[Zawgyi]

Skin Type ေပၚမူတည္ျပီး ေရြးခ်ယ္သင့္တဲ့ အေကာင္းဆံုး Foundation Makeup Brand မ်ား

ပ်ိဳေမေလးေတြအတြက္ Foundation Makeup ဆိုတာ မျဖစ္မေနလိုအပ္တဲ့အရာျဖစ္လို႔လာပါျပီ။ အထူးသျဖင့္ Portrait Photo-shoot ေတြ၊ Event ေတြနဲ႔ Dating Nights ေတြမွာ မရွိမျဖစ္လိုအပ္လာပါတယ္။ ဒီလိုအခ်ိန္က်ရင္ ကိုယ့္ရဲ႕ မ်က္ႏွာအသားအေရနဲ႔ လိုက္ဖက္ျပီး တာရွည္ခံမယ့္ Foundation ကို ေသခ်ာေရြးခ်ယ္ျပီး လိမ္းျခယ္ဖို႔လိုအပ္လာပါတယ္။ ကိုယ့္အသားအေရနဲ႔ လိုက္ဖက္လား၊ မလိုက္ဖက္လား ေသခ်ာေရရာမသိဘဲ ျမင္ရာေတြ႔ရာလိမ္းလိုက္မယ္ဆိုရင္ မ်က္ႏွာမွာ ဝက္ျခံေတြေပါက္လာႏိုင္ပါတယ္။ အဆီပိုျပန္လာတတ္ျပီး Makeup တျခား၊ မ်က္ႏွာအသားအေရက တျခားျဖစ္ေနတတ္ပါတယ္။ ဒီလိုေတြမျဖစ္ရေလေအာင္ မ်က္ႏွာအသားအေရအမ်ိဳးမ်ိဳးေပၚမူတည္ျပီးေတာ့ လုိက္ဖက္မယ့္ Foundation Makeup Brands ေတြကို ေျပာျပေပးသြားမွာျဖစ္ပါတယ္။

Dry Skin

Aqua Luminous Perfecting Foundation – Becca Cosmetics

Aqua Luminous Perfecting Foundation - Becca Cosmetics (Source : http://www.makeup4all.com)

Aqua Luminous Perfecting Foundation – Becca Cosmetics (Source : http://www.makeup4all.com)

Becca Cosmetic ရဲ႕ Aqua Luminous Perfecting Foundation ဟာ Medium Coverage ကိုေပးစြမ္းႏိုင္ပါတယ္။ အစိုဓာတ္လည္းပါဝင္တယ္။ ဒါေၾကာင့္ Dry Skin Type မ်ိဳးရွိတဲ့ ပ်ိဳေမေလးေတြ၊ ေျပာင္ေျပာင္ေလးနဲ႔ ဝင္းေနတဲ့ Dewy Makeup Look မ်ိဳးကို သေဘာက်တဲ့ ပ်ိဳေမေလးေတြ ေရြးခ်ယ္သင္႔ပါတယ္။

Sheer Glow Foundation – NARS

Sheer Glow Foundation - NARS (Source : https://www.modernstork.com)

Sheer Glow Foundation – NARS (Source : https://www.modernstork.com)

Sheer Glow Foundation ဟာ NARS Makeup Brand ထဲမွာ အေရာင္းရဆံုး Product တစ္ခုျဖစ္သလို Dry Skin Type ရွိတဲ့ ပ်ိဳေမေလးေတြအတြက္လည္း Perfect Foundation တစ္ခုျဖစ္ပါတယ္။ သူက Product နာမည္ေလးအတိုင္း Light Weight ျဖစ္ျပီး မ်က္ႏွာေလးကို ေျပာင္ေျပာင္ေလးျဖစ္ေစပါတယ္။

MSI Z370 Gaming Pro Carbon

MSI Z370 Gaming Pro Carbon

MSI Z370 Gaming Pro Carbon အေၾကာင္း အေသးစိတ္စုံစမ္းရန္

Oily Skin Type

L’Oreal Infallible Pro-Matte 24 Hour Foundation

L'Oreal Infallible Pro-Matte 24 Hour Foundation (Source : https://articulo.mercadolibre.com.ar)

