[Zawgyi]

American Idol ကေန ျငင္းပယ္ခံရဖူးတဲ့ နာမည္ေက်ာ္အဆုိေတာ္မ်ား

အခုေခတ္မွာ ႏုိင္ငံတကာမွာလည္း ႏုိင္ငံတကာမို႔လို႔၊ ျမန္မာျပည္မွာလည္း ျမန္မာျပည္မွာမို႔လို႔ အဆိုျပိဳင္ပြဲေတြ အျပိဳင္းအရိုင္းထြက္ေပၚခဲ့တာ ၾကာပါျပီ။ သူတို႔ဆီမွာဆုိရင္ The Voice ၊ X Factor နဲ႔ American Idol လို နာမည္ၾကီးျပိဳင္ပြဲေတြ ရွိသလို ျမန္မာျပည္မွာလည္း Melody World ၊ အိပ္မက္ဆံုရာ၊ Myanmar Idol နဲ႔ The Voice Myanmar တို႔လို ျပိဳင္ပြဲေတြ ရွိလာပါျပီ။

အဆိုျပိဳင္ပြဲဆိုတဲ့အတုိင္း ႏုိင္တဲ့သူက ႏုိင္၊ ရႈံးတဲ့သူက ျပိဳင္ပြဲက ထြက္ဆိုတဲ့အေနအထားမွာ အဆုိျပိဳင္ပြဲႏုိင္တဲ့သူတိုင္းေရာ ေအာင္ျမင္ေက်ာ္ၾကားတဲ့ အဆိုေတာ္တစ္ေယာက္ျဖစ္လာပါရဲ့လား၊ ရႈံးလို႔၊ ဒါမွမဟုတ္ ဆန္ကာတင္မွာတင္ ျပဳတ္က်ခဲ့သူေတြေရာ အဆိုေတာ္မျဖစ္ႏုိ္င္ဘူးလားဆိုျပီး ေမးခြန္းထုတ္စရာ အေျခအေနေတြရွိပါတယ္။ တစ္ခါတေလမွာ ဒိုင္ေရွ႕ အစြမ္းျပရမယ့္ အခ်ိန္အခုိက္အတန္႔ေလးမွာ ခၽြတ္ေခ်ာ္မႈေတြရွိလို႔ ပါရမီရွိေပမယ့္ ျပဳတ္ခဲ့ရတဲ့သူေတြလည္း ရွိေနပါတယ္။

ဒီလုိ အေျခအေနမ်ိဳးၾကံဳခဲ့ဖူးတဲ့ American Idol လို နာမည္ၾကီး အဆုိျပိဳင္ပြဲကေန ျငင္းပယ္ခံရေပမယ့္ နာမည္ၾကီး အဆုိေတာ္ျဖစ္သြားသူတခ်ိဳ႕လည္း ရွိေနပါတယ္။ သူတို႔ကေတာ့

Hillary Scott

Hillary Scott ဂရမ္မီဆုရစဥ္

Lady Antebellum ရဲ့ ေရွ႕ထြက္အဆိုေတာ္ျဖစ္တဲ့ Hillary Scott ဟာ American Idol မွာ ႏွစ္ၾကိမ္ေတာင္ ဝင္ေရာက္အေရြးခံတာ ျဖစ္ေပမယ့္ အၾကိဳအသံစမ္းပြဲထိေတာင္ မေရာက္ဖူးပါဘူး။ ဒီအေၾကာင္းကို သူကုိယ္တုိင္က “ကၽြန္မ ဒုိင္ေတြကိုေတာင္ မျမင္ဖူးပါဘူး၊ အသံစစ္လူေရြးခ်ယ္ပြဲသြားတုန္းက Production လက္ေထာက္ေတြနဲ႔ အလုပ္သင္ေတြေရွ႕မွာ ဆိုခဲ့ရတာ ျဖစ္ျပီး မေက်ာ္ျဖတ္ႏုိင္ခဲ့ပါဘူး” လို႔ ျပန္ေျပာျပခဲ့ပါတယ္။ ဒါေပမယ့္အခုခ်ိန္မွာေတာ့ Hillary Scott ဟာ Lady Antebellum နဲ႔အတူ Record of the Year နဲ႔ Song of the Year ဆုအပါအဝင္ ဂရမ္မီ ၅ ဆုကို ၂၀၁၁ ခုႏွစ္မွာ ဆြတ္ခူးႏုိင္ခဲ့ျပီးျဖစ္ပါတယ္။

