[ZawGyi]

ေလယာဥ္မစီးခင္ဘာေၾကာင္႔ ေကာ္ဖီမေသာက္သင္႔တာလဲ

ေလယာဥ္မစီးခင္ေလဆိပ္ထဲကေကာ္ဖီဆိုင္ေလးေတြမွာထိုင္ျပီး ေကာ္ဖီေမႊးေမႊးေလးတစ္ခြက္ေလာက္ေတာ႔ေသာက္ခ်င္ၾကတာေပါ႔ေနာ္။ ဒါေပမဲ႔ က်န္းမာေရးရႈေထာင္႔ကေျပာမယ္ဆုိရင္ေတာ႔ ေလယာဥ္မစီးခင္ေကာ္ဖီမေသာက္သင္႔ပါဘူးတဲ႔။ ပံုမွန္အတိုင္းဆုိရင္ ေကာ္ဖီမွာက က်န္းမာေရးအက်ိဳးေက်းဇူးေတြရွိပါတယ္။ လူကိုလည္းလန္းေစတာမွန္ပါတယ္။ ေကာ္ဖီၾကိဳက္လြန္းသူေတြကေတာ႔ ေလယာဥ္ေပၚမတက္ခင္ေကာ္ဖီေလးေသာက္မွေနသာထိုင္သာရွိတာအမွန္ပါ။

HP Spectre 13

HP Spectre 13

HP Spectre 13 အေၾကာင္း အေသးစိတ္သိရွိရန္

ဒါေပမဲ႔ဘာေၾကာင္႔ ေကာ္ဖီမေသာက္သင္႔တာလဲဆုိေတာ႔ ပထမတစ္ခ်က္ေျပာရမယ္ဆုိရင္ ေကာ္ဖီကခႏၶာကိုယ္တြင္းေရဓာတ္ဆံုးရွံဳးေစပါတယ္။ ေရဓာတ္ဆံုးရွံဳးတဲ႔အက်ိဳးဆက္က လူကမအီမသာျဖစ္ေစတယ္၊ ေအာ႔အန္ခ်င္သလိုျဖစ္လာေစပါတယ္။ ျပီးေတာ႔ ေခါင္းကိုက္လာပါလိမ္႔မယ္။

drinking-coffee-before-a-flight

drinking-coffee-before-a-flight

ေလယာဥ္စီးရျပီဆုိရင္ ခႏၶာကိုယ္ကေရဓာတ္ဆံုးရွံဳးျပီး အသားအေရေတြေျခာက္ေသြ႔လာပါလိမ္႔မယ္။ ကိုယ္ခံအားစနစ္လည္းထိခိုက္လာေစပါတယ္။ ေကာ္ဖီေသာက္လိုက္ျပီဆုိရင္ပိုဆုိးပါတယ္။
ေနာက္တစ္ခ်က္က ေကာ္ဖီဟာ ေလယာဥ္မူးတတ္သူေတြနဲ႔လံုးဝမတည္႔ပါဘူး။ သူက ရင္ပူရင္ဆာျဖစ္ေစတယ္။ အစာမေၾကသလုိခံစားရေစပါတယ္။
ေရဓာတ္ခန္းေျခာက္ရတဲ႔အထဲ ေကာ္ဖီကရွဴးခဏခဏေပါက္ေစတယ္၊ ဆီးရႊင္ေစတဲ႔သေဘာရွိပါတယ္။ ခႏၶာကိုယ္တြင္းကေန ကဖင္းဓာတ္ကုန္ဖုိ႔က ၅ နာရီ ၆ နာရီေလာက္အခ်ိန္ယူရတတ္ပါတယ္။ ဒါေၾကာင္႔ ေကာ္ဖီကိုေရွာင္သင္႔တာပါ။

Acer Nitro 5

Acer Nitro 5

Acer Nitro 5 အေၾကာင္း အေသးစိတ္သိရွိရန္

ေလယာဥ္တစ္စီးကေနေနာက္ေလယာဥ္ေျပာင္းစီးဖုိ႔ ေလဆိပ္မွာခဏနားရတဲ႔အခ်ိန္ဆိုရင္ ေကာ္ဖီေသာက္တတ္တဲ႔အက်င္႔ကိုေရွာင္သင္႔ပါတယ္။ ေလယာဥ္စီးရတာ ပင္ပန္းတာမွန္ပါတယ္၊ ေကာ္ဖီေသာက္လုိက္ရင္ လန္းဆန္းသြားႏိုင္တာကိုလည္းနားလည္ေပမယ္႔ တျခားေသာဆုိးက်ိဳးေတြေၾကာင္႔ ေကာ္ဖီကိုေရွာင္ဖုိ႔အၾကံျပဳခ်င္ပါတယ္။
ေလယာဥ္နဲ႔ခရီးသြားမယ္ဆုိရင္ ေသာက္သင္႔တာကေတာ႔ ေရပါတဲ႔။ ခရီးစဥ္တစ္ေလွ်ာက္လံုး ေရမ်ားမ်ားေသာက္ဖုိ႔ကိုသာ ဆရာဝန္ေတြကတိုက္တြန္းၾကပါတယ္။

