Xiaomi Fans တွေအားလုံးစိတ်ဝင်တစားစောင့်မျှော်နေကြတဲ့ Redmi Note 7 Pro ကိုတော့ ဒီကနေ့ပဲ အိန္ဒိယနိုင်ငံနယူးဒေလီမြို့မှာ မိတ်ဆက်လိုက်ပါပြီ။ အစောပိုင်းကကြိုတင်ခန့်မှန်းခဲ့ကြသလို 48MP Sony IMX586 Sensor ကိုအသုံးပြုခဲ့သလို Snapdragon 710 ထက်ပိုကောင်းတဲ့ 675 ကိုလည်းအသုံးပြုပေးထားပါတယ်။

Note 7 Pro မှာပါတဲ့ Specification တွေကတော့ အောက်ပါအတိုင်းဖြစ်ပါတယ်။
6.3 လက်မရှိတဲ့ Full-HD+ Display ၊ 19.5:9 Ratio နဲ့ Waterdrop-Style Notch ပါဝင်ပါတယ်။ ရှေ့နဲ့နောက်ကို Gorilla Glass 5 ကိုအသုံးပြုပေးထားတာကြောင့် တော်ရုံအကြမ်းပတမ်းလောက်ကတော့ စိတ်ပူစရာမလိုပါဘူး။ 48-MP primary Sensor with f/1.79 Lens နဲ့ 5MP Secondary depth sensor ပါဝင်မှာဖြစ်ပြီး AI Portrait 2.0 နဲ့ Night Mode Feature တွေပါဝင်လာမှာပါ။ Self Camera ကတော့ 13 MP ရှိပြီး 4K Resolution နဲ့ပါ Recording ပြုလုပ်နိုင်မှာပါ။ Battery ကတော့ Note 7 တုန်းကလိုပဲ 4000 mAh နဲ့ Quick Charge 4.0 ၊ USB Type C Port နဲ့ 3.5mm Audio Jack တို့ပါဝင်ပါတယ်။ Android Pie ကိုအခြေခံထားတဲ့ MIUI 10 ကိုစတင်အသုံးပြုရမှာပါ။

Note 7 Pro ကို 4GB/64GB Version နဲ့ 6GB/128GB ဆိုပြီး Version ၂မျိုးရွေးချယ်နိုင်မှာပါ။ ရွေးချယ်နိုင်မယ့်အရောင်တွေကတော့ Space Black, Nebula Red, နဲ့ Neptune Blue Color တြွေ့ဖစ်ပြီး Gradient Finishes ပါဝင်တာမလို့ ကာလာ ၃မျိုးလုံးက ရောင်ပြေးလေးတွေနဲ့ကြည့်လို့အတော်လှနေမှာပါ။ စိတ်မကောင်းစရာကတော့ Quick Charge Charger 18W ကတော့ သီးသန့်ထပ်ဝယ်ဖို့လိုဦးမှာဖြစ်ပြီး Packing Box ထဲမှာပါလာမှာကတော့ 10W Charger ပဲဖြစ်ပါတယ်။ ဈေးနှုန်းတွေကတော့ RAM 4GB Version ကို (~$196) ဝန်းကျင် (မြန်မာငွေ ၃သိန်းဝန်းကျင်) နဲ့ RAM 6GB Version ကို (~$238) မြန်မာငွေ ၃သိန်းခွဲဝန်းကျင်အသီးသီးကျသင့်မှာဖြစ်ပါတယ်။ အဲ့ဒီဖုန်းကို March လ ၁၃ ရက်နေ့မှာ စတင်ရောင်းချသွားမှာဖြစ်ပြီး Mi.com ၊ Mi Home နဲ့ Flipkart တို့မှာဝယ်ယူနိုင်မှာဖြစ်သလို တခြား နိုင်ငံအသီးသီးက Showroom တွေမှာလည်း အဲ့ဒီရက်သတ္တပါတ်အတွင်းဝယ်ယူနိုင်မှာဖြစ်တယ်လို့သိရပါတယ်။

Ref; AndroidAuthority