[Zawgyi]

ဘာေၾကာင့္ MBA (Master of Business Administration) တက္သင့္တာလဲ

ဒီေန႔ေခတ္မွာ MBA ဆုိတဲ့ ေဝါဟာရက ေခတ္စားလာတယ္။ MBA ရဲ႕အရွည္စာလုံးက Master of Business Administration ျဖစ္ၿပီး စီးပြားေရးစီမံခန္႔ခြဲမႈမဟာဘြဲ႕ လုိ႔ အဓိပၸာယ္ရပါတယ္။ ဘယ္နယ္ပယ္မွာပဲ ရပ္တည္ေနပါေစ စီးပြားေရးလုပ္ၿပီဆုိတာနဲ႔ MBA တက္လာၾကတယ္။ MBA အတန္းေတြကလည္း အၿပိဳင္အဆုိင္ဖြင့္လာၾကတယ္။ ဟုတ္ၿပီ။ ဘာေၾကာင့္ MBA တက္သင့္တာလဲလုိ႔ ေမးလာရင္ အခ်က္က်က်ေျဖဆိုတတ္သူက ရွားပါလိမ့္မယ္။ MBA တက္ရျခင္းရဲ႕ ေကာင္းက်ိဳးေတြကုိ တင္ျပပါမယ္။

ပထမဆုံးအခ်က္အေနနဲ႔ MBA တက္မယ္ဆုိရင္ လုပ္ငန္းနဲ႔ ပတ္သက္ၿပီး အသိအကြ်မ္းမ်ားလာမယ္။ ကုိယ္နဲ႔အတူ တက္မယ့္ပုဂၢိဳလ္ေတြက သက္ဆုိင္ရာလုပ္ငန္းခြင္မွာ အေတြ႕ အၾကံဳရွိၿပီးသားသူေတြေလ။ ကုိယ့္နယ္ပယ္မွာ အသိအကြ်မ္းမ်ားလာၿပီး ကုိယ္ပုိင္လုပ္ငန္းမွာ အေကာင္းဆုံးေဖာ္ေဆာင္ႏုိင္မယ္။ အေသးစိတ္ကအစ စီးပြားေရးအျမင္ရွိလာၿပီး အေကာင္းဆုံးေဖာ္ေဆာင္လာႏုိင္တယ္။ ကုိယ္ပုိင္စီးပြားေရး မလုပ္ေပးဘူး၊ ဝန္ထမ္းလုပ္မယ္ဆုိရင္ေတာင္ MBA သမားေတြက လစာေကာင္းတယ္။ ႏုိင္ငံျခားမွာဆုိ MBA သမားေတြဟာ တစ္ႏွစ္လစာ (၈ဝ,ဝဝဝ) ေပါင္အထိ ရၾကတယ္။ ျမန္မာႏုိင္ငံမွာဆုိရင္ေတာင္ MBA သမားေတြက အနည္းဆုံးလစာ ဆယ္သိန္းေလာက္ေတာ့ ရၾကပါတယ္။

Fortune မဂၢဇင္းရဲ႕ အေကာင္းဆုံးကုမၸဏီ (၁ဝဝ) ကုိ ဦးေဆာင္ေနတဲ့ CEO (Chief Executive Officer) ေတြမွာ (၃၉) ဦးက MBA ဘြဲ႕ရေတြပါ။ ရာထူးႀကီးေတြကုိ ပုိင္ဆုိင္ခ်င္ရင္ေတာ့ MBA ဘြဲ႕က ခြန္အားတစ္မ်ိဳးပါ။ တျခားဘြဲ႕ ရေတြနဲ႔စာရင္ MBA သမားေတြက အားသာတာပါပဲ။ ၿပီးေတာ့ MBA ဘြဲ႕က ႏုိင္ငံတကာမွာ အသုံးဝင္တယ္။ ဘယ္ႏုိင္ငံေရာက္ေရာက္ မ်က္ႏွာမငယ္ရဘူး။ ၿပီးေတာ့ လုပ္ငန္းခြင္မွာ တကယ္လည္း အသုံးဝင္တယ္။

