[Zawgyi]

ေမလ ၁၀ ရက္ေန႔မွာ မိတ္ဆက္သြားဖြယ္ရွိတဲ့ Redmi S2

Xiaomi ဟာ မေန႔က ၄င္းတို႔ရဲ႕ Weibo Official Account ကေနၿပီးေတာ့ “S” ကို Highlight လုပ္ထားတဲ့ ေၾကာ္ျငာပံုတစ္ခုကို တင္လိုက္ပါတယ္။ အဆိုပါေၾကာ္ျငာဟာ အသစ္ထြက္ရွိမယ့္ Redmi S2 လည္းျဖစ္ႏိုင္သလို Xiaomi ရဲ႕ ဒုတိယေျမာက္မ်ိဳးဆက္သစ္ကိုယ္ပိုင္ Chipset ျဖစ္တဲ့ Surge S2 Chipset လည္းျဖစ္ႏိုင္တယ္လို႔ ခန္႔မွန္းသတင္းေတြထြက္ေပၚေနခဲ့ပါတယ္။

Redmi S2 Could Be Launching on May 10

ယေန႔ထြက္ေပၚလာသည့္ Xiaomi Teaser သစ္

ဒီကေန႔မွာေတာ့ “Surprise” ဆိုတဲ့စာလံုးပါတဲ့ ေၾကာ္ျငာပံုတစ္ခုကို ထပ္တင္ခ့ဲၿပီး ၄င္းပံုမွာေတာ့
“ေမလ ၁၀ ရက္ေန႔” ဆိုတဲ့ရက္အတိအက်ကိုပါ ထည့္သြင္းထားပါတယ္။ အဲ့ဒီ့ေန႔မွာ Redmi S2 ကုိမိတ္ဆက္သြားမွာလား?

Xiaomi အေနနဲ႔ 3C နဲ႔ TENAA တို႔မွာ Redmi S2 အတြက္ Specification ကို မွတ္ပံုတင္ထားၿပီးသေလာက္ရွိသလို လာမယ့္ ၁၀ရက္ေန႔မွာ တရုတ္အေရာင္းကိုယ္စားလွယ္ Suning Tesco ကုမၸဏီနဲ႔ပူးေပါင္းၿပီးေတာ့ Launch Event တစ္ခုကိုျပဳလုပ္ဖို႔လည္းျပင္ဆင္ထားတယ္လို႔ဆိုပါတယ္။ အဆိုပါပြဲမွာ Redmi S2 ကိုမိတ္ဆက္ဖို ႔ေသခ်ာသေလာက္ရွိေနပါတယ္။
Redmi S2 မွာ ပါဝင္ႏိုင္တဲ့ Specification ေတြကေတာ့ 18:9 ရွိတဲ့ 5.99 လက္မအရြယ္ HD+ Display၊ Snapdragon 625 SoC၊ Battery 3,080mAh၊ RAM 2GB၊ 3GB၊ 4GB နဲ႔ Internal Memory 16 GB / 32 GB / 64 GB ဆိုၿပီးေရြးခ်ယ္ႏိုင္မွာျဖစ္ပါတယ္။ Camera ကေတာ့ Dual Camer ပါဝင္လာမွာျဖစ္ၿပီး ေရွ႕ဘက္ 16MP နဲ႔ ေက်ာဘက္ 12MP+5MP ပါဝင္မယ္လို႔ဆိုပါတယ္။

ခုလက္ရွိအခ်ိန္ထိေတာ့ ခန္႔မွန္းသတင္းအေနနဲ႔သာထြက္ရွိေနတာျဖစ္ၿပီး Xiaomi အေနနဲ႔ Redmi S2 မွာ Surge S2 ကို SoC အျဖစ္ထည့္သြင္းအသံုးျပဳလာႏိုင္မလားဆိုတာလည္း ေစာင့္ၾကည့္ရဦးမွာျဖစ္ပါတယ္။

