[Zawgyi]

ေႏြေနပူပူမွာ ရင္ကိုေအးေစၿပီး က်န္းမာေရးကို အက်ဳိးျပဳတဲ့ အစားအေသာက္မ်ား

ေဆာင္းအကုန္ ေႏြအကူး ရာသီဥတုကူးေျပာင္းခ်ိန္မွာ အပူခ်ိန္ေတြျမင္႔တက္လာတာနဲ႔အမွ် ပင္ပန္းႏြယ္ကာ ေခၽြးထြက္လြန္ၿပီး ေရဓာတ္ေတြ အမ်ားအျပားကုန္ဆံုးတတ္ပါတယ္။ ဒီေႏြရာသီမွာ ေရဓာတ္ျပည္႔ဝေနေစဖုိ႔ ေရအျပင္ အျခားေသာ က်န္းမာေရးကိုေကာင္းမြန္ေစတဲ့ Healthy Drink ေတြ၊ ေရဓာတ္ေပါေပါမ်ားမ်ားပါဝင္တဲ့ အစားအေသာက္ေတြကို စားေသာက္ေပးျခင္းအားျဖင္႔ ေခါင္းကုိက္ျခင္းနဲ႔ ေရဓာတ္ဆံုးရႈံးျခင္းေၾကာင္႔ ပင္ပန္းေလးလံေႏွးေကြးျခင္းမျဖစ္ဘဲ သာသာယာယာေလး ေႏြရာသီကိုေက်ာ္ျဖတ္ႏိုင္မွာ အေသအခ်ာပါပဲ။ သုေတသနျပဳခ်က္ေတြအရလည္း ေရဓာတ္အျပည္႔ပါတဲ့ အစားအေသာက္ေတြစားေပးျခင္းက ကယ္္လိုရီနည္းနည္းနဲ႔ ဗိုက္ျပည့္ေနေစတဲ႔အတြက္ ဝမွာကိုလည္း စိတ္မပူရပါဘူး။ ေရဓာတ္မ်ားမ်ားပါတဲ႔ အစားအေသာက္ေတြက ဘာေတြျဖစ္မလဲဆိုတာ ၾကည္႔လိုက္ရေအာင္။

Acer Swift 3

Acer Swift 3

Acer Swift 3 အေၾကာင္း အေသးစိတ္ၾကည့္ရန္

သခြားသီး

သခြားသီးမွာ ေရဓာတ္ ၉၅ ရာခိုင္ႏႈန္းပါဝင္လို႔ ေရဓာတ္ၾကြယ္ဝမႈမ်ားတဲ့ အစားအေသာက္တစ္ခုလို႔ ေျပာလို႔ရပါတယ္။ သူမွာေပါမ်ားစြာပါဝင္တဲ့ ေရဓာတ္ေၾကာင္႔ ေရဆာေနတဲ႔အခါမွာ စားသံုးေပးလိုက္ရင္ ေရဆာေျပေစပါတယ္။ ဒါအျပင္ အမွ်င္ဓာတ္အခ်ဳိ႕နဲ႕ Vitamin C ပါဝင္လို႔ ကိုယ္ခံစြမ္းအားကို ျမွင္႔တင္ေပးလို႔ ေခၽြးထြက္လြန္ၿပီး ဖ်ားနာမွာလည္း မစိုးရိမ္ရပါဘူး။ Diet လုပ္သူေတြအေနနဲ႔လည္း ဟင္းသီးဟင္းရြက္ေတြနဲ႔ သခြားသီးကုိေရာၿပီး Salad အေနနဲ႔လည္း ျပဳလုပ္ၿပီး စားသံုးေပးလို႔ရပါတယ္။

cucumber

အစိမ္းေရာင္အရြက္မ်ားမ်ားပါတဲ႔ အရြက္သုပ္

အစိမ္းေရာင္အရြက္သုပ္က ကယ္လိုရီနည္းပါးတဲ့အျပင္ ေရဓာတ္ကလည္း ၉၀ ရာခုိင္ႏႈန္းေတာင္ ပါတယ္ေနာ္။ Vitamin C ၊ Fiber နဲ႔ Antioxidant Beta Carotene ေတြ မ်ားစြာပါဝင္လို႔ မ်က္လံုးက်န္းမာေရးနဲ႔ အသားအေရအတြက္ပါ ေကာင္းမြန္ေစပါတယ္။ ေန႔လယ္စာ ဒါမွမဟုတ္ ညစာကို အစိမ္းေရာင္အရြက္မ်ားမ်ားပါတဲ့ Salad တစ္ပဲြစားေပးျခင္းက အဆီေလာင္ကၽြမ္းေစဖို႔အတြက္ အေကာင္းဆံုးစားေသာက္ပံုပဲ ျဖစ္ပါတယ္။