Colbie Caillat

colbie caillat

Colbie Caillat ကိုေတာ့ Jason Mraz နဲ႔ တြဲဆိုထားတဲ့ “Lucky” သီခ်င္းနဲ႔တြဲသိၾကမွာ ျဖစ္သလို တစ္ကုိယ္ေတာ္သီခ်င္းေတြလည္း သီဆိုထားပါတ္။ သူဟာလည္း American Idol ကို ႏွစ္ေခါက္ဝင္ျပိဳင္ခဲ့ျပီး ဒုတိယတစ္ေခါက္မွာဆိုရင္ သူ႔ရဲ့ ကိုယ္ပုိင္သီခ်င္း “Bubbly” နဲ႔ ဝင္ျပိဳင္ခဲ့ေပမယ့္ အျငင္းခံခဲ့ရသူပါ။ ဒါေပမယ့္ ဒီ “Bubbly” ဟာ ႏုိင္ငံတကာမွာ ေပါက္ခဲ့ရံုမက Casey James နဲ႔ Katie Stevens လို လူေတြအပါအဝင္ ေတာ္ေတာ္မ်ားမ်ားက Cover Version ျပန္ဖန္တီးတဲ့အထိ ေပါက္ခဲ့ပါတယ္။

Mary Lambert

Mary Lambert

“She Keeps Me Warm” သီခ်င္းပိုင္ရွင္ Mary Lambert ကို လူသိမ်ားေစခဲ့တဲ့ သီခ်င္းကေတာ့ Macklemore နဲ႔ Ryan Lewis တို႔နဲ႔ တြဲဖက္ဖန္တီးခဲ့တဲ့ “Same Love” ျဖစ္ပါတယ္။ သူ႔အသက္ ၁၆ ႏွစ္မွာတုန္းက American Idol ဝင္ျပိဳင္ခဲ့ေပမယ့္ အဆင့္ေတြ အမ်ားၾကီးမေရာက္ခဲ့ပါဘူး။ ဒါေပမယ့္ အခုေတာ့ သူဟာ ေနရာတစ္ေနရာကို ေရာက္ရွိေနျပီျဖစ္ပါတယ္။

Amber Riley

Amber Riley

Glee ၾကယ္ပြင့္ “Amber Riley” ဟာ American Idol ကုိ အသက္ ၁၇ ႏွစ္အရြယ္က ဝင္ျပိဳင္ခဲ့ျပီး ထုတ္လုပ္သူေတြ ၾကည့္တဲ့အဆင့္ကို မေက်ာ္ႏုိ္င္ခဲဲ့ပါဘူး။ အခုေတာ့ Glee မွာ ပါဝင္ေဖ်ာ္ေျဖခဲ့တဲ့ စြမ္းရည္ေတြေၾကာင့္ Fox Network မွာ သီဆိုေနရျပီျဖစ္ပါတယ္။

Naya Rivera

naya rivera

Amber လိုပဲ Glee ရဲ့ ၾကယ္ပြင့္တစ္ပြင့္ျဖစ္တဲ့ Naya Rivera ဟာလည္း ဆန္ဖရန္စစၥကိုမွာလုပ္တဲ့ Audition မွာ ဝင္ျပိဳင္ခဲ့ေပမယ့္ ပထမအဆင့္မွာတင္ ျဖဳတ္ခ်ခံခဲ့ရပါတယ္။ ဒါေပမယ့္ သူ Idol Audition မွာ ဝင္ျပဳိင္ခဲ့တဲ့ Bee Gee ရဲ့ “Emotion” သီခ်င္းေၾကာင့္ပဲ Glee မွာ ေနရာတစ္ခုရခဲ့တာ ျဖစ္ပါတယ္။

