[Zawgyi]

ဂ်ဴဗင္တပ္စ္အသင္းနဲ႔အတူ Cristiano Ronaldo ရယူဖုိ႔ ရွိေနတဲ့ စံခ်ိန္မွတ္တမ္းမ်ား

ေပၚတူဂီအသင္းရဲ႕ နာမည္ေက်ာ္ကစားသမား စီေရာ္နယ္လ္ဒုိ Cristiano Ronaldo ဟာ မန္ယူ၊ ရီးယဲလ္အသင္းတို႔နဲ႔အတူ ေအာင္ျမင္မႈေတြ၊ စံခ်ိန္ေတြ အမ်ားႀကီးရယူႏုိင္ခဲ့တာေၾကာင့္ ဂ်ဴဗင္တပ္စ္အသင္းမွာေရာ ေအာင္ျမင္မႈ ထပ္ယူႏုိင္ဦးမလားဆုိတာ ပရိသတ္ေတြအားလုံးက စိတ္၀င္စားေနၾကတယ္။ အခုေလာေလာဆယ္ေတာ့ စီေရာ္နယ္လ္ဒုိအေနနဲ႔ ဂ်ဴဗင္တပ္စ္ကစားသမားဘ၀မွာ ဆုဖလား ကုိင္ေျမႇာက္ရျခင္း မရွိေသးေပမယ့္ သြင္းဂုိးမွတ္တမ္းေကာင္းေတြ ရယူေနပါၿပီ။

Cristiano-Ronaldo-smashes-another-record-

Cristiano-Ronaldo-smashes-another-record-

စီေရာ္နယ္လ္ဒုိဟာ စီးရီးေအပဲြစဥ္(၁၀)အၿပီးမွာ (၇)ဂုိးသြင္းယူခဲ့လုိ႔ (၆၁)ႏွစ္အတြင္း အဲဒီလုိ စြမ္းေဆာင္ႏုိင္တဲ့ ပထမဆုံးကစားသမား၊ ၿပီးခဲ့တဲ့ SPAL နဲ႔ပဲြတုန္းကလည္း တစ္ဂုိးသြင္းယူခဲ့တာေၾကာင့္ ၿပိဳင္ပဲြစုံ (၁၆)ပဲြမွာ (၁၀)ဂုိးသြင္းခဲ့ၿပီး ဂ်ဴဗင္တပ္စ္အသင္းသမုိင္းတစ္ေလွ်ာက္ သြင္းဂုိး(၁၀)ဂုိးကုိ ပဲြအနည္းဆုံးသြင္းယူခဲ့သူအျဖစ္ပါ စံခ်ိန္ေရးထုိးခဲ့တယ္။ ဒါေၾကာင့္  ဂ်ဴဗင္တပ္စ္အသင္းမွာ စီေရာ္နယ္လ္ဒုိ ေနာက္ထပ္ ရယူဖုိ႔ ရွိေနတဲ့ စံခ်ိန္မွတ္တမ္းေကာင္းတြက ဘာမ်ားလဲဆုိတာ ပရိသတ္ေတြ သိေအာင္ ေဖာ္ျပေပးလုိက္ပါတယ္ . . . .

Cristiano-Ronaldo-and-Premier-League

Cristiano-Ronaldo-and-Premier-League

ပရီးမီးယားလိဂ္၊ လာလီဂါ၊ စီးရီးေအ (၃)ခုစလုံး ပထမဆုံးရမယ့္သူ
ေဘာလုံးသမုိင္းတစ္ေလွ်ာက္မွာ ပရီးမီးယားလိဂ္၊ လာလီဂါ၊ စီးရီးေအ (၃)ခုစလုံး ဆြတ္ခူးႏုိင္ခဲ့တဲ့ ကစားသမား မရွိေသးပါဘူး။ လက္ရွိလူအင္အားအရ လာမယ့္ရာသီ စီးရီးေအမွာ ဂ်ဴဗင္တပ္စ္အသင္းကုိ ၿပိဳင္ဘက္အသင္းေတြ ေက်ာ္ျဖတ္ႏုိင္ဦးမယ့္အေနအထားမရွိလုိ႔ စီေရာ္နယ္လ္ဒုိဟာ ပရီးမီးယားလိဂ္၊ လာလီဂါ၊ စီးရီးေအ ဆုဖလား(၃)ခုစလုံးကုိ ဆြတ္ခူးႏုိင္တ့ဲ ပထမဆုံးကစားသမားျဖစ္ဖုိ႔ အခြင့္အေရးမ်ားေနပါၿပီ။