အသက္ေမြးဝမ္းေၾကာင္းလုပ္ငန္းေျပာင္းမယ္ဆုိရင္လည္း MBA ဘဲြ႕ က ကိစၥမရွိဘူး။ ဥပမာ – အင္ဂ်င္နီယာဘြဲ႕တစ္ေယာက္က သူ႕နယ္ပယ္မွာ လုပ္ေနရာကေန ဖက္ရွင္နယ္ပယ္ေျပာင္းမယ္ဆုိရင္ ဒုကၡေရာက္မွာေလ။ ဘာျဖစ္လုိ႔လဲဆုိေတာ့ သူ႕အတြက္ အသစ္အဆန္းျဖစ္ေနလုိ႔။ ဆရာဝန္ဘြဲ႕ရကုိ ေဆးမကုခုိင္းဘဲ အင္ဂ်င္နီယာလုပ္ခုိင္းရင္ အခက္အခဲျဖစ္သြားမွာပဲ။ MBA ဘြဲ႕ က ဒီလုိမဟုတ္ပါဘူး။ စီးပြားေရးလုပ္ငန္းတစ္ခုလုံးကုိ ျခံဳငုံသင္ၾကားထားတာျဖစ္တဲ့အတြက္ နယ္ပယ္အသီးသီးမွာ လက္မေထာင္ႏုိင္တာပါပဲ။

ဘဝမွာ ပညာေရးအေပၚ ရင္းႏွီးျမွပ္ႏွံတာက အေကာင္းဆုံးပဲ။ (၂) ႏွစ္ဆုိတဲ့ အခ်ိန္အပုိင္းအျခားမွာ စီးပြားေရးပညာေတြကုိ သင္ၾကားရမယ္၊ ေက်ာင္းၿပီးရင္လည္း သာသာယာယာပဲ ျဖတ္သန္းရမယ္။ ဒီလုိအားသာခ်က္ေတြ ရွိေနေပမယ့္လည္း အရင္တုန္းကဆုိရင္ MBA ဘြဲ႕တစ္ခုရဖုိ႔က မလြယ္ပါဘူး။ ႏုိင္ငံရပ္ျခားကုိ သြားေရာက္ပညာသင္ရတယ္၊ ေက်ာင္းလခအျပင္ စားစရိတ္ပါ အပုိကုန္ခဲ့တယ္။ ကမၻာေက်ာ္တကၠသုိလ္ေတြဟာ ျမန္မာႏုိင္ငံကုိ ေရာက္ရွိလာတာေၾကာင့္ ျပည္တြင္းမွာ ေနထုိင္ရင္း ႏုိင္ငံတကာအဆင့္မီဘြဲ႕ေတြကုိ အရယူႏုိင္မယ့္အခြင့္အေရးျဖစ္လာတာပါ။

အေမရိကန္ႏုိင္ငံရဲ႕ နာမည္ေက်ာ္တကၠသုိလ္ျဖစ္တဲ့ Kaplan Education Group ဟာလည္း ျမန္မာႏုိင္ငံကုိ ေရာက္ရွိလာခဲ့ၿပီျဖစ္ပါတယ္။ Kaplan University ကုိ ၁၉၃၈ခုႏွစ္မွာ စတင္တည္ေထာင္ခဲ့ၿပီး ႏွစ္ေပါင္း (၈ဝ) ၾကာ ေအာင္ျမင္မႈအေပါင္းနဲ႔ ရပ္တည္လာခဲ့တဲ့ ပညာေရးအဖြဲ႕အစည္းႀကီးျဖစ္ပါတယ္။ ႏုိင္ငံေပါင္း (၃ဝ) ေက်ာ္မွာ ေက်ာင္းခြဲေပါင္း (၄ဝဝ) ေက်ာ္ ဖြင့္လွစ္ထားၿပီး သမုိင္းေၾကာင္းခုိင္မာတဲ့ ပညာေရးအဖြဲ႕အစည္းဟာ Kaplan Myanmar University College (KMUC) ေက်ာင္းခြဲကုိ ျမန္မာႏုိင္ငံမွာလည္း ဖြင့္လွစ္လုိက္ပါၿပီ။

