[Zawgyi]

သစၥာရွိရတဲ့ မိန္းမ၊ သိကၡာမဲ့ရတဲ့ မိန္းကေလး

အိမ္ေထာင္ေရး ေဖာက္ျပန္တတ္တဲ့သူေတြဟာ စိတ္ပိုင္းဆိုင္ရာမျပည့္ဝတဲ႔ စိတ္ေဝဒနာသည္ေတြျဖစ္တယ္လို႔ စိတ္ပညာရွင္ရီမင္က ဆိုပါတယ္။ သူ႔အျမင္ကေတာ့ အမ်ိဳးသားေတြက သူတို႔ရဲ႕ခ်စ္သူ၊ ဇနီးသည္ေတြကို သစၥာရွိတဲ့မိန္းခေလးမ်ိဳးပဲ ျဖစ္ေစခ်င္ၾကတာမ်ားတယ္လို႔ သူကသုံးသပ္တာပါ။

သူတို႔ကသာ အျခားအမ်ိဳးသမီးတစ္ေယာက္ကို စိတ္နဲ႔ပဲျဖစ္ျဖစ္ ျပစ္မွားလိမ့္မယ္။ ဒါေပမဲ့ သူတို႔ခ်စ္သူ၊ သို႔မဟုတ္ သူတို႔ဇနီးက သူတို႔မဟုတ္တဲ့ အျခားတစ္ေယာက္ေယာက္ကို ကာယကံေျမာက္ ျပစ္မွားဖို႔မေျပာနဲ႔ စိတ္နဲ႔ျပစ္မွားတာမ်ိဳးကိုေတာင္ လက္မခံႏိုင္ၾကဘူး။ ဒါေၾကာင့္ ကိုယ္ကေဖာက္ျပန္ေနပမယ္႔ ကိုယ့္ဇနီးကိုေတာ႔ သဝန္တိုေနတတ္တာ အဲဒီသေဘာပါလို႔ ဆိုပါတယ္။

အမ်ိဳးသားေတြက သစၥာရွိတဲ့မိန္းကေလးကို တန္ဖိုးရွိတဲ့ခ်စ္သူအျဖစ္ သတ္မွတ္ခဲ့ၿပီး လက္ထပ္ခ်ိန္မွာလည္း သစၥာရွိတဲ့ဇနီးျဖစ္လာမွာကို ေမွ်ာ္လင့္ၾကတယ္။ အခ်ိဳ႕အမ်ိဳးသားေတြကေတာ့ ကိုယ့္မွာသစၥာရွိတဲ့ မိန္းကေလးရွိေနတာေတာင္မွ အျခားမိန္းကေလးတစ္ေယာက္ကို အေပ်ာ္အေနနဲ႔ တြဲၾကတာလည္း ေတြ႔ရတယ္။

ဒါေပမဲ့ သူတို႔စိတ္ထဲမွာ ဒီမိန္းကေလးကို အေပ်ာ္သဘာနဲ႔ အေသြးအသားေတာင့္တမႈေၾကာင့္သာ တြဲေနရတာမ်ိဳးရွိေနေပမယ္႔ သူတို႔ရဲ႕ သစၥာရွိတဲ့မိန္းမေတြလိုေတာ့ သေဘာမထားႏိုင္တဲ့ စိတ္ႏွစ္ခြ သေဘာမ်ိဳးလည္း ရွိေနတာေတြ႔ရပါတယ္။

ဒါေၾကာင့္သာ အိမ္ေထာင္ေရးေဖာက္ျပန္ေနတဲ့ ေယာက်ာၤးအမ်ားစုကေတာ့ သူတို႔ရဲ႕ျပင္းထန္တဲ့ လိင္စိတ္ဆႏၵကိုမလြန္ဆန္ႏိုင္တဲ့အခါ သူ႔သေဘာက် အေပ်ာ္သေဘာက်ဴးလြန္ေပးမယ္႔ မိန္းကေလးေတြကို လိုအပ္ၾကတာလို႔လည္း စိတ္ပညာရွင္ရဲ႕ေရးသားမႈကို ဖတ္ရႈခဲ့ရတယ္။