Cristiano-Ronaldo-and-Champions-League

Cristiano-Ronaldo-and-Champions-League

မတူညီတဲ့ကလပ္(၃)သင္းနဲ႔ ခ်န္ပီယံလိဂ္ဖလားရခဲ့သူ
ခ်န္ပီယံလိဂ္ၿပိဳင္ပဲြသမုိင္းမွာ မတူညီတဲ့ကလပ္(၃)သင္းနဲ႔ ခ်န္ပီယံျဖစ္ခဲ့တဲ့သူက နယ္သာလန္ဂႏၳ၀င္ ဆီးေဒါ့ဖ္ Seedorf တစ္ဦးသာရွိပါတယ္။ စီေရာ္နယ္လ္ဒုိဟာ ဂ်ဴဗင္တပ္စ္အသင္းနဲ႔သာ ခ်န္ပီယံလိဂ္ဖလားရခဲ့ရင္ ဆီးေဒါ့ဖ္ရဲ႕ မွတ္တမ္းကုိ အမီလုိက္ႏုိင္မွာပါ။

ခ်န္ပီယံလိဂ္ကုိ (၆)ႀကိမ္ေျမာက္ရယူႏုိင္မယ့္သူ
တကယ္လုိ႔ လာမယ့္ရာသီမွာ စီေရာ္နယ္လ္ဒုိဟာ ဂ်ဴဗင္တပ္စ္အသင္းနဲ႔ ခ်န္ပီယံလိဂ္ဖလားရခဲ့မယ္ဆုိရင္ ကစားသမားဘ၀ (၆)ႀကိမ္ေျမာက္ ခ်န္ပီယံလိဂ္ျဖစ္လာမွာပါ။ စီေရာ္နယ္လ္ဒုိဟာ မန္ယူ(၁ႀကိမ္)၊ ရီးယဲလ္(၄ႀကိမ္)တို႔နဲ႔အတူ ခ်န္ပီယံလိဂ္(၅)ႀကိမ္ရယူခဲ့ၿပီး သူ႔ထက္ပုိမ်ားတာဆုိလုိ႔ ရီးယဲလ္ဂႏၳ၀င္ ဖရန္ဆစ္စကုိ ဂ်န္တို Francisco Gento တစ္ဦးသာရွိတယ္။ ဂ်န္တိုဟာ အရင္ ဥေရာပဖလားအမည္နဲ႔တုန္းက ရီးယဲလ္နဲ႔အတူ ခ်န္ပီယံ(၆)ႀကိမ္ျဖစ္ခဲ့ပါတယ္။

Cristiano-Ronaldo-and-Ballon-dOr1

Cristiano-Ronaldo-and-Ballon-dOr1

Ballon d’Or (၆)ႀကိမ္ရမယ့္သူ
ဥေရာပအေကာင္းဆုံးေဘာလုံးသမား Ballon d’Or ဆုကုိ မက္ဆီ Messi နဲ႔ စီေရာ္နယ္လ္ဒုိက အႀကိမ္အမ်ားဆုံးအျဖစ္ (၅)ႀကိမ္စီ ရယူထားတယ္။ ဒီႏွစ္ Ballon d’Or ဆုကုိသာ စီေရာ္နယ္လ္ဒုိရခဲ့ရင္ အႀကိမ္အမ်ားဆုံးကစားသမားအျဖစ္ ရပ္တည္ႏုိင္မွာျဖစ္သလုိ ၂၀၀၃ ခုႏွစ္က နက္ဗက္ Nedved ေနာက္ပုိင္း အဲဒီဆုကုိ ဆြတ္ခူးခဲ့ရတဲ့ ပထမဆုံးဂ်ဴဗင္တပ္စ္ကစားသမားျဖစ္လာမွာပါ။

