[Zawgyi]






9. Arsenal
8. Charlton Athletic



7. Sunderland
6. Aston Villa
5. Everton
4. Chelsea
3. Manchester United
2. Manchester City
1. Tottenham Hotspur




REF:talksport
Naing Linn(Akhayar)
www.akhayar.com

[Unicode]

အင်္ဂလန်ဘောလုံးသမိုင်းတစ်လျှောက် ပရိသတ်စံချိန်တင် ကြည့်ရှုခဲ့တဲ့ပွဲများ

လန်ဒန်နာမည်ကျော် ကလပ်အသင်းဖြစ်တဲ့ စပါးအသင်းဟာ လာမယ့် ၂၀၁၉ ခုနှစ်ကျရင် ကွင်းသစ်ကြီးမှာ ပြောင်းရွှေ့ကစားတော့မှာဖြစ်ပါတယ်။ မြောက်လန်ဒန်ကလပ် စပါးအသင်းဟာ အခုလောလောဆယ် ဝင်ဘလေကွင်းမှာ ကစားနေပြီး စက်တင်ဘာလအတွင်း သူတို့ရဲ့ ဝှိုက်ဟတ်လိန်းကွင်းကနေ ကွင်းသစ်ကြီးကို ပြောင်းရွှေ့ဖို့ စီစဉ်ခဲ့ပေမယ့်လည်း နှောင့်နှေးကြန့်ကြာမှုတွေကြောင့် လာမယ့်နှစ်အထိ စောင့်ဆိုင်းရတော့မှာပါ။ ဝှိုက်ဟတ်လိန်းကွင်းဟာ ပရိသတ်(၃)သောင်းကျော်သာ ဝင်ဆံ့ပြီး ကွင်းသစ်ကြီးကတော့ (၆)သောင်းကျော် ဝင်ဆံ့မှာဖြစ်ပါတယ်။

Tottenham-Hotspur-New-Stadium

Tottenham-Hotspur-New-Stadium

စပါးအသင်းရဲ့ ကွင်းသစ်ကြီးဟာ လန်ဒန်မြို့မှာ ဝင်ဘလေကွင်းပြီးရင် ဒုတိယအကြီးဆုံး ကွင်းဖြစ်လာမယ့်အပြင် မြို့ခံပြိုင်ဘက် အာဆင်နယ်အသင်းရဲ့ အီမရိတ်စ်ကွင်(၅၉၆၈၇ဦး)ထက် ပိုကြီးမားတဲ့ကွင်းဖြစ်လာမှာပါ။ ဒါပေမဲ့ ဒီကွင်းသစ်ကို ပြောင်းရွှေ့ကစားခဲ့ရင်လည်း စပါးအသင်းဟာ သူတို့တင်ရှိထားတဲ့ ပရိသတ်ကြည့်ရှုမှု အများဆုံး စံချိန်ကို ချိုးဖြတ်နိုင်ဦးမှာ မဟုတ်သေးပါဘူး။ ဒါကြောင့် အင်္ဂလန်ဘောလုံးသမိုင်းတစ်လျှောက် ပရိသတ်ကြည့်ရှုမှု အများဆုံးပွဲတွေက ဘယ်ပွဲတွေလဲဆိုတာကို ပရိသတ်တွေ ဗဟုသုတရရှိအောင် ဖော်ပြလိုက်ရပါတယ် . . . .

အင်္ဂလန်ဘောလုံးသမိုင်းတစ်လျှောက် ပရိသတ်ကြည့်ရှုမှု အများဆုံးပွဲများ
10. Sheffield Wednesday
72,841 attendance at Hillsborough (v Manchester City) – FA Cup fifth round (February 17, 1934)
9. Arsenal
73,707 attendance at Wembley (v RC Lens) – Champions League group stage (November 25, 1998)
8. Charlton Athletic
75,031 attendance at The Valley (v Aston Villa) – FA Cup fifth round (February 12, 1938)

75118-attendance-at-Roker-Park-Sunderland-v-Derby-County

75118-attendance-at-Roker-Park-Sunderland-v-Derby-County

အင်္ဂလန်ဘောလုံးသမိုင်းတစ်လျှောက် ပရိသတ်ကြည့်ရှုမှု အများဆုံးပွဲများ
7. Sunderland
75,118 attendance at Roker Park (v Derby County) – FA Cup sixth round replay (March 8, 1933)
6. Aston Villa
76,588 attendance at Villa Park (v Derby County) – FA Cup sixth round first leg (March 2, 1946)
5. Everton
78,299 attendance at Goodison Park (v Liverpool) – First Division (September 18, 1948)
4. Chelsea
82,905 attendance at Stamford Bridge (v Arsenal) – First Division (October 12, 1935)
3. Manchester United
83,260 attendance at Maine Road (v Arsenal) – First Division (January 17, 1948)
2. Manchester City
84,569 attendance at Maine Road (v Stoke City) – FA Cup sixth round (March 3, 1934)
1. Tottenham Hotspur
85,512 attendance at Wembley (v Bayer Leverkusen) – Champions League group stage (November 2, 2016)

Tottenham-Hotspur-vs-Bayer-Leverkusen-2016

Tottenham-Hotspur-vs-Bayer-Leverkusen-2016

ဒီစာရင်းအရ အင်္ဂလန်သမိုင်းတစ်လျှောက် ပရိသတ်ကြည့်ရှုမှု အများဆုံးပွဲအဖြစ် ၂၀၁၆၊ နိုဝင်ဘာလ (၂)ရက်တုန်းက ဝင်ဘလေမှာ ကစားခဲ့တဲ့ စပါးနဲ့ လေဗာကူဆင်အသင်းတို့ပွဲဖြစ်ပြီး ပရိသတ် (၈)သောင်းခွဲအထိ လာရောက်ကြည့်ရှုခဲ့ကြတယ်။ မန်ချက်စတာမြို့ခံနှစ်သင်းဖြစ်တဲ့ မန်စီးတီးနဲ့ မန်ယူတို့က အဆင့်(၂)၊ (၃)နေရာတွေမှာ အသီးသီးရပ်တည်နေတာကိုလည်း တွေ့ရမှာပါ။ အင်္ဂလန်မှာ အကြီးဆုံးကွင်းက ဝင်ဘလေကွင်းဖြစ်ပြီး ပရိသတ်(၉)သောင်းအထိ ဝင်ဆံ့လို့ စပါးအသင်းရဲ့ စံချိန်ကို ကျော်ဖြတ်ဖို့ကတော့ ကာလအတော်ကြာဦးမယ့် အနေအထားပါပဲ . . .

REF:talksport
Photo:Evening Standard,talksport,YouTube
Naing Linn(Akhayar)
www.akhayar.com