[ZawGyi]

ညေရးညတာ အဆာေျပဖို႔ ထိုင္းခ်ဥ္စပ္ေခါက္ဆြဲေလး လြယ္လြယ္သုပ္စားစို႔

ညဘက္ေတြ အိမ္မွာဟင္းမေကာင္းတဲ့ရက္မ်ိဳး၊ ဒါမွမဟုတ္ စားစရာမရွိတဲ့ရက္မ်ိဳးဆို ေရခဲေသတၱာလွန္ေလွာရွာေဖြရတာ ကိုယ္ေတြအစားတလိုင္းေတြရဲ႕ ဒုကၡပါ။ အဲ့လိုမ်ိဳးဒုကၡေတြလည္းေဝး၊ ဗိုက္လဲဝ၊ အရသာလည္းရွိ၊ ခံတြင္းလည္းလိုက္ေအာင္ မာမားခ်ဥ္စပ္ေခါက္ဆြဲထုုပ္ေလးနဲ႔ ထိုင္းခ်ဥ္၊စပ္ရႈးရွဲ ေခါက္ဆြဲသုပ္ေလး လုပ္စားလိုက္ၾကရေအာင္။ လိုအပ္တဲ့ပစၥည္းေလးေတြေတာ့ ႀကိဳဝယ္ထားဖို႔ လိုမယ္ေနာ္။

လိုအပ္ေသာ ပစၥည္းမ်ား
(၁) Mama Tom Yum Noodle ၂ထုပ္
(၂) ပုစြန္ ၅ ေကာင္ခန္႔
(၃) ၾကက္အူေခ်ာင္း ၁ ေခ်ာင္း
(၄) ကဏန္းအသားေခ်ာင္း ၂ေခ်ာင္း
(၅) ၾကက္သြန္နီ ၁ လံုး
(၆) ခရမ္းခ်ဥ္သီး ၁ လံုး
(၇) သံပုရာရည္ စားပြဲတင္ဇြန္း ၁ ဇြန္း
(၈) ငံျပာရည္ စားပြဲတင္ဇြန္း ၁ ဇြန္း
(၉) င႐ုတ္သီးအနီေတာင့္ ၅-၁၀ ေတာင့္ခန္႔
(၁၀) တ႐ုတ္နံနံ ၁ ပင္
(၁၁) ထန္းညက္ (သို႔) သၾကားရည္ ၁ ဇြန္း
(၁၂) ေဂၚဖီထုပ္ (သို႔) မုန္ညင္းျဖဴ
(၁၃) မုန္လာဥနီ
(၁၄) ႏွစ္သက္ရာမိႈတမ်ိဳးမ်ိဳး

အဆင့္ (၁) အေနနဲ႔ သံပုရာရည္၊ ငံျပာရည္၊ ထန္းညက္(သို႔) သၾကားရည္ရယ္၊ င႐ုတ္သီးအနီေတာင့္ေလးေတြကို ႀကိတ္ၿပီးသားအႏွစ္ရယ္ကို ေခါက္ဆြဲထဲက အရသာမႈန္႔ေတြနဲ႔ ေရာနယ္ျပီး ေမႊထားပါ။

အဆင့္ (၂) အေနနဲ႔ ဆူဆူျပဳတ္ထားတဲ့ေရေႏြးထဲ ေဂၚဖီ (သို႔) မုန္ညင္းရြက္၊ ပုစြန္၊ ေခါက္ဆြဲ၊ မိႈနဲ႔ ၾကက္အူေခ်ာင္း၊ ကဏန္းသားတို႔ကို၂မိနစ္မွ ၃မိနစ္ခန္႔ထိျပဳတ္ပါ။

အဆင့္ (၃) အေနနဲ႔ ျပဳတ္ထားၿပီးသား အစာပလာအားလံုးကို ပန္းကန္လံုးတစ္ခုတည္း ထည့္၊ ၾကက္သြန္နီေလးလွီးထည္႔၊ ခရမ္းခ်ဥ္သီးေလးထည့္ျပီး အဆင့္ (၁) အတိုင္းလုပ္ထားတဲ့ အႏွစ္ေတြ နဲ႔ ေရာသမေအာင္နယ္ပါ၊

အဆင့္(၄) အေနနဲ႔ နယ္ထားၿပီးသားေခါက္ဆြဲသုပ္ေတြကို ပန္းကန္ျပားတစ္ခ်ပ္ထဲထည့္၊ တ႐ုတ္နံနံပင္ေလး အေပၚကအုပ္၊သခြားသီးကြင္းေလးမ်ားနဲ႔ မုန္လာဥနီေလးမ်ား ပါးပါးလွီးကာ အလွဆင္ၿပီး ခ်ဥ္ခ်ဥ္စပ္စပ္ ထိုင္းေခါက္ဆြဲသုပ္ေလး စားသံုးႏိုင္ပါၿပီေနာ္။