L’Oreal Infallible Pro-Matte 24 Hour Foundation (Source : https://articulo.mercadolibre.com.ar)

Infallible Pro-Matte 24 Hour Foundation ဟာ အရမ္းအဆီျပန္တတ္တဲ့အသားအေရပိုင္ရွင္ေတြျဖစ္တဲ့ Oily Skin Type ရွိတဲ့ပ်ိဳေမေလးေတြအတြက္ အလိုက္ဖက္ဆံုးေသာနာမည္ၾကီး Foundation တစ္ခုျဖစ္ပါတယ္။ သူဟာ Drugstore Makeup Brand တစ္ခုျဖစ္ေပမယ့္ မ်က္ႏွာေပၚမွာ အဆီမျပန္ဘဲ တာရွည္ခံမႈကေတာ့ တကယ့္ကို အံ့မခန္းပါပဲ။

Estée Lauder Double Wear Stay-In-Place Makeup

Estée Lauder Double Wear Stay-In-Place Makeup (Source: https://www.lookfantastic.dk)

Estée Lauder Double Wear Stay-In-Place Makeup (Source: https://www.lookfantastic.dk)

Estée Lauder ရဲ႕ Double Wear Stay-In-Place Makeup ဟာ ကိုယ့္ရဲ႕မ်က္ႏွာမွာ အျပစ္အနာအဆာရွိရင္ပဲျဖစ္ျဖစ္၊ လူျမင္မခံႏိုင္တဲ့ မ်က္ႏွာအေရးအေၾကာင္းေတြရွိေနရင္ပဲျဖစ္ျဖစ္ အျပစ္အနာအဆာလံုးဝမရွိတဲ့မ်က္ႏွာေလးတစ္ခုကို ပိုင္ဆိုင္ႏိုင္ေအာင္ ေျပာင္းလဲဖန္တီးေပးႏိုင္တဲ့ Foundation တစ္ခုပဲျဖစ္ပါတယ္။ မ်က္ႏွာေပၚတာရွည္ခံမႈကေတာ့ ၁၅နာရီအထိ တာရွည္ခံျပီး ေခြ်းေပါက္ေတြကို လံုးဝဖံုးအုပ္ေပးပါတယ္တဲ့ေနာ္။

Combination Skin Type

Revlon ColorStay Make-up for Combination/Oily Skin

Revlon ColorStay Make up for Combination Oily Skin (Source: https://www.walmart.com)

Revlon ColorStay Make up for Combination Oily Skin (Source: https://www.walmart.com)

မ်က္ႏွာရဲ႕ T-Zone တစ္ဝိုက္ျဖစ္တဲ့ ႏွာေခါင္း၊ ေမးေစ့နဲ႔ နဖူးတို႔မွာ အဆီျပန္ေလ့ရွိျပီး က်န္မ်က္ႏွာတစ္ဝုိက္မွာ အသားေျခာက္ေနတတ္တဲ့ Oily Skin လည္း မက်၊ Dry Skin လည္း မက်တဲ့ Combination Skin ေတြအတြက္ အေကာင္းဆံုး Foundation ပဲျဖစ္ပါတယ္။ ဒီ Foundation ဟာ Combination Skin Type တစ္မ်ိဳးတည္းတင္မဟုတ္ပဲ Oily Skin Type ကို ပိုင္ဆိုင္ထားတဲ့ ပ်ိဳေမေလးေတြအတြက္ပါ သင့္ေတာ္ပါတယ္။

Giorgio Armani Luminous Silk Foundation

Giorgio Armani Luminous Silk Foundation (Source : https://www.giorgioarmanibeauty-usa.com)

Giorgio Armani Luminous Silk Foundation (Source : https://www.giorgioarmanibeauty-usa.com)

