[Zawgyi]

ဘာစီလုိနာအသင္း ေခါင္းေဆာင္သစ္ မက္ဆီ Messi အတြက္ ေစာင့္ႀကိဳေနတဲ့ စံခ်ိန္မွတ္တမ္းမ်ား

ၿပီးခဲ့တဲ့ရာသီကုန္မွာ ဂႏၳ၀င္ကစားသမား အင္နီေယစတာ Iniesta ဘာစီလုိနာအသင္းနဲ႔ လမ္းခဲြခဲ့ၿပီးတဲ့ေနာက္ လစ္လပ္သြားတဲ့ အသင္းေခါင္းေဆာင္ေနရာမွာ နည္းျပဗယ္လ္ဗာဒီ Valverde က မက္ဆီ Messi နဲ႔ အစားထုိးခဲ့တယ္။ အသက္(၁၇)ႏွစ္အရြယ္ကတည္းက ဘာစီလုိနာစီနီယာအသင္းအတြက္ စတင္ကစားခဲ့ၿပီး ဘာစီလုိနာကစားသမားဘ၀ (၁၄)ရာသီအတြင္း တစ္ဦးခ်င္းေအာင္ျမင္မႈေတြေရာ၊ အသင္းလုိက္ ေအာင္ျမင္မႈေတြပါ ရယူႏုိင္ခဲ့တဲ့ မက္ဆီဟာ အသင္းေခါင္းေဆာင္ရာထူးနဲ႔ ထုိက္တန္သူဆုိတာ ဘယ္သူမွ မျငင္းႏုိင္ဘူး။

Messi-New-Barcelona-Captain

Messi-New-Barcelona-Captain

ဘာစီလုိနာအသင္းအတြက္ (၅၅၂)ဂုိးသြင္းထားၿပီး အသင္းသမုိင္းတစ္ေလွ်ာက္ သြင္းဂုိးအမ်ားဆုံး ကစားသမား၊ လာလီဂါၿပိဳင္ပဲြရဲ႕ သြင္းဂုိးအမ်ားဆုံးကစားသမား စတဲ့ စံခ်ိန္မွတ္တမ္းေတြ ရယူထားသူ မက္ဆီ အတြက္ ၂၀၁၈-၁၉ ရာသီသစ္မွာ ေနာက္ထပ္ရယူဖုိ႔ရွိေနတဲ့ စံခ်ိန္သစ္ေတြကလည္း အသင့္ေစာင့္ႀကိဳေနပါၿပီ။ မက္ဆီရဲ႕ စံခ်ိန္မွတ္တမ္းစာအုပ္ထဲမွာ ေနာက္ထပ္ေရးထုိးဖုိ႔ က်န္ေနေသးတဲ့ မွတ္တမ္းေတြကေတာ့ . .

လာလီဂါမွာ ဟက္ထရစ္အမ်ားဆုံး သြင္းယူမယ့္သူ

Cristiano-Ronaldo-and-Messi

Cristiano-Ronaldo-and-Messi

လာလီဂါသမုိင္းတစ္ေလွ်ာက္ ဟက္ထရစ္အမ်ားဆုံးသြင္းယူခဲ့သူ စီေရာ္နယ္လ္ဒုိ Cristiano Ronaldo ဂ်ဴေင္တပ္စ္အသင္းကုိ ေျပာင္းေရႊ႕ခဲ့တဲ့အတြက္ မက္ဆီဟာ စီေရာ္နယ္လ္ဒုိရဲ႕ေနရာကုိ ရယူဖုိ႔ အေျခအေနေကာင္းသြားပါၿပီ။ စီေရာ္နယ္လ္ဒုိဟာ ရီးယဲလ္ကစားသမားဘ၀ (၉)ႏွစ္တာကာလအတြင္း လာလီဂါမွာ ဟက္ထရစ္ (၃၄)ႀကိမ္အထိ သြင္းယူခဲ့ၿပီး မက္ဆီက အႀကိမ္(၃၀)သြင္းယူထားတယ္။ မက္ဆီလုိ Gifted Player တစ္ဦးအတြက္ ဟက္ထရစ္သြင္းဖုိ႔ဆုိတာက အခက္အခဲမရွိတာေၾကာင့္ စီေရာ္နယ္လ္ဒုိရဲ႕ စံခ်ိန္ကုိ ခ်ိဳးျဖတ္ႏုိင္ဖုိ႔ အခြင့္အေရးရွိေနၿပီး သူ႕ရဲ႕ အဓိက ၿပိဳင္ဘက္ စီေရာ္နယ္လ္ဒုိကုိ ေက်ာ္ျဖတ္ႏုိင္မွာျဖစ္လုိ႔လည္း ဂုဏ္ယူစရာေကာင္းတဲ့ စံခ်ိန္မွတ္တမ္းတစ္ခုျဖစ္လာမွာပါ။

