[ Zawgyi ]
Phone Hay Ko (Akhayar)
[ Unicode ]
Redmi Series တွေထဲမှာ အထူးခြားဆုံးပြောင်းလဲလာတဲ့ Redmi Note 5 Pro
Redmi Note 5 Pro ကို ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၁၄ရက်နေ့က အိန္ဒိယနိုင်ငံမှာ မိတ်ဆက်ခဲ့ပြီးဖြစ်ပါတယ်။
Redmi Note 5 Pro တစ်မျိုးတည်းမဟုတ်ပဲ Redmi note 5 နဲ့ ၅၅ လက်မအရွယ် Mi LED Smart TV တို့ကိုပါမိတ်ဆက်ခဲ့တာဖြစ်ပါတယ်။ ဒီ Product တွေထဲကမှ Redmi Note 5 Pro ကတော့ ထင်ထားတာထက်ပိုတဲ့ ပြောင်းလဲမှုတွေကိုတွေ့မြင်ခဲ့ရပါတယ်။ ဘာတွေများပါလိမ့်…
သိသာမြင်သာတဲ့ အပြင်ပိုင်းဒီဇိုင်းကိုအရင်ကြည့်လိုက်ရအောင်
Redmi Note တွေရဲ့ ကျောဘက်ကင်မရာတွေဟာ စစထွက်ခဲ့တဲ့ Redmi Note 1 ကနေစလို့ Redmi Note 5 ရိုးရိုးအထိတောင် မြင်နေကျပုံစံ ကင်မရာကို အပေါ်ပိုင်း အလယ်မှာပဲထားခဲ့တာပါ။ ဒါပေမယ့် Redmi Note 5 Pro မှာတော့ iPhone X ရဲ့ ပယောဂ လို့ပဲပြောရမလား.. ?
Camera ထားတဲ့ပုံစံက လုံးဝပြောင်းလဲသွားခဲ့ပါပြီ။ ဘေးကပ်ဒေါင်လိုက် အနေအထားဖြစ်သွားပြီး Redmi တင်မက Mi Series ထဲမှာပါမရှိဖူးသေးတဲ့ ဒီဇိုင်းဖြစ်ပါတယ်။
Display ပိုင်းမှာဆိုရင်လည်း 18:9 Ratio ပါဝင်တဲ့ ပထမဦးဆုံး Redmi Note Series တွေဖြစ်လာပါတယ်။
Rear Camera ဟာ Dual ဖြစ်ပြီးPrimary Camera အတွက် 12MP SONY IMX 376 အမျိုးအစား Sensor နဲ့ Depth Effect အတွက် Samsung Sensor ကိုတပ်ဆင်ပေးထားပါတယ်။
20MP Selfie ကင်မရာနဲ့ Portrait ဓါတ်ပုံတွေကိုပါရိုက်ကူးနိုင်မှာဖြစ်သလို အလင်းအားနည်းတဲ့နေရာတွေမှာအတွက် Selfie Flash-Light ကိုလည်းထည့်သွင်းပေးထားပါသေးတယ်။
RAM ကို LPDDR4X Chip ကိုအသုံးပြုပေးထားတာကြောင့် ပုံမှန်မြင်တွေ့နေကျ LPDDR4 Chip တွေထပ် စွမ်းအင်သုံးစွဲမှု 30% ထက်မနည်းသက်သာစေမှာဖြစ်ပါတယ်။
စမတ်ဖုန်းလေကမှာ ပထမဦးဆုံး Snapdragon 636 Chipset ကိုအသုံးပြုထားတဲ့ဖုန်းဖြစ်လာပါတယ်။
Redmi Series တွေထဲမှာ ပထမဦးဆုံး RAM 6 GB ပါဝင်တဲ့ဖုန်းတစ်လုံးဖြစ်လာပါတယ်။
Battery 4000mAh ပါဝင်မှာဖြစ်ပြီး ရရှိနိုင်မယ့်အရောင်တွေကတော့ Black ၊ Gold ၊ Rose Gold နဲ့ Lake Blue ဆိုပြီး ၄မျိးရွေးချယ်နိုင်မှာဖြစ်ပါတယ်။
အိန္ဒိယနိုင်ငံမှာ ဖေဖော်ဝါရီ ၂၂ ရက်နေ့မှာစတင်ရောင်းချမှာဖြစ်ပြီး ဈေးနှုန်းကတော့
4 GB + 64 GB = Rs 13999 (မြန်မာငွေ 3 သိန်းဝန်းကျင်)
6 GB + 64 GB = Rs 16999 (မြန်မာငွေ 3 သိန်းခွဲဝန်းကျင်) ကျသင့်မှာဖြစ်ပါတယ်။
Redmi Note 5 ကတော့ Redmi 5Plus နဲ့ Specification အတော်များများတူညီနေပြီး Design လည်းထူးထူးခြားခြားပြောင်းလဲခြင်းမရှိပါဘူး။ ဈေးနှုန်းကတော့
3 GB + 32 GB = Rs 9999 (မြန်မာငွေ 2 သိန်းစွန်းစွန်းဝန်းကျင်)
4 GB + 64 GB = Rs 11999 (မြန်မာငွေ 2 သိန်းခွဲဝန်းကျင်) ကျသင့်မှာဖြစ်ပါတယ်။
ယခုဖော်ပြထားတဲ့ဈေးနှုန်းတွေကတော့ ခန့်မှန်းမြန်မာငွေတန်ဖိုးများဖြစ်ပြီး ပြည်တွင်းဈေးကွက်ထဲရောက်လာတဲ့အခါမှာတော့ ၅သောင်းခန့်ပိုများနိုင်ပါတယ်။
Phone Hay Ko (Akhayar)
Facebook လူမှုကွန်ရက်ပေါ်တွင်တင်ဆက်နေသည့် စာမျက်နှာများတွင် အခရာမှတင်ဆက်ထားသည့် ဆောင်းပါးများ၊ သတင်းများကို ခွင့်ပြုချက် တစ်စုံတစ်ရာ ရယူထားခြင်းမရှိဘဲ စီးပွားဖြစ် ကူးယူသုံးစွဲနေသည်များကို တွေ့ရှိနေရပါသည်။ အခရာစာမျက်နှာအား တစ်ဦးတစ်ယောက်ချင်း ဝေမျှသည်ကို အသိအမှတ်ပြုကျေးဇူးတင်သော်လည်း စီပွားဖြစ်တည်ထောင်ထားသည့် စာမျက်နှာများ၊ ဝက်ဘ်ဆိုက်များတွင် ကူးယူတင်ဆက်နေသည်များကိုမူ ပြင်းထန်စွာကန့်ကွက်ပါသည်။ သို့ဖြစ်ပါ၍ အခရာမီဒီယာမှတင်ဆက်နေသည့် အကြောင်းအရာများထဲမှ စာသားအချို့ကိုဖြစ်စေ ၊ အပုဒ်လိုက်ဖြစ်စေ ၊ တစ်ပိုဒ်ခြင်းဖြစ်စေ ကူးယူသုံးစွဲခြင်းမပြုရန်နှင့် ဆက်လက်ပြုလုပ်ပါက ခိုးယူသုံးစွဲနေသည့် စာမျက်နှာများကို အမည်နှင့်တကွ အများသိစေရန်ကြေညာသွားမည်ဖြစ်ပြီး ဥပဒေအရ အရေးယူမည်ဖြစ်ကြောင်း သတိပေးကြေညာအပ်ပါသည်။