High End Makeup Product Brand ျဖစ္တဲ့အေလ်ာက္ သူရဲ႕နာမည္နဲ႔ ေပးရတဲ့တန္ဖိုးနဲ႔ေလ်ာ္ညီတဲ့ Foundation Look ကိုလည္း ေပးစြမး္ႏိုင္ပါတယ္။ အျခား Foundation ေတြလိုမ်ိဳး တစ္ေခါက္လိမ္းရံုနဲ႔ အနာအဆာေတြကို ဖံုးဖိမေပးပါဘူး။ ဒါေပမယ့္ ၂ထပ္ေလာက္ ထပ္လိမ္းမယ္ဆိုရင္ေတာ့ ကိုယ့္ရဲ႕ အနာအဆာေတြကို ဖံုးဖိေပးႏုိင္မယ့္အျပင္ မ်က္ႏွာအသားအေရကိုပါ တင္းရင္းျပီး လွပသြားေစေအာင္ျပဳလုပ္ေပးႏိုင္ပါတယ္။ ကိုယ္လိုခ်င္သလို Coverage ကို စိတ္ၾကိဳက္ကစားႏိုင္ပါတယ္။

Transcend Myanmar

Transcend Myanmar

Transcend Myanmar အေၾကာင္း အေသးစိတ္စုံစမ္းရန္

All Skin Type

FauxFilter Foundation – Huda Beauty

FauxFilter Foundation Huda Beauty (Source: elle.com)

FauxFilter Foundation Huda Beauty (Source: elle.com)

Huda Beauty မွ ထုတ္ထားတဲ့ FauxFilter Foundation က Skin Type အားလံုးအတြက္ အဆင္ေျပတဲ့ Foundation တစ္ခုျဖစ္ပါတယ္။ သူက Full Coverage Foundation တစ္ခုလည္းျဖစ္တယ္။ Youtuber Star တစ္ေယာက္ျဖစ္တဲ့ NikkieTutorials ကေတာ့ “မ်က္ႏွာေပၚမွာလိမ္းျပီးတာနဲ႔ Foundation အေပၚမွာ Setting Powder မလိမ္းဘဲေနတာေတာင္ ၁၂နာရီအထိခံပါတယ္” တဲ့ေနာ္။ အဲဒီေတာ့ ကိုယ့္ရဲ႕ မ်က္ႏွာေပၚမွာ တစ္ေနကုန္ၾကာရွည္ခံခ်င္တဲ့ ပ်ိဳေမေလးေတြအတြက္ အေကာင္းဆံုး Foundation တစ္ခုပဲျဖစ္ပါတယ္။

Pro Filt’r Soft Matte Longwear Foundation – Fenty Beauty

Pro Filtr Soft Matte Longwear Foundation-Fenty Beauty (Source: https://articulo.mercadolibre.com.ar)

Pro Filtr Soft Matte Longwear Foundation-Fenty Beauty (Source: https://articulo.mercadolibre.com.ar)

Rihanna ကိုယ္တိုင္အေသအခ်ာေရြးခ်ယ္ျပီးထုတ္လုပ္ထားတဲ့ Fenty Beauty ရဲ႕ Pro Filt’r Soft Matte Longwear Foundation က All Skin Type အတြက္ အေကာင္းဆံုး Foundation တစ္ခုျဖစ္ပါတယ္။ ဒါ့အျပင္ အခုလက္ရွိ 2018 မွာ နံပါတ္တစ္အေရာင္းရဆံုးျဖစ္ေနတဲ့ Makeup Brand တစ္ခုလည္းျဖစ္လို႔ေနပါတယ္။ Full Coverage ျဖစ္ျပီး မ်က္ႏွာအသားအေရကိုလည္း စိုျပည္ေစတဲ့အတြက္ေၾကာင့္လည္း ပိုျပီးေက်ာ္ၾကားေနခဲ့တာျဖစ္ပါတယ္။