တစ္ရာသီအတြင္း စီးရီးေအသြင္းဂုိးအမ်ားဆုံးကစားသမား စံခ်ိန္
စီးရီးေအမွာ တစ္ရာသီအတြင္း သြင္းဂုိးအမ်ားဆုံးကစားသမားအျဖစ္ ဂ်ဴဗင္တပ္စ္အသငး္ရဲ႕ လက္ရွိတုိက္စစ္မွဴး ဟီဂြါအင္ Higuain က ရပ္တည္ေနပါတယ္။ စီေရာ္နယ္လ္ဒုိဟာ ရီးယဲလ္အသင္းမွာ တစ္ရာသီအတြင္း (၃၆)ဂုိးသြင္းခဲ့တာ (၃)ရာသီ (၂၀၁၀-၁၁၊ ၂၀၁၁-၁၂၊ ၂၀၁၄-၁၅)ရွိခဲ့တာေၾကာင့္ စီးရီးေအမွာလည္း အဲဒီလုိ စြမ္းေဆာင္ႏုိင္မလား ေစာင့္ၾကည့္ရမယ္။

ၿပိဳင္ပဲြစုံမွာ ဂ်ဴဗင္တပ္စ္အသင္းအတြက္ သြင္းဂုိးအမ်ားဆုံးကစားသမား
ဂ်ဴဗင္တပ္စ္အသင္းအတြက္ ၿပိဳင္ပဲြစုံမွာ သြင္းဂုိးအမ်ားဆုံးကစားသမားက Ferenc Herzer ျဖစ္ၿပီး ၁၉၂၅-၂၆ ရာသီက (၃၅)ဂုိးသြင္းယူခဲ့တာပါ။ အဲဒီစံခ်ိန္ကုိ စီေရာ္နယ္လ္ဒုိ ေက်ာ္ျဖတ္ႏုိင္မလား . .

The-records-Ronaldo-can-break-at-Juventus

The-records-Ronaldo-can-break-at-Juventus

စီးရီးေအမွာ ဟက္ထရစ္အမ်ားဆုံး ကစားသမားစံခ်ိန္
စီးရီးေအမွာ ဟက္ထရစ္အမ်ားဆုံးသြင္းယူခဲ့သူေတြက အင္တာမီလန္ဂႏၳ၀င္ မီယာဇာ Meazza ၊ ေအစီမီလန္ဂႏၳ၀င္ ေနာ္ဒါးလ္Nordahl တို႔ျဖစ္ၿပီး (၁၇)ႀကိမ္စီသြင္းယူခဲ့တယ္။ စီေရာ္နယ္လ္ဒုိဟာ ဂ်ဴဗင္တပ္စ္အသင္းနဲ႔ (၄)ႏွစ္စာခ်ဳပ္ခ်ဳပ္ဆုိထားတာေၾကာင့္ ဒီသက္တမ္းအတြင္း စံခ်ိန္သစ္တင္ႏုိင္ဖုိ႔ ႀကိဳးစားရမွာပါ။

ပရီးမီးယားလိဂ္၊ လာလီဂါ၊ စီးရီးေအ သြင္းဂုိးအမ်ားဆုံး ပထမဆုံးကစားသမား
ဥေရာပထိပ္သီးလိဂ္(၅)ခုရွိတဲ့အထဲက လိဂ္ၿပိဳင္ပဲြ(၂)ခုမွာ သြင္းဂုိးအမ်ားဆုံးကစားသမားဆု ရယူခဲ့သူ ႏွစ္ဦးရွိပါတယ္။ သူတို႔ကေတာ့ ဂၽြန္ခ်ားလ္စ္ John Charles နဲ႔ ဗီယာရီ Vieri တို႔ပါပဲ။ ဂၽြန္ခ်ားလ္စ္က အဂၤလန္နဲ႔ အီတလီ၊ ဗီယာရီက စပိန္နဲ႔ အီတလီလိဂ္ၿပိဳင္ပဲြေတြမွာ သြင္းဂုိးအမ်ားဆုံးဆုရရွိခဲ့ဖူးပါတယ္။ စီေရာ္နယ္လ္ဒုိဟာ ပရီးမီးယားလိဂ္နဲ႔ လာလီဂါမွာ သြင္းဂုိးအမ်ားဆုံးအျဖစ္ ရပ္တည္ခဲ့တာေၾကာင့္ တကယ္လုိ႔ စီးရီးေအမွာလည္း အဲဒီလုိ စြမ္းေဆာင္ခဲ့ရင္ ထိပ္သီးလိဂ္(၃)ခုမွာ သြင္းဂုိးအမ်ားဆုံးအျဖစ္ မွတ္တမ္း၀င္မယ့္ ပထမဆုံးကစားသမားျဖစ္လာမွာပါ။