greek salad

စေတာ္ဘယ္ရီ

ေရဓာတ္ ၉၁ ရာခိုင္ႏႈန္းပါဝင္တဲ႔အျပင္ Vitamin C လည္းၾကြယ္ဝစြာပါဝင္တဲ႔ အသီးအႏွံတစ္ခုျဖစ္ပါတယ္။ Berry နဲ႔တဲြဖက္ၿပီးစားေပးရင္ ဆဲလ္အသစ္ေတြႀကီးထြားေစဖို႔အတြက္ အေထာက္အကူျဖစ္ေစပါတယ္။ ေရဆာတဲ႔အခါ စေတာ္ဘယ္ရီနဲ႔ ဘယ္ရီသီးကို ေရာစပ္ၿပီး သေရစာအေနနဲ႔ စားေပးလုိ႔ရပါတယ္။

strawberries basket

ဖရဲသီး

ေရဓာတ္ၾကြယ္ဝစြာပါဝင္တဲ့ အသီးအႏွံကို ေျပာတဲ့အခါမွာ ဖရဲသီးကိုလည္း ခ်န္ထားလုိ႔မရပါဘူး။ ေနပူပူကေနျပန္လာရင္ ဖရဲသီးခ်ဳိခ်ဳိေအးေအးေလးကုိ စားလုိက္ရတဲ့အရသာက ေရခဲေရေသာက္ရတာထက္ေတာင္ ရင္ကိုပိုၿပီး ေအးျမေစပါတယ္။ ထိုအျပင္ Vitamin C အရင္းအျမစ္ကို ဖရဲသီးကေနရတယ္လို႔ေျပာလို႔ရေအာင္ Vitamin C လည္း အလြန္ၾကြယ္ဝပါတယ္။ Lycopene နဲ႔ Antioxidant ဓာတ္ေတြပါလို႔ အသည္းေရာဂါနဲ႔ ကင္ဆာေရာဂါကိုလည္း ခုခံကာကြယ္ေပးႏိုင္စြမ္းရွိပါတယ္။

Watermelon

Yogurt

Yogurt ခ်စ္သူေတြအတြက္ေတာ႔ သတင္းေကာင္းပါပဲ။ အသီးအႏွံေတြမပါတဲ႔ ရုိးရုိး Yogurt မွာဆို ေရဓာတ္ ၈၅ ရာခိုင္ႏႈန္းကေန ၈၈ ရာခိုင္ႏႈန္းအထိ ပါဝင္ပါတယ္။ Yogurt စားျခင္းက ဝမ္းခ်ဳပ္ျခင္းမွ ကင္းေဝေစသလို အပူပုပ္ေတြကင္းစင္ကာ ခႏၶာကိုယ္ကို ေပါ႔ပါးလန္းဆန္္းေစပါတယ္။ Calcium နဲ႔ Vitamin B12 ေတြလည္းပါဝင္လို႔ ခႏၶာကိုယ္ကို အက်ဳိးမ်ားစြာျဖစ္ထြန္းေစပါတယ္။

Yogurt

ေရႊဖရုံသီး

ေရႊဖရုံသီးက ခ်ဳိတဲ့အရသာရွိၿပီး ေရဓာတ္လည္း ၈၈ ရာခုိိင္ႏႈန္းပါဝင္ပါတယ္။ Vitamin A ပါဝင္လို႔ မ်က္လံုးက်န္းမာေရးကို ေကာင္းေစသလို Vitamin C ၊ Potassium နဲ႔ ဇီဝကမၼေဗဒကို ေကာင္းမြန္ေစတဲ႔ Manganese လည္းပါဝင္လို႔ ေဆးဖက္ဝင္တဲ႔ ဟင္းတစ္ခြက္အေနနဲ႔ ခ်က္စားဖို႔လည္း သင္႔ေတာ္ပါတယ္။