ဒီေလာက္ဆိုရင္ေတာ့ ပ်ိဳေမေလးေတြအားလံုး ကုိယ့္ရဲ႕ Skin Type အေပၚမူတည္ျပီး ဘယ္လုိ Foundation Makeup Brand ေတြကို ေရြးခ်ယ္ျပီး လိမ္းရမလဲဆိုတာကို သိရွိသြားၾကေလာက္ျပီထင္ပါတယ္။

Redrose (Akhayar)

www.akhayar.com

Facebook လူမႈကြန္ရက္ေပၚတြင္တင္ဆက္ေနသည့္ စာမ်က္ႏွာမ်ားတြင္ အခရာမွတင္ဆက္ထားသည့္ ေဆာင္းပါးမ်ား၊ သတင္းမ်ားကို ခြင့္ျပဳခ်က္ တစ္စံုတစ္ရာ ရယူထားျခင္းမရွိဘဲ စီးပြားျဖစ္ ကူးယူသံုးစြဲေနသည္မ်ားကို ေတြ႕ရွိေနရပါသည္။ အခရာစာမ်က္ႏွာအား တစ္ဦးတစ္ေယာက္ခ်င္း ေဝမ်ွသည္ကို အသိအမွတ္ျပဳေက်းဇူးတင္ေသာ္လည္း စီပြားျဖစ္တည္ေထာင္ထားသည့္ စာမ်က္ႏွာမ်ား၊ ဝက္ဘ္ဆုိက္မ်ားတြင္ ကူးယူတင္ဆက္ေနသည္မ်ားကိုမူ ျပင္းထန္စြာကန္႔ကြက္ပါသည္။ သို႕ျဖစ္ပါ၍ အခရာမီဒီယာမွတင္ဆက္ေနသည့္ အေၾကာင္းအရာမ်ားထဲမွ စာသားအခ်ိဳ႕ကုိျဖစ္ေစ ၊ အပုဒ္လိုက္ျဖစ္ေစ ၊ တစ္ပိုဒ္ျခင္းျဖစ္ေစ ကူးယူသံုးစြဲျခင္းမျပဳရန္ႏွင့္ ဆက္လက္ျပဳလုပ္ပါက ခိုးယူသံုးစြဲေနသည့္ စာမ်က္ႏွာမ်ားကို အမည္ႏွင့္တကြ အမ်ားသိေစရန္ေၾကညာသြားမည္ျဖစ္ၿပီး ဥပေဒအရ အေရးယူမည္ျဖစ္ေၾကာင္း သတိေပးေၾကညာအပ္ပါသည္။

[Unicode]

Skin Type ပေါ်မူတည်ပြီး ရွေးချယ်သင့်တဲ့ အကောင်းဆုံး Foundation Makeup Brand များ

ပျိုမေလေးတွေအတွက် Foundation Makeup ဆိုတာ မဖြစ်မနေလိုအပ်တဲ့အရာဖြစ်လို့လာပါပြီ။ အထူးသဖြင့် Portrait Photo-shoot တွေ၊ Event တွေနဲ့ Dating Nights တွေမှာ မရှိမဖြစ်လိုအပ်လာပါတယ်။ ဒီလိုအချိန်ကျရင် ကိုယ့်ရဲ့ မျက်နှာအသားအရေနဲ့ လိုက်ဖက်ပြီး တာရှည်ခံမယ့် Foundation ကို သေချာရွေးချယ်ပြီး လိမ်းခြယ်ဖို့လိုအပ်လာပါတယ်။ ကိုယ့်အသားအရေနဲ့ လိုက်ဖက်လား၊ မလိုက်ဖက်လား သေချာရေရာမသိဘဲ မြင်ရာတွေ့ရာလိမ်းလိုက်မယ်ဆိုရင် မျက်နှာမှာ ဝက်ခြံတွေပေါက်လာနိုင်ပါတယ်။ အဆီပိုပြန်လာတတ်ပြီး Makeup တခြား၊ မျက်နှာအသားအရေက တခြားဖြစ်နေတတ်ပါတယ်။ ဒီလိုတွေမဖြစ်ရလေအောင် မျက်နှာအသားအရေအမျိုးမျိုးပေါ်မူတည်ပြီးတော့ လိုက်ဖက်မယ့် Foundation Makeup Brands တွေကို ပြောပြပေးသွားမှာဖြစ်ပါတယ်။