Kaplan Myanmar University College ဟာ သင္ၾကားေရးသုေတသနနဲ႔ အလုပ္အကုိင္ရရွိမႈ အခြင့္အလမ္းေတြမွာ ေက်ာ္ေစာထင္ရွားတဲ့ ၾသစေတးလ်ႏုိင္ငံ အေျခစုိက္ Murdoch University နဲ႔ ခ်ိတ္ဆက္ထားၿပီး Australia Murdoch MBA Program ကုိ ဖြင့္လွစ္လုိက္ပါၿပီ။ Murdoch University ကုိ ၁၉၇၅ခုႏွစ္မွာ တည္ေထာင္ခဲ့ၿပီး ႏွစ္ေပါင္း (၅ဝ) သက္တမ္းရွိတဲ့ ကမၻာ့အေကာင္းဆုံးတကၠသုိလ္ (၇ဝ) ထဲမွာ တစ္ခုအပါအဝင္ျဖစ္ပါတယ္။

ျပည္တြင္းမွာပဲ အုိးမကြာ အိမ္မကြာေနရင္း ႏုိင္ငံတကာအဆင့္မီ MBA ဘြဲ႕ကုိ ရယူခ်င္ရင္ေတာ့ 09 777 63 6000 နဲ႔ 09 777 68 6000 ကုိ ဆက္သြယ္ႏုိင္္ပါတယ္။ အေစာဆုံးအပ္ႏွံမယ့္ ေက်ာင္းသား၊ ေက်ာင္းသူ (၂ဝ) ကုိေတာ့ ေဒၚလာ၅ေထာင္အထိ ပညာသင္ဆုေပးမယ့္ “US$ 5000 Scholarship Rebate” အစီအစဥ္လည္း ရွိေသးတာမုိ႔ အခုပဲ ဆက္သြယ္လုိက္ပါစုိ႔။

ေက်ာ္စုိးေအာင္ (အခရာ)

www.akhayar.com 

[Unicode]

ဘာကြောင့် MBA (Master of Business Administration) တက်သင့်တာလဲ

ဒီနေ့ခေတ်မှာ MBA ဆိုတဲ့ ဝေါဟာရက ခေတ်စားလာတယ်။ MBA ရဲ့အရှည်စာလုံးက Master of Business Administration ဖြစ်ပြီး စီးပွားရေးစီမံခန့်ခွဲမှုမဟာဘွဲ့ လို့ အဓိပ္ပာယ်ရပါတယ်။ ဘယ်နယ်ပယ်မှာပဲ ရပ်တည်နေပါစေ စီးပွားရေးလုပ်ပြီဆိုတာနဲ့ MBA တက်လာကြတယ်။ MBA အတန်းတွေကလည်း အပြိုင်အဆိုင်ဖွင့်လာကြတယ်။ ဟုတ်ပြီ။ ဘာကြောင့် MBA တက်သင့်တာလဲလို့ မေးလာရင် အချက်ကျကျဖြေဆိုတတ်သူက ရှားပါလိမ့်မယ်။ MBA တက်ရခြင်းရဲ့ ကောင်းကျိုးတွေကို တင်ပြပါမယ်။