အမ်ိဳးသားေတြမွာတင္ လိင္စိတ္ျပင္းထန္တာမ်ိဳး မဟုတ္ပါဘူး။ အခ်ိဳ႕အမ်ဳိးသမီးေတြကလည္း ဒီအတိုင္းပါပဲ၊ ဒါေၾကာင့္ အဲဒီလိုစိတ္မ်ားတဲ့မိန္းကေလးေတြက သက္တူရြယ္တူလူပ်ိဳလူလြတ္အမ်ိဳးသားေတြထက္၊ အိမ္ေထာင္သည္အမ်ိဳးသားေတြကို ပိုၿပီးႏွစ္သက္စြဲလမ္းၾကတယ္။ သူတို႔စြဲလန္းတာက အဲဒီအမ်ိဳးသားကိုမဟုတ္ပါဘူး။ အဲဒီအမ်ိဳးသားနဲ႔ ေပ်ာ္ပါးက်ဴးလြန္တာကို စြဲလန္းတာလို႔လည္း စိတ္ပညာရွင္က ေရးသားေဖာ္ျပထားပါတယ္။

ကၽြန္မအေနနဲ႔ကေတာ့ စိတ္ပညာရွင္လည္းမဟုတ္တဲ့အတြက္ ကိုယ့္အေနနဲ႔ ရိုးရိုးေလးပဲ စဥ္းစားၾကည့္မိတယ္။ အခ်ိဳ႕လူေတြက အိမ္ေထာင္ေရးေဖာက္ျပန္ၾကတယ္။ တစ္ဖက္ကလည္း လက္ရွိအိမ္ေထာင္ကိုကြဲဖို႔ မိသားစုဘဝကိုၿပိဳပ်က္လိုက္ဖို႔ စိတ္ကူးမရွိၾကပါဘူး။

“ကၽြန္မအမ်ိဳးသားက အိမ္ေထာင္ေရးေဖာက္ျပန္ေနတယ္။ အဲဒါ ကၽြန္မကိုလည္း ကြာမေပးဘူး။ သူ႔အေနနဲ႔ဆင္ျခင္ပါ႔မယ္လို႔ပဲ ကတိေပးေနတာ၊ ၾကာလာေတာ႔ ကၽြန္မစိတ္ပ်က္လွၿပီ” လို႔ ဆိုလာပါတယ္။ အဲဒီအမ်ိဳးသမီးေလးရဲ႕ ခင္ပြန္းနဲ႔ေတြ႔ဆုံျဖစ္ေတာ့လည္း သူ႔အမ်ိဳးသားက ရိုးသားပြင့္လင္းစြာပဲ ဆိုပါတယ္။ “မရွက္တမ္းေျပာရရင္ေတာ့ အငယ္ထားတာ၊ လိင္ကိစၥေၾကာင့္ပါ။ မိန္းမက အလုပ္မ်ားတယ္။ သား၊ သမီးတာဝန္ေတြနဲ႔ဆိုေတာ့ စိတ္ဖိစီးမႈေတြလည္းရွိတယ္။ ဒါေၾကာင့္ အိမ္ေထာင္ေရးသုခကို မေပးႏိုင္တာမ်ားတယ္။ ဒါေၾကာင့္ ေနလို႔ရမယ္႔သူရွာတာ၊ ဒါေပမဲ႔ မိသားစုၿပိဳကြဲေအာင္အထိေတာ့ မမိုက္ပါဘူး” ဆိုတဲ့ အမ်ိဳးသားေတြရဲ႕အသံကိုလည္း ၾကားဖူးခဲ့ပါတယ္။

အခ်ိဳ႕ၾကေတာ့လည္း အိမ္ေထာင္ေရးေဖာက္ျပန္ေပမယ္႔ ကိုယ့္ရဲ႕အိမ္ေထာင္ဘက္၊ မိသားစုနဲ႔လည္း ေပ်ာ္ေပ်ာ္ရႊင္ရႊင္ေနထိုင္ေနၾကတာ ေတြ႔ရပါတယ္။ ကၽြန္မအျမင္ကေတာ့ ဘယ္လိုေၾကာင့္ပဲဆိုဆို မယားႀကီးပဲ ျဖစ္ျဖစ္၊ မယားငယ္ပဲ ျဖစ္ျဖစ္၊ အေပ်ာ္မယားလို႔ပဲ ဆိုဆို ေတြးၾကည့္မယ္ဆိုရင္ မိန္းကေလးေတြဘက္က နစ္နာလွတယ္လို႔ပဲျမင္မိတယ္။ (တစ္အိမ္ေထာင္ကြဲလို႔ ဒုတိယအိမ္ေထာင္ကို ဆိုလိုျခင္း မဟုတ္ပါ)