ပီခ်ီခ်ီဆုကုိ (၆)ႀကိမ္ေျမာက္ ရယူႏုိင္မယ့္သူ

Messi-and-Pichichi-Award

Messi-and-Pichichi-Award

လာလီဂါ သြင္းဂုိးအမ်ားဆုံးဆု(ပီခ်ီခ်ီ)ကုိ အႀကိမ္အမ်ားဆုံးရယူခဲ့သူက ဘီလ္ဘာအုိ ဂႏၳ၀င္တိုက္စစ္မွဴးႀကီး တယ္လ္မုိဇာရာ Telmo Zarra ျဖစ္ပါတယ္။ မက္ဆီက ပီခ်ီခ်ီဆုကုိ (၅)ႀကိမ္ရယူခဲ့ၿပီး လာလီဂါရဲ႕ ဂႏၳ၀င္ေတြျဖစ္တဲ့ ဒီစတီဖာႏုိ Di Stéfano ၊ ကြီနီ Quini ၊ ဟူဂိုဆန္းခ်က္ဇ္ Hugo Sánchez တို႔နဲ႔အတူ ဒုတိယေနရာမွာ ပူးတဲြရပ္တည္ေနတယ္။ မက္ဆီဟာ ပီခ်ီခ်ီဆုကုိ ေနာက္ဆုံး(၂)ရာသီဆက္ ရယူခဲ့တဲ့အျပင္ အဓိက ၿပိဳင္ဘက္ စီေရာ္နယ္လ္ဒုိလည္း မရွိေတာ့တဲ့အတြက္ (၃)ႏွစ္ဆက္ ရယူဖုိ႔က အခက္အခဲမရွိႏုိင္တာေၾကာင့္ လာလီဂါသမုိင္း၀င္စံခ်ိန္တစ္ခုကုိ အမီလုိက္ႏုိင္ဖုိ႔ နီးစပ္ေနပါၿပီ။

ပရိသတ္ႀကီးေရ . . ဒါေတြကေတာ့ ဘာစီလုိနာအသင္းေခါင္းေဆာင္သစ္ မက္ဆီ ရာသီသစ္မွာ ရယူဖုိ႔ရွိေနတဲ့ စံခ်ိန္ေတြပါပဲ။ လာလီဂါသမုိင္း၀င္မယ့္ မွတ္တမ္းေတြကုိ မက္ဆီ ဆက္လက္ ရယူႏုိင္မလားဆုိတာကေတာ့ . . .

REF:sportskeeda
Photo: squawka,Barca Blaugranes,Eurosports,
Naing Linn(Akhayar)
www.akhayar.com

[Unicode]

ဘာစီလိုနာအသင်း ခေါင်းဆောင်သစ် မက်ဆီ Messi အတွက် စောင့်ကြိုနေတဲ့ စံချိန်မှတ်တမ်းများ

ပြီးခဲ့တဲ့ရာသီကုန်မှာ ဂန္ထဝင်ကစားသမား အင်နီယေစတာ Iniesta ဘာစီလိုနာအသင်းနဲ့ လမ်းခွဲခဲ့ပြီးတဲ့နောက် လစ်လပ်သွားတဲ့ အသင်းခေါင်းဆောင်နေရာမှာ နည်းပြဗယ်လ်ဗာဒီ Valverde က မက်ဆီ Messi နဲ့ အစားထိုးခဲ့တယ်။ အသက်(၁၇)နှစ်အရွယ်ကတည်းက ဘာစီလိုနာစီနီယာအသင်းအတွက် စတင်ကစားခဲ့ပြီး ဘာစီလိုနာကစားသမားဘ၀ (၁၄)ရာသီအတွင်း တစ်ဦးချင်းအောင်မြင်မှုတွေရော၊ အသင်းလိုက် အောင်မြင်မှုတွေပါ ရယူနိုင်ခဲ့တဲ့ မက်ဆီဟာ အသင်းခေါင်းဆောင်ရာထူးနဲ့ ထိုက်တန်သူဆိုတာ ဘယ်သူမှ မငြင်းနိုင်ဘူး။

Messi-New-Barcelona-Captain

Messi-New-Barcelona-Captain

ဘာစီလိုနာအသင်းအတွက် (၅၅၂)ဂိုးသွင်းထားပြီး အသင်းသမိုင်းတစ်လျှောက် သွင်းဂိုးအများဆုံး ကစားသမား၊ လာလီဂါပြိုင်ပွဲရဲ့ သွင်းဂိုးအများဆုံးကစားသမား စတဲ့ စံချိန်မှတ်တမ်းတွေ ရယူထားသူ မက်ဆီ အတွက် ၂၀၁၈-၁၉ ရာသီသစ်မှာ နောက်ထပ်ရယူဖို့ရှိနေတဲ့ စံချိန်သစ်တွေကလည်း အသင့်စောင့်ကြိုနေပါပြီ။ မက်ဆီရဲ့ စံချိန်မှတ်တမ်းစာအုပ်ထဲမှာ နောက်ထပ်ရေးထိုးဖို့ ကျန်နေသေးတဲ့ မှတ်တမ်းတွေကတော့ . .

