည္း မႈန္၊ နားကလည္း ထုိင္း၊ ခါးကလည္း ကုိင္းလုိ႔ ပါးရည္နားရည္ကလည္း တြန္႔ေနပါၿပီ အေမရယ္ အခုခ်ိန္မွာ အေမတစ္ေယာက္ ဘယ္လုိေနလုိ႔ ဘယ္လုိစားပါလိမ့္။ အေမ့ကုိ စြန္႔ခြာၿပီး ရန္ကုန္ကုိထြက္လာလုိက္တာ သားမွားလုိက္တာ အေမ။ သားမုိက္နဲ႔ေဝးေနတဲ့အခ်ိန္မွာ အေမတစ္ေယာက္ ဘယ္သူ႕ကုိ အားကုိးလုိ႔ ဘယ္လုိေနတာလဲ အေမ။ သားမုိက္ကုိ ခြင့္မလႊတ္ပါနဲ႔ အေမ။ အေမရယ္ အေမမေသခင္မွာ စိန္ေရႊပတၱျမား၊ အိမ္ေျမျခံကားေတြနဲ႔ တင့္ေတာင့္တင့္တယ္မထားႏုိင္ရင္ေတာင္ ထမင္းတစ္နပ္ကုိ ဖြယ္ဖြယ္ရာရာ ေကြ်းႏုိင္ရင္ သားေက်နပ္ပါၿပီ အေမ။ “သီတာေရစင္” သီခ်င္းတစ္ပုဒ္ေၾကာင့္ အႏွစ္ႏွစ္အလလ ေမ့ေလ်ာ့ေနတဲ့ အေမ့ကုိ သိန္းေမာင္ သတိရလာၿပီး က်ိဳက္လတ္ကုိ ျပန္သြားခဲ့တယ္။

သိန္းေမာင္ ဒုလႅဘရဟန္းဝတ္ၿပီး အေမမုဆုိးမႀကီးကုိ ဆြမ္းခံေကြ်းခဲ့တယ္။ လူထြက္ၿပီး အေမ့ကုိ လုပ္ေကြ်းတယ္။ အဲဒီအခ်ိန္မွာ မိခင္ျဖစ္သူက သိန္းေမာင္ကုိ ေမးတယ္။

“ ငါ့သား သိန္းေမာင္ ရန္ကုန္ကုိ သြားခ်င္ေသးလား”

“ ေၾသာ္ အေမရယ္ အေမခြင့္ျပဳရင္ သြားခ်င္တာေပါ့။ အေမ ခြင့္မျပဳဘဲနဲ႔ေတာ့ သားမသြားေတာ့ပါဘူး အေမရယ္”

“ကဲ . . သား အေမ့ဆီ လာ။ အေမ့ရဲ႕ေျခဖမုိးကုိ သားရဲ႕နဖူးနဲ႔ ဦးသုံးႀကိမ္တုိက္ၿပီး ကန္ေတာ့”

သိန္းေမာင္ စိတ္ပါလက္ပါနဲ႔ မိခင္ကုိ ကန္ေတာ့လုိက္တယ္။ အဲဒီအခ်ိန္မွာ မိခင္ျဖစ္သူက သိန္းေမာင္ရဲ႕နဖူးျပင္မွာ လက္ဝါးတင္ၿပီးေတာ့ ဆုေပးလုိက္တယ္။

“အေမ့ရဲ႕ေျခဖမုိးကုိ ဦးသုံးႀကိမ္တုိက္ၿပီး ကန္ေတာ့တဲ့ ငါ့သား၊ အေမ့ကုိ ဆြမ္းခံေကြ်းတဲ့ ငါ့သား၊ အေမ့ကုိ ျပဳစုလုပ္ေကြ်းတဲ့ ငါ့သား အခုခ်ိန္ကစၿပီး ေရာက္ေလရာအရပ္မွာ တုိက္မယ့္ခလုတ္ ဆုတ္ပါေစ၊ တုိးမယ့္ကန္သင္း ရွင္းပါေစ၊ ေတြ႕မယ့္ေဘး ေဝးပါေစ၊ ငါ့သားသိန္းေမာင္ ၾကံတုိင္းေအာင္လုိ႔ ေဆာင္တုိင္းေျမာက္ပါေစ လုိရာဆႏၵေတြ ျပည့္ဝပါေစေတာ္”