အမ်ိဳးသမီးေတြအေနနဲ႔ စဥ္းစားသင့္တယ္။ အိမ္ေထာင္ရွိတယ္ဆိုတဲ့ အမ်ိဳးသားတစ္ေယာက္ကို ဘာေၾကာင့္ပဲျဖစ္ျဖစ္ လက္မခံသင့္ဘူး။ လက္ခံလိုက္တာနဲ႔ ကိုယ္ကထိခိုက္သြားၿပီ။ ကိုယ္ကႏုလို႔ငယ္လို႔ သာတယ္လို႔တြက္ၿပီး ဒီအမ်ိဳးသားကို အပိုင္ရေအာင္ႀကိဳးစားႏိုင္တယ္လို႔ဆိုဦးေတာ့ ကိုယ့္ထက္အရင္ သူ႔စိတ္ထဲမွာ သူ႔ဇနီးကိုစြဲလမ္းၿပီးသား၊ ပိုဆိုးတာက အိမ္ေထာင္ေရးေဖာက္ျပန္လိုက္တဲ့ခင္ပြန္းက မယားႀကီးကလက္လႊတ္ၿပီး ကြာရွင္းေပးလိုက္တဲ့အခါ သူ႔ရဲ႕သနားတဲ့စိတ္နဲ႔ ေမတၱာစိတ္က မယားႀကီးေနာက္ကို ပါသြားခဲ့တာလည္း ေတြ႔ျမင္ခဲ့ရဖူးပါတယ္။

“မွားခဲ့တယ္ဆိုတာ ဘယ္အခ်ိန္မွာ ေနာင္တရသလဲဆိုေတာ့ ကြာရွင္းစာခ်ဳပ္လက္မွတ္ထိုးေပးၿပီး ဒီမိန္းမနဲ႔ေပါင္းၿပီဆိုတဲ့အခ်ိန္ကစၿပီး တျမည့္ျမည့္နဲ႔ျဖစ္လာတယ္။ သူနဲ႔ပ်က္ၿပီလို႔ေျပာေပမယ္႔ သူ႔အိမ္ေထာင္နဲ႔ သူေနထိုင္ခဲ့တဲ့သံေယာဇဥ္ကို ျပန္အမွတ္ရလာတယ္။ သူ႔ထက္ ငယ္တဲ့ ႏုတဲ့ မိန္းကေလးဆိုတာမွန္ေပမယ္႔ ရတဲ့အခ်ိန္ခဏေတာ့ ငါ….ကြ ဆိုၿပိး သာယာေက်နပ္တာပဲ။ ဒါေပမဲ့ ကိုယ့္အေပၚ ေကာင္းခဲ့တဲ့ဇနီးအေပၚ သစၥာေဖာက္မိတဲ့ကိုယ့္အျဖစ္ကို မၾကာခဏေတြးမိတယ္။ ကိုယ့္ရဲ႕သစၥာရွိတဲ့ဇနီးနဲ႔ ခုမွရတဲ့မိန္းကေလးကို အရာရာမွာႏႈိင္းယွဥ္မိပါတယ္။ မတူဘူးေပါ႔” မယားႀကီးလက္ထဲကေန ရခဲ့တဲ့မိန္းကေလးကေတာ့ ဘယ္လိုခံစားေနလဲမသိ။ သူရလိုက္တဲ့ခင္ပြန္းရဲ႕ ရင္ထဲကိုလည္း လိုက္ျမင္ႏိုင္တာမဟုတ္၊ တိတ္တိတ္ကေလး မိသားစုနဲ႔ ေပ်ာ္ခဲ့တာကို သတိရေနၿပီး ေနာင္တရေနတာကို သိတဲ့အခါ ခံစားရတဲ့ေဝဒနာကလည္း အေတာ္ေလးဆိုးလွပါတယ္။