လာလီဂါမှာ ဟက်ထရစ်အများဆုံး သွင်းယူမယ့်သူ

Cristiano-Ronaldo-and-Messi

Cristiano-Ronaldo-and-Messi

လာလီဂါသမိုင်းတစ်လျှောက် ဟက်ထရစ်အများဆုံးသွင်းယူခဲ့သူ စီရော်နယ်လ်ဒို Cristiano Ronaldo ဂျူငေ်တပ်စ်အသင်းကို ပြောင်းရွှေ့ခဲ့တဲ့အတွက် မက်ဆီဟာ စီရော်နယ်လ်ဒိုရဲ့နေရာကို ရယူဖို့ အခြေအနေကောင်းသွားပါပြီ။ စီရော်နယ်လ်ဒိုဟာ ရီးယဲလ်ကစားသမားဘ၀ (၉)နှစ်တာကာလအတွင်း လာလီဂါမှာ ဟက်ထရစ် (၃၄)ကြိမ်အထိ သွင်းယူခဲ့ပြီး မက်ဆီက အကြိမ်(၃၀)သွင်းယူထားတယ်။ မက်ဆီလို Gifted Player တစ်ဦးအတွက် ဟက်ထရစ်သွင်းဖို့ဆိုတာက အခက်အခဲမရှိတာကြောင့် စီရော်နယ်လ်ဒိုရဲ့ စံချိန်ကို ချိုးဖြတ်နိုင်ဖို့ အခွင့်အရေးရှိနေပြီး သူ့ရဲ့ အဓိက ပြိုင်ဘက် စီရော်နယ်လ်ဒိုကို ကျော်ဖြတ်နိုင်မှာဖြစ်လို့လည်း ဂုဏ်ယူစရာကောင်းတဲ့ စံချိန်မှတ်တမ်းတစ်ခုဖြစ်လာမှာပါ။

ပီချီချီဆုကို (၆)ကြိမ်မြောက် ရယူနိုင်မယ့်သူ

Messi-and-Pichichi-Award

Messi-and-Pichichi-Award

လာလီဂါ သွင်းဂိုးအများဆုံးဆု(ပီချီချီ)ကို အကြိမ်အများဆုံးရယူခဲ့သူက ဘီလ်ဘာအို ဂန္ထဝင်တိုက်စစ်မှူးကြီး တယ်လ်မိုဇာရာ Telmo Zarra ဖြစ်ပါတယ်။ မက်ဆီက ပီချီချီဆုကို (၅)ကြိမ်ရယူခဲ့ပြီး လာလီဂါရဲ့ ဂန္ထဝင်တွေဖြစ်တဲ့ ဒီစတီဖာနို Di Stéfano ၊ ကွီနီ Quini ၊ ဟူဂိုဆန်းချက်ဇ် Hugo Sánchez တို့နဲ့အတူ ဒုတိယနေရာမှာ ပူးတွဲရပ်တည်နေတယ်။ မက်ဆီဟာ ပီချီချီဆုကို နောက်ဆုံး(၂)ရာသီဆက် ရယူခဲ့တဲ့အပြင် အဓိက ပြိုင်ဘက် စီရော်နယ်လ်ဒိုလည်း မရှိတော့တဲ့အတွက် (၃)နှစ်ဆက် ရယူဖို့က အခက်အခဲမရှိနိုင်တာကြောင့် လာလီဂါသမိုင်းဝင်စံချိန်တစ်ခုကို အမီလိုက်နိုင်ဖို့ နီးစပ်နေပါပြီ။

ပရိသတ်ကြီးရေ . . ဒါတွေကတော့ ဘာစီလိုနာအသင်းခေါင်းဆောင်သစ် မက်ဆီ ရာသီသစ်မှာ ရယူဖို့ရှိနေတဲ့ စံချိန်တွေပါပဲ။ လာလီဂါသမိုင်းဝင်မယ့် မှတ်တမ်းတွေကို မက်ဆီ ဆက်လက် ရယူနိုင်မလားဆိုတာကတော့ . . .

REF:sportskeeda
Photo: squawka,Barca Blaugranes,Eurosports,
Naing Linn(Akhayar)
www.akhayar.com