Xiaomi ကနေ Redmi Series ကို သီးခြား Sub-brand တစ်ခုအနေနဲ့ ခွဲထုတ်ပြီးနောက်ပိုင်းမှာ သီးသန့်အနေနဲ့ Flagship စမတ်ဖုန်းတစ်ခုကို မိတ်ဆက်သွားမယ်ဆိုတဲ့ သတင်းတွေထွက်လာတာ အချိန်အနည်းငယ်ကြာသွားပြီဖြစ်ပါတယ်။

အခုအချိန်မှာတော့ ဒီ Redmi Flagship ဖုန်းအတွက် Leak သတင်းတွေအစား Hands-on Video တစ်ခုထွက်ရှိလာပြီပဲဖြစ်ပါတယ်။ အခု Video ကနေ Redmi Series ရဲ့ ပထမဆုံး Flagship ဖုန်းနဲ့ပတ်သတ်ပြီး ဘယ်လိုပုံစံမျိုးရှိမလဲဆိုတာကို သိနိုင်ပြီပဲဖြစ်ပါတယ်။

ယခု Video အရတော့ Redmi ရဲ့ Flagship စမတ်ဖုန်းက Display ရဲ့ အလည်မှာ Selfie Camera ကို Hole-punch Display အနေနဲ့ ထည့်သွင်းထားပြီး Triple Camera တွေကိုပါ တပ်ဆင်ထားတာကို တွေ့ရပါတယ်။ ဒါပေမယ့် Under-Display Fingerprint တော့ ပါဝင်လာမှာမဟုတ်ဘဲ နောက်ကျောဘက်မှာပဲ Fingerprint Sensor ပါဝင်မှာပါ။

Redmi

အခု Redmi ရဲ့ Snapdragon 855 သုံးထားတဲ့ Flagship ဖုန်းဟာ Specs အရတော့ Flagship Level ရှိတယ်ဆိုပေမယ့် တခြားသော Feature ပိုင်းတွေမှာတော့ အားနည်းမယ့်အခြေအနေရှိပါတယ်။ အခု Video အရ နောက်ကျောဘက်ကို Glossy Panel အသုံးပြုထားတယ်ဆိုပေမယ့် Glass Body ဖြစ်မလား၊ Polycarbonate Body လားဆိုတာကိုလည်း အတည်ပြုနိုင်ခြင်းမရှိသေးပါဘူး။

Ref : GSMArena