“ကၽြန္မယူလိုက္တဲ့သူက မယားႀကီးနဲ႔ ခိုးေပါင္းေနျပန္ၿပီ၊ သူ႔မိသားစုကိုလည္း မျပတ္ႏိုင္၊ ကိုယ့္ကိုလည္းေပါင္းေနေတာ့ အေတာ့္ကို အတၱႀကီးတဲ့သူပါ။ ကၽြန္မ မွားတယ္။ ကိုယ့္ဘဝကို တစ္ကစၿပီး ျပဳျပင္ေျပာင္းလဲဖို႔ပဲ ႀကိဳးစားေတာ့မယ္” လို႔ ဆိုခဲ့ဖူးတဲ့ မိန္းကေလးကိုလည္း ေတြ႔ခဲ့ရဖူးတယ္။

ဒါ႔အျပင္ လူေတြရဲ႕သေဘာတရားအရ လက္ထဲမွာရွိေနတာထက္ အေဝးမွာရွိေနတဲ့သူကို ပိုၿပီးေတာင့္တတတ္တဲ့ သေဘာလည္းရွိတာ ေတြ႔ရပါတယ္။

ဒါ့အျပင္ ပတ္ဝန္းက်င္မွာလည္း မတင့္မတယ္ျဖစ္ရပါတယ္။ ၿပီးေတာ့ သားသမီးေတြရလာတယ္ဆိုဦး မယားငယ္ရဲ႕ သားသမီးဆိုတဲ့ အေျပာနဲ႔တင္ ကိုယ့္သားသမီးအေပၚကို ထိခိုက္ေနၿပီးသား။ ၿပီးေတာ့ အဆိုးဆုံးက ဘာသာေရးရႈေထာင့္ကေနၾကည့္တဲ့အခါ အပါယ္ငရဲကိုက်ေရာက္ၿပီးသား။ သူတို႔က ကိုယ္အိမ္ေထာင္ရွိပါလ်က္နဲ႔ ကိုယ္နဲ႔လာတြယ္ေနတဲ့မိန္းကေလးကို တန္ဖိုးမထားသလို၊ စိတ္ထဲမွာလည္း အဲလိုမိန္းကေလးကို သိကၡာမရွိတဲ့မိန္းမလို႔လည္း သတ္မွတ္ၾကတာလည္း ေတြ႔ရတယ္။

ဒါေၾကာင့္ သူမ်ား အိမ္ေထာင္ဘက္နဲ႔ ပတ္သက္ဖို႔ လုံးဝမစဥ္းစားၾကပါနဲ႔၊ အိမ္ေထာင္ရွိတဲ့သူေတြက ကိုယ့္ဆီလာတာ အခ်စ္ေၾကာင့္မဟုတ္ပါဘူး။ လိင္စိတ္ေၾကာင့္ပါ။ အဲဒီလိင္စိတ္ေၾကာင့္ ဖမ္းမယ္ဆိုရင္လည္း စဥ္းစားပါဦးလို႔သာ တိုက္တြန္းပါရေစ။

ဘယ္ေလာက္ပဲ လိင္စိတ္ျပင္းထန္ေနတဲ့သူပဲျဖစ္ပါေစ အျမဲတမ္းေတာ့ အဲဒီလိုခ်ည္းပဲ မေနနိုင္ပါဘူး။ ငယ္တုန္းကေပါင္းခဲ့တဲ့မိန္းမနဲ႔ သူနဲ႔အတူတူ ျဖတ္သန္းရင္ဆိုင္ရတဲ့ မိသားစုဘဝကို ေတာင့္တမိၾကတာပါပဲ။ ကိုယ့္အေပၚမွာ တစ္ခဏတာသာယာတတ္တဲ့ အတၱႀကီးတဲ့ အမ်ိဳးသားေတြအတြက္ ကိုယ့္ဘဝကို အနစ္မြန္းမခံပါနဲ႔လို႔လည္း တိုက္တြန္းခ်င္ပါတယ္။

ဒါေၾကာင့္ မိန္းကေလးျဖစ္လာၿပီဆိုရင္ သိကၡာရွိတဲ့ မိန္းကေလး၊ သစၥာရွိတဲ့ မိန္းကေလး၊ တန္ဖိုးရွိတဲ့ မိန္းကေလးျဖစ္ေအာင္သာ ဘဝကို ႀကိဳးစားတည္ေဆာက္သင့္ပါတယ္။ ကိုယ္ပိုင္ဘဝရွိတဲ့ မိန္းမတစ္ေယာက္ဟာ ဘယ္သူ႔မ်က္ႏွာကိုမွ ၾကည့္စရာမလိုဘဲနဲ႔ ရွင္သန္ႏိုင္ပါတယ္။ ဒါေၾကာင့္ ကိုယ္ပိုင္ဘဝ ရွိတဲ့ အမ်ိဳးသမီးေတြျဖစ္ေအာင္သာ အားထုတ္ပါလို႔ တိုက္တြန္းပါရေစရွင္။

