Xiaomi ကနေ Redmi ကို သီးသန့် Sub-brand တစ်ခုအနေနဲ့ ခွဲထုတ်လိုက်ပြီး အခုအချိန်မှာတော့ နောက်ထပ် Redmi စမတ်ဖုန်းတစ်ခုကို မြင်တွေ့ရတော့မှာပါ။ ဒီ Redmi ဖုန်းအသစ်ကတော့ Redmi Y3 ဖြစ်ပြီးတော့ Xiaomi India ရဲ့ ဦးဆောင်သူဖြစ်တဲ့ Manu Kumar Jain က Twitter မှာ Tease လုပ်ခဲ့တာဖြစ်ပါတယ်။

အခု Teaser ပုံအရ Xiaomi Redmi Y3 စမတ်ဖုန်းမှာ 32MP Selfie Camera ပါဝင်လာမယ်လို့ ယူဆရပြီး Budget ဖုန်းတစ်ခုဖြစ်လာနိုင်တဲ့အတွက် ဒီလိုမျိုး Selfie တော်တော်ကောင်းနေတာက အားသာချက်ဖြစ်လာနိုင်ပါတယ်။

အခုလိုမျိုး Selfie Camera က လွဲပြီးတခြားသော အသေးစိတ်အချက်အလက်တွေကိုတော့ မသိရှိရသေးပေမယ့် Software အနေနဲ့ကတော့ Android Pie ကို အခြေခံထားတဲ့ MIUI 10 ကို အသုံးပြုလာမှာဖြစ်ပါတယ်။

Redmi 7

ဒီ Redmi Y3 ဖုန်းဟာ India အတွက် အဓိကရည်ရွယ်တာဖြစ်ပြီးတော့ တရုတ်နိုင်ငံနဲ့ ကျန်တဲ့နိုင်ငံတွေအတွက်ကတော့ Redmi 7 Pro ဆိုတဲ့ နာမည်နဲ့ ထွက်ရှိလာဖို့များနေပါတယ်။

Ref : GSMArena