[Zawgyi]

ဘာလို႔ ဒီဗိုက္က ခဏခဏဆာေနရတာလဲ

တစ္ခါတေလက်ရင္ အခုလည္း ဆာ၊ ေတာ္ၾကာလည္း ဆာ၊ ခဏေနလည္း ဆာ၊ ေပ်ာ္ရင္လည္း ဆာ၊ ၀မ္းနည္းရင္လည္း ဆာ ျဖစ္ဖူးပါသလား။ ဗိုက္ဆာတာကို ေျပာပါတယ္။ တေစဆာေနတာမ်ိဳးက ဘာျဖစ္လို႔ပါလိမ့္။ ဘာျဖစ္လို႔လဲဆိုတာထက္ ေသခ်ာတာကေတာ့ ၀တုတ္ၿပဲႀကီး ျဖစ္လာေတာ့မွာပါ။ ဒါေၾကာင့္ ဆာေနတာေလးေတြကို နည္းနည္းေလာက္ ထိန္းခ်ဳပ္ဖို႔အတြက္ ဘာေၾကာင့္ ခဏတိုင္းဆာေနတာလဲဆိုတာကို အေျဖရွာၾကည့္လိုက္ၾကရေအာင္။

ပ်င္းေနလို႔ပါ

တကယ္ေတာ့ တစ္ခါတေလ တကယ္ဗိုက္ဆာေနတာမဟုတ္ပါဘူး။ သင့္မွာ စကားေျပာေဖာ္မရွိ၊ လုပ္စရာအလုပ္မရွိ၊ သြားစရာေနရာမရွိ ဘာမွမရွိဘဲ ပ်င္းေနေတာ့ ဆာသလိုလို နာသလိုလိုျဖစ္ရင္းကေန အစားေတြ စြတ္စားမိေနတာပဲ ျဖစ္ပါတယ္။

စိတ္ဓာတ္က်ၿပီး အထီးက်န္ေနလို႔ပါ

စိတ္ဓာတ္က်ေနတဲ့အခ်ိန္ ကိုယ္ တအားႏွစ္သက္တဲ့အရသာေလးမ်ား ျမည့္စမ္းၾကည့္လိုက္ရရင္ နည္းနည္းေတာ့ စိတ္ေပ်ာ္သြားတယ္လုပ္လိုက္။ ဟုတ္ပါတယ္။ စိတ္ဓာတ္က်တဲ့အခါက်ရင္လည္း ခဏခဏဆာတတ္သလို အထီးက်န္ေနတဲ့အခါက်ရင္လည္း ခုနက ေျပာခဲ့သလိုပဲ ပ်င္းၿပီး ပိုဆာလာတတ္ပါတယ္။

မနက္စာမစားလို႔ပါ

မနက္စာက တစ္ေန႔တာလံုးအတြက္ ေလာင္စာဆီပါပဲ။ သူပါမွ အဆာခံႏုိင္မွာပါ။ တကယ္လို႔ သင္ကသာ အေၾကာင္းအမ်ိဳးမ်ိဳးေၾကာင့္ မနက္စာမစားတဲ့သူဆိုရင္ အၿမဲတေစဆာေနတာဟာ မထူးဆန္းေတာ့ပါဘူး။ မနက္စာကို လြတ္ေနသေရြ႕ ဗိုက္ခဏခဏဆာေနဦးမွာပါပဲ။

အခ်ိဳနဲ႔ သေရစာေတြစားေနလို႔ပါ

သေရစာနဲ႔ အခ်ိဳမုန္႔ေတြက အဆာေျပစားတာလို႔ ေျပာၾကေပမယ့္ တကယ္အဆာေျပသြားတယ္လို႔မ်ား ထင္ပါသလား။ သူတို႔ကေတာင္ ပိုဆာေစပါေသးတယ္။ ဘာ အာဟာရမွမေပးႏိုင္ဘဲ အစာအိမ္ထဲေရာက္သြားၿပီးေတာ့ ေရဆာသလိုလို၊ ဗိုက္ဆာသလိုလို အၿမဲျဖစ္ေစတဲ့တရားခံဟာ သူတို႔ပါပဲ။

အိပ္ေရးမ၀လို႔ပါ

တစ္ခါတေလ အိပ္ရေတာ့မယ့္အခ်ိန္မွာ ညမအိပ္ဘဲ ေက်ာ္သြားရင္ ဗိုက္ဆာလာတာကို ခံစားဖူးပါသလား။ ဒီလိုပါပဲ အိပ္ေရးမ၀ရင္ ကိုယ္ခႏၶာအတြင္းက ဇီ၀ကမၼျဖစ္စဥ္ေတြ အစီအစဥ္မက်ဘူး။ ဒါေၾကာင့္လည္း ဗိုက္ေတြ ခဏခဏဆာေနတာျဖစ္ႏိုင္ပါတယ္။ အိပ္ေရး၀၀မအိပ္ရင္ ၀တယ္ဆိုတာကလည္း ဒီေနရာက စျဖစ္လာတာပါပဲ။

ကဲ ဒီေတာ့ ဘာလို႔ ခဏခဏဆာေနၾကတာလဲ သိၿပီမလား။ ၀တုတ္မျဖစ္ခ်င္ရင္ေတာ့ အာဟာရရွိတာကို စားပါ။ ဗိုက္၀ေအာင္ စားပါ။ ဆာတိုင္းမစားပါနဲ႔။ ဗိုက္ခဏခဏဆာေနတာက ေငြလည္းကုန္တယ္။ လူလည္း ပံုပ်က္တယ္ေလေနာ္။

