[Zawgyi]

အသက္ရြယ္ေပၚလုိက္ၿပီး အိပ္ခ်ိန္နာရီ ဘယ္ေလာက္ရွိသင့္သလဲ

အိပ္စက္ျခင္းဆုိတာ လူတစ္ေယာက္အတြက္ အသက္ရွင္သန္ေနထုိင္မႈနဲ႔ စြမ္းအင္ျဖစ္တည္မႈတုိ႔အတြက္ မရွိမျဖစ္လုိအပ္ခ်က္ေတြပါ။ ဒါ့ေၾကာင့္လည္း တစ္ေန႔တာ ၂၄နာရီမွာ ပ်မ္းမ်ွ အိပ္ခ်ိန္က ၈နာရီျဖစ္ေနတာပါ။ ဒါေပမယ့္ အသက္အရြယ္ေပၚမူတည္ၿပီး ဘယ္ေလာက္အိပ္သင့္တယ္ဆုိတဲ့အခ်ိန္နာရီက မတူညီျပန္ပါဘူး။ ဟားဗတ္တကၠသုိလ္ပါေမာကၡ ခ်ားလ္ ခ်ီစီစ္လာ (Charles Czeisler) ဟာ အသက္အရြယ္ေပၚမူတည္ၿပီး အိပ္စက္ခ်ိန္ဘယ္ေလာက္လုိအပ္တယ္ဆုိတာ သိေစဖုိ႔ ၂ဝဝ၄ခုႏွစ္က ၂ဝ၁၄ခုႏွစ္အတြင္း သုေတသနမ်ားစြာျပဳလုပ္ၿပီး အစီရင္ခံစာ ထုတ္ျပန္ခဲ့ပါတယ္။

ပုံမွန္အိပ္စက္ျခင္းနဲ႔ ဆက္စပ္ေနတဲ့ Ventrolateral Preoptic Nucleus Cells ေတြဟာ အသက္ႀကီးလာရင္ ေသဆုံးသြားတဲ့အတြက္ သက္ႀကီးရြယ္အုိေတြက နည္းနည္းပဲလုိအပ္တာျဖစ္ပါတယ္။ လူတစ္ေယာက္ဟာ အိပ္ခ်ိန္နည္းပါးလာတာန႔ဲ ဆုံးျဖတ္ခ်က္ေတြ မွားယြင္းလာမယ္၊ အာရုံစူးစုိက္မႈ အားနည္းလာမယ္၊ ေနာက္ဆုံးမွာ အမွားကမၻာထဲမွာ သံသရာလည္ေနမွာပဲျဖစ္ပါတယ္။ တစ္ေန႔ကုိ ၇နာရီေအာက္ အိပ္စက္မယ္ဆုိရင္ ကုိယ္အေလးခ်ိန္ တက္လာမယ္၊ ဆီးခ်ိဳေသြးခ်ိဳျဖစ္လာမယ္၊ အဝလြန္လာႏုိင္သလုိ ၅နာရီေအာက္ပဲ အိပ္မယ္ဆုိရင္ ႏွလုံးနဲ႔ပတ္သက္တဲ့ေရာဂါေတြ ျဖစ္လာႏုိင္ပါတယ္။ ၿပီးေတာ့ အိပ္ယာဝင္ခါနီးမွာ ဖုန္းေတြကြန္ပ်ဴတာေတြ သုံးမယ္ဆုိရင္ ၄င္းတုိ႔လႊတ္လုိက္တဲ့အလင္းေရာင္ေတြဟာ ဦးေႏွာက္ထဲမွာရွိတဲ့ Melatonin ေဟာမုန္းကုိ ထိန္းခ်ဳပ္ေပးတဲ့အတြက္ အလြယ္တကူအိပ္ေပ်ာ္မွာ မဟုတ္ပါဘူး။ အဲဒါေၾကာင့္ အိပ္ယာဝင္ခါနီး နည္းပညာပစၥည္းမသုံးၾကပါနဲ႔လုိ႔ အၾကံေပးလုိက္ရပါတယ္။