Butternut squash

အခုေဖာ္ျပထားတဲ့ အစားအေသာက္ေတြက ကယ္လုိရီလည္း အမ်ားႀကီးမတက္ေစသလို ေရဆာေနတဲ႔အခါမွာ ေရငတ္ေျပေစဖို႔ ေရဓာတ္ကိုျပန္လည္ျဖည္႔တင္းေပးဖို႔အတြက္ စားေပးႏိုင္ကာ က်န္းမာေရးရႈေထာင္႔ကၾကည္႔ရင္လည္း တကယ္ကို အက်ဳိးမ်ားတဲ့ အစားအေသာက္ေတြပဲ ျဖစ္ပါတယ္။

Acer Swift 3

Acer Swift 3

Acer Swift 3 အေၾကာင္း အေသးစိတ္ၾကည့္ရန္

H.H(အခရာ)

www.akhayar.com

Facebook လူမႈကြန္ရက္ေပၚတြင္တင္ဆက္ေနသည့္ စာမ်က္ႏွာမ်ားတြင္ အခရာမွတင္ဆက္ထားသည့္ ေဆာင္းပါးမ်ား၊ သတင္းမ်ားကို ခြင့္ျပဳခ်က္ တစ္စုံတစ္ရာ ရယူထားျခင္းမရွိဘဲ စီးပြားျဖစ္ ကူးယူသုံးစြဲေနသည္မ်ားကို ေတြ႕ရွိေနရပါသည္။ အခရာစာမ်က္ႏွာအား တစ္ဦးတစ္ေယာက္ခ်င္း ေဝမွ်သည္ကို အသိအမွတ္ျပဳေက်းဇူးတင္ေသာ္လည္း စီပြားျဖစ္တည္ေထာင္ထားသည့္ စာမ်က္ႏွာမ်ား၊ ဝက္ဘ္ဆိုက္မ်ားတြင္ ကူးယူတင္ဆက္ေနသည္မ်ားကိုမူ ျပင္းထန္စြာကန႔္ကြက္ပါသည္။ သို႔ျဖစ္ပါ၍ အခရာမီဒီယာမွတင္ဆက္ေနသည့္ အေၾကာင္းအရာမ်ားထဲမွ စာသားအခ်ိဳ႕ကိုျဖစ္ေစ ၊ အပုဒ္လိုက္ျဖစ္ေစ ၊ တစ္ပိုဒ္ျခင္းျဖစ္ေစ ကူးယူသုံးစြဲျခင္းမျပဳရန္ႏွင့္ ဆက္လက္ျပဳလုပ္ပါက ခိုးယူသုံးစြဲေနသည့္ စာမ်က္ႏွာမ်ားကို အမည္ႏွင့္တကြ အမ်ားသိေစရန္ေၾကညာသြားမည္ျဖစ္ၿပီး ဥပေဒအရ အေရးယူမည္ျဖစ္ေၾကာင္း သတိေပးေၾကညာအပ္ပါသည္။

[Unicode]

နွေနေပူပူမှာ ရင်ကိုအေးစေပြီး ကျန်းမာရေးကို အကျိုးပြုတဲ့ အစားအသောက်များ

ဆောင်းအကုန် နွေအကူး ရာသီဥတုကူးပြောင်းချိန်မှာ အပူချိန်တွေမြင့်တက်လာတာနဲ့အမျှ ပင်ပန်းနွယ်ကာ ချွေးထွက်လွန်ပြီး ရေဓာတ်တွေ အများအပြားကုန်ဆုံးတတ်ပါတယ်။ ဒီနွေရာသီမှာ ရေဓာတ်ပြည့်ဝနေစေဖို့ ရေအပြင် အခြားသော ကျန်းမာရေးကိုကောင်းမွန်စေတဲ့ Healthy Drink တွေ၊ ရေဓာတ်ပေါပေါများများပါဝင်တဲ့ အစားအသောက်တွေကို စားသောက်ပေးခြင်းအားဖြင့် ခေါင်းကိုက်ခြင်းနဲ့ ရေဓာတ်ဆုံးရှုံးခြင်းကြောင့် ပင်ပန်းလေးလံနှေးကွေးခြင်းမဖြစ်ဘဲ သာသာယာယာလေး နွေရာသီကိုကျော်ဖြတ်နိုင်မှာ အသေအချာပါပဲ။ သုတေသနပြုချက်တွေအရလည်း ရေဓာတ်အပြည့်ပါတဲ့ အစားအသောက်တွေစားပေးခြင်းက ကယ်လိုရီနည်းနည်းနဲ့ ဗိုက်ပြည့်နေစေတဲ့အတွက် ဝမှာကိုလည်း စိတ်မပူရပါဘူး။ ရေဓာတ်များများပါတဲ့ အစားအသောက်တွေက ဘာတွေဖြစ်မလဲဆိုတာ ကြည့်လိုက်ရအောင်။