EiEiKhineMinn ( Akhayar )

www.akhayar.com

[Unicode]

ညရေးညတာ အဆာပြေဖို့ ထိုင်းချဉ်စပ်ခေါက်ဆွဲလေး လွယ်လွယ်သုပ်စားစို့

ညဘက်တွေ အိမ်မှာဟင်းမကောင်းတဲ့ရက်မျိုး၊ ဒါမှမဟုတ် စားစရာမရှိတဲ့ရက်မျိုးဆို ရေခဲသေတ္တာလှန်လှောရှာဖွေရတာ ကိုယ်တွေအစားတလိုင်းတွေရဲ့ ဒုက္ခပါ။ အဲ့လိုမျိုးဒုက္ခတွေလည်းဝေး၊ ဗိုက်လဲဝ၊ အရသာလည်းရှိ၊ ခံတွင်းလည်းလိုက်အောင် မာမားချဉ်စပ်ခေါက်ဆွဲထုုပ်လေးနဲ့ ထိုင်းချဉ်၊စပ်ရှုးရှဲ ခေါက်ဆွဲသုပ်လေး လုပ်စားလိုက်ကြရအောင်။ လိုအပ်တဲ့ပစ္စည်းလေးတွေတော့ ကြိုဝယ်ထားဖို့ လိုမယ်နော်။

လိုအပ်သော ပစ္စည်းများ
(၁) Mama Tom Yum Noodle ၂ထုပ်
(၂) ပုစွန် ၅ ကောင်ခန့်
(၃) ကြက်အူချောင်း ၁ ချောင်း
(၄) ကဏန်းအသားချောင်း ၂ချောင်း
(၅) ကြက်သွန်နီ ၁ လုံး
(၆) ခရမ်းချဉ်သီး ၁ လုံး
(၇) သံပုရာရည် စားပွဲတင်ဇွန်း ၁ ဇွန်း
(၈) ငံပြာရည် စားပွဲတင်ဇွန်း ၁ ဇွန်း
(၉) ငရုတ်သီးအနီတောင့် ၅-၁၀ တောင့်ခန့်
(၁၀) တရုတ်နံနံ ၁ ပင်
(၁၁) ထန်းညက် (သို့) သကြားရည် ၁ ဇွန်း
(၁၂) ဂေါ်ဖီထုပ် (သို့) မုန်ညင်းဖြူ
(၁၃) မုန်လာဥနီ
(၁၄) နှစ်သက်ရာမှိုတမျိုးမျိုး

အဆင့် (၁) အနေနဲ့ သံပုရာရည်၊ ငံပြာရည်၊ ထန်းညက်(သို့) သကြားရည်ရယ်၊ ငရုတ်သီးအနီတောင့်လေးတွေကို ကြိတ်ပြီးသားအနှစ်ရယ်ကို ခေါက်ဆွဲထဲက အရသာမှုန့်တွေနဲ့ ရောနယ်ပြီး မွှေထားပါ။

အဆင့် (၂) အနေနဲ့ ဆူဆူပြုတ်ထားတဲ့ရေနွေးထဲ ဂေါ်ဖီ (သို့) မုန်ညင်းရွက်၊ ပုစွန်၊ ခေါက်ဆွဲ၊ မှိုနဲ့ ကြက်အူချောင်း၊ ကဏန်းသားတို့ကို၂မိနစ်မှ ၃မိနစ်ခန့်ထိပြုတ်ပါ။

အဆင့် (၃) အနေနဲ့ ပြုတ်ထားပြီးသား အစာပလာအားလုံးကို ပန်းကန်လုံးတစ်ခုတည်း ထည့်၊ ကြက်သွန်နီလေးလှီးထည့်၊ ခရမ်းချဉ်သီးလေးထည့်ပြီး အဆင့် (၁) အတိုင်းလုပ်ထားတဲ့ အနှစ်တွေ နဲ့ ရောသမအောင်နယ်ပါ၊

အဆင့်(၄) အနေနဲ့ နယ်ထားပြီးသားခေါက်ဆွဲသုပ်တွေကို ပန်းကန်ပြားတစ်ချပ်ထဲထည့်၊ တရုတ်နံနံပင်လေး အပေါ်ကအုပ်၊သခွားသီးကွင်းလေးများနဲ့ မုန်လာဥနီလေးများ ပါးပါးလှီးကာ အလှဆင်ပြီး ချဉ်ချဉ်စပ်စပ် ထိုင်းခေါက်ဆွဲသုပ်လေး စားသုံးနိုင်ပါပြီနော်။

EiEiKhineMinn ( Akhayar )

www.akhayar.com