Moethaesay (Akhayar)

www.akhayar.com

[Unicode]

ဘာလို့ ဒီဗိုက်က ခဏခဏဆာနေရတာလဲ

တစ်ခါတလေကျရင် အခုလည်း ဆာ၊ တော်ကြာလည်း ဆာ၊ ခဏနေလည်း ဆာ၊ ပျော်ရင်လည်း ဆာ၊ ဝမ်းနည်းရင်လည်း ဆာ ဖြစ်ဖူးပါသလား။ ဗိုက်ဆာတာကို ပြောပါတယ်။ တစေဆာနေတာမျိုးက ဘာဖြစ်လို့ပါလိမ့်။ ဘာဖြစ်လို့လဲဆိုတာထက် သေချာတာကတော့ ဝတုတ်ပြဲကြီး ဖြစ်လာတော့မှာပါ။ ဒါကြောင့် ဆာနေတာလေးတွေကို နည်းနည်းလောက် ထိန်းချုပ်ဖို့အတွက် ဘာကြောင့် ခဏတိုင်းဆာနေတာလဲဆိုတာကို အဖြေရှာကြည့်လိုက်ကြရအောင်။

ပျင်းနေလို့ပါ

တကယ်တော့ တစ်ခါတလေ တကယ်ဗိုက်ဆာနေတာမဟုတ်ပါဘူး။ သင့်မှာ စကားပြောဖော်မရှိ၊ လုပ်စရာအလုပ်မရှိ၊ သွားစရာနေရာမရှိ ဘာမှမရှိဘဲ ပျင်းနေတော့ ဆာသလိုလို နာသလိုလိုဖြစ်ရင်းကနေ အစားတွေ စွတ်စားမိနေတာပဲ ဖြစ်ပါတယ်။

စိတ်ဓာတ်ကျပြီး အထီးကျန်နေလို့ပါ

စိတ်ဓာတ်ကျနေတဲ့အချိန် ကိုယ် တအားနှစ်သက်တဲ့အရသာလေးများ မြည့်စမ်းကြည့်လိုက်ရရင် နည်းနည်းတော့ စိတ်ပျော်သွားတယ်လုပ်လိုက်။ ဟုတ်ပါတယ်။ စိတ်ဓာတ်ကျတဲ့အခါကျရင်လည်း ခဏခဏဆာတတ်သလို အထီးကျန်နေတဲ့အခါကျရင်လည်း ခုနက ပြောခဲ့သလိုပဲ ပျင်းပြီး ပိုဆာလာတတ်ပါတယ်။

မနက်စာမစားလို့ပါ

မနက်စာက တစ်နေ့တာလုံးအတွက် လောင်စာဆီပါပဲ။ သူပါမှ အဆာခံနိုင်မှာပါ။ တကယ်လို့ သင်ကသာ အကြောင်းအမျိုးမျိုးကြောင့် မနက်စာမစားတဲ့သူဆိုရင် အမြဲတစေဆာနေတာဟာ မထူးဆန်းတော့ပါဘူး။ မနက်စာကို လွတ်နေသရွေ့ ဗိုက်ခဏခဏဆာနေဦးမှာပါပဲ။

အချိုနဲ့ သရေစာတွေစားနေလို့ပါ

သရေစာနဲ့ အချိုမုန့်တွေက အဆာပြေစားတာလို့ ပြောကြပေမယ့် တကယ်အဆာပြေသွားတယ်လို့များ ထင်ပါသလား။ သူတို့ကတောင် ပိုဆာစေပါသေးတယ်။ ဘာ အာဟာရမှမပေးနိုင်ဘဲ အစာအိမ်ထဲရောက်သွားပြီးတော့ ရေဆာသလိုလို၊ ဗိုက်ဆာသလိုလို အမြဲဖြစ်စေတဲ့တရားခံဟာ သူတို့ပါပဲ။

အိပ်ရေးမဝလို့ပါ

တစ်ခါတလေ အိပ်ရတော့မယ့်အချိန်မှာ ညမအိပ်ဘဲ ကျော်သွားရင် ဗိုက်ဆာလာတာကို ခံစားဖူးပါသလား။ ဒီလိုပါပဲ အိပ်ရေးမဝရင် ကိုယ်ခန္ဓာအတွင်းက ဇီဝကမ္မဖြစ်စဉ်တွေ အစီအစဉ်မကျဘူး။ ဒါကြောင့်လည်း ဗိုက်တွေ ခဏခဏဆာနေတာဖြစ်နိုင်ပါတယ်။ အိပ်ရေး၀၀မအိပ်ရင် ဝတယ်ဆိုတာကလည်း ဒီနေရာက စဖြစ်လာတာပါပဲ။

ကဲ ဒီတော့ ဘာလို့ ခဏခဏဆာနေကြတာလဲ သိပြီမလား။ ဝတုတ်မဖြစ်ချင်ရင်တော့ အာဟာရရှိတာကို စားပါ။ ဗိုက်ဝအောင် စားပါ။ ဆာတိုင်းမစားပါနဲ့။ ဗိုက်ခဏခဏဆာနေတာက ငွေလည်းကုန်တယ်။ လူလည်း ပုံပျက်တယ်လေနော်။

Moethaesay (Akhayar)

www.akhayar.com