မတူတဲ့ အျမင္မ်ားရွိရင္လည္း ေဆြးေႏြးဖို႔ ဖိတ္ေခၚပါတယ္။

ေမသၾကၤန္ဟိန္ (ျမစ္မခ)

www.akhayar.com

[Unicode]

သစ္စာရှိရတဲ့ မိန်းမ၊ သိက္ခာမဲ့ရတဲ့ မိန်းကလေး

အိမ်ထောင်ရေး ဖောက်ပြန်တတ်တဲ့သူတွေဟာ စိတ်ပိုင်းဆိုင်ရာမပြည့်ဝတဲ့ စိတ်ဝေဒနာသည်တွေဖြစ်တယ်လို့ စိတ်ပညာရှင်ရီမင်က ဆိုပါတယ်။ သူ့အမြင်ကတော့ အမျိုးသားတွေက သူတို့ရဲ့ချစ်သူ၊ ဇနီးသည်တွေကို သစ္စာရှိတဲ့မိန်းခလေးမျိုးပဲ ဖြစ်စေချင်ကြတာများတယ်လို့ သူကသုံးသပ်တာပါ။

သူတို့ကသာ အခြားအမျိုးသမီးတစ်ယောက်ကို စိတ်နဲ့ပဲဖြစ်ဖြစ် ပြစ်မှားလိမ့်မယ်။ ဒါပေမဲ့ သူတို့ချစ်သူ၊ သို့မဟုတ် သူတို့ဇနီးက သူတို့မဟုတ်တဲ့ အခြားတစ်ယောက်ယောက်ကို ကာယကံမြောက် ပြစ်မှားဖို့မပြောနဲ့ စိတ်နဲ့ပြစ်မှားတာမျိုးကိုတောင် လက်မခံနိုင်ကြဘူး။ ဒါကြောင့် ကိုယ်ကဖောက်ပြန်နေပမယ့် ကိုယ့်ဇနီးကိုတော့ သဝန်တိုနေတတ်တာ အဲဒီသဘောပါလို့ ဆိုပါတယ်။

အမျိုးသားတွေက သစ္စာရှိတဲ့မိန်းကလေးကို တန်ဖိုးရှိတဲ့ချစ်သူအဖြစ် သတ်မှတ်ခဲ့ပြီး လက်ထပ်ချိန်မှာလည်း သစ္စာရှိတဲ့ဇနီးဖြစ်လာမှာကို မျှော်လင့်ကြတယ်။ အချို့အမျိုးသားတွေကတော့ ကိုယ့်မှာသစ္စာရှိတဲ့ မိန်းကလေးရှိနေတာတောင်မှ အခြားမိန်းကလေးတစ်ယောက်ကို အပျော်အနေနဲ့ တွဲကြတာလည်း တွေ့ရတယ်။

ဒါပေမဲ့ သူတို့စိတ်ထဲမှာ ဒီမိန်းကလေးကို အပျော်သဘာနဲ့ အသွေးအသားတောင့်တမှုကြောင့်သာ တွဲနေရတာမျိုးရှိနေပေမယ့် သူတို့ရဲ့ သစ္စာရှိတဲ့မိန်းမတွေလိုတော့ သဘောမထားနိုင်တဲ့ စိတ်နှစ်ခွ သဘောမျိုးလည်း ရှိနေတာတွေ့ရပါတယ်။

ဒါကြောင့်သာ အိမ်ထောင်ရေးဖောက်ပြန်နေတဲ့ ယောကျာၤးအများစုကတော့ သူတို့ရဲ့ပြင်းထန်တဲ့ လိင်စိတ်ဆန္ဒကိုမလွန်ဆန်နိုင်တဲ့အခါ သူ့သဘောကျ အပျော်သဘောကျူးလွန်ပေးမယ့် မိန်းကလေးတွေကို လိုအပ်ကြတာလို့လည်း စိတ်ပညာရှင်ရဲ့ရေးသားမှုကို ဖတ်ရှုခဲ့ရတယ်။