ဒီတစ္ေခါက္မွာေတာ့ မိခင္ျဖစ္သူက ေမတၱာေတြ၊ ဆုေတြ အျပည့္အဝေပးလုိက္တယ္။ သိန္းေမာင္ ရန္ကုန္ကုိ ျပန္ေရာက္လာခဲ့တယ္။ ေအဝမ္းဦးတင္ေမာင္နဲ႔ေတြ႕ဆုံၿပီး “ခ်စ္အႏုျမဴ” ရုပ္ရွင္ဇာတ္ကားကေန စတင္ၿပီး ဒါရုိက္တာသိန္းေမာင္ဆုိၿပီး နာမည္ေက်ာ္လာခဲ့ပါတယ္။ စာေရးဆရာတစ္ပုိင္း ဒါရုိက္တာတစ္ပုိင္းျဖစ္လုိ႔ ရုပ္ရွင္ထုတ္လုပ္ေရးေတြ စာအုပ္တုိက္ေတြရဲ႕ ကမ္းလွမ္းမႈေတြေၾကာင့္ အခ်ိန္တုိအတြင္းမွာ ႏုိင္ငံေက်ာ္သိန္းေမာင္ျဖစ္လာခဲ့ပါတယ္။ အခုေရးသားခဲ့တဲ့ က်ိဳက္လတ္သား သိန္းေမာင္ဆုိတာ တျခားလူ မဟုတ္ပါဘူး။ စာေရးဆရာ ဒါရုိက္တာ အကယ္ဒမီမ်ားရွင္ ဘဘဦးသုခပဲျဖစ္ပါတယ္။

ဦးသုခ

ဦးသုခ

“Mother’s Day” မွာေတာ့ စာေပေဟာေျပာပြဲေတြမွာ ဘဘဦးသုခေျပာေလ့ရွိတဲ့ စကားတစ္ခြန္းနဲ႔ပဲ နိဂုံးခ်ဳပ္ခ်င္ပါတယ္။

“ကမၻာႀကီး ကမၻာႀကီးေတြကို အာဒံနဲ႔ဧဝကပဲ စတယ္လို႔ေျပာေျပာ . . . ျဗဟၼာႀကီးေလးဦးက စတယ္ပဲေျပာေျပာ . . . သူတုိ႔ထဲမွာ အေမဆိုတဲ့ ဣတၳိလိင္ပါလာလုိ႔သာ ကမၻာႀကီးက အဆက္မျပတ္ဘဲနဲ႔ ဒီေန႔အထိက်ေနာ္တို႔အထိ သားစဥ္ေျမးဆက္ေတြ ျဖစ္လာတယ္မဟုတ္လားအေမ . . . အေမမွန္သမွ် ဘာသာျခားလူမ်ဳိးျခားရယ္လို႔ ကြ်န္ေတာ့္စိတ္ထဲမွာမရွိဘူးအေမ . . . သားသည္အေမတစ္ေယာက္ဟာ အေမပါပဲအေမ . . . သူကယုတ္ညံ့လို႔ . . . . သူကလူမ်ဳိးျခားမို႔လို႔ . . . . သူက ဘယ္ဘာသာမို႔လို႔ မဟုတ္ပါဘူးအေမ မဟုတ္ပါဘူး ကြ်န္ေတာ္ျမင္တာျဖင့္ ကြ်န္ေတာ္ေျပာဦးမယ္ ကြ်န္ေတာ္လြန္သြားမလား . .မလြန္ပါဘူးအေမ ကြ်န္ေတာ္စဥ္းစားထားျပီးမွ ေျပာတာပါ အေမမွန္ရင္ေလ နားနဲ႔မနာဖဝါးနဲ႔နာ ေျပာလိုက္ပါရေစေတာ့ . . . အေမဟာ ကြ်န္ေတာ့္လက္ထက္ထဲမွာ ကြ်န္ေတာ့္မ်က္စိေအာက္မွာပဲ မိန္းမရႊင္ျဖစ္ေနပါေစ . . . အေမဟာ အေမပါပဲ အေမ”

အကုိးအကား – “ဘယ္သူၿပိဳင္လုိ႔ လွပါႏုိင္”တရားေတာ္

                       – ဦးသုခအထုပၸတၱိ

ေက်ာ္စုိးေအာင္ (အခရာ)

www.akhayar.com 

[Unicode]