ေပ်ာ္ရႊင္ခ်မ္းေျမ့ၾကပါေစ။

ေက်ာ္စုိးေအာင္ (အခရာ)

www.akhayar.com 

Facebook လူမႈကြန္ရက္ေပၚတြင္တင္ဆက္ေနသည့္ စာမ်က္ႏွာမ်ားတြင္ အခရာမွတင္ဆက္ထားသည့္ ေဆာင္းပါးမ်ား၊ သတင္းမ်ားကို ခြင့္ျပဳခ်က္ တစ္စုံတစ္ရာ ရယူထားျခင္းမရွိဘဲ စီးပြားျဖစ္ ကူးယူသုံးစြဲေနသည္မ်ားကို ေတြ႕ရွိေနရပါသည္။ အခရာစာမ်က္ႏွာအား တစ္ဦးတစ္ေယာက္ခ်င္း ေဝမွ်သည္ကို အသိအမွတ္ျပဳေက်းဇူးတင္ေသာ္လည္း စီပြားျဖစ္တည္ေထာင္ထားသည့္ စာမ်က္ႏွာမ်ား၊ ဝက္ဘ္ဆိုက္မ်ားတြင္ ကူးယူတင္ဆက္ေနသည္မ်ားကိုမူ ျပင္းထန္စြာကန႔္ကြက္ပါသည္။ သို႔ျဖစ္ပါ၍ အခရာမီဒီယာမွတင္ဆက္ေနသည့္ အေၾကာင္းအရာမ်ားထဲမွ စာသားအခ်ိဳ႕ကိုျဖစ္ေစ ၊ အပုဒ္လိုက္ျဖစ္ေစ ၊ တစ္ပိုဒ္ျခင္းျဖစ္ေစ ကူးယူသုံးစြဲျခင္းမျပဳရန္ႏွင့္ ဆက္လက္ျပဳလုပ္ပါက ခိုးယူသုံးစြဲေနသည့္ စာမ်က္ႏွာမ်ားကို အမည္ႏွင့္တကြ အမ်ားသိေစရန္ေၾကညာသြားမည္ျဖစ္ၿပီး ဥပေဒအရ အေရးယူမည္ျဖစ္ေၾကာင္း သတိေပးေၾကညာအပ္ပါသည္။

[Unicode]

အသက်ရွယ်ပေါ်လိုက်ပြီး အိပ်ချိန်နာရီ ဘယ်လောက်ရှိသင့်သလဲ

အိပ်စက်ခြင်းဆိုတာ လူတစ်ယောက်အတွက် အသက်ရှင်သန်နေထိုင်မှုနဲ့ စွမ်းအင်ဖြစ်တည်မှုတို့အတွက် မရှိမဖြစ်လိုအပ်ချက်တွေပါ။ ဒါ့ကြောင့်လည်း တစ်နေ့တာ ၂၄နာရီမှာ ပျမ်းမျှ အိပ်ချိန်က ၈နာရီဖြစ်နေတာပါ။ ဒါပေမယ့် အသက်အရွယ်ပေါ်မူတည်ပြီး ဘယ်လောက်အိပ်သင့်တယ်ဆိုတဲ့အချိန်နာရီက မတူညီပြန်ပါဘူး။ ဟားဗတ်တက္ကသိုလ်ပါမောက္ခ ချားလ် ချီစီစ်လာ (Charles Czeisler) ဟာ အသက်အရွယ်ပေါ်မူတည်ပြီး အိပ်စက်ချိန်ဘယ်လောက်လိုအပ်တယ်ဆိုတာ သိစေဖို့ ၂ဝဝ၄ခုနှစ်က ၂ဝ၁၄ခုနှစ်အတွင်း သုတေသနများစွာပြုလုပ်ပြီး အစီရင်ခံစာ ထုတ်ပြန်ခဲ့ပါတယ်။

 

 