Acer Swift 3

Acer Swift 3

Acer Swift 3 အကြောင်း အသေးစိတ်ကြည့်ရန်

သခွားသီး

သခွားသီးမှာ ရေဓာတ် ၉၅ ရာခိုင်နှုန်းပါဝင်လို့ ရေဓာတ်ကြွယ်ဝမှုများတဲ့ အစားအသောက်တစ်ခုလို့ ပြောလို့ရပါတယ်။ သူမှာပေါများစွာပါဝင်တဲ့ ရေဓာတ်ကြောင့် ရေဆာနေတဲ့အခါမှာ စားသုံးပေးလိုက်ရင် ရေဆာပြေစေပါတယ်။ ဒါအပြင် အမျှင်ဓာတ်အချို့နဲ့ Vitamin C ပါဝင်လို့ ကိုယ်ခံစွမ်းအားကို မြှင့်တင်ပေးလို့ ချွေးထွက်လွန်ပြီး ဖျားနာမှာလည်း မစိုးရိမ်ရပါဘူး။ Diet လုပ်သူတွေအနေနဲ့လည်း ဟင်းသီးဟင်းရွက်တွေနဲ့ သခွားသီးကိုရောပြီး Salad အနေနဲ့လည်း ပြုလုပ်ပြီး စားသုံးပေးလို့ရပါတယ်။

cucumber

အစိမ်းရောင်အရွက်များများပါတဲ့ အရွက်သုပ်

အစိမ်းရောင်အရွက်သုပ်က ကယ်လိုရီနည်းပါးတဲ့အပြင် ရေဓာတ်ကလည်း ၉၀ ရာခိုင်နှုန်းတောင် ပါတယ်နော်။ Vitamin C ၊ Fiber နဲ့ Antioxidant Beta Carotene တွေ များစွာပါဝင်လို့ မျက်လုံးကျန်းမာရေးနဲ့ အသားအရေအတွက်ပါ ကောင်းမွန်စေပါတယ်။ နေ့လယ်စာ ဒါမှမဟုတ် ညစာကို အစိမ်းရောင်အရွက်များများပါတဲ့ Salad တစ်ပွဲစားပေးခြင်းက အဆီလောင်ကျွမ်းစေဖို့အတွက် အကောင်းဆုံးစားသောက်ပုံပဲ ဖြစ်ပါတယ်။

greek salad

စတော်ဘယ်ရီ

ရေဓာတ် ၉၁ ရာခိုင်နှုန်းပါဝင်တဲ့အပြင် Vitamin C လည်းကြွယ်ဝစွာပါဝင်တဲ့ အသီးအနှံတစ်ခုဖြစ်ပါတယ်။ Berry နဲ့တွဲဖက်ပြီးစားပေးရင် ဆဲလ်အသစ်တွေကြီးထွားစေဖို့အတွက် အထောက်အကူဖြစ်စေပါတယ်။ ရေဆာတဲ့အခါ စတော်ဘယ်ရီနဲ့ ဘယ်ရီသီးကို ရောစပ်ပြီး သရေစာအနေနဲ့ စားပေးလို့ရပါတယ်။

strawberries basket

ဖရဲသီး

ရေဓာတ်ကြွယ်ဝစွာပါဝင်တဲ့ အသီးအနှံကို ပြောတဲ့အခါမှာ ဖရဲသီးကိုလည်း ချန်ထားလို့မရပါဘူး။ နေပူပူကနေပြန်လာရင် ဖရဲသီးချိုချိုအေးအေးလေးကို စားလိုက်ရတဲ့အရသာက ရေခဲရေသောက်ရတာထက်တောင် ရင်ကိုပိုပြီး အေးမြစေပါတယ်။ ထိုအပြင် Vitamin C အရင်းအမြစ်ကို ဖရဲသီးကနေရတယ်လို့ပြောလို့ရအောင် Vitamin C လည်း အလွန်ကြွယ်ဝပါတယ်။ Lycopene နဲ့ Antioxidant ဓာတ်တွေပါလို့ အသည်းရောဂါနဲ့ ကင်ဆာရောဂါကိုလည်း ခုခံကာကွယ်ပေးနိုင်စွမ်းရှိပါတယ်။

Watermelon

Yogurt

Yogurt ချစ်သူတွေအတွက်တော့ သတင်းကောင်းပါပဲ။ အသီးအနှံတွေမပါတဲ့ ရိုးရိုး Yogurt မှာဆို ရေဓာတ် ၈၅ ရာခိုင်နှုန်းကနေ ၈၈ ရာခိုင်နှုန်းအထိ ပါဝင်ပါတယ်။ Yogurt စားခြင်းက ဝမ်းချုပ်ခြင်းမှ ကင်းဝေစေသလို အပူပုပ်တွေကင်းစင်ကာ ခန္ဓာကိုယ်ကို ပေါ့ပါးလန်းဆန်းစေပါတယ်။ Calcium နဲ့ Vitamin B12 တွေလည်းပါဝင်လို့ ခန္ဓာကိုယ်ကို အကျိုးများစွာဖြစ်ထွန်းစေပါတယ်။

Yogurt

ရွှေဖရုံသီး

ရွှေဖရုံသီးက ချိုတဲ့အရသာရှိပြီး ရေဓာတ်လည်း ၈၈ ရာခိိုင်နှုန်းပါဝင်ပါတယ်။ Vitamin A ပါဝင်လို့ မျက်လုံးကျန်းမာရေးကို ကောင်းစေသလို Vitamin C ၊ Potassium နဲ့ ဇီဝကမ္မဗေဒကို ကောင်းမွန်စေတဲ့ Manganese လည်းပါဝင်လို့ ဆေးဖက်ဝင်တဲ့ ဟင်းတစ်ခွက်အနေနဲ့ ချက်စားဖို့လည်း သင့်တော်ပါတယ်။

Butternut squash

အခုဖော်ပြထားတဲ့ အစားအသောက်တွေက ကယ်လိုရီလည်း အများကြီးမတက်စေသလို ရေဆာနေတဲ့အခါမှာ ရေငတ်ပြေစေဖို့ ရေဓာတ်ကိုပြန်လည်ဖြည့်တင်းပေးဖို့အတွက် စားပေးနိုင်ကာ ကျန်းမာရေးရှုထောင့်ကကြည့်ရင်လည်း တကယ်ကို အကျိုးများတဲ့ အစားအသောက်တွေပဲ ဖြစ်ပါတယ်။

Acer Swift 3

Acer Swift 3

Acer Swift 3 အကြောင်း အသေးစိတ်ကြည့်ရန်

H.H(အခရာ)

www.akhayar.com

Facebook လူမှုကွန်ရက်ပေါ်တွင်တင်ဆက်နေသည့် စာမျက်နှာများတွင် အခရာမှတင်ဆက်ထားသည့် ဆောင်းပါးများ၊ သတင်းများကို ခွင့်ပြုချက် တစ်စုံတစ်ရာ ရယူထားခြင်းမရှိဘဲ စီးပွားဖြစ် ကူးယူသုံးစွဲနေသည်များကို တွေ့ရှိနေရပါသည်။ အခရာစာမျက်နှာအား တစ်ဦးတစ်ယောက်ချင်း ဝေမျှသည်ကို အသိအမှတ်ပြုကျေးဇူးတင်သော်လည်း စီပွားဖြစ်တည်ထောင်ထားသည့် စာမျက်နှာများ၊ ဝက်ဘ်ဆိုက်များတွင် ကူးယူတင်ဆက်နေသည်များကိုမူ ပြင်းထန်စွာကန့်ကွက်ပါသည်။ သို့ဖြစ်ပါ၍ အခရာမီဒီယာမှတင်ဆက်နေသည့် အကြောင်းအရာများထဲမှ စာသားအချို့ကိုဖြစ်စေ ၊ အပုဒ်လိုက်ဖြစ်စေ ၊ တစ်ပိုဒ်ခြင်းဖြစ်စေ ကူးယူသုံးစွဲခြင်းမပြုရန်နှင့် ဆက်လက်ပြုလုပ်ပါက ခိုးယူသုံးစွဲနေသည့် စာမျက်နှာများကို အမည်နှင့်တကွ အများသိစေရန်ကြေညာသွားမည်ဖြစ်ပြီး ဥပဒေအရ အရေးယူမည်ဖြစ်ကြောင်း သတိပေးကြေညာအပ်ပါသည်။