Alex & Sierra

Alex & Sierra

Alex Kinsey နဲ႔ သူ႔ရဲ႕ ေကာင္မေလး Sierra Deaton တို႔ဟာ American Idol Season 12 မွာ ဝင္ျပိဳင္ခဲ့ၾကဖူးပါတယ္။ Alex က Hollywood Week ထိ တက္လွမ္းျပီးမွ ျပဳတ္ခဲ့ေပမယ့္ Sierra ကေတာ့ ထုတ္လုပ္သူေတြေရွ႕ေရာက္တဲ့အထိ မစြမ္းႏုိင္ခဲ့ပါဘူး။ ဒါေပမယ့္ တစ္ႏွစ္မျပည့္ခင္အခ်ိန္မွာပဲ The X Factor US မွာ ေအာင္ျမင္ခဲ့ပါတယ္။ ဒါတင္မဟုတ္ဘဲ Simon Cowell ရဲ့ Syco Label နဲ႔ စာခ်ဳပ္ခ်ဳပ္ျပီး အႏုပညာအလုပ္ေတြ လုပ္ေနၾကျပီျဖစ္ပါတယ္။

ဒါေၾကာင့္ အဆိုျပိဳင္ပြဲတစ္ခုမွာ ျဖစ္ျဖစ္၊ ဘဝရဲ့ ဘယ္တုိက္ပြဲမွာပဲျဖစ္ျဖစ္ အရႈံးေတြနဲ႔ ရင္ဆိုင္ရတဲ့အခါ အလြယ္တကူစိတ္ဓာတ္က်မသြားပါနဲ႔။ ကုိယ့္ေရွ႕က တံခါးတစ္ခ်ပ္ပိတ္ထားတယ္ဆိုတာ ဖြင့္ထားတဲ့ တံခါးဆီ သြားတတ္ဖို႔၊ ဒီေန႔ ဒီအခ်ိန္မေအာင္ျမင္ဘူးဆိုတာ ေနာက္တစ္ခ်ိန္မွာ ပံုစံတစ္မ်ိဳးနဲ႔ ေအာင္ျမင္ဖို႔ ျဖစ္လာတယ္ဆိုတာ အျမဲတမ္းအမွတ္ရဖုိ႔ လိုပါတယ္။

Yoe Lu (Akhayar)

www.akhayar.com

Ref : rollingstone.com
[Unicode]

American Idol ကနေ ငြင်းပယ်ခံရဖူးတဲ့ နာမည်ကျော်အဆိုတော်များ

အခုခေတ်မှာ နိုင်ငံတကာမှာလည်း နိုင်ငံတကာမို့လို့၊ မြန်မာပြည်မှာလည်း မြန်မာပြည်မှာမို့လို့ အဆိုပြိုင်ပွဲတွေ အပြိုင်းအရိုင်းထွက်ပေါ်ခဲ့တာ ကြာပါပြီ။ သူတို့ဆီမှာဆိုရင် The Voice ၊ X Factor နဲ့ American Idol လို နာမည်ကြီးပြိုင်ပွဲတွေ ရှိသလို မြန်မာပြည်မှာလည်း Melody World ၊ အိပ်မက်ဆုံရာ၊ Myanmar Idol နဲ့ The Voice Myanmar တို့လို ပြိုင်ပွဲတွေ ရှိလာပါပြီ။

အဆိုပြိုင်ပွဲဆိုတဲ့အတိုင်း နိုင်တဲ့သူက နိုင်၊ ရှုံးတဲ့သူက ပြိုင်ပွဲက ထွက်ဆိုတဲ့အနေအထားမှာ အဆိုပြိုင်ပွဲနိုင်တဲ့သူတိုင်းရော အောင်မြင်ကျော်ကြားတဲ့ အဆိုတော်တစ်ယောက်ဖြစ်လာပါရဲ့လား၊ ရှုံးလို့၊ ဒါမှမဟုတ် ဆန်ကာတင်မှာတင် ပြုတ်ကျခဲ့သူတွေရော အဆိုတော်မဖြစ်နိုင်ဘူးလားဆိုပြီး မေးခွန်းထုတ်စရာ အခြေအနေတွေရှိပါတယ်။ တစ်ခါတလေမှာ ဒိုင်ရှေ့ အစွမ်းပြရမယ့် အချိန်အခိုက်အတန့်လေးမှာ ချွတ်ချော်မှုတွေရှိလို့ ပါရမီရှိပေမယ့် ပြုတ်ခဲ့ရတဲ့သူတွေလည်း ရှိနေပါတယ်။