ပုံမှန်အိပ်စက်ခြင်းနဲ့ ဆက်စပ်နေတဲ့ Ventrolateral Preoptic Nucleus Cells တွေဟာ အသက်ကြီးလာရင် သေဆုံးသွားတဲ့အတွက် သက်ကြီးရွယ်အိုတွေက နည်းနည်းပဲလိုအပ်တာဖြစ်ပါတယ်။ လူတစ်ယောက်ဟာ အိပ်ချိန်နည်းပါးလာတာနဲ့ ဆုံးဖြတ်ချက်တွေ မှားယွင်းလာမယ်၊ အာရုံစူးစိုက်မှု အားနည်းလာမယ်၊ နောက်ဆုံးမှာ အမှားကမ္ဘာထဲမှာ သံသရာလည်နေမှာပဲဖြစ်ပါတယ်။ တစ်နေ့ကို ၇နာရီအောက် အိပ်စက်မယ်ဆိုရင် ကိုယ်အလေးချိန် တက်လာမယ်၊ ဆီးချိုသွေးချိုဖြစ်လာမယ်၊ အဝလွန်လာနိုင်သလို ၅နာရီအောက်ပဲ အိပ်မယ်ဆိုရင် နှလုံးနဲ့ပတ်သက်တဲ့ရောဂါတွေ ဖြစ်လာနိုင်ပါတယ်။ ပြီးတော့ အိပ်ယာဝင်ခါနီးမှာ ဖုန်းတွေကွန်ပျူတာတွေ သုံးမယ်ဆိုရင် ၎င်းတို့လွှတ်လိုက်တဲ့အလင်းရောင်တွေဟာ ဦးနှောက်ထဲမှာရှိတဲ့ Melatonin ဟောမုန်းကို ထိန်းချုပ်ပေးတဲ့အတွက် အလွယ်တကူအိပ်ပျော်မှာ မဟုတ်ပါဘူး။ အဲဒါကြောင့် အိပ်ယာဝင်ခါနီး နည်းပညာပစ္စည်းမသုံးကြပါနဲ့လို့ အကြံပေးလိုက်ရပါတယ်။

ပျော်ရွှင်ချမ်းမြေ့ကြပါစေ။

ကျော်စိုးအောင် (အခရာ)

www.akhayar.com 

Facebook လူမှုကွန်ရက်ပေါ်တွင်တင်ဆက်နေသည့် စာမျက်နှာများတွင် အခရာမှတင်ဆက်ထားသည့် ဆောင်းပါးများ၊ သတင်းများကို ခွင့်ပြုချက် တစ်စုံတစ်ရာ ရယူထားခြင်းမရှိဘဲ စီးပွားဖြစ် ကူးယူသုံးစွဲနေသည်များကို တွေ့ရှိနေရပါသည်။ အခရာစာမျက်နှာအား တစ်ဦးတစ်ယောက်ချင်း ဝေမျှသည်ကို အသိအမှတ်ပြုကျေးဇူးတင်သော်လည်း စီပွားဖြစ်တည်ထောင်ထားသည့် စာမျက်နှာများ၊ ဝက်ဘ်ဆိုက်များတွင် ကူးယူတင်ဆက်နေသည်များကိုမူ ပြင်းထန်စွာကန့်ကွက်ပါသည်။ သို့ဖြစ်ပါ၍ အခရာမီဒီယာမှတင်ဆက်နေသည့် အကြောင်းအရာများထဲမှ စာသားအချို့ကိုဖြစ်စေ ၊ အပုဒ်လိုက်ဖြစ်စေ ၊ တစ်ပိုဒ်ခြင်းဖြစ်စေ ကူးယူသုံးစွဲခြင်းမပြုရန်နှင့် ဆက်လက်ပြုလုပ်ပါက ခိုးယူသုံးစွဲနေသည့် စာမျက်နှာများကို အမည်နှင့်တကွ အများသိစေရန်ကြေညာသွားမည်ဖြစ်ပြီး ဥပဒေအရ အရေးယူမည်ဖြစ်ကြောင်း သတိပေးကြေညာအပ်ပါသည်။