မန်ယူအသင်းဟာ ၂၀၁၉-၂၀ ရာသီကြိုခြေစမ်းပွဲတွေအတွက် လူစာရင်းကို တရားဝင်ထုတ်ပြန်ကြေညာလိုက်ပါပြီ။ မန်ယူအသင်းက သူတို့ရဲ့ တရားဝင် Twitter ကနေ ထုတ်ပြန်ခဲ့တာဖြစ်ပြီး စီနီယာအသင်းက ကစားသမားတွေဖြစ်တဲ့ ဒီဂီယာ David De Gea ၊ လူကာကူ Romelu Lukaku တို့အပြင် အသင်းက ထွက်မယ်လို့ သတင်းထွက်နေတဲ့ ပေါ့ဘာ Paul Pogba လည်း ပါဝင်ခဲ့တဲ့အပြင် ဘစ်ဆာကာ Aaron Wan-Bissaka ၊ ဒန်နီယဲလ်ဂျိမ်းစ် Daniel James တို့လို ကစားသမားသစ်တွေ ပါဝင်ခဲ့ပါတယ်။ ဒါပေမဲ့ ကွင်းလယ်လူ ဖရက်ဒ် Fred ၊ ကိုပါအမေရိကပြိုင်ပွဲ ကစားခဲ့တဲ့ ဆန်းချက်ဇ် Alexis Sanchez တို့ကတော့ ဒီလူစာရင်းမှာ မပါခဲ့ပါဘူး။ မန်ယူအသင်းဟာ ပြီးခဲ့တဲ့ရာသီက စိတ်ပျက်စရာ ရလဒ်တွေနဲ့ ရင်ဆိုင်ခဲ့ရပြီး အဆင့်(၆)နေရာသာ ရခဲ့တာကြောင့် နည်းပြဆိုးလ်ရှား Ole Gunner Solksjaer က ရာသီသစ်အတွက် ကြိုတင်ပြင်ဆင်မှုတွေ လုပ်နေသလို လူငယ်ကစားသမားသစ်တွေကို ခြေစမ်းပွဲမှာ အသုံးပြုသွားဖို့ စီစဉ်နေပါပြီ။

အခုလူစာရင်းမှာ တာဟစ်ချောင် Tahith Chong ၊ ဂရင်းဝုဒ် Mason Greenwood ၊ ဂါနာ Garner ၊ တန်ဇွန်ဘီ Tuanzebe တို့လို လူငယ်ကစားသမားတွေကို ဆိုးလ်ရှားက ရွေးချယ်ခဲ့ပါတယ်။ ဆိုးလ်ရှားက “ရာသီကြိုခြေစမ်းပွဲတွေမှာ ကစားသမားတိုင်း အခွင့်အရေးရမှာဖြစ်ပါတယ်။ နောက်ပြီး ရာသီကြိုခြေစမ်းပွဲတွေဟာ ကျွန်တော့်ရဲ့အနေအထားကို တာဝန်ရှိသူတွေ သိဖို့အတွက် အခွင့်အရေးကောင်းဖြစ်ပြီး လာမယ့်ရာသီအတွက် အသင့်ဖြစ်နေပြီဆိုတာကို သက်သေပြသွားမှာပါ”လို့ ပြောကြားခဲ့ပါတယ်။ မန်ယူအသင်းဟာ ၂၀၁၉ ICC ပြိုင်ပွဲနဲ့ တခြားခြေစမ်းပွဲတွေအပါအ၀င် စုစုပေါင်း (၆)ပွဲကစားသွားဖို့ရှိနေပါတယ်။

မန်ယူအသင်းရဲ့ ရာသီကြိုခြေစမ်းပွဲများ

13 July 2019 Perth Glory
17 July 2019 Leeds United
20 July 2019 Internazionale
25 July 2019 Tottenham Hotspur
30 July 2019 Kristiansund
3 August 2019 Milan

REF:sportskeeda
Photo:Manchester United Twitter,Manchester United Facebook
Naing Linn(Akhayar)
www.akhayar.com