ဒီလို အခြေအနေမျိုးကြုံခဲ့ဖူးတဲ့ American Idol လို နာမည်ကြီး အဆိုပြိုင်ပွဲကနေ ငြင်းပယ်ခံရပေမယ့် နာမည်ကြီး အဆိုတော်ဖြစ်သွားသူတချို့လည်း ရှိနေပါတယ်။ သူတို့ကတော့

Hillary Scott

Hillary Scott ဂရမ်မီဆုရစဉ်

Lady Antebellum ရဲ့ ရှေ့ထွက်အဆိုတော်ဖြစ်တဲ့ Hillary Scott ဟာ American Idol မှာ နှစ်ကြိမ်တောင် ဝင်ရောက်အရွေးခံတာ ဖြစ်ပေမယ့် အကြိုအသံစမ်းပွဲထိတောင် မရောက်ဖူးပါဘူး။ ဒီအကြောင်းကို သူကိုယ်တိုင်က “ကျွန်မ ဒိုင်တွေကိုတောင် မမြင်ဖူးပါဘူး၊ အသံစစ်လူရွေးချယ်ပွဲသွားတုန်းက Production လက်ထောက်တွေနဲ့ အလုပ်သင်တွေရှေ့မှာ ဆိုခဲ့ရတာ ဖြစ်ပြီး မကျော်ဖြတ်နိုင်ခဲ့ပါဘူး” လို့ ပြန်ပြောပြခဲ့ပါတယ်။ ဒါပေမယ့်အခုချိန်မှာတော့ Hillary Scott ဟာ Lady Antebellum နဲ့အတူ Record of the Year နဲ့ Song of the Year ဆုအပါအဝင် ဂရမ်မီ ၅ ဆုကို ၂၀၁၁ ခုနှစ်မှာ ဆွတ်ခူးနိုင်ခဲ့ပြီးဖြစ်ပါတယ်။

Colbie Caillat

colbie caillat

Colbie Caillat ကိုတော့ Jason Mraz နဲ့ တွဲဆိုထားတဲ့ “Lucky” သီချင်းနဲ့တွဲသိကြမှာ ဖြစ်သလို တစ်ကိုယ်တော်သီချင်းတွေလည်း သီဆိုထားပါတ်။ သူဟာလည်း American Idol ကို နှစ်ခေါက်ဝင်ပြိုင်ခဲ့ပြီး ဒုတိယတစ်ခေါက်မှာဆိုရင် သူ့ရဲ့ ကိုယ်ပိုင်သီချင်း “Bubbly” နဲ့ ဝင်ပြိုင်ခဲ့ပေမယ့် အငြင်းခံခဲ့ရသူပါ။ ဒါပေမယ့် ဒီ “Bubbly” ဟာ နိုင်ငံတကာမှာ ပေါက်ခဲ့ရုံမက Casey James နဲ့ Katie Stevens လို လူတွေအပါအဝင် တော်တော်များများက Cover Version ပြန်ဖန်တီးတဲ့အထိ ပေါက်ခဲ့ပါတယ်။