အမျိုးသားတွေမှာတင် လိင်စိတ်ပြင်းထန်တာမျိုး မဟုတ်ပါဘူး။ အချို့အမျိုးသမီးတွေကလည်း ဒီအတိုင်းပါပဲ၊ ဒါကြောင့် အဲဒီလိုစိတ်များတဲ့မိန်းကလေးတွေက သက်တူရွယ်တူလူပျိုလူလွတ်အမျိုးသားတွေထက်၊ အိမ်ထောင်သည်အမျိုးသားတွေကို ပိုပြီးနှစ်သက်စွဲလမ်းကြတယ်။ သူတို့စွဲလန်းတာက အဲဒီအမျိုးသားကိုမဟုတ်ပါဘူး။ အဲဒီအမျိုးသားနဲ့ ပျော်ပါးကျူးလွန်တာကို စွဲလန်းတာလို့လည်း စိတ်ပညာရှင်က ရေးသားဖော်ပြထားပါတယ်။

ကျွန်မအနေနဲ့ကတော့ စိတ်ပညာရှင်လည်းမဟုတ်တဲ့အတွက် ကိုယ့်အနေနဲ့ ရိုးရိုးလေးပဲ စဉ်းစားကြည့်မိတယ်။ အချို့လူတွေက အိမ်ထောင်ရေးဖောက်ပြန်ကြတယ်။ တစ်ဖက်ကလည်း လက်ရှိအိမ်ထောင်ကိုကွဲဖို့ မိသားစုဘဝကိုပြိုပျက်လိုက်ဖို့ စိတ်ကူးမရှိကြပါဘူး။

“ကျွန်မအမျိုးသားက အိမ်ထောင်ရေးဖောက်ပြန်နေတယ်။ အဲဒါ ကျွန်မကိုလည်း ကွာမပေးဘူး။ သူ့အနေနဲ့ဆင်ခြင်ပါ့မယ်လို့ပဲ ကတိပေးနေတာ၊ ကြာလာတော့ ကျွန်မစိတ်ပျက်လှပြီ” လို့ ဆိုလာပါတယ်။ အဲဒီအမျိုးသမီးလေးရဲ့ ခင်ပွန်းနဲ့တွေ့ဆုံဖြစ်တော့လည်း သူ့အမျိုးသားက ရိုးသားပွင့်လင်းစွာပဲ ဆိုပါတယ်။ “မရှက်တမ်းပြောရရင်တော့ အငယ်ထားတာ၊ လိင်ကိစ္စကြောင့်ပါ။ မိန်းမက အလုပ်များတယ်။ သား၊ သမီးတာဝန်တွေနဲ့ဆိုတော့ စိတ်ဖိစီးမှုတွေလည်းရှိတယ်။ ဒါကြောင့် အိမ်ထောင်ရေးသုခကို မပေးနိုင်တာများတယ်။ ဒါကြောင့် နေလို့ရမယ့်သူရှာတာ၊ ဒါပေမဲ့ မိသားစုပြိုကွဲအောင်အထိတော့ မမိုက်ပါဘူး” ဆိုတဲ့ အမျိုးသားတွေရဲ့အသံကိုလည်း ကြားဖူးခဲ့ပါတယ်။

အချို့ကြတော့လည်း အိမ်ထောင်ရေးဖောက်ပြန်ပေမယ့် ကိုယ့်ရဲ့အိမ်ထောင်ဘက်၊ မိသားစုနဲ့လည်း ပျော်ပျော်ရွှင်ရွှင်နေထိုင်နေကြတာ တွေ့ရပါတယ်။ ကျွန်မအမြင်ကတော့ ဘယ်လိုကြောင့်ပဲဆိုဆို မယားကြီးပဲ ဖြစ်ဖြစ်၊ မယားငယ်ပဲ ဖြစ်ဖြစ်၊ အပျော်မယားလို့ပဲ ဆိုဆို တွေးကြည့်မယ်ဆိုရင် မိန်းကလေးတွေဘက်က နစ်နာလှတယ်လို့ပဲမြင်မိတယ်။ (တစ်အိမ်ထောင်ကွဲလို့ ဒုတိယအိမ်ထောင်ကို ဆိုလိုခြင်း မဟုတ်ပါ)