အမေကို ထမင်းတစ်နပ်ကျွေးရုံနဲ့ နိုင်ငံကျော်သွားတဲ့ လူငယ်တစ်ယောက်

ကိုလိုနီခေတ်တုန်းက ဧရာဝတီတိုင်းဒေသကြီး ကျိုက်လတ်မြို့မှာ သိန်းမောင်ဆိုတဲ့ စာပေဝါသနာရှင်လူငယ်တစ်ယောက် ရှိခဲ့ဖူးပါတယ်။ သိန်းမောင်မှာ အမေတစ်ခု သားတစ်ခုဖြစ်လို့ အိုမင်းမစွမ်းဖြစ်နေတဲ့ မိခင်အိုကြီးကို လုပ်ကျွေးပြုစုနေခဲ့ရတယ်။ နယ်မြို့မှာနေတဲ့ လူတစ်ယောက်ဖြစ်ပေမယ့်လည်း တစ်နေ့မှာ အောင်မြင်တဲ့ စာရေးဆရာဖြစ်ရမယ်လို့ ရည်မှန်းချက်ကြီးကြီးမားမား ရှိခဲ့တယ်။ ရည်မှန်းချက်ကို မစွန့်လွှတ်နိုင်တဲ့အဆုံး သိန်းမောင်ဟာ ရန်ကုန်ကို သွားချင်တဲ့အကြောင်း မိခင်ဆီကို အသိပေးလာတယ်။

“အမေ သားတို့လို အနုပညာဝါသနာပါသူတွေအတွက် ရန်ကုန်မြို့ဟာ အောင်မြေဖြစ်လို့ ရန်ကုန်ကို သွားချင်တယ်”

“ဘယ်လိုပြောလိုက်တာလဲ ငါ့သားရယ် ကြံကြံဖန်ဖန်ကွယ်  တိုင်းပြည်ကြီးကမှ ခေတ်အခါ မကောင်းသေးတာ၊ အမေကလည်း ရှစ်ဆယ်နားကပ်နေပြီ အမေက သားကို အားကိုးနေတာ၊ ငါ့သားလေး ရန်ကုန်ကိုသွားရင် ဘယ်သူ့ကို အားကိုးရမလဲ”

“ဟာ . . . နားမလည်ဘူး အမေရယ်၊ သားကတော့ ရန်ကုန်ကို သွားဖြစ်အောင် သွားမှာပဲ။ ရည်မှန်းချက်တော့ အပျက်မခံနိုင်ဘူး သွားပြီ အမေရေ . . သွားပြီ၊ အောင်မြင်ကျော်ကြားတဲ့ စာရေးဆရာတစ်ယောက် မဖြစ်မချင်း သား ကျိုက်လတ်ကို ပြန်မလာတော့ဘူး”

အမေ့ဆီကို အားရပါးရ ကြွေးကြော်ပြီးတော့ သိန်းမောင် ရန်ကုန်ကို ထွက်လာခဲ့တယ်။ ရန်ကုန်မှာ သုံးနှစ်သုံးမိုးကြာခဲ့ပေမယ့် သိန်းမောင်ခမျာ အောင်မြင်ကျော်ကြားတဲ့ စာရေးဆရာဖြစ်ဖို့နေနေသာသာ စားဖို့သောက်ဖို့တောင် အနိုင်နိုင်။ ဆောင်းပါးတွေ၊ ဝတ္ထုတိုတွေ၊ ကဗျာတွေ ရေးပြီး မဂ္ဂဇင်းတွေမှာ ပို့ခဲ့ပေမယ့် အရွေးမခံရ။ သူငယ်ချင်းအိမ် ကပ်နေ၊ ဘုန်းကြီးကျောင်းကပ်နေ ကပ်စားခဲ့ရတယ်။ ရွှေတိဂုံဘုရားအရှေ့ဘက်မုဒ်မှာရှိတဲ့ ဆိုင်တစ်ဆိုင်မှာ ထမင်းစားနေတုန်း သီချင်းတစ်ပုဒ်ကို သိန်းမောင် ကြားခဲ့လိုက်တယ်။

“အေး . . အေး . . . အို  တေးဆိုပေးကာ အိပ်ပါလူလေး မယ့်ရင်သွေး စိတ်အေးချမ်းသာ အိပ်ပါတော့လား . . . သိပ်ပါသော်မှ အိပ်ခါပျော်သပါ့ သားလှလေးရဲ့ မျက်နာ မိခင်မာတာ တစိမ့်စိမ့်ကြည့်ရင်းသာ နှလုံးအိမ်တွင်းချစ်ခြင်းမေတ္တာ တဖျပ်ဖျပ် ရိုက်ခတ်ပေါ်လာပြန်တာ သီတာရေစင်ပမာ တသွင်သွင် စီးကျလေတာ”