Dry Skin

Aqua Luminous Perfecting Foundation – Becca Cosmetics

Aqua Luminous Perfecting Foundation - Becca Cosmetics (Source : http://www.makeup4all.com)

Aqua Luminous Perfecting Foundation – Becca Cosmetics (Source : http://www.makeup4all.com)

Becca Cosmetic ရဲ့ Aqua Luminous Perfecting Foundation ဟာ Medium Coverage ကိုပေးစွမ်းနိုင်ပါတယ်။ အစိုဓာတ်လည်းပါဝင်တယ်။ ဒါကြောင့် Dry Skin Type မျိုးရှိတဲ့ ပျိုမေလေးတွေ၊ ပြောင်ပြောင်လေးနဲ့ ဝင်းနေတဲ့ Dewy Makeup Look မျိုးကို သဘောကျတဲ့ ပျိုမေလေးတွေ ရွေးချယ်သင့်ပါတယ်။

Sheer Glow Foundation – NARS

Sheer Glow Foundation - NARS (Source : https://www.modernstork.com)

Sheer Glow Foundation – NARS (Source : https://www.modernstork.com)

Sheer Glow Foundation ဟာ NARS Makeup Brand ထဲမှာ အရောင်းရဆုံး Product တစ်ခုဖြစ်သလို Dry Skin Type ရှိတဲ့ ပျိုမေလေးတွေအတွက်လည်း Perfect Foundation တစ်ခုဖြစ်ပါတယ်။ သူက Product နာမည်လေးအတိုင်း Light Weight ဖြစ်ပြီး မျက်နှာလေးကို ပြောင်ပြောင်လေးဖြစ်စေပါတယ်။

MSI Z370 Gaming Pro Carbon

MSI Z370 Gaming Pro Carbon

MSI Z370 Gaming Pro Carbon အကြောင်း အသေးစိတ်စုံစမ်းရန်

Oily Skin Type

L’Oreal Infallible Pro-Matte 24 Hour Foundation

L'Oreal Infallible Pro-Matte 24 Hour Foundation (Source : https://articulo.mercadolibre.com.ar)

L’Oreal Infallible Pro-Matte 24 Hour Foundation (Source : https://articulo.mercadolibre.com.ar)

Infallible Pro-Matte 24 Hour Foundation ဟာ အရမ်းအဆီပြန်တတ်တဲ့အသားအရေပိုင်ရှင်တွေဖြစ်တဲ့ Oily Skin Type ရှိတဲ့ပျိုမေလေးတွေအတွက် အလိုက်ဖက်ဆုံးသောနာမည်ကြီး Foundation တစ်ခုဖြစ်ပါတယ်။ သူဟာ Drugstore Makeup Brand တစ်ခုဖြစ်ပေမယ့် မျက်နှာပေါ်မှာ အဆီမပြန်ဘဲ တာရှည်ခံမှုကတော့ တကယ့်ကို အံ့မခန်းပါပဲ။

Estée Lauder Double Wear Stay-In-Place Makeup

Estée Lauder Double Wear Stay-In-Place Makeup (Source: https://www.lookfantastic.dk)

Estée Lauder Double Wear Stay-In-Place Makeup (Source: https://www.lookfantastic.dk)