အမျိုးသမီးတွေအနေနဲ့ စဉ်းစားသင့်တယ်။ အိမ်ထောင်ရှိတယ်ဆိုတဲ့ အမျိုးသားတစ်ယောက်ကို ဘာကြောင့်ပဲဖြစ်ဖြစ် လက်မခံသင့်ဘူး။ လက်ခံလိုက်တာနဲ့ ကိုယ်ကထိခိုက်သွားပြီ။ ကိုယ်ကနုလို့ငယ်လို့ သာတယ်လို့တွက်ပြီး ဒီအမျိုးသားကို အပိုင်ရအောင်ကြိုးစားနိုင်တယ်လို့ဆိုဦးတော့ ကိုယ့်ထက်အရင် သူ့စိတ်ထဲမှာ သူ့ဇနီးကိုစွဲလမ်းပြီးသား၊ ပိုဆိုးတာက အိမ်ထောင်ရေးဖောက်ပြန်လိုက်တဲ့ခင်ပွန်းက မယားကြီးကလက်လွှတ်ပြီး ကွာရှင်းပေးလိုက်တဲ့အခါ သူ့ရဲ့သနားတဲ့စိတ်နဲ့ မေတ္တာစိတ်က မယားကြီးနောက်ကို ပါသွားခဲ့တာလည်း တွေ့မြင်ခဲ့ရဖူးပါတယ်။

“မှားခဲ့တယ်ဆိုတာ ဘယ်အချိန်မှာ နောင်တရသလဲဆိုတော့ ကွာရှင်းစာချုပ်လက်မှတ်ထိုးပေးပြီး ဒီမိန်းမနဲ့ပေါင်းပြီဆိုတဲ့အချိန်ကစပြီး တမြည့်မြည့်နဲ့ဖြစ်လာတယ်။ သူနဲ့ပျက်ပြီလို့ပြောပေမယ့် သူ့အိမ်ထောင်နဲ့ သူနေထိုင်ခဲ့တဲ့သံယောဇဉ်ကို ပြန်အမှတ်ရလာတယ်။ သူ့ထက် ငယ်တဲ့ နုတဲ့ မိန်းကလေးဆိုတာမှန်ပေမယ့် ရတဲ့အချိန်ခဏတော့ ငါ….ကွ ဆိုပြိး သာယာကျေနပ်တာပဲ။ ဒါပေမဲ့ ကိုယ့်အပေါ် ကောင်းခဲ့တဲ့ဇနီးအပေါ် သစ္စာဖောက်မိတဲ့ကိုယ့်အဖြစ်ကို မကြာခဏတွေးမိတယ်။ ကိုယ့်ရဲ့သစ္စာရှိတဲ့ဇနီးနဲ့ ခုမှရတဲ့မိန်းကလေးကို အရာရာမှာနှိုင်းယှဉ်မိပါတယ်။ မတူဘူးပေါ့” မယားကြီးလက်ထဲကနေ ရခဲ့တဲ့မိန်းကလေးကတော့ ဘယ်လိုခံစားနေလဲမသိ။ သူရလိုက်တဲ့ခင်ပွန်းရဲ့ ရင်ထဲကိုလည်း လိုက်မြင်နိုင်တာမဟုတ်၊ တိတ်တိတ်ကလေး မိသားစုနဲ့ ပျော်ခဲ့တာကို သတိရနေပြီး နောင်တရနေတာကို သိတဲ့အခါ ခံစားရတဲ့ဝေဒနာကလည်း အတော်လေးဆိုးလှပါတယ်။

“ကျွန်မယူလိုက်တဲ့သူက မယားကြီးနဲ့ ခိုးပေါင်းနေပြန်ပြီ၊ သူ့မိသားစုကိုလည်း မပြတ်နိုင်၊ ကိုယ့်ကိုလည်းပေါင်းနေတော့ အတော့်ကို အတ္တကြီးတဲ့သူပါ။ ကျွန်မ မှားတယ်။ ကိုယ့်ဘဝကို တစ်ကစပြီး ပြုပြင်ပြောင်းလဲဖို့ပဲ ကြိုးစားတော့မယ်” လို့ ဆိုခဲ့ဖူးတဲ့ မိန်းကလေးကိုလည်း တွေ့ခဲ့ရဖူးတယ်။