ကောင်းလိုက်တဲ့ သီချင်းနော်။ ဘယ်သူရေးလို့ ဘယ်သူဆိုတာပါလိမ့်။ “သီတာရေစင်” သီချင်းအကြောင်းကို တွေးနေရင်း သိန်းမောင်ရဲ့မျက်ဝန်းမှာ မျက်ရည်တွေ စီးကျလာတယ်။ သြော် . . အမေ့အသက်အရွယ် ခုနှစ်ဆယ်ကျော်လို့ ရှစ်ဆယ်နားကပ်၊ မျက်စိကလည်း မှုန်၊ နားကလည်း ထိုင်း၊ ခါးကလည်း ကိုင်းလို့ ပါးရည်နားရည်ကလည်း တွန့်နေပါပြီ အမေရယ် အခုချိန်မှာ အမေတစ်ယောက် ဘယ်လိုနေလို့ ဘယ်လိုစားပါလိမ့်။ အမေ့ကို စွန့်ခွာပြီး ရန်ကုန်ကိုထွက်လာလိုက်တာ သားမှားလိုက်တာ အမေ။ သားမိုက်နဲ့ဝေးနေတဲ့အချိန်မှာ အမေတစ်ယောက် ဘယ်သူ့ကို အားကိုးလို့ ဘယ်လိုနေတာလဲ အမေ။ သားမိုက်ကို ခွင့်မလွှတ်ပါနဲ့ အမေ။ အမေရယ် အမေမသေခင်မှာ စိန်ရွှေပတ္တမြား၊ အိမ်မြေခြံကားတွေနဲ့ တင့်တောင့်တင့်တယ်မထားနိုင်ရင်တောင် ထမင်းတစ်နပ်ကို ဖွယ်ဖွယ်ရာရာ ကျွေးနိုင်ရင် သားကျေနပ်ပါပြီ အမေ။ “သီတာရေစင်” သီချင်းတစ်ပုဒ်ကြောင့် အနှစ်နှစ်အလလ မေ့လျော့နေတဲ့ အမေ့ကို သိန်းမောင် သတိရလာပြီး ကျိုက်လတ်ကို ပြန်သွားခဲ့တယ်။

သိန်းမောင် ဒုလ္လဘရဟန်းဝတ်ပြီး အမေမုဆိုးမကြီးကို ဆွမ်းခံကျွေးခဲ့တယ်။ လူထွက်ပြီး အမေ့ကို လုပ်ကျွေးတယ်။ အဲဒီအချိန်မှာ မိခင်ဖြစ်သူက သိန်းမောင်ကို မေးတယ်။

“ ငါ့သား သိန်းမောင် ရန်ကုန်ကို သွားချင်သေးလား”

“ သြော် အမေရယ် အမေခွင့်ပြုရင် သွားချင်တာပေါ့။ အမေ ခွင့်မပြုဘဲနဲ့တော့ သားမသွားတော့ပါဘူး အမေရယ်”

“ကဲ . . သား အမေ့ဆီ လာ။ အမေ့ရဲ့ခြေဖမိုးကို သားရဲ့နဖူးနဲ့ ဦးသုံးကြိမ်တိုက်ပြီး ကန်တော့”

သိန်းမောင် စိတ်ပါလက်ပါနဲ့ မိခင်ကို ကန်တော့လိုက်တယ်။ အဲဒီအချိန်မှာ မိခင်ဖြစ်သူက သိန်းမောင်ရဲ့နဖူးပြင်မှာ လက်ဝါးတင်ပြီးတော့ ဆုပေးလိုက်တယ်။

“အမေ့ရဲ့ခြေဖမိုးကို ဦးသုံးကြိမ်တိုက်ပြီး ကန်တော့တဲ့ ငါ့သား၊ အမေ့ကို ဆွမ်းခံကျွေးတဲ့ ငါ့သား၊ အမေ့ကို ပြုစုလုပ်ကျွေးတဲ့ ငါ့သား အခုချိန်ကစပြီး ရောက်လေရာအရပ်မှာ တိုက်မယ့်ခလုတ် ဆုတ်ပါစေ၊ တိုးမယ့်ကန်သင်း ရှင်းပါစေ၊ တွေ့မယ့်ဘေး ဝေးပါစေ၊ ငါ့သားသိန်းမောင် ကြံတိုင်းအောင်လို့ ဆောင်တိုင်းမြောက်ပါစေ လိုရာဆန္ဒတွေ ပြည့်ဝပါစေတော်”