Mary Lambert

Mary Lambert

“She Keeps Me Warm” သီချင်းပိုင်ရှင် Mary Lambert ကို လူသိများစေခဲ့တဲ့ သီချင်းကတော့ Macklemore နဲ့ Ryan Lewis တို့နဲ့ တွဲဖက်ဖန်တီးခဲ့တဲ့ “Same Love” ဖြစ်ပါတယ်။ သူ့အသက် ၁၆ နှစ်မှာတုန်းက American Idol ဝင်ပြိုင်ခဲ့ပေမယ့် အဆင့်တွေ အများကြီးမရောက်ခဲ့ပါဘူး။ ဒါပေမယ့် အခုတော့ သူဟာ နေရာတစ်နေရာကို ရောက်ရှိနေပြီဖြစ်ပါတယ်။

Amber Riley

Amber Riley

Glee ကြယ်ပွင့် “Amber Riley” ဟာ American Idol ကို အသက် ၁၇ နှစ်အရွယ်က ဝင်ပြိုင်ခဲ့ပြီး ထုတ်လုပ်သူတွေ ကြည့်တဲ့အဆင့်ကို မကျော်နိုင်ခဲ့ပါဘူး။ အခုတော့ Glee မှာ ပါဝင်ဖျော်ဖြေခဲ့တဲ့ စွမ်းရည်တွေကြောင့် Fox Network မှာ သီဆိုနေရပြီဖြစ်ပါတယ်။

Naya Rivera

naya rivera

Amber လိုပဲ Glee ရဲ့ ကြယ်ပွင့်တစ်ပွင့်ဖြစ်တဲ့ Naya Rivera ဟာလည်း ဆန်ဖရန်စစ္စကိုမှာလုပ်တဲ့ Audition မှာ ဝင်ပြိုင်ခဲ့ပေမယ့် ပထမအဆင့်မှာတင် ဖြုတ်ချခံခဲ့ရပါတယ်။ ဒါပေမယ့် သူ Idol Audition မှာ ဝင်ပြိုင်ခဲ့တဲ့ Bee Gee ရဲ့ “Emotion” သီချင်းကြောင့်ပဲ Glee မှာ နေရာတစ်ခုရခဲ့တာ ဖြစ်ပါတယ်။

Alex & Sierra

Alex & Sierra

Alex Kinsey နဲ့ သူ့ရဲ့ ကောင်မလေး Sierra Deaton တို့ဟာ American Idol Season 12 မှာ ဝင်ပြိုင်ခဲ့ကြဖူးပါတယ်။ Alex က Hollywood Week ထိ တက်လှမ်းပြီးမှ ပြုတ်ခဲ့ပေမယ့် Sierra ကတော့ ထုတ်လုပ်သူတွေရှေ့ရောက်တဲ့အထိ မစွမ်းနိုင်ခဲ့ပါဘူး။ ဒါပေမယ့် တစ်နှစ်မပြည့်ခင်အချိန်မှာပဲ The X Factor US မှာ အောင်မြင်ခဲ့ပါတယ်။ ဒါတင်မဟုတ်ဘဲ Simon Cowell ရဲ့ Syco Label နဲ့ စာချုပ်ချုပ်ပြီး အနုပညာအလုပ်တွေ လုပ်နေကြပြီဖြစ်ပါတယ်။

ဒါကြောင့် အဆိုပြိုင်ပွဲတစ်ခုမှာ ဖြစ်ဖြစ်၊ ဘဝရဲ့ ဘယ်တိုက်ပွဲမှာပဲဖြစ်ဖြစ် အရှုံးတွေနဲ့ ရင်ဆိုင်ရတဲ့အခါ အလွယ်တကူစိတ်ဓာတ်ကျမသွားပါနဲ့။ ကိုယ့်ရှေ့က တံခါးတစ်ချပ်ပိတ်ထားတယ်ဆိုတာ ဖွင့်ထားတဲ့ တံခါးဆီ သွားတတ်ဖို့၊ ဒီနေ့ ဒီအချိန်မအောင်မြင်ဘူးဆိုတာ နောက်တစ်ချိန်မှာ ပုံစံတစ်မျိုးနဲ့ အောင်မြင်ဖို့ ဖြစ်လာတယ်ဆိုတာ အမြဲတမ်းအမှတ်ရဖို့ လိုပါတယ်။

Yoe Lu (Akhayar)

www.akhayar.com

Ref : rollingstone.com