Estée Lauder ရဲ့ Double Wear Stay-In-Place Makeup ဟာ ကိုယ့်ရဲ့မျက်နှာမှာ အပြစ်အနာအဆာရှိရင်ပဲဖြစ်ဖြစ်၊ လူမြင်မခံနိုင်တဲ့ မျက်နှာအရေးအကြောင်းတွေရှိနေရင်ပဲဖြစ်ဖြစ် အပြစ်အနာအဆာလုံးဝမရှိတဲ့မျက်နှာလေးတစ်ခုကို ပိုင်ဆိုင်နိုင်အောင် ပြောင်းလဲဖန်တီးပေးနိုင်တဲ့ Foundation တစ်ခုပဲဖြစ်ပါတယ်။ မျက်နှာပေါ်တာရှည်ခံမှုကတော့ ၁၅နာရီအထိ တာရှည်ခံပြီး ချွေးပေါက်တွေကို လုံးဝဖုံးအုပ်ပေးပါတယ်တဲ့နော်။

Combination Skin Type

Revlon ColorStay Make-up for Combination/Oily Skin

Revlon ColorStay Make up for Combination Oily Skin (Source: https://www.walmart.com)

Revlon ColorStay Make up for Combination Oily Skin (Source: https://www.walmart.com)

မျက်နှာရဲ့ T-Zone တစ်ဝိုက်ဖြစ်တဲ့ နှာခေါင်း၊ မေးစေ့နဲ့ နဖူးတို့မှာ အဆီပြန်လေ့ရှိပြီး ကျန်မျက်နှာတစ်ဝိုက်မှာ အသားခြောက်နေတတ်တဲ့ Oily Skin လည်း မကျ၊ Dry Skin လည်း မကျတဲ့ Combination Skin တွေအတွက် အကောင်းဆုံး Foundation ပဲဖြစ်ပါတယ်။ ဒီ Foundation ဟာ Combination Skin Type တစ်မျိုးတည်းတင်မဟုတ်ပဲ Oily Skin Type ကို ပိုင်ဆိုင်ထားတဲ့ ပျိုမေလေးတွေအတွက်ပါ သင့်တော်ပါတယ်။

Giorgio Armani Luminous Silk Foundation

Giorgio Armani Luminous Silk Foundation (Source : https://www.giorgioarmanibeauty-usa.com)

Giorgio Armani Luminous Silk Foundation (Source : https://www.giorgioarmanibeauty-usa.com)

High End Makeup Product Brand ဖြစ်တဲ့အလျောက် သူရဲ့နာမည်နဲ့ ပေးရတဲ့တန်ဖိုးနဲ့လျော်ညီတဲ့ Foundation Look ကိုလည်း ပေးစွမ်းနိုင်ပါတယ်။ အခြား Foundation တွေလိုမျိုး တစ်ခေါက်လိမ်းရုံနဲ့ အနာအဆာတွေကို ဖုံးဖိမပေးပါဘူး။ ဒါပေမယ့် ၂ထပ်လောက် ထပ်လိမ်းမယ်ဆိုရင်တော့ ကိုယ့်ရဲ့ အနာအဆာတွေကို ဖုံးဖိပေးနိုင်မယ့်အပြင် မျက်နှာအသားအရေကိုပါ တင်းရင်းပြီး လှပသွားစေအောင်ပြုလုပ်ပေးနိုင်ပါတယ်။ ကိုယ်လိုချင်သလို Coverage ကို စိတ်ကြိုက်ကစားနိုင်ပါတယ်။

Transcend Myanmar

Transcend Myanmar

Transcend Myanmar အကြောင်း အသေးစိတ်စုံစမ်းရန်

All Skin Type

FauxFilter Foundation – Huda Beauty

FauxFilter Foundation Huda Beauty (Source: elle.com)

FauxFilter Foundation Huda Beauty (Source: elle.com)

Huda Beauty မှ ထုတ်ထားတဲ့ FauxFilter Foundation က Skin Type အားလုံးအတွက် အဆင်ပြေတဲ့ Foundation တစ်ခုဖြစ်ပါတယ်။ သူက Full Coverage Foundation တစ်ခုလည်းဖြစ်တယ်။ Youtuber Star တစ်ယောက်ဖြစ်တဲ့ NikkieTutorials ကတော့ “မျက်နှာပေါ်မှာလိမ်းပြီးတာနဲ့ Foundation အပေါ်မှာ Setting Powder မလိမ်းဘဲနေတာတောင် ၁၂နာရီအထိခံပါတယ်” တဲ့နော်။ အဲဒီတော့ ကိုယ့်ရဲ့ မျက်နှာပေါ်မှာ တစ်နေကုန်ကြာရှည်ခံချင်တဲ့ ပျိုမေလေးတွေအတွက် အကောင်းဆုံး Foundation တစ်ခုပဲဖြစ်ပါတယ်။