REF:Goal.com
Photo:Mirror,Stadium Astro,Goal.com,Getty Images,sportbusinessmag,Hetrik.
Naing Linn(Akhayar)
www.akhayar.com

[Unicode]

ဂျူဗင်တပ်စ်အသင်းနဲ့အတူ Cristiano Ronaldo ရယူဖို့ ရှိနေတဲ့ စံချိန်မှတ်တမ်းများ

ပေါ်တူဂီအသင်းရဲ့ နာမည်ကျော်ကစားသမား စီရော်နယ်လ်ဒို Cristiano Ronaldo ဟာ မန်ယူ၊ ရီးယဲလ်အသင်းတို့နဲ့အတူ အောင်မြင်မှုတွေ၊ စံချိန်တွေ အများကြီးရယူနိုင်ခဲ့တာကြောင့် ဂျူဗင်တပ်စ်အသင်းမှာရော အောင်မြင်မှု ထပ်ယူနိုင်ဦးမလားဆိုတာ ပရိသတ်တွေအားလုံးက စိတ်ဝင်စားနေကြတယ်။ အခုလောလောဆယ်တော့ စီရော်နယ်လ်ဒိုအနေနဲ့ ဂျူဗင်တပ်စ်ကစားသမားဘဝမှာ ဆုဖလား ကိုင်မြှောက်ရခြင်း မရှိသေးပေမယ့် သွင်းဂိုးမှတ်တမ်းကောင်းတွေ ရယူနေပါပြီ။

Cristiano-Ronaldo-smashes-another-record-

Cristiano-Ronaldo-smashes-another-record-

စီရော်နယ်လ်ဒိုဟာ စီးရီးအေပွဲစဉ်(၁၀)အပြီးမှာ (၇)ဂိုးသွင်းယူခဲ့လို့ (၆၁)နှစ်အတွင်း အဲဒီလို စွမ်းဆောင်နိုင်တဲ့ ပထမဆုံးကစားသမား၊ ပြီးခဲ့တဲ့ SPAL နဲ့ပွဲတုန်းကလည်း တစ်ဂိုးသွင်းယူခဲ့တာကြောင့် ပြိုင်ပွဲစုံ (၁၆)ပွဲမှာ (၁၀)ဂိုးသွင်းခဲ့ပြီး ဂျူဗင်တပ်စ်အသင်းသမိုင်းတစ်လျှောက် သွင်းဂိုး(၁၀)ဂိုးကို ပွဲအနည်းဆုံးသွင်းယူခဲ့သူအဖြစ်ပါ စံချိန်ရေးထိုးခဲ့တယ်။ ဒါကြောင့်  ဂျူဗင်တပ်စ်အသင်းမှာ စီရော်နယ်လ်ဒို နောက်ထပ် ရယူဖို့ ရှိနေတဲ့ စံချိန်မှတ်တမ်းကောင်းတွက ဘာများလဲဆိုတာ ပရိသတ်တွေ သိအောင် ဖော်ပြပေးလိုက်ပါတယ် . . . .

Cristiano-Ronaldo-and-Premier-League

Cristiano-Ronaldo-and-Premier-League

ပရီးမီးယားလိဂ်၊ လာလီဂါ၊ စီးရီးအေ (၃)ခုစလုံး ပထမဆုံးရမယ့်သူ
ဘောလုံးသမိုင်းတစ်လျှောက်မှာ ပရီးမီးယားလိဂ်၊ လာလီဂါ၊ စီးရီးအေ (၃)ခုစလုံး ဆွတ်ခူးနိုင်ခဲ့တဲ့ ကစားသမား မရှိသေးပါဘူး။ လက်ရှိလူအင်အားအရ လာမယ့်ရာသီ စီးရီးအေမှာ ဂျူဗင်တပ်စ်အသင်းကို ပြိုင်ဘက်အသင်းတွေ ကျော်ဖြတ်နိုင်ဦးမယ့်အနေအထားမရှိလို့ စီရော်နယ်လ်ဒိုဟာ ပရီးမီးယားလိဂ်၊ လာလီဂါ၊ စီးရီးအေ ဆုဖလား(၃)ခုစလုံးကို ဆွတ်ခူးနိုင်တဲ့ ပထမဆုံးကစားသမားဖြစ်ဖို့ အခွင့်အရေးများနေပါပြီ။