ဒီတစ်ခေါက်မှာတော့ မိခင်ဖြစ်သူက မေတ္တာတွေ၊ ဆုတွေ အပြည့်အဝပေးလိုက်တယ်။ သိန်းမောင် ရန်ကုန်ကို ပြန်ရောက်လာခဲ့တယ်။ အေဝမ်းဦးတင်မောင်နဲ့တွေ့ဆုံပြီး “ချစ်အနုမြူ” ရုပ်ရှင်ဇာတ်ကားကနေ စတင်ပြီး ဒါရိုက်တာသိန်းမောင်ဆိုပြီး နာမည်ကျော်လာခဲ့ပါတယ်။ စာရေးဆရာတစ်ပိုင်း ဒါရိုက်တာတစ်ပိုင်းဖြစ်လို့ ရုပ်ရှင်ထုတ်လုပ်ရေးတွေ စာအုပ်တိုက်တွေရဲ့ ကမ်းလှမ်းမှုတွေကြောင့် အချိန်တိုအတွင်းမှာ နိုင်ငံကျော်သိန်းမောင်ဖြစ်လာခဲ့ပါတယ်။ အခုရေးသားခဲ့တဲ့ ကျိုက်လတ်သား သိန်းမောင်ဆိုတာ တခြားလူ မဟုတ်ပါဘူး။ စာရေးဆရာ ဒါရိုက်တာ အကယ်ဒမီများရှင် ဘဘဦးသုခပဲဖြစ်ပါတယ်။

ဦးသုခ

ဦးသုခ

“Mother’s Day” မှာတော့ စာပေဟောပြောပွဲတွေမှာ ဘဘဦးသုခပြောလေ့ရှိတဲ့ စကားတစ်ခွန်းနဲ့ပဲ နိဂုံးချုပ်ချင်ပါတယ်။

“ကမ္ဘာကြီး ကမ္ဘာကြီးတွေကို အာဒံနဲ့ဧဝကပဲ စတယ်လို့ပြောပြော . . . ဗြဟ္မာကြီးလေးဦးက စတယ်ပဲပြောပြော . . . သူတို့ထဲမှာ အမေဆိုတဲ့ ဣတ္ထိလိင်ပါလာလို့သာ ကမ္ဘာကြီးက အဆက်မပြတ်ဘဲနဲ့ ဒီနေ့အထိကျနော်တို့အထိ သားစဉ်မြေးဆက်တွေ ဖြစ်လာတယ်မဟုတ်လားအမေ . . . အမေမှန်သမျှ ဘာသာခြားလူမျိုးခြားရယ်လို့ ကျွန်တော့်စိတ်ထဲမှာမရှိဘူးအမေ . . . သားသည်အမေတစ်ယောက်ဟာ အမေပါပဲအမေ . . . သူကယုတ်ညံ့လို့ . . . . သူကလူမျိုးခြားမို့လို့ . . . . သူက ဘယ်ဘာသာမို့လို့ မဟုတ်ပါဘူးအမေ မဟုတ်ပါဘူး ကျွန်တော်မြင်တာဖြင့် ကျွန်တော်ပြောဦးမယ် ကျွန်တော်လွန်သွားမလား . .မလွန်ပါဘူးအမေ ကျွန်တော်စဉ်းစားထားပြီးမှ ပြောတာပါ အမေမှန်ရင်လေ နားနဲ့မနာဖဝါးနဲ့နာ ပြောလိုက်ပါရစေတော့ . . . အမေဟာ ကျွန်တော့်လက်ထက်ထဲမှာ ကျွန်တော့်မျက်စိအောက်မှာပဲ မိန်းမရွှင်ဖြစ်နေပါစေ . . . အမေဟာ အမေပါပဲ အမေ”

အကိုးအကား – “ဘယ်သူပြိုင်လို့ လှပါနိုင်”တရားတော်

                       – ဦးသုခအထုပ္ပတ္တိ

ကျော်စိုးအောင် (အခရာ)

www.akhayar.com