[Zawgyi]

Mobile Version အနေနဲ့ တွေ့မြင်ရတော့မယ့် Red Alert Game




Ref;Android Authority
Phone Hay Ko (Akhayar)
www.akhayar.com

[Unicode]

Mobile Version အဖြစ်တွေ့မြင်ရတော့မယ့် Red Alert Game



PUBG အပါအဝင် တခြား Game ကြီးတော်တော်များများကို Android Platform အနေနဲ့ အကောင်းဆုံးပြောင်းထုတ်ပေးနေတဲ့ တရုတ်အခြေစိုက် Mobile App ကုမ္ပဏီ Tencent ဟာ EA (Electronic Arts) နဲ့ Aiyou Interactive Entertainment တို့နဲ့ပူးပေါင်းပြီး Red Alert Game ကို Mobile Version အဖြစ်ထုတ်ပေးဖို့ရှိနေပါတယ်။ Red Alert ဆိုတာကတော့ အရင်က လူကြိုက်အများဆုံး PC Game အမျိုးအစားဖြစ်ပြီး Command & Conquer: Red Alert ဆိုပြီးလူသိများပါတယ်။ ကစားရတဲ့ပုံစံကတော့ Strategy Type အမျိုးအစားဖြစ်ပြီး General ပုံစံမျိုးပေါ့။ Game ကို တရုတ်နိုင်ငံအတွင်းမှာ အရင်ဆုံးဆော့ကစားနိုင်မှာဖြစ်တယ်လို့ဆိုပါတယ်။

Red Alert Mobile Game ဟာ ၆နှစ်တာနီးပါး ကာလအတွင်း ပထမဦးဆုံးထွက်ပေါ်လာတဲ့ Command & Conquer Series ဝင်Gameတစ်ခုဖြစ်လို့ Fans တွေအနေနဲ့ အတော်လေးဝမ်းသာကျေနပ်ကြမယ်ထင်ပါတယ်။(Red Alert အမည်နဲ့ 2009 ခုနှစ်လောက်က iOS Platform အတွက်တော့ထုတ်ပေးခဲ့ပါသေးတယ်) ဒါပေမယ့် Mobile Version မှာဘယ်လိုလာမလဲဆိုတာကတော့ စောင့်ကြည့်ရပါဦးမယ်။

အောက်မှာဖော်ပြထားတဲ့ Video ကတော့ Red Alert Online Announce Trailer ဖြစ်ပါတယ်။ Video ထဲမှာတော့ Game နဲ့ပတ်သက်တဲ့ပုံစံကို အသေးစိတ်ဖော်ပြထားတာမျိုး မတွေ့ရပါဘူး။ Clash of Clans (CoC) နဲ့ကစားပုံ သဘောတရားဆင်တူနိုင်တယ်လို့ဆိုပါတယ်။ (ပိုမိုက်မယ်လို့လည်း မျှော်လင့်ပါတယ်) Video ထဲမှာ အပေါ်ယံလောက်ပဲပြသွားတာဖြစ်လို့ Officially အနေနဲ့ထွက်လာတဲ့အခါမှာ ဒီ့ထက်ပိုပြီးကောင်းမွန်နိုင်ပါတယ်။

Ref;Android Authority
Phone Hay Ko (Akhayar)
www.akhayar.com