Cristiano-Ronaldo-and-Champions-League

Cristiano-Ronaldo-and-Champions-League

မတူညီတဲ့ကလပ်(၃)သင်းနဲ့ ချန်ပီယံလိဂ်ဖလားရခဲ့သူ
ချန်ပီယံလိဂ်ပြိုင်ပွဲသမိုင်းမှာ မတူညီတဲ့ကလပ်(၃)သင်းနဲ့ ချန်ပီယံဖြစ်ခဲ့တဲ့သူက နယ်သာလန်ဂန္ထဝင် ဆီးဒေါ့ဖ် Seedorf တစ်ဦးသာရှိပါတယ်။ စီရော်နယ်လ်ဒိုဟာ ဂျူဗင်တပ်စ်အသင်းနဲ့သာ ချန်ပီယံလိဂ်ဖလားရခဲ့ရင် ဆီးဒေါ့ဖ်ရဲ့ မှတ်တမ်းကို အမီလိုက်နိုင်မှာပါ။

ချန်ပီယံလိဂ်ကို (၆)ကြိမ်မြောက်ရယူနိုင်မယ့်သူ
တကယ်လို့ လာမယ့်ရာသီမှာ စီရော်နယ်လ်ဒိုဟာ ဂျူဗင်တပ်စ်အသင်းနဲ့ ချန်ပီယံလိဂ်ဖလားရခဲ့မယ်ဆိုရင် ကစားသမားဘ၀ (၆)ကြိမ်မြောက် ချန်ပီယံလိဂ်ဖြစ်လာမှာပါ။ စီရော်နယ်လ်ဒိုဟာ မန်ယူ(၁ကြိမ်)၊ ရီးယဲလ်(၄ကြိမ်)တို့နဲ့အတူ ချန်ပီယံလိဂ်(၅)ကြိမ်ရယူခဲ့ပြီး သူ့ထက်ပိုများတာဆိုလို့ ရီးယဲလ်ဂန္ထဝင် ဖရန်ဆစ်စကို ဂျန်တို Francisco Gento တစ်ဦးသာရှိတယ်။ ဂျန်တိုဟာ အရင် ဥရောပဖလားအမည်နဲ့တုန်းက ရီးယဲလ်နဲ့အတူ ချန်ပီယံ(၆)ကြိမ်ဖြစ်ခဲ့ပါတယ်။

Cristiano-Ronaldo-and-Ballon-dOr1

Cristiano-Ronaldo-and-Ballon-dOr1

Ballon d’Or (၆)ကြိမ်ရမယ့်သူ
ဥရောပအကောင်းဆုံးဘောလုံးသမား Ballon d’Or ဆုကို မက်ဆီ Messi နဲ့ စီရော်နယ်လ်ဒိုက အကြိမ်အများဆုံးအဖြစ် (၅)ကြိမ်စီ ရယူထားတယ်။ ဒီနှစ် Ballon d’Or ဆုကိုသာ စီရော်နယ်လ်ဒိုရခဲ့ရင် အကြိမ်အများဆုံးကစားသမားအဖြစ် ရပ်တည်နိုင်မှာဖြစ်သလို ၂၀၀၃ ခုနှစ်က နက်ဗက် Nedved နောက်ပိုင်း အဲဒီဆုကို ဆွတ်ခူးခဲ့ရတဲ့ ပထမဆုံးဂျူဗင်တပ်စ်ကစားသမားဖြစ်လာမှာပါ။