ပထမဆုံးအချက်အနေနဲ့ MBA တက်မယ်ဆိုရင် လုပ်ငန်းနဲ့ ပတ်သက်ပြီး အသိအကျွမ်းများလာမယ်။ ကိုယ်နဲ့အတူ တက်မယ့်ပုဂ္ဂိုလ်တွေက သက်ဆိုင်ရာလုပ်ငန်းခွင်မှာ အတွေ့ အကြုံရှိပြီးသားသူတွေလေ။ ကိုယ့်နယ်ပယ်မှာ အသိအကျွမ်းများလာပြီး ကိုယ်ပိုင်လုပ်ငန်းမှာ အကောင်းဆုံးဖော်ဆောင်နိုင်မယ်။ အသေးစိတ်ကအစ စီးပွားရေးအမြင်ရှိလာပြီး အကောင်းဆုံးဖော်ဆောင်လာနိုင်တယ်။ ကိုယ်ပိုင်စီးပွားရေး မလုပ်ပေးဘူး၊ ဝန်ထမ်းလုပ်မယ်ဆိုရင်တောင် MBA သမားတွေက လစာကောင်းတယ်။ နိုင်ငံခြားမှာဆို MBA သမားတွေဟာ တစ်နှစ်လစာ (၈ဝ,ဝဝဝ) ပေါင်အထိ ရကြတယ်။ မြန်မာနိုင်ငံမှာဆိုရင်တောင် MBA သမားတွေက အနည်းဆုံးလစာ ဆယ်သိန်းလောက်တော့ ရကြပါတယ်။

Fortune မဂ္ဂဇင်းရဲ့ အကောင်းဆုံးကုမ္ပဏီ (၁ဝဝ) ကို ဦးဆောင်နေတဲ့ CEO (Chief Executive Officer) တွေမှာ (၃၉) ဦးက MBA ဘွဲ့ရတွေပါ။ ရာထူးကြီးတွေကို ပိုင်ဆိုင်ချင်ရင်တော့ MBA ဘွဲ့က ခွန်အားတစ်မျိုးပါ။ တခြားဘွဲ့ ရတွေနဲ့စာရင် MBA သမားတွေက အားသာတာပါပဲ။ ပြီးတော့ MBA ဘွဲ့က နိုင်ငံတကာမှာ အသုံးဝင်တယ်။ ဘယ်နိုင်ငံရောက်ရောက် မျက်နှာမငယ်ရဘူး။ ပြီးတော့ လုပ်ငန်းခွင်မှာ တကယ်လည်း အသုံးဝင်တယ်။

အသက်မွေးဝမ်းကြောင်းလုပ်ငန်းပြောင်းမယ်ဆိုရင်လည်း MBA ဘွဲ့ က ကိစ္စမရှိဘူး။ ဥပမာ – အင်ဂျင်နီယာဘွဲ့တစ်ယောက်က သူ့နယ်ပယ်မှာ လုပ်နေရာကနေ ဖက်ရှင်နယ်ပယ်ပြောင်းမယ်ဆိုရင် ဒုက္ခရောက်မှာလေ။ ဘာဖြစ်လို့လဲဆိုတော့ သူ့အတွက် အသစ်အဆန်းဖြစ်နေလို့။ ဆရာဝန်ဘွဲ့ရကို ဆေးမကုခိုင်းဘဲ အင်ဂျင်နီယာလုပ်ခိုင်းရင် အခက်အခဲဖြစ်သွားမှာပဲ။ MBA ဘွဲ့ က ဒီလိုမဟုတ်ပါဘူး။ စီးပွားရေးလုပ်ငန်းတစ်ခုလုံးကို ခြုံငုံသင်ကြားထားတာဖြစ်တဲ့အတွက် နယ်ပယ်အသီးသီးမှာ လက်မထောင်နိုင်တာပါပဲ။