Pro Filt’r Soft Matte Longwear Foundation – Fenty Beauty

Pro Filtr Soft Matte Longwear Foundation-Fenty Beauty (Source: https://articulo.mercadolibre.com.ar)

Pro Filtr Soft Matte Longwear Foundation-Fenty Beauty (Source: https://articulo.mercadolibre.com.ar)

Rihanna ကိုယ်တိုင်အသေအချာရွေးချယ်ပြီးထုတ်လုပ်ထားတဲ့ Fenty Beauty ရဲ့ Pro Filt’r Soft Matte Longwear Foundation က All Skin Type အတွက် အကောင်းဆုံး Foundation တစ်ခုဖြစ်ပါတယ်။ ဒါ့အပြင် အခုလက်ရှိ 2018 မှာ နံပါတ်တစ်အရောင်းရဆုံးဖြစ်နေတဲ့ Makeup Brand တစ်ခုလည်းဖြစ်လို့နေပါတယ်။ Full Coverage ဖြစ်ပြီး မျက်နှာအသားအရေကိုလည်း စိုပြည်စေတဲ့အတွက်ကြောင့်လည်း ပိုပြီးကျော်ကြားနေခဲ့တာဖြစ်ပါတယ်။

ဒီလောက်ဆိုရင်တော့ ပျိုမေလေးတွေအားလုံး ကိုယ့်ရဲ့ Skin Type အပေါ်မူတည်ပြီး ဘယ်လို Foundation Makeup Brand တွေကို ရွေးချယ်ပြီး လိမ်းရမလဲဆိုတာကို သိရှိသွားကြလောက်ပြီထင်ပါတယ်။

Redrose (Akhayar)

www.akhayar.com

Facebook လူမှုကွန်ရက်ပေါ်တွင်တင်ဆက်နေသည့် စာမျက်နှာများတွင် အခရာမှတင်ဆက်ထားသည့် ဆောင်းပါးများ၊ သတင်းများကို ခွင့်ပြုချက် တစ်စုံတစ်ရာ ရယူထားခြင်းမရှိဘဲ စီးပွားဖြစ် ကူးယူသုံးစွဲနေသည်များကို တွေ့ရှိနေရပါသည်။ အခရာစာမျက်နှာအား တစ်ဦးတစ်ယောက်ချင်း ဝေမျှသည်ကို အသိအမှတ်ပြုကျေးဇူးတင်သော်လည်း စီပွားဖြစ်တည်ထောင်ထားသည့် စာမျက်နှာများ၊ ဝက်ဘ်ဆိုက်များတွင် ကူးယူတင်ဆက်နေသည်များကိုမူ ပြင်းထန်စွာကန့်ကွက်ပါသည်။ သို့ဖြစ်ပါ၍ အခရာမီဒီယာမှတင်ဆက်နေသည့် အကြောင်းအရာများထဲမှ စာသားအချို့ကိုဖြစ်စေ ၊ အပုဒ်လိုက်ဖြစ်စေ ၊ တစ်ပိုဒ်ခြင်းဖြစ်စေ ကူးယူသုံးစွဲခြင်းမပြုရန်နှင့် ဆက်လက်ပြုလုပ်ပါက ခိုးယူသုံးစွဲနေသည့် စာမျက်နှာများကို အမည်နှင့်တကွ အများသိစေရန်ကြေညာသွားမည်ဖြစ်ပြီး ဥပဒေအရ အရေးယူမည်ဖြစ်ကြောင်း သတိပေးကြေညာအပ်ပါသည်။