Ref#Reader’s Digest

ဂ်ဴဂ်ဴး(Akhayar)

www.akhayar.com

[Unicode]

လေယာဉ်မစီးခင်ဘာကြောင့် ကော်ဖီမသောက်သင့်တာလဲ

လေယာဉ်မစီးခင်လေဆိပ်ထဲကကော်ဖီဆိုင်လေးတွေမှာထိုင်ပြီး ကော်ဖီမွှေးမွှေးလေးတစ်ခွက်လောက်တော့သောက်ချင်ကြတာပေါ့နော်။ ဒါပေမဲ့ ကျန်းမာရေးရှုထောင့်ကပြောမယ်ဆိုရင်တော့ လေယာဉ်မစီးခင်ကော်ဖီမသောက်သင့်ပါဘူးတဲ့။ ပုံမှန်အတိုင်းဆိုရင် ကော်ဖီမှာက ကျန်းမာရေးအကျိုးကျေးဇူးတွေရှိပါတယ်။ လူကိုလည်းလန်းစေတာမှန်ပါတယ်။ ကော်ဖီကြိုက်လွန်းသူတွေကတော့ လေယာဉ်ပေါ်မတက်ခင်ကော်ဖီလေးသောက်မှနေသာထိုင်သာရှိတာအမှန်ပါ။

HP Spectre 13

HP Spectre 13

HP Spectre 13 အကြောင်း အသေးစိတ်သိရှိရန်

ဒါပေမဲ့ဘာကြောင့် ကော်ဖီမသောက်သင့်တာလဲဆိုတော့ ပထမတစ်ချက်ပြောရမယ်ဆိုရင် ကော်ဖီကခန္ဓာကိုယ်တွင်းရေဓာတ်ဆုံးရှုံးစေပါတယ်။ ရေဓာတ်ဆုံးရှုံးတဲ့အကျိုးဆက်က လူကမအီမသာဖြစ်စေတယ်၊ အော့အန်ချင်သလိုဖြစ်လာစေပါတယ်။ ပြီးတော့ ခေါင်းကိုက်လာပါလိမ့်မယ်။

drinking-coffee-before-a-flight

drinking-coffee-before-a-flight

လေယာဉ်စီးရပြီဆိုရင် ခန္ဓာကိုယ်ကရေဓာတ်ဆုံးရှုံးပြီး အသားအရေတွေခြောက်သွေ့လာပါလိမ့်မယ်။ ကိုယ်ခံအားစနစ်လည်းထိခိုက်လာစေပါတယ်။ ကော်ဖီသောက်လိုက်ပြီဆိုရင်ပိုဆိုးပါတယ်။
နောက်တစ်ချက်က ကော်ဖီဟာ လေယာဉ်မူးတတ်သူတွေနဲ့လုံးဝမတည့်ပါဘူး။ သူက ရင်ပူရင်ဆာဖြစ်စေတယ်။ အစာမကြေသလိုခံစားရစေပါတယ်။
ရေဓာတ်ခန်းခြောက်ရတဲ့အထဲ ကော်ဖီကရှူးခဏခဏပေါက်စေတယ်၊ ဆီးရွှင်စေတဲ့သဘောရှိပါတယ်။ ခန္ဓာကိုယ်တွင်းကနေ ကဖင်းဓာတ်ကုန်ဖို့က ၅ နာရီ ၆ နာရီလောက်အချိန်ယူရတတ်ပါတယ်။ ဒါကြောင့် ကော်ဖီကိုရှောင်သင့်တာပါ။

Acer Nitro 5

Acer Nitro 5

Acer Nitro 5 အကြောင်း အသေးစိတ်သိရှိရန်

လေယာဉ်တစ်စီးကနေနောက်လေယာဉ်ပြောင်းစီးဖို့ လေဆိပ်မှာခဏနားရတဲ့အချိန်ဆိုရင် ကော်ဖီသောက်တတ်တဲ့အကျင့်ကိုရှောင်သင့်ပါတယ်။ လေယာဉ်စီးရတာ ပင်ပန်းတာမှန်ပါတယ်၊ ကော်ဖီသောက်လိုက်ရင် လန်းဆန်းသွားနိုင်တာကိုလည်းနားလည်ပေမယ့်တခြားသောဆိုးကျိုးတွေကြောင့် ကော်ဖီကိုရှောင်ဖို့အကြံပြုချင်ပါတယ်။
လေယာဉ်နဲ့ခရီးသွားမယ်ဆိုရင် သောက်သင့်တာကတော့ ရေပါတဲ့။ ခရီးစဉ်တစ်လျှောက်လုံး ရေများများသောက်ဖို့ကိုသာ ဆရာဝန်တွေကတိုက်တွန်းကြပါတယ်။

Ref#Reader’s Digest

ဂျူဂျူး(Akhayar)

www.akhayar.com