တစ်ချိန်က မိုဘိုင်းလ်ဖုန်းဘုရင် Nokia ဟာ Nokia P1 နဲ့ Nokia 6 ဖုန်းနှစ်လုံးကို ထုတ်လုပ်ဖို့အတွက် သတင်းတွေပြေးနေပါတယ်။ လောလောဆယ်မှာ Nokia က ဖုန်းလောကထဲကို စမတ်ဖုန်းအမျိုးအစားနှစ်မျိုးနဲ့ ပြန်လည်ဝင်ရောက်လာမှာ ဖြစ်ကြောင်းကို ပြီးခဲ့တဲ့ CES ပွဲမတိုင်မီကတည်းက သတင်းတွေ ထွက်နေခဲ့တာဖြစ်ပါတယ်။

Nokia ရဲ့ ဖုန်းသစ်ဟာ Android စနစ်ကို အသုံပြုမှာ ဖြစ်ပေမယ့် Android ဖုန်းတွေထဲမှာ ဆရာတစ်ဆူဖြစ်လာဖို့အထိ ရည်ရွယ်နေကြောင်းလဲသိရပါတယ်။ ဒါကြောင့် ဆရာတစ်ဆူဖြစ်လာဖို့အထိ ရည်ရွယ်နေတဲ့ Nokia ရဲ့ ဖုန်းသစ်မှာ ပါဝင်နိုင်တဲ့ လုပ်ဆောင်ချက်တွေကို ဖော်ပြပေးလိုက်ပါတယ်။

 

မျက်နှာပြင်

သတင်းတစ်ရပ်အရ Nokia P1 စမတ်ဖုန်းဟာ Sharp Aquos Xx3 ကိုအခြေခံထုတ်လုပ်မှာဖြစ်ပြီး Foxconn ကထုတ်လုပ်ပေးမယ့် Sharp ရဲ့ မျက်နှာပြင်နည်းပညာကို ယူဆောင်လာမှာ ဖြစ်တယ်လို့ ဆိုပါတယ်။

သတင်းတွေအရ ပစ္စည်းမှာ ၅.၃လက်မအရွယ် IGZO Display ကို ထပ်မံအဆင့်မြှင့်ထားတဲ့ နည်းပညာနဲ့ ထုတ်လုပ်သွားမှာပါ။ တကယ်လို့ Sharp Aquos Xx3 နဲ့ တူညီခဲ့မယ်ဆိုရင်တော့ ထုတ်လုပ်မယ့် ပစ္စည်းသစ်ဟာ Gorilla Glasss 4 ဒါမှမဟုတ် 5 နဲ့ 1080 x 1920 pixels ရုပ်ထွက်ရှိနေမှာပါ။

 

Edition နှစ်မျိုး

နောက်ပိုင်းတွေမှာ စမတ်ဖုန်းတွေက ဗားရှင်းနှစ်မျိုးကို ပူးတွဲထုတ်လုပ်တာခေတ်စားလာတာကြောင့် Nokia ဟာ မတူညီတဲ့ Storage ပမာဏ၊ အရောင်၊ ဖုန်းအရွယ်အစားတွေပေါ်မူတည်ပြီး ဆိုက်နှစ်ခုနဲ့ ထုတ်လုပ်သွားမှာဖြစ်တယ်လို့ သိရပါတယ်။ Storage ကို 128GB နဲ့ 256GB ဆိုပြီး နှစ်မျိုးထွက်လာနိုင်ကြောင်း သိရပါတယ်။

 

Snapdragon 835

Processor ပိုင်းမှာဆိုရင်လည်း Qualcomm ရဲ့ နောက်ဆုံးထွက် Processor မျိုးဆက်သစ် Snapdragon 835 ကိုအသုံးပြုမှဖြစ်ကြောင်း သိရပါတယ်။

 

ရေစိမ်ခံနိုင်စွမ်း

နောက်ပိုင်းဖုန်းတွေမှာ မပါမဖြစ်အနေနဲ့ ပါဝင်လာတာကတော့ ရေစိမ်ခံနိုင်စွမ်းရည်ဖြစ်ပါတယ်။ Nokia P1 ဖုန်းဟာ ရေစိမ်ခံစွမ်းရည် အဆင့်သတ်မှတ်ချက် IP 55 ဒါမှမဟုတ် IP 57 ရှိမှာ ဖြစ်ကြောင်း ဆိုပါတယ်။ ဒီအဆင့်ဟာဆိုရင်တော့ Nokia P1 ဖုန်းအနေနဲ့ မိုးရေစိုရုံမက ရေချိုးကန်ထဲ ယူသွားသည့်တိုင်အောင် ဘာမှပြသနာရှိမှာမဟုတ်ပါဘူး။

 

ကင်မရာစွမ်းရည်

များပြားလှတဲ့ ကင်မရာ MP ဖြစ်တဲ့ 22.6-megapixel ကို Nokia P1 မှာ ထည့်သွင်းသွားမှာဖြစ်ကြောင်း သိရပါတယ်။ Digital Zoom, Autofocus, OIS နဲ့ f/1.9 4K ဗီဒီယို ရိုက်ကူးနိုင်စွမ်းတွေ ပါဝင်မှာဖြစ်ကြောင်းသိရပါတယ်။ အဲ့ဒီအပြင်နောက်ဆုံးထွက် Sony ပုံရိပ် Processor ကိုလည်း ထည့်သွင်းထားတာကြောင့် ဖုန်းဟာ ကင်မရာပိုင်းမှာဆိုရင် အကောင်းဆုံးတွေထဲက တစ်လုံးဖြစ်လာမှာပါ။ များပြားတဲ့ MicroSD ပမာဏထည့်သွင်းနိုင်မယ့် အချက်ဟာဆိုရင်လည်း ပုံကောင်းတွေကို ထည့်သွင်းဖို့ အဆင်ပြေစေနိုင်မှာပါ။

 

ထုတ်ဖော်ခြင်း

တစ်ခုထဲသာကျန်ရှိတော့တဲ့ ဖုန်းရဲ့ အချက်အလက်ကတော့ ဈေးနှုန်းပါ၊ Nokia ဖုန်းသစ်ရဲ့ ဈေးနှုန်းဟာဆိုရင်ဒေါ်လာ ၈၀၀ကနေ ၉၅၀ကြားရှိနိုင်လို့ မြင့်မားတယ်လို့ ဆိုနိုင်မှာပါ။ ဖုန်းမှာ တခြားအချက်အလက်တွေအနေနဲ့ Fingerprint Scanner ထည့်သွင်းတာ 3500mAh ဘက်ထရီထည့်သွင်းမှာ စတဲ့အသေးစိတ်အချက်တွေတော့ရှိနေသေးပြီး ဖုန်းထုတ်လုပ်နိုင်ဖွယ်ရှိနေတဲ့ မတ်လလယ် ဘာစီလိုနာမှာ ကျင်းပမယ့် MWC 2017 ပွဲကြီးမှာ စောင့်ကြည့်ကြရမှာပါ။

Ref: Slash Gear