Ref;Playfuldroid
Phone Hay Ko (Akhayar)
www.akhayar.com

[Unicode]

မေလ ၁၀ ရက်နေ့မှာ မိတ်ဆက်သွားဖွယ်ရှိတဲ့ Redmi S2

Xiaomi ဟာ မနေ့က ၎င်းတို့ရဲ့ Weibo Official Account ကနေပြီးတော့ “S” ကို Highlight လုပ်ထားတဲ့ ကြော်ငြာပုံတစ်ခုကို တင်လိုက်ပါတယ်။ အဆိုပါကြော်ငြာဟာ အသစ်ထွက်ရှိမယ့် Redmi S2 လည်းဖြစ်နိုင်သလို Xiaomi ရဲ့ ဒုတိယမြောက်မျိုးဆက်သစ်ကိုယ်ပိုင် Chipset ဖြစ်တဲ့ Surge S2 Chipset လည်းဖြစ်နိုင်တယ်လို့ ခန့်မှန်းသတင်းတွေထွက်ပေါ်နေခဲ့ပါတယ်။

Redmi S2 Could Be Launching on May 10

ယနေ့ထွက်ပေါ်လာသည့် Xiaomi Teaser သစ်

ဒီကနေ့မှာတော့ “Surprise” ဆိုတဲ့စာလုံးပါတဲ့ ကြော်ငြာပုံတစ်ခုကို ထပ်တင်ခဲ့ပြီး ၎င်းပုံမှာတော့
“မေလ ၁၀ ရက်နေ့” ဆိုတဲ့ရက်အတိအကျကိုပါ ထည့်သွင်းထားပါတယ်။ အဲ့ဒီ့နေ့မှာ Redmi S2 ကိုမိတ်ဆက်သွားမှာလား?

Xiaomi အနေနဲ့ 3C နဲ့ TENAA တို့မှာ Redmi S2 အတွက် Specification ကို မှတ်ပုံတင်ထားပြီးသလောက်ရှိသလို လာမယ့် ၁၀ရက်နေ့မှာ တရုတ်အရောင်းကိုယ်စားလှယ် Suning Tesco ကုမ္ပဏီနဲ့ပူးပေါင်းပြီးတော့ Launch Event တစ်ခုကိုပြုလုပ်ဖို့လည်းပြင်ဆင်ထားတယ်လို့ဆိုပါတယ်။ အဆိုပါပွဲမှာ Redmi S2 ကိုမိတ်ဆက်ဖို့သေချာသလောက်ရှိနေပါတယ်။
Redmi S2 မှာ ပါဝင်နိုင်တဲ့ Specification တွေကတော့ 18:9 ရှိတဲ့ 5.99 လက်မအရွယ် HD+ Display၊ Snapdragon 625 SoC၊ Battery 3,080mAh၊ RAM 2GB၊ 3GB၊ 4GB နဲ့ Internal Memory 16 GB / 32 GB / 64 GB ဆိုပြီးရွေးချယ်နိုင်မှာဖြစ်ပါတယ်။ Camera ကတော့ Dual Camer ပါဝင်လာမှာဖြစ်ပြီး ရှေ့ဘက် 16MP နဲ့ ကျောဘက် 12MP+5MP ပါဝင်မယ်လို့ဆိုပါတယ်။

ခုလက်ရှိအချိန်ထိတော့ ခန့်မှန်းသတင်းအနေနဲ့သာထွက်ရှိနေတာဖြစ်ပြီး Xiaomi အနေနဲ့ Redmi S2 မှာ Surge S2 ကို SoC အဖြစ်ထည့်သွင်းအသုံးပြုလာနိုင်မလားဆိုတာလည်း စောင့်ကြည့်ရဦးမှာဖြစ်ပါတယ်။

Ref;Playfuldroid
Phone Hay Ko (Akhayar)
www.akhayar.com