Redmi စမတ်ဖုန်း Brand ရဲ့ General Manager ဖြစ်တဲ့ Lu Weibing က Redmi Pro 2 လို့အမည်ပေးထားတဲ့ စမတ်ဖုန်း Design တစ်မျိုးကိုထုတ်ပြခဲ့ပါတယ်။ အဲ့ဒီဖုန်းဟာ Lu ရဲ့ပြောကြားချက်အရ Flagship စမတ်ဖုန်းတွေမှာသုံးတဲ့ Snapdragon 855 Chipset ကိုသုံးထားမယ်လို့ဆိုပါတယ်။ ပုံအရ ဖုန်းဟာ Pop-up Camera နဲ့ဖြစ်ပေမယ့် ဒီပုံက အတည်ပြုထားတဲ့ပုံမဟုတ်သေးတာကြောင့် Camera နဲ့ပတ်သက်တဲ့အချက်ကတော့ မသေချာသေးဘူးလို့ဆိုပါတယ်။

Redmi Pro 2 ဖုန်းဟာ ၂၀၁၇ ကတည်းက ကောလဟလတွေကြိုပြီးထွက်နေခဲ့တာဖြစ်ပြီး ဒီတစ်ခါထွက်လာတဲ့သတင်းတွေကတော့ ကောလဟာလသတင်းတွေရဲ့အဆုံးသတ်ဖြစ်လာနိုင်ပါတယ်။

ဒါပေမယ့် ခန့်မှန်းလို့ရတဲ့ ပုံမှန်မြင်နေကျ Specification တွေကလွဲရင် အသေးစိတ်အချက်အလက်တွေတော့ ထုတ်ပြန်ထားတာမျိုးမဟုတ်သေးပါဘူး။ Lu ကတော့ Redmi စမတ်ဖုန်းတွေကို တန်ဖိုးသင့် Mid-range ဖုန်း Brand တစ်ခုလိုမမြင်ပဲ စွမ်းဆောင်ရည်မြင့် Powerful စမတ်ဖုန်းတွေအနေနဲ့ပါ တွေ့မြင်ရဖို့ကြိုးစားနေပြီလို့ဆိုပါတယ်။

Ref; GSMArena
SiD (Akhayar)