ဘဝမှာ ပညာရေးအပေါ် ရင်းနှီးမြှပ်နှံတာက အကောင်းဆုံးပဲ။ (၂) နှစ်ဆိုတဲ့ အချိန်အပိုင်းအခြားမှာ စီးပွားရေးပညာတွေကို သင်ကြားရမယ်၊ ကျောင်းပြီးရင်လည်း သာသာယာယာပဲ ဖြတ်သန်းရမယ်။ ဒီလိုအားသာချက်တွေ ရှိနေပေမယ့်လည်း အရင်တုန်းကဆိုရင် MBA ဘွဲ့တစ်ခုရဖို့က မလွယ်ပါဘူး။ နိုင်ငံရပ်ခြားကို သွားရောက်ပညာသင်ရတယ်၊ ကျောင်းလခအပြင် စားစရိတ်ပါ အပိုကုန်ခဲ့တယ်။ ကမ္ဘာကျော်တက္ကသိုလ်တွေဟာ မြန်မာနိုင်ငံကို ရောက်ရှိလာတာကြောင့် ပြည်တွင်းမှာ နေထိုင်ရင်း နိုင်ငံတကာအဆင့်မီဘွဲ့တွေကို အရယူနိုင်မယ့်အခွင့်အရေးဖြစ်လာတာပါ။

အမေရိကန်နိုင်ငံရဲ့ နာမည်ကျော်တက္ကသိုလ်ဖြစ်တဲ့ Kaplan Education Group ဟာလည်း မြန်မာနိုင်ငံကို ရောက်ရှိလာခဲ့ပြီဖြစ်ပါတယ်။ Kaplan University ကို ၁၉၃၈ခုနှစ်မှာ စတင်တည်ထောင်ခဲ့ပြီး နှစ်ပေါင်း (၈ဝ) ကြာ အောင်မြင်မှုအပေါင်းနဲ့ ရပ်တည်လာခဲ့တဲ့ ပညာရေးအဖွဲ့အစည်းကြီးဖြစ်ပါတယ်။ နိုင်ငံပေါင်း (၃ဝ) ကျော်မှာ ကျောင်းခွဲပေါင်း (၄ဝဝ) ကျော် ဖွင့်လှစ်ထားပြီး သမိုင်းကြောင်းခိုင်မာတဲ့ ပညာရေးအဖွဲ့အစည်းဟာ Kaplan Myanmar University College (KMUC) ကျောင်းခွဲကို မြန်မာနိုင်ငံမှာလည်း ဖွင့်လှစ်လိုက်ပါပြီ။

Kaplan Myanmar University College ဟာ သင်ကြားရေးသုတေသနနဲ့ အလုပ်အကိုင်ရရှိမှု အခွင့်အလမ်းတွေမှာ ကျော်စောထင်ရှားတဲ့ သြစတေးလျနိုင်ငံ အခြေစိုက် Murdoch University နဲ့ ချိတ်ဆက်ထားပြီး Australia Murdoch MBA Program ကို ဖွင့်လှစ်လိုက်ပါပြီ။ Murdoch University ကို ၁၉၇၅ခုနှစ်မှာ တည်ထောင်ခဲ့ပြီး နှစ်ပေါင်း (၅ဝ) သက်တမ်းရှိတဲ့ ကမ္ဘာ့အကောင်းဆုံးတက္ကသိုလ် (၇ဝ) ထဲမှာ တစ်ခုအပါအဝင်ဖြစ်ပါတယ်။

ပြည်တွင်းမှာပဲ အိုးမကွာ အိမ်မကွာနေရင်း နိုင်ငံတကာအဆင့်မီ MBA ဘွဲ့ကို ရယူချင်ရင်တော့ 09 777 63 6000 နဲ့ 09 777 68 6000 ကို ဆက်သွယ်နိုင်ပါတယ်။ အစောဆုံးအပ်နှံမယ့် ကျောင်းသား၊ ကျောင်းသူ (၂ဝ) ကိုတော့ ဒေါ်လာ၅ထောင်အထိ ပညာသင်ဆုပေးမယ့် “US$ 5000 Scholarship Rebate” အစီအစဉ်လည်း ရှိသေးတာမို့ အခုပဲ ဆက်သွယ်လိုက်ပါစို့။

ကျော်စိုးအောင် (အခရာ)

www.akhayar.com