တစ်ရာသီအတွင်း စီးရီးအေသွင်းဂိုးအများဆုံးကစားသမား စံချိန်
စီးရီးအေမှာ တစ်ရာသီအတွင်း သွင်းဂိုးအများဆုံးကစားသမားအဖြစ် ဂျူဗင်တပ်စ်အသင်းရဲ့ လက်ရှိတိုက်စစ်မှူး ဟီဂွါအင် Higuain က ရပ်တည်နေပါတယ်။ စီရော်နယ်လ်ဒိုဟာ ရီးယဲလ်အသင်းမှာ တစ်ရာသီအတွင်း (၃၆)ဂိုးသွင်းခဲ့တာ (၃)ရာသီ (၂၀၁၀-၁၁၊ ၂၀၁၁-၁၂၊ ၂၀၁၄-၁၅)ရှိခဲ့တာကြောင့် စီးရီးအေမှာလည်း အဲဒီလို စွမ်းဆောင်နိုင်မလား စောင့်ကြည့်ရမယ်။

ပြိုင်ပွဲစုံမှာ ဂျူဗင်တပ်စ်အသင်းအတွက် သွင်းဂိုးအများဆုံးကစားသမား
ဂျူဗင်တပ်စ်အသင်းအတွက် ပြိုင်ပွဲစုံမှာ သွင်းဂိုးအများဆုံးကစားသမားက Ferenc Herzer ဖြစ်ပြီး ၁၉၂၅-၂၆ ရာသီက (၃၅)ဂိုးသွင်းယူခဲ့တာပါ။ အဲဒီစံချိန်ကို စီရော်နယ်လ်ဒို ကျော်ဖြတ်နိုင်မလား . .

The-records-Ronaldo-can-break-at-Juventus

The-records-Ronaldo-can-break-at-Juventus

စီးရီးအေမှာ ဟက်ထရစ်အများဆုံး ကစားသမားစံချိန်
စီးရီးအေမှာ ဟက်ထရစ်အများဆုံးသွင်းယူခဲ့သူတွေက အင်တာမီလန်ဂန္ထဝင် မီယာဇာ Meazza ၊ အေစီမီလန်ဂန္ထဝင် နော်ဒါးလ်Nordahl တို့ဖြစ်ပြီး (၁၇)ကြိမ်စီသွင်းယူခဲ့တယ်။ စီရော်နယ်လ်ဒိုဟာ ဂျူဗင်တပ်စ်အသင်းနဲ့ (၄)နှစ်စာချုပ်ချုပ်ဆိုထားတာကြောင့် ဒီသက်တမ်းအတွင်း စံချိန်သစ်တင်နိုင်ဖို့ ကြိုးစားရမှာပါ။

ပရီးမီးယားလိဂ်၊ လာလီဂါ၊ စီးရီးအေ သွင်းဂိုးအများဆုံး ပထမဆုံးကစားသမား
ဥရောပထိပ်သီးလိဂ်(၅)ခုရှိတဲ့အထဲက လိဂ်ပြိုင်ပွဲ(၂)ခုမှာ သွင်းဂိုးအများဆုံးကစားသမားဆု ရယူခဲ့သူ နှစ်ဦးရှိပါတယ်။ သူတို့ကတော့ ဂျွန်ချားလ်စ် John Charles နဲ့ ဗီယာရီ Vieri တို့ပါပဲ။ ဂျွန်ချားလ်စ်က အင်္ဂလန်နဲ့ အီတလီ၊ ဗီယာရီက စပိန်နဲ့ အီတလီလိဂ်ပြိုင်ပွဲတွေမှာ သွင်းဂိုးအများဆုံးဆုရရှိခဲ့ဖူးပါတယ်။ စီရော်နယ်လ်ဒိုဟာ ပရီးမီးယားလိဂ်နဲ့ လာလီဂါမှာ သွင်းဂိုးအများဆုံးအဖြစ် ရပ်တည်ခဲ့တာကြောင့် တကယ်လို့ စီးရီးအေမှာလည်း အဲဒီလို စွမ်းဆောင်ခဲ့ရင် ထိပ်သီးလိဂ်(၃)ခုမှာ သွင်းဂိုးအများဆုံးအဖြစ် မှတ်တမ်းဝင်မယ့် ပထမဆုံးကစားသမားဖြစ်လာမှာပါ။

REF:Goal.com
Photo:Mirror,Stadium Astro,Goal.com,Getty Images,sportbusinessmag
Naing Linn(Akhayar)
www.akhayar.com