ဒါ့အပြင် လူတွေရဲ့သဘောတရားအရ လက်ထဲမှာရှိနေတာထက် အဝေးမှာရှိနေတဲ့သူကို ပိုပြီးတောင့်တတတ်တဲ့ သဘောလည်းရှိတာ တွေ့ရပါတယ်။

ဒါ့အပြင် ပတ်ဝန်းကျင်မှာလည်း မတင့်မတယ်ဖြစ်ရပါတယ်။ ပြီးတော့ သားသမီးတွေရလာတယ်ဆိုဦး မယားငယ်ရဲ့ သားသမီးဆိုတဲ့ အပြောနဲ့တင် ကိုယ့်သားသမီးအပေါ်ကို ထိခိုက်နေပြီးသား။ ပြီးတော့ အဆိုးဆုံးက ဘာသာရေးရှုထောင့်ကနေကြည့်တဲ့အခါ အပါယ်ငရဲကိုကျရောက်ပြီးသား။ သူတို့က ကိုယ်အိမ်ထောင်ရှိပါလျက်နဲ့ ကိုယ်နဲ့လာတွယ်နေတဲ့မိန်းကလေးကို တန်ဖိုးမထားသလို၊ စိတ်ထဲမှာလည်း အဲလိုမိန်းကလေးကို သိက္ခာမရှိတဲ့မိန်းမလို့လည်း သတ်မှတ်ကြတာလည်း တွေ့ရတယ်။

ဒါကြောင့် သူများ အိမ်ထောင်ဘက်နဲ့ ပတ်သက်ဖို့ လုံးဝမစဉ်းစားကြပါနဲ့၊ အိမ်ထောင်ရှိတဲ့သူတွေက ကိုယ့်ဆီလာတာ အချစ်ကြောင့်မဟုတ်ပါဘူး။ လိင်စိတ်ကြောင့်ပါ။ အဲဒီလိင်စိတ်ကြောင့် ဖမ်းမယ်ဆိုရင်လည်း စဉ်းစားပါဦးလို့သာ တိုက်တွန်းပါရစေ။

ဘယ်လောက်ပဲ လိင်စိတ်ပြင်းထန်နေတဲ့သူပဲဖြစ်ပါစေ အမြဲတမ်းတော့ အဲဒီလိုချည်းပဲ မနေနိုင်ပါဘူး။ ငယ်တုန်းကပေါင်းခဲ့တဲ့မိန်းမနဲ့ သူနဲ့အတူတူ ဖြတ်သန်းရင်ဆိုင်ရတဲ့ မိသားစုဘဝကို တောင့်တမိကြတာပါပဲ။ ကိုယ့်အပေါ်မှာ တစ်ခဏတာသာယာတတ်တဲ့ အတ္တကြီးတဲ့ အမျိုးသားတွေအတွက် ကိုယ့်ဘဝကို အနစ်မွန်းမခံပါနဲ့လို့လည်း တိုက်တွန်းချင်ပါတယ်။

ဒါကြောင့် မိန်းကလေးဖြစ်လာပြီဆိုရင် သိက္ခာရှိတဲ့ မိန်းကလေး၊ သစ္စာရှိတဲ့ မိန်းကလေး၊ တန်ဖိုးရှိတဲ့ မိန်းကလေးဖြစ်အောင်သာ ဘဝကို ကြိုးစားတည်ဆောက်သင့်ပါတယ်။ ကိုယ်ပိုင်ဘဝရှိတဲ့ မိန်းမတစ်ယောက်ဟာ ဘယ်သူ့မျက်နှာကိုမှ ကြည့်စရာမလိုဘဲနဲ့ ရှင်သန်နိုင်ပါတယ်။ ဒါကြောင့် ကိုယ်ပိုင်ဘဝ ရှိတဲ့ အမျိုးသမီးတွေဖြစ်အောင်သာ အားထုတ်ပါလို့ တိုက်တွန်းပါရစေရှင်။

မတူတဲ့ အမြင်များရှိရင်လည်း ဆွေးနွေးဖို့ ဖိတ်ခေါ်ပါတယ်။

မေသြင်္ကန်ဟိန် (မြစ်